Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဩစတြေးလျ အနောက်ဘက်ကမ်းလွန်ရှိ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ရေပြင်တွင် ဆားဓာတ်အလျင်အမြန် လျော့နည်းပြီး ရေချိုဆန်လာနေသည့် ထိတ်လန့်ဖွယ်ရာ အပြောင်းအလဲကို သိပ္ပံပညာရှင်များက အထူးဂရုပြု စောင့်ကြည့်နေကြသည်။ လွန်ခဲ့သော အနှစ် ၆၀ အတွင်း ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကြောင့် လေတိုက်နှုန်းပုံစံများနှင့် သမုဒ္ဒရာရေစီးကြောင်းများ ပြောင်းလဲသွားကာ ယင်းဒေသထဲသို့ ရေချိုပမာဏ အမြောက်အမြား စီးဝင်လာစေရန် လမ်းကြောင်းပေးသကဲ့သို့ ဖြစ်နေသည်။

ဆားဓာတ်လျော့နည်းပြီး ရေချိုများလာသောအခါ ရေသည် သိပ်သည်းဆလျော့သွားပြီး အောက်ခြေရှိ ဆားငန်ရေနှင့် မရောနှောဘဲ အပေါ်ယံမှာတင် အလွှာ တခုလို တည်ရှိနေသည်။ ယင်းသည် အောက်ခြေမှ အာဟာရဓာတ်များ အပေါ်သို့ တက်လာမည့် ဒေါင်လိုက်ရောနှောမှု လုပ်ငန်းစဉ်ကို ဟန့်တားလိုက်သည်။ ရေလွှာများ မရောနှောနိုင်သဖြင့် အပူဓာတ်များသည် မျက်နှာပြင်အနီးမှာတင် ပိတ်မိနေပြီး ရေအပူချိန်ကို ပိုမိုမြင့်တက်စေကာ မျိုးစိတ်များအတွက် ရှင်သန်ရန် ခက်ခဲစေသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82888

#အိန္ဒိယသမုဒ္ဒရာ
#ပင်လယ်ရေ
#အဏ္ဏဝါသက်ရှိများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
………….
😱5👍1
တာချီလိတ်တွင် အမျိုးသမီးသေဆုံးမှု၊ အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ပြီး ၁၀ ရက်ကျော်သည်အထိ ဖြစ်စဉ်မှန် မသိရသေး

ရောင်နီ

မဇ္ဈိမ။ ။ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တဦး ပျောက်ဆုံးခဲ့ပြီး မီးသဂြိုဟ်ပြီးမှ သေဆုံးကြောင်း သိရသည့်ကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်ကို မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူက ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

“ အခုအထိ သေမှုသေခင်းပဲ ဖွင့်ထားတယ်။ ၁၃ ရက်နေ့က ဖြစ်တာ အခုက ၂၃ ရက်နေ့ရှိပြီဆိုတော့ ၁၀ ရက်ရှိလာပါပြီ။ ဖြစ်စဉ်အမှန်ကို အမြန်ဆုံး သိချင်ပါတယ်။ ကြာသွားရင် ဒီအမှုကို အေးသွားမှာကြောက်တယ်။ သတင်းငြိမ်သွားရင် သူတို့ ပေါ့သွားမှာ” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82892
🔥8👍4❤1
လွှတ်တော်များစတင်ရန် စစ်ကော်မရှင်ကြေညာ၍ အစိုးရသစ်ဖွဲ့စည်းရေး ခြေလှမ်းပြင်

မောင်ခက်နွေ

မဇ္ဈိမ။ ။စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို လာမည့် မတ်လအတွင်း နေပြည်တော်၌ စတင်ကျင်းပတော့မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) က ယနေ့(ဖေဖော်ဝါရီ ၂၃)တွင် တရားဝင်ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်ချက်အရ စစ်ကော်မရှင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)က ၂၀၂၆၊ မတ်လ ၁၆ ရက် နံနက် ၁၀ နာရီတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် မတ်လ ၁၈ ရက် နံနက် ၁၀ နာရီတွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပမည်ဟု ဆိုသည်။ ♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82896
💩8😁2❤1👎1
ယူကရိန်းစီးပွားရေးကို ပြန်လည်ထူထောင်ရန်အတွက် လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၈၈ ဘီလီယံခန့် လိုအပ်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ယူကရိန်း အစိုးရတို့၏ ပူးတွဲအစီရင်ခံစာတွင် ခန့်မှန်းထားသည်။

နေအိမ်ကဏ္ဍသည် အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး စုစုပေါင်း နေအိမ်အရေအတွက်၏ ၁၄ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရကာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၆၁ ဘီလီယံခန့် ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ အထူးသဖြင့် ရထားလမ်းပိုင်းများတွင် ဒေါ်လာ ၄၀ ဒသမ ၃ ဘီလီယံဖိုး ပျက်စီးခဲ့ပြီး စွမ်းအင်ကဏ္ဍတွင်လည်း ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဒေါ်လာ ၂၅ ဘီလီယံခန့် ဆုံးရှုံးခဲ့သည်။ လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှု စုစုပေါင်းမှာ ဒေါ်လာ ၆၆၇ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းရ သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/24/82901

#ယူကရိန်း
#ကမ္ဘာ့ဘဏ်
#ပြန်လည်ထူထောင်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤1
အငြင်းပွားဖွယ်ရာ တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နိုင်ငံ၏ မဟာဗျူဟာမြောက် အရေးအပါဆုံး ကင်းစခန်းသို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့လေယာဉ် ဆင်းသက်စဉ် ၎င်းတို့၏ ဖုန်းများတွင် "Welcome to CHINA" (တရုတ်နိုင်ငံမှ ကြိုဆိုပါသည်) ဟူသော roaming သတိပေးစာ ပေါ်လာခဲ့သည်။

