Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နောက်ဆုံးသိရသမျှ- ဒီပဲယင်းလေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦး ရှိလာ

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက အိုးထိန်းတွင်း ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံသူ ၂၂ ဦး ရှိလာပြီဖြစ်ကာ ယင်းအနက် အငယ်ဆုံးက G-1 တက်နေသည့် ရှစ်နှစ်အရွယ် ကျောင်းသူကလေးငယ်ဖြစ်ပြီး အကြီးဆုံးက အသက် ၁၇ နှစ်အရွယ် G-11 ကျောင်းသူကလေးငယ် ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဝင် တဦးက မဇ္ဈိမသို့ ပြောသည်။

ယနေ့ (မေလ ၁၂ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူ ၅၀ ထက်မနည်းရှိကာ ယင်းအနက် ၁၀ ဦး ဒဏ်ရာပြင်းထန်ခြင်းကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင် ကြောင်းလည်း ဆိုသည်။

“G-1 ကနေ G-11 အထိ ကလေးတွေ နောက်ဆုံးအတန်းတင် စာမေးပွဲဖြေဆိုနေတဲ့ အချိန် မှာ လေကြာင်းက နေ ဗုံးကျဲသွားတာ၊ မိဘတွေကတော့ ကမ္ဘာပျက်သလိုပဲ” ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဝင် တဦးက ပြောသည်။

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် >> https://bur.mizzima.com/2025/05/12/55620
😢21👍8👎1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၁၂ မေ ၂၀၂၅ )
အမျိုးသားညီညွတ်ရေး အစိုးရ

ပဲခူးတိုင်း၊မင်းလှမြို့နယ် ဟိုင်းယုလမ်းဆုံရှိ တပ်စခန်းအား တိုက်ခိုက်ရန်ချီတက်လာချိန်တွင် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)ထံမှ သိရသည်။

ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်း ဌာနချုပ် အား PDF ၊ KNLA နှင့် ပူး​ပေါင်းတပ်များက မေလ ၈ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း ပြည့်သူ့ကာကွယ်ရေး တပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ​ကိုအောင်စံရှား၏ ပြောဆိုချက်ကိုကိုးကား၍ လူထုနွေဦးတွင် ဖော်ပြထားသည်။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ဖြူး-အုတ်တွင်းလမ်းပိုင်းရှိ စစ်ကောင်စီအထိုင်ချစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင် ၃၈၀၁၊ တပ်ခွဲ ၅ ထံမှ သိရသည်။

အပြည့်အစုံ ဖတ်ရှုရန် >> https://bur.mizzima.com/2025/05/12/55614
👍23❤4😁2
#US, #China agree to slash tariffs as #Trump says will speak to #Xi
Read more: https://eng.mizzima.com/2025/05/13/22271
👍4
https://www.youtube.com/watch?v=kVNyuF8HrT0
အာဖဂန်တွင် စစ်တုရင်ကစားနည်းကို တာလီဘန်အစိုးရ ပိတ်ပင်
👍9
https://www.youtube.com/watch?v=7Qww4WqYSlc
ဉာဏ်ရည်တုမူပိုင်ခွင့်တိုက်ပွဲတွင် ဗြိတိသျှအစိုးရအနှောင့်အယှက်ကြုံရ
👍7