Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဂျာမနီရောက် တော်လှန်ရေးသွေးချင်းများနှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့သည် ယမန်နေ့( ဖေဖေါ်ဝါရီ ၂၂ ရက်)က တွေ့ဆုံခဲ့ကြောင်း သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82861

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤1😁1
👍4❤1
👍9
👍6
👍8
မလေးရှားတွင် ဝန်ကြီးချုပ်တဦး၏ သက်တမ်းကို အများဆုံး နှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ပြုမည့် ဥပဒေအသစ်တရပ်ကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်အဆိုပြုလိုက်သည်။

ယင်းဥပဒေသည် အုပ်ချုပ်ရေးအာဏာ အလွဲသုံးစားလုပ်မှုကို ဟန့်တားရန်နှင့် အစိုးရ၏ တာဝန်ခံမှုကို အားကောင်းစေရန် ရည်ရွယ်သည့် သမိုင်းဝင် ခြေလှမ်းတခုဖြစ်သည်။

လက်ရှိအချိန်အထိ မလေးရှားတွင် ဝန်ကြီးချုပ်တဦး တာဝန်ထမ်းဆောင်နိုင်သည့် သက်တမ်းအပေါ် ကန့်သတ်ချက် တစုံတရာ မရှိသေးပေ။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82870

#အာဏာအလွဲသုံးစားမှု
#ဝန်ကြီးချုပ်
#မလေးရှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11
ကမ္ဘာ့အင်အားကြီးနိုင်ငံ သုံးနိုင်ငံဖြစ်သော အမေရိကန်၊ တရုတ်နှင့် ရုရှားတို့သည် ယခုအခါ ပြည်တွင်း၌ရော ပြည်ပ၌ပါ ဒုတိယကမ္ဘာစစ်နောက်ပိုင်း စည်းမျဉ်းအခြေပြု အခင်းအကျင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော အပြုအမူများကို လုပ်ဆောင်နေသည်။

ဝန်ကြီးချုပ် မိုဒီသည် SCO ထိပ်သီးအစည်းအဝေးအပြီး ပေကျင်းတွင် ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားသို့ မတက်ရောက်သလို ရုရှား၊ တရုတ်နှင့် အိန္ဒိယ သုံးနိုင်ငံကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ရုရှား၏ တိုက်တွန်းမှုကိုလည်း လျစ်လျူရှုခဲ့သည်။ အင်အားကြီးနိုင်ငံများအကြား ယခုကဲ့သို့သော ပြင်းထန်သော သံတမန်ရေးရာ အားပြိုင်မှုများသည် လာမည့်နှစ်များတွင် ပိုဆိုးလာဖွယ်ရှိသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82873
👍12❤3
ဤနေရာတွင် စိတ်ဝင်စားစရာကောင်းသော အချက်မှာ ဥရောပနှင့် အာရှမှ ပင်လယ်ဓားပြခေါင်းဆောင်များသည် ထိုရေပြင်အတွင်း လှုပ်ရှားရင်း ဆိပ်ကမ်းများ၊ ကျွန်းစုတန်းများနှင့် တရုတ်ကမ်းရိုးတန်းတို့အကြား ဆက်စပ်နေသောမဟာဗျူဟာမြောက် အရေးပါမှုကို ထပ်ခါတလဲလဲ နားလည်သဘောပေါက်လာကြခြင်း ဖြစ်သည်။

သို့သော် ကုန်းတွင်းပိုင်းကိုသာ အာရုံစိုက်သော တရုတ်ဧကရာဇ် အစိုးရအဆက်ဆက်မှာမူ ယင်းကို မည်သည့်အခါမျှ နားလည်သဘောပေါက်ခဲ့ခြင်းမရှိသလို၊ နောင်တချိန်တွင် "အဓိကအကျိုးစီးပွား" ဖြစ်လာမည့် ထိုင်ဝမ်ကို အရယူရန်လည်း မကြိုးပမ်းခဲ့ကြပေ။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82882

#ပင်လယ်ဓားပြများ
#တရုတ်
#ပထမကျွန်းစုတန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎8❤1👍1
ဩစတြေးလျ အနောက်ဘက်ကမ်းလွန်ရှိ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ရေပြင်တွင် ဆားဓာတ်အလျင်အမြန် လျော့နည်းပြီး ရေချိုဆန်လာနေသည့် ထိတ်လန့်ဖွယ်ရာ အပြောင်းအလဲကို သိပ္ပံပညာရှင်များက အထူးဂရုပြု စောင့်ကြည့်နေကြသည်။ လွန်ခဲ့သော အနှစ် ၆၀ အတွင်း ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကြောင့် လေတိုက်နှုန်းပုံစံများနှင့် သမုဒ္ဒရာရေစီးကြောင်းများ ပြောင်းလဲသွားကာ ယင်းဒေသထဲသို့ ရေချိုပမာဏ အမြောက်အမြား စီးဝင်လာစေရန် လမ်းကြောင်းပေးသကဲ့သို့ ဖြစ်နေသည်။

ဆားဓာတ်လျော့နည်းပြီး ရေချိုများလာသောအခါ ရေသည် သိပ်သည်းဆလျော့သွားပြီး အောက်ခြေရှိ ဆားငန်ရေနှင့် မရောနှောဘဲ အပေါ်ယံမှာတင် အလွှာ တခုလို တည်ရှိနေသည်။ ယင်းသည် အောက်ခြေမှ အာဟာရဓာတ်များ အပေါ်သို့ တက်လာမည့် ဒေါင်လိုက်ရောနှောမှု လုပ်ငန်းစဉ်ကို ဟန့်တားလိုက်သည်။ ရေလွှာများ မရောနှောနိုင်သဖြင့် အပူဓာတ်များသည် မျက်နှာပြင်အနီးမှာတင် ပိတ်မိနေပြီး ရေအပူချိန်ကို ပိုမိုမြင့်တက်စေကာ မျိုးစိတ်များအတွက် ရှင်သန်ရန် ခက်ခဲစေသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82888

#အိန္ဒိယသမုဒ္ဒရာ
#ပင်လယ်ရေ
#အဏ္ဏဝါသက်ရှိများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
………….
😱5👍1