Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖီဖာငြိမ်းချမ်းရေးဆု နောက်ကွယ်မှ မြန်မာခရိုနီ >> https://bur.mizzima.com/2025/12/05/74861
👍3
စီးပွားရေးဆိုင်ရာ စွန့်စားရမှု လေ့လာဆန်းစစ်သူအများစုသည် အမေရိကန်-တရုတ် နည်းပညာ ယှဉ်ပြိုင်မှုနှင့် ထိုင်ဝမ်ရေလက်ကြား စစ်ပွဲဖြစ်နိုင်ခြေကိုသာ အာရုံစိုက်နေကြသည်။ ထိုအတောအတွင်း တရုတ်၏ တရားဥပဒေနှင့် စစ်ရေးဆိုင်ရာ စစ်ဆင်ရေးများနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအပေါ် သက်ရောက်လာသော ခြိမ်းခြောက်မှုများက တောင်တရုတ်ပင်လယ်တွင် ဆက်လက် မြင့်တက်လာနေသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/12/05/74848
💩4👍1👎1
တရုတ်ပြည်မကြီး၏ ကျဆင်းနေသော အိမ်ခြံမြေစျေးနှုန်းများနှင့် တုံ့ဆိုင်းနေသော စီးပွားရေးတို့က ချေးငွေပြန်မဆပ်နိုင်မှုကို တိုးလာစေနိုင်ပြီး အိမ်များ အသိမ်းခံရမှုနှင့် အိမ်ခြံမြေဈေးနှုန်းထိုးကျမှုများ ထပ်မံဖြစ်နိုင်ကြောင်း UBS ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုဘဏ်က ပြောသည်။

၂၀၂၇ ခုနှစ်တွင် လုပ်ငန်းငယ်များထံမှ ဘဏ်ကသိမ်းယူမည့် အပေါင်တိုက်ခန်းအရေအတွက်သည် ၂ ဒသမ ၄ သန်းကျော်အထိ ရှိလာနိုင်သည်ဟု ဆွစ်ဇာလန်ဘဏ် UBS ၏ တရုတ်အိမ်ခြံမြေ သုတေသနဌာန အကြီးအကဲ ဂျွန်လမ်က အင်္ဂါနေ့တွင် ပြောသည်။ တရုတ်ပြည်မကြီးရှိ လုပ်ငန်းငယ်အများစုသည် ချေးငွေယူရန် အိမ်ခြံမြေများကို အာမခံပစ္စည်းအဖြစ် ထားကြသည်။

တရုတ်ပြည်မကြီး၏ အိမ်ခြံမြေစျေးနှုန်းများသည် နောက်ထပ် အနည်းဆုံး နှစ်နှစ်အထိ ဆက်လက်ကျဆင်းနေဖွယ်ရှိပြီး ၂၀၂၆ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၂၇ ခုနှစ်တွင် ငါးရာခိုင်နှုန်း ထပ်မံကျဆင်းလိမ့်မည်ဟု လမ်က ခန့်မှန်းထားသည်။
♦️ သတင်းအပြည့်အစုံ https://bur.mizzima.com/2025/12/05/74849
🔥8👍1
အနာဂတ်ပဋိပက္ခများကို ရည်မှန်း၍ တရုတ်က ဂြိုဟ်တုအုပ်စုကွန်ရက်များကို အနှောင့်အယှက်ပေးရန် နှင့် ပိတ်ဆို့ရန်နည်းလမ်းများကို ရှာဖွေခဲ့သည်။
ပြီးခဲ့သည့်လက တရုတ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ပညာရပ်ဆိုင်ရာ စာတမ်းတစောင်တွင် အဓိက တရုတ်တက္က သိုလ်ကြီးနှစ်ခုမှ သုတေသီများက ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေးကို ပိတ်ဆို့နိုင် ကြောင်း တွေ့ရှိခဲ့သည်။ သို့ သော် ကုန်ကျစရိတ်ကြီးမားလှသည်။
ထိုင်ဝမ်ကျွန်း အရွယ်အစားခန့်ရှိသော ဒေသတခုမှ Starlink ကွန်ရက်၏ အချက်ပြမှုများကို အနှောင့် အယှက်ပေးရန်အတွက် ဒရုန်း ၁,၀၀၀ မှ ၂,၀၀၀ အထိ လိုအပ်မည်ဖြစ်ကြောင်း South China Morning Post သတင်းစာက ကိုးကားဖော်ပြခဲ့သည့် သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/12/05/74878
👎4🔥2🤣2
၂၀၂၅ ဆီးဂိမ်းစ် - အုပ်စုအဖွင့်ပွဲမှာ ဖိလစ်ပိုင်ကို ရှုံးတဲ့ မြန်မာ

မြန်မာ ဝ-၂ ဖိလစ်ပိုင်
⚽️ Alex Monis 19'
⚽️ Lat Wai Phone 50'(OG)
👍6😁1
မြဝတီမြို့အနီး ကျားဖြန့်လုပ်ငန်းခွင် စစ်ကော်မရှင်တပ်ဖောက်ခွဲဖျက်ဆီး၊ ငွေလိမ်လုပ်ငန်းများ ဝင်စီးမည်ဆို၍ ကျားဖြန့်လုပ်သားများ နေရာထပ်ရွှေ့ >> https://bur.mizzima.com/2025/12/05/74888
🤣13🔥3❤1
https://www.youtube.com/watch?v=2YcqptE_PbI
အတုအယောင်ရွေးကောက်ပွဲရဲ့တန်ပြန်သက်ရောက်မှု
👍3🤣3❤1
https://www.youtube.com/watch?v=3-jAuYRaO7Y
COC တခုတည်းအောက် ဒေသကိုယ်စားပြုတပ် စုဖွဲ့မှု အလားအလာ I ချစ်သောအညာမြေ Ep -79
👍7