Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နောက်ဆုံးသိရသမျှ- ဒီပဲယင်းလေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦး ရှိလာ

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက အိုးထိန်းတွင်း ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံသူ ၂၂ ဦး ရှိလာပြီဖြစ်ကာ ယင်းအနက် အငယ်ဆုံးက G-1 တက်နေသည့် ရှစ်နှစ်အရွယ် ကျောင်းသူကလေးငယ်ဖြစ်ပြီး အကြီးဆုံးက အသက် ၁၇ နှစ်အရွယ် G-11 ကျောင်းသူကလေးငယ် ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဝင် တဦးက မဇ္ဈိမသို့ ပြောသည်။

ယနေ့ (မေလ ၁၂ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူ ၅၀ ထက်မနည်းရှိကာ ယင်းအနက် ၁၀ ဦး ဒဏ်ရာပြင်းထန်ခြင်းကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင် ကြောင်းလည်း ဆိုသည်။

“G-1 ကနေ G-11 အထိ ကလေးတွေ နောက်ဆုံးအတန်းတင် စာမေးပွဲဖြေဆိုနေတဲ့ အချိန် မှာ လေကြာင်းက နေ ဗုံးကျဲသွားတာ၊ မိဘတွေကတော့ ကမ္ဘာပျက်သလိုပဲ” ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဝင် တဦးက ပြောသည်။

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် >> https://bur.mizzima.com/2025/05/12/55620
😢21👍8👎1