Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဂျပန်ကုမ္ပဏီများသည် အရှေ့တောင်အာရှ အထူးသဖြင့် ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်ခဲ့ကြသည်။ ၂၀၁၅ နှင့် ၂၀၂၂ ခုနှစ်အကြားတွင် အာဆီယံဒေသအတွင်း ဂျပန်၏ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏသည် ၄၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့သော်လည်း တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မလုပ်ခဲ့ပေ။

ဤသည်မှာ စီးပွားရေးအရ လုံးဝအဆက်အသွယ်ဖြတ်တောက်ခြင်းမဟုတ်သော်လည်း တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချလိုက်ခြင်းပင် ဖြစ်သည်။ ထုတ်လုပ်မှုကွန်ရက်များ ပိုမိုကျယ်ပြန့်လာလေလေ ဒေသတွင်း စီးပွားရေးစီးဆင်းမှုအပေါ် တရုတ်၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းမှာလည်း လျော့နည်းသွားလေလေ ဖြစ်သည်။

Read more: https://bur.mizzima.com/2026/02/25/83097
👍9❤2💩1
❤2
👍3
👍3
👍4
အရှေ့အလယ်ပိုင်းဒေသအတွင်း လုံခြုံရေးအခြေအနေများ ဆိုးရွားလာခြင်းကြောင့် အစ္စရေးနှင့် လက်ဘနွန်ရှိ သံတမန်မိသားစုဝင်များ ထွက်ခွာကြရန် သြစတြေးလျအစိုးရက ညွှန်ကြားလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ဂျော်ဒန်နှင့် ကာတာတို့ရှိ သံတမန်မိသားစုဝင်များကို လည်း မိမိသဘောဆန္ဒအလျောက် ထွက်ခွာခွင့်ပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ X လူမှုကွန် ရက်ပေါ်ရှိ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/26/83105

#အီရန်
#သံတမန်မိသားစုဝင်များ
#သြစတြေးလျ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤1😁1
'ကာကွယ်ပေးနိုင်ပါလျက်နှင့် နူရူလ် အာမင် ရှာအာလမ် သေဆုံးခဲ့ရခြင်းမှာ အလွန်စိတ်အနှောင့် အယှက်ဖြစ်ဖွယ်ကောင်းပြီး အမေရိကန်အကောက်ခွန်နှင့် နယ်ခြားကာကွယ်ရေးတပ်ဖွဲ့ (CBP) ၏ တာဝန်ပျက်ကွက်မှုပင် ဖြစ်သည်' ဟု ဘတ်ဖလိုမြို့တော်ဝန် ရှောင်ရိုင်ယန်က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက် တွင် ပြောကြားခဲ့သည်။

'မျက်စိကွယ်လုနီးပါးဖြစ်ပြီး အင်္ဂလိပ်စကား မပြောနိုင်သည့် ခိုကိုးရာမဲ့သူတဦးကို လုံခြုံစိတ်ချရသော နေရာတွင် ထားခဲ့ရန် ကြိုးပမ်းခြင်းမရှိဘဲ ချမ်းအေးလှသော ဆောင်းညတွင် တယောက်တည်း စွန့်ပစ်ခဲ့ သည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ကျင့်ဝတ်နှင့် မညီသလို လူမဆန်သော လုပ်ရပ်လည်း ဖြစ်သည်' ဟု ၎င်းက ပြောကြားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/26/83108

#မြန်မာဒုက္ခသည်
#နယ်ခြားကင်းလှည့်တပ်ဖွဲ့
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤬8👎2😁1
ထိုရာထူးတွင် သူသည် သမ္မတသစ် ရွေးချယ်တင်မြှောက်ခြင်း၊ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ဘတ်ဂျက်များ အတည်ပြုခြင်းနှင့် နိုင်ငံတော်ရာထူးများ ခန့်အပ်ခြင်းတို့အား ကြီးကြပ်ရမည်ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နီးစပ်သည့် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးများသည် ဒုသမ္မတများ ဖြစ်လာနိုင်ခြေရှိကြောင်းလည်း သတင်းရင်းမြစ်တခုက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထင်ကျော်အေးက လွှတ်တော်ဥက္ကဋ္ဌရာထူးသည် ယခင်က နိုင်ငံရေးဝါရင့်ပုဂ္ဂိုလ်များ ရယူခဲ့သည့် ရာထူးဖြစ်ပြီး အဆောင်အယောင်သာရှိသည့် ဒုသမ္မတရာထူးထက် ဩဇာပိုကြီးကြောင်း ပြောသည်။ "ဒါဟာ ဩဇာလွှမ်းမိုးမှုနဲ့ လုပ်ပိုင်ခွင့် အများကြီးရှိတဲ့ ရာထူးပါ။ သမ္မတ မဖြစ်နိုင်ဘူးဆိုရင်တောင် လွှတ်တော်ဥက္ကဋ္ဌ ရာထူးဟာ အာဏာအသုံးချနိုင်ဆုံး ရာထူး ဖြစ်ပါတယ်" ဟု ဦးထင်ကျော်အေးက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/26/83112

#ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
#USDP
#ခင်ရီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍4👎4😁2❤1
ယူကေတွင် ယူကရိန်း၏ ပထမဆုံး ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုစက်ရုံတခု စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံသည် ယူကရိန်းဒရုန်းထုတ်လုပ်မှု ကုမ္ပဏီတခုဖြစ်သည့် Ukrspecsystems ပိုင် စက်ရုံလည်း ဖြစ်သည်။

ယူကေတွင် ထုတ်လုပ်မှုလုပ်ငန်း စတင်ခြင်းက နက်ရှိုင်းသော မဟာဗျူဟာမြောက် ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု ယူကေဆိုင်ရာ ယူကရိန်းသံအမတ် ဗယ်လာရီ ဇာလူဇ်ညီက ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/26/83115

#ဒရုန်းထုတ်လုပ်ရေးစက်ရုံ
#ယူကရိန်း
#ယူကေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9❤1🔥1👏1
ဗဟိုစစ်ကော်မရှင် (CMC) အတွင်းမှ ထုတ်ပယ်ရှင်းလင်းမှုများသည် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ သော်လည်း ယင်းမှာ အပေါ်ယံမျှသာ ရှိပါသေးသည်။ CSIS ၏ အချက်အလက်များနှင့် ခွဲခြမ်းစိတ်ဖြာ ချက်များ အရ ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ ၃၆ ဦး ကို တရားဝင် ထုတ်ပယ်ခဲ့ကြောင်း တွေ့ရသည်။

ထို့ပြင် တက်ရောက်ရန် မျှော်လင့်ထားသော်လည်း ထိပ်သီးအစည်းအဝေးများသို့ မတက်ရောက်လာ သည့်အပေါ် အခြေခံ၍ ဆန်းစစ်ချက်အရ နောက်ထပ် အရာရှိကြီး ၆၅ ဦး မှာလည်း ပျောက်ဆုံးနေခြင်း (သို့မဟုတ်) ထုတ်ပယ်ခံထားရခြင်းတို့ ဖြစ်နိုင်ကြောင်း အချက်အလက်များက ဖော်ပြနေသည်။ ထို့ကြောင့် အတည်ပြုပြီးသူများနှင့် ဖြစ်နိုင်ခြေရှိသူ စုစုပေါင်းမှာ ၁၀၁ ဦး အထိ ရှိနေပြီး ယင်းမှာ အလွန် တရာ များပြားလှသော အရေအတွက် ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ https://bur.mizzima.com/2026/02/26/83118

#တရုတ်စစ်တပ်
#ရှင်းလင်းမှုများ
#ရှီကျင့်ဖျင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥4👏4👍2❤1😁1
အမတ်နေရာ ၅၀၀ ရှိ အောက်လွှတ်တော်တွင် အသစ်ရွေးကောက်ခြင်းခံရသော အမတ် ၃၉၆ ဦး၏ရလဒ်များ ကို ကော်မရှင်က အတည်ပြုကာ သက်သေခံလက်မှတ်ထုတ်ပေးလိုက်ခြင်းဖြစ်သည်။ အနုတင်၏ ဖွန်ကျိုင်ထိုင်း (Bhumjaithai) ပါတီက မဲဆန္ဒနယ် ၁၇၀ တွင်အနိုင်ရရှိခဲ့ကာ ပါတီအားလုံးထဲတွင်အများဆုံးဖြစ်သည်ဟု ထုတ်ပြန်ထားသောကြေညာချက်အရသိရသည်။

နိုင်ငံ၏မဲဆန္ဒနယ် ၄၀၀ အနက် သုံး နေရာတွင်ထည့်ခဲ့သောမဲများမှာ မဲရေတွက်မှုတွင် ပွင့်လင်းမြင်သာမှုမရှိဟု ဆိုကာ ပြန်လည်ရေတွက်နေရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/26/83121

#ထိုင်း
#ဝန်ကြီးချုပ်
#ရွေးကောက်ပွဲကော်မရှင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7🔥2❤1
အကယ်၍ ဝါရှင်တန်က “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း တိုင်းပြည်ရဲ့လက်ရှိအဆင့်အ တန်းကိုလေးစားမယ်ဆိုရင်၊ ရန်လိုတဲ့မူဝါကိုပြန်လည်ရုပ်သိမ်းမယ်ဆိုရင်၊ အမေရိကန်ပြည်ထောင်စုနဲ့ အဆင် ပြေပြေမနေနိုင်စရာအကြောင်းမရှိပါဘူး” ဟု ကင် ကပြောဆိုကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြ ထားသည်။

၂၀၂၄ ခုနှစ်ကပြင်ဆင်ခဲ့သော ပြုံယမ်း၏အခြေခံဥပဒေတွင် တောင်ကိုရီးယားနိုင်ငံကို “ရန်လိုသောနိုင်ငံ” ဟု ပထမဆုံးအကြိမ်ဖော်ပြထားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/26/83125

#နျူလက်နက်
#အမေရိကန်
#မြောက်ကိုရီးယား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥4😁2👍1🤣1