ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်ခဲ့သော ပါတီညီလာခံကို ကင်ဂျုံးအွန်က နျူကလီးယားလက်နက်တိုက်ကို သိသိသာသာ ချဲ့ထွင်ခြင်း၊ ယူကရိန်းစစ်ပွဲတွင် ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ရုရှားနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး ထူထောင်ခြင်းတို့ကြောင့် ဒေသတွင်းနိုင်ငံရေးတွင် ပိုမိုဩဇာထက်မြက်လာချိန်၌ ကျင်းပခြင်းဖြစ်သည်။ ထိုလုပ်ရပ်များကြောင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့နှင့် တင်းမာမှုများ ပိုမိုနက်ရှိုင်းခဲ့သည်။
နျူကလီးယား အင်အားစုများကို တည်ဆောက်ခြင်းဖြင့် "မည်သည့်ကျူးကျော်မှု ခြိမ်းခြောက်မှု" နှင့် "မည်သည့် စစ်ပွဲပုံစံ" ကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိသော စစ်တပ်အားကို ကင်ဂျုံးအွန်က ဖန်တီးပေးခဲ့သည်ဟု ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82792
#ကင်ဂျုံးအွန်
#အာဏာရပါတီခေါင်းဆောင်
#မြောက်ကိုရီးယား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

👎6💩3
ဗြိတိန်တွင် ခွေးလျက်ရာမှတဆင့် ပိုးဝင်ပြီး သွေးဆိပ်တက်သည်ဟု ယူဆရခြင်းကြောင့် အမျိုးသမီးတဦး ၏ ခြေလက်များ ဖြတ်တောက်လိုက်ရသည်။
အသက် ၅၂ နှစ်အရွယ် မန်ဂျစ်ဆန်ဂါအမည်ရှိ အမျိုးသမီးသည် ရုတ်တရက် နေမကောင်းဖြစ်ပွားပြီး နောက်ဆေးရုံတွင် ၃၂ ပတ်ကြာ ကုသမှုခံယူနေစဉ် နှလုံးရပ်တန့်မှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။
သူမ၏ လက်ရှိအခြေအနေမှာ ခွေးလျက်ရာမှတဆင့် ပြတ်ရှဒဏ်ရာအတွင်းသို့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ကာ သွေးဆိပ်တက်ခြင်းဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆရာဝန်များက ယူဆထား သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82814
#သွေးဆိပ်တက်
#ခွေး
#ဗြိတိန်

😱4❤2👍1🔥1