Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၅ ဖေဖော်ဝါရီ ၂၀၂၆ )

အတုအယောင်အဖြစ် သတ်မှတ်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ခေါ်ယူပြီး သမ္မတတင်မြှောက်မှုကို လာမည့် ဧပြီလဆန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကော် မရှင် ဒုတိယခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) က ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/25/83091

#စစ်ကော်မရှင်
#ရွေးကောက်ပွဲ
#သမ္မတ
#စစ်ခေါင်းဆောင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------
👍5
ပြည်တွင်းဈေးကွက်က ရင့်ကျက်ပြီးပြည့်စုံလာသလို နိုင်ငံတချို့အနေဖြင့်လည်း ရင်းနှီးငွေအမြောက် အမြား ရင်းနှီးရ‌သော်ငြား အဘက်ဘက်မှ ပြောင်းလဲတိုးတက်စေနိုင်မည့် လုပ်ငန်းများအတွက် အခြားနိုင်ငံများထက် ပိုပြီးအသင့်ဖြစ်နေကြစဉ် တရုတ်မီးရထားလုပ်ငန်းကြီးများအနေဖြင့် ရှေ့လာမည့်နှစ်များတွင် ယူရေးရှားဒေသတွင် အမြန်ရထားလမ်းများ တည်ဆောက်ရန် လေ့လာရှာဖွေမှုများ လုပ်ဆောင်လာဖွယ်ရာရှိကြောင်း အကဲခတ်များက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံရှိ ၁၄၂ ကီလိုမီတာရှည်သော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းနှင့် တစိတ်တပိုင်းပြီးစီးထားသော ၃၅၀ ကီလိုမီတာရှည်သည့် ဘူဒါပက်စ်-ဘဲလ်ဂရိတ် ရထားလမ်းကဲ့သို့ တရုတ်ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများကို နမူနာယူ၍ တရုတ်ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများသည် ယင်းတို့၏ ပြည်ပခြေ လှမ်းများကို ချဲ့ထွင်လာဖွယ် ရှိနေသည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/02/25/83094

#ပြည်တွင်း
#အမြန်ရထားလမ်းများ
#ပြည့်နှက်လာသည့်
#တရုတ်
#ခြေဆန့်လာနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍7
ဂျပန်ကုမ္ပဏီများသည် အရှေ့တောင်အာရှ အထူးသဖြင့် ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်ခဲ့ကြသည်။ ၂၀၁၅ နှင့် ၂၀၂၂ ခုနှစ်အကြားတွင် အာဆီယံဒေသအတွင်း ဂျပန်၏ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏသည် ၄၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့သော်လည်း တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မလုပ်ခဲ့ပေ။

ဤသည်မှာ စီးပွားရေးအရ လုံးဝအဆက်အသွယ်ဖြတ်တောက်ခြင်းမဟုတ်သော်လည်း တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချလိုက်ခြင်းပင် ဖြစ်သည်။ ထုတ်လုပ်မှုကွန်ရက်များ ပိုမိုကျယ်ပြန့်လာလေလေ ဒေသတွင်း စီးပွားရေးစီးဆင်းမှုအပေါ် တရုတ်၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းမှာလည်း လျော့နည်းသွားလေလေ ဖြစ်သည်။

Read more: https://bur.mizzima.com/2026/02/25/83097
👍9❤2💩1
❤2
👍3
👍3
👍4
အရှေ့အလယ်ပိုင်းဒေသအတွင်း လုံခြုံရေးအခြေအနေများ ဆိုးရွားလာခြင်းကြောင့် အစ္စရေးနှင့် လက်ဘနွန်ရှိ သံတမန်မိသားစုဝင်များ ထွက်ခွာကြရန် သြစတြေးလျအစိုးရက ညွှန်ကြားလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ဂျော်ဒန်နှင့် ကာတာတို့ရှိ သံတမန်မိသားစုဝင်များကို လည်း မိမိသဘောဆန္ဒအလျောက် ထွက်ခွာခွင့်ပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ X လူမှုကွန် ရက်ပေါ်ရှိ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/26/83105

#အီရန်
#သံတမန်မိသားစုဝင်များ
#သြစတြေးလျ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤1😁1
'ကာကွယ်ပေးနိုင်ပါလျက်နှင့် နူရူလ် အာမင် ရှာအာလမ် သေဆုံးခဲ့ရခြင်းမှာ အလွန်စိတ်အနှောင့် အယှက်ဖြစ်ဖွယ်ကောင်းပြီး အမေရိကန်အကောက်ခွန်နှင့် နယ်ခြားကာကွယ်ရေးတပ်ဖွဲ့ (CBP) ၏ တာဝန်ပျက်ကွက်မှုပင် ဖြစ်သည်' ဟု ဘတ်ဖလိုမြို့တော်ဝန် ရှောင်ရိုင်ယန်က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက် တွင် ပြောကြားခဲ့သည်။

'မျက်စိကွယ်လုနီးပါးဖြစ်ပြီး အင်္ဂလိပ်စကား မပြောနိုင်သည့် ခိုကိုးရာမဲ့သူတဦးကို လုံခြုံစိတ်ချရသော နေရာတွင် ထားခဲ့ရန် ကြိုးပမ်းခြင်းမရှိဘဲ ချမ်းအေးလှသော ဆောင်းညတွင် တယောက်တည်း စွန့်ပစ်ခဲ့ သည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ကျင့်ဝတ်နှင့် မညီသလို လူမဆန်သော လုပ်ရပ်လည်း ဖြစ်သည်' ဟု ၎င်းက ပြောကြားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/26/83108

#မြန်မာဒုက္ခသည်
#နယ်ခြားကင်းလှည့်တပ်ဖွဲ့
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤬8👎2😁1