Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖမ်းဆီးခံရမှုများ၍ ထိုင်းကုန်ပစ္စည်းများ ဘားအံ- မြဝတီလမ်းကြောင်းပေါ်၌ ကာလရှည် သောင်တင်

YT

မဇ္ဈိမ။ ။ ထိုင်း- ကရင် နယ်စပ်ဘက်မှတဆင့် ပြည်တွင်းသို့ တင်သွင်းသည့် ထိုင်းကုန်စည်များ ဖမ်းဆီးခံရမှုများ၍ ကုန်ပစ္စည်းများများ တင်သွင်းနိုင်ခြင်းမရှိဘဲ ကားလမ်းတလျှောက်နှင့် ဘားအံမြို့နယ်အတွင်း သောင်တင်နေသည်ဟု ကုန်တင်ယာဉ်မောင်းများနှင့် ကုန်သည်များက ပြောသည်။

“ ကြာပြီလေ ပိတ်နေတာ လနဲ့ချီနေပြီ။ နှစ်လ သုံးလလောက်ရှိနေပြီ။ ပို့ဆောင်ရေးစရိတ်က ပစ္စည်းတန်ဖိုးထက် မြင့်နေတာဆိုတော့ ခုကရပ်ထားရသလိုဖြစ်နေပြီ။ မြဝတီ ရန်ကုန် ကားခတင် တတန်ကို သိန်း၁၀၀ ဆိုတော့ သယ်လို့မကိုက်တော့ဘူး။ ထိုင်းဘက်က ကမ်းကူးတာက ပြဿနာမရှိဘူး။ ပြည်တွင်းသယ်တာမှာပဲ ဖြစ်နေတာ” ဟု ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက မဇ္ဈ်ိမကိုပြောသည်။

တရားမဝင် နယ်စပ်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု ထိန်းချုပ်ရေးဟုဆိုကာ နယ်စပ်လမ်းကြောင်းများမှ ကုန်သွယ်ခွင့်များကို တစတစ ပိုမိုတင်းကျပ် ပိတ်ပင်လာခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ တင်သွင်းလာသည့် ကုန်ပစ္စည်းတင်သွင်းခွင့်လိုင်စင် (ဂျူတီ) မကျထားသည့် (တရားမဝင်…
👍7👎4❤1
ထရမ့်အစိုးရသည် တိဗက်အရေးဆိုင်ရာ အမေရိကန်အထူးညှိနှိုင်းရေးမှူးရာထူးအတွက် သံတမန်တဦးကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကြေညာလိုက်သည်။

၂၀၀၂ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်က စတင်သတ်မှတ်ခဲ့သော အဆိုပါရာထူးအတွက် လက်ရှိတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ရိုင်လေဘန်းစ်ကို ခန့်အပ်မည်ဖြစ်သည်။

"ဒီ မီးမြင်းနှစ်ရဲ့ ပထမဆုံးနေ့မှာ ကမ္ဘာတဝန်းမှာရှိတဲ့ တိဗက်လူမျိုးတွေရဲ့ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်ရှိမှုကို ကျွန်တော်တို့ ဂုဏ်ပြုပါတယ်။ တိဗက်လူမျိုးတွေရဲ့ ငြင်းပယ်လို့မရတဲ့ အခွင့်အရေးတွေနဲ့ သူတို့ရဲ့ သီးခြားဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအမွေအနှစ်တွေကို ပံ့ပိုးကူညီဖို့ အမေရိကန်က သန္နိဋ္ဌာန်ဆက်ချထားပါတယ်" ဟု ရူဘီယိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တိဗက်
#လူ့အခွင့်အရေးဆိုင်ရာ
#အမေရိကန်
#အထူးသံတမန်သစ်
#ထရမ့်အစိုးရ
#ခန့်အပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
❤12👍7
ဒေါ်ကြည်ပြာအမှု ဖြေရှင်းချက်အပေါ် လက်မခံဟုဆိုကာ NUG တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်များအားလုံးကို ရပ်ဆိုင်း

မောင်ခက်နွေ

မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး၏ ဒေါ်ကြည်ပြာအမှုအပေါ် စုံစမ်းစစ်ဆေးမှု ရလဒ်နှင့် ဆုံးဖြတ်ချက်ကို လက်မခံနိုင်သဖြင့် NUG ခေါင်းစဉ်အောက်မှ ဆောက်ရွက်နေသော တက္ကသိုလ်ဝင်ခွင့် ခေါ်ဆိုခြင်း လုပ်ငန်းစဉ်များအားလုံးကို ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) မှစတင်ကာ ရပ်ဆိုင်းထားမည်ဟု တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ကြေညာသည်။

၎င်းအဖွဲ့သည် နွေဦးတော်လှန်ရေးကာလ CDM ကျောင်းသား၊သူ များအတွက် ကြားကာလ တက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်များကို ၂၀၂၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ထုတ်ပြန်နေသည့် အဖွဲ့ဖြစ်ကာ ၂၀၂၃ ခုနစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် နွေဦးတော်လှန်ရေးကာလ၊ အဆင်မြင့်ပညာကဏ္ဍ ပထမအကြိမ် ညီလာခံမှ ပေါ်ထွက်လာသည့် အဖွဲ့ဖြစ်သည်။

ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားသည့် အဂတိလိုက်စားမှု စွဲချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို NUG ဝန်ကြီးချုပ်ရုံးက ယမန်နေ့(ဖေဖော်ဝါရီ ၁၈ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်ကြားချက်များအတွက်…
👍10❤5
အမေရိကန်စစ်တပ်က အစောဆုံးအနေဖြင့် ယခုသီတင်းပတ်ကုန်တွင် အီရန်အား တိုက်ခိုက်ရန် အသင့် ဖြစ်နေသော်လည်း၊ သမ္မတဒေါ်နယ်ထရမ့်က ယင်းစစ်ဆင်ရေးကို အတည်ပြုရန် နောက်ဆုံးဆုံးဖြတ် ချက်မချရသေးကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားလိုက်သည်။

မကြာသေးမီရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အား သိသိသာ သာ တိုးမြှင့်ချထားပြီးနောက်၊ အမေရိကန်စစ်တပ်က ယခုသီတင်းပတ်ကုန်တွင် စစ်ဆင်ရေးအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း အိမ်ဖြူတော်သို့ အစီရင်ခံထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ထရမ့်
#စစ်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤6👍4🔥1