ထိုလေယာဉ်ပေါ်တွင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသည့် အထက်လွှတ်တော်အမတ် ရီဆာ ဟွန်တီဗီရော့စ် နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေး တာရီယဲလားတို့ ပါလာကြသည်။

ဖိလစ်ပိုင်အရာရှိများသည် စနေနေ့ (ဖေဖော်ဝါရီ ၂၁) တွင် ကျွန်းပေါ်သို့ ဆင်းသက်ပြီးနောက် ကျွန်းနေပြည်သူများနှင့် တွေ့ဆုံကာ သီတုကျွန်းသည် "မိမိတို့သာ ပိုင်ကြောင်း" ထပ်လောင်း အတည်ပြုပြောခဲ့ကြသည်။ ထိုသို့ ပြောဆိုနေစဉ်မှာပင် တရုတ်ကမ်းခြေစောင့် သင်္ဘောများ၊ တရုတ်ရေတပ်သင်္ဘောတစီးနှင့် တရုတ်ငါးဖမ်းလှေအချို့မှာ ကမ်းခြေမှ လှမ်းမြင်နေရသည့် အကွာအဝေးတွင် ရှိနေခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/24/82904

#ဖိလစ်ပိုင်
#Welcome_to_CHINA
#တောင်တရုတ်ပင်လယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7👏2😁2👎1
ကမ္ဘောဒီးယားစစ်တပ်နှင့် အရပ်သားများသည် ဥဘွန်ရတ်ချာဌာနီပြည်နယ်ရှိ ထိုင်းနယ်စပ်အနီးတွင် တောမီးများကို တမင်တကာ စတင်ရှို့နေကြသဖြင့် မီးခိုးလုံးကြီးများ နယ်စပ်ကိုဖြတ်ကာ ထိုင်းနိုင်ငံဘက်သို့ လွင့်လာကြောင်း စစ်ဘက်ဆိုင်ရာသတင်းများကို ဖော်ပြသည့် Army Military Force ပုဂ္ဂလိက ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

အော့ဒါမျန်ချေးပြည်နယ်ရှိ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များသည် မီးခိုးများ နယ်စပ်တဖက်ခြမ်းသို့ လွင့်ပါးသွားစေရန် ရည်ရွယ်၍ စနေနေ့က မီးများရှို့ခဲ့ကြသည်ဟု ထိုဝက်ဘ်ဆိုက်က စွပ်စွဲရေးသားထားသည်။

သို့သော် လေတိုက်သည့်လားရာ ရုတ်တရက် ပြောင်းသွားခဲ့သဖြင့် မီးခိုးများနှင့် မီးတောက်များသည် ကမ္ဘောဒီးယားဘက်ခြမ်းရှိ လူနေရပ်ကွက်များနှင့် ကျောင်းများအတွက် အန္တရာယ်ရှိနိုင်သော အနေအထားဖြစ်သွားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကမ္ဘောဒီးယား
#ထိုင်း
#တောမီးရှို့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7❤2🔥2
“၂၀၂၅ ခုနှစ် တနှစ်တည်းမှာပဲ မြူနီစီပယ်ဝန်ဆောင်မှုရုံး (MSO) က ကျီးကန်းနဲ့ပတ်သက်တဲ့ တိုင်ကြား မှုပေါင်း ၁၅,၀၀၀ ခန့် လက်ခံရရှိခဲ့ပါတယ်။ ဒါက ၂၀၂၀ ပြည့်နှစ်ကထက် သုံးဆ ပိုများလာတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ယင်းကာလအတွင်း ကျီးကန်းများ၏ ရန်မူတိုက်ခိုက်ခံရမှု အစီရင်ခံစာများမှာလည်း လေးဆခန့် မြင့်တက်လာပြီး အမှုပေါင်း ၂,၀၀၀ ကျော်အထိ ရှိလာကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

"ကျီးကန်းအကောင်ရေ ဆက်လက်တိုးပွားနေမယ်ဆိုရင် ရန်မူတိုက်ခိုက်မှုတွေ ပိုများလာပြီး မြို့ခံလူထုရဲ့ ဘေးကင်းလုံခြုံမှုကို ထိခိုက်လာမှာ ဖြစ်ပါတယ်၊ ဒါကြောင့် စင်ကာပူမှာ ကျီးကန်းအကောင်ရေ လျှော့ချဖို့ နည်းလမ်းတခုအနေနဲ့ ပစ်ခတ်ရှင်းလင်းရေးကို ပြန်လည်စတင်ဖို့ NParks ကို ကျွန်တော် ညွှန်ကြားထား ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စင်ကာပူ
#ကျီးကန်းတိုက်ခိုက်မှု
#နှိမ်နင်းရေးလုပ်ငန်းများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12
သို့သော် သူ့ထီးနန်းသက်အတွင်း အကြီးမားဆုံးခြိမ်းခြောက်မှုမှာ အင်ဒရူးမောင့်ဘက်တန်ဝင်ဆာ ဟု သိကြသော ထီးနန်းဆက်ခံခွင့်ရှိသူစာရင်း၌ အဋ္ဌမမြောက်နေရာတွင်ရှိနေသည့် သူ့ညီတော်၏အရေးပင်ဖြစ်သည်။

သူကိုယ်တိုင်လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ရှားရှားပါးပါးကြေညာချက်တွင် ချားလ်စ်ဘုရင်က “ဥပဒေ အတိုင်းဖြစ်စေရပါမည်” “အလွန်စိုးရိမ်ပူပန်ပါသည်” ဟု ရေးသားဖော်ပြထားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အင်ဒရူး
#ချားလ်စ်ဘုရင်
#တော်ဝင်မိသားစု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6❤2