Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မန်ချက်စတာယူနိုက်တက် အမှုဆောင်အရာရှိချုပ်အို အိုမာ ဘာရာဒါ က ကလပ်အသင်း “ကွင်းပြင်ပ ပြုပြင်ပြောင်းလဲမှုတွေ” ရဲ့ အကျိုးကျေးဇူးကြောင့် ဘဏ္ဍာရေး စွမ်းဆောင်ရည် တိုးတက်လာတာကို လက်တွေ့ မြင်တွေ့နေရပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း အသင်းရဲ့ ကြွေးမြီကတော့ ပေါင် ၁ ဒသမ ၃ ဘီလီယံ နားကို ကပ်လာနေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ခြောက်လတာကာလအတွက် လုပ်ငန်းလည်ပတ်မှု အမြတ်ငွေ ပေါင် ၃၂ ဒသမ ၆ သန်း ရရှိခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၂ လက အလားတူကာလမှာ ပေါင် ၃ ဒသမ ၉ သန်း အရှုံးပေါ်ခဲ့တာနဲ့ ယှဉ်ရင် အများကြီး ကွာခြားသွားတာပါ။

ဒါပေမဲ့ ယူနိုက်တက်ဟာ ကာလတိုချေးငွေစနစ်ကနေ ပေါင် ၂၅ သန်း ထပ်ထုတ်ခဲ့တာကြောင့် အဲဒီချေးငွေက ပေါင် ၂၉၅ ဒသမ ၇ သန်းအထိ ရှိလာပါတယ်။ Read more: https://bur.mizzima.com/2026/02/26/83164
👍7
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်ပူးပေါင်းတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်သည့်အတွက် ကန့်သတ်ထားသည့် နယ်မြေအတွင်း သွားလာခြင်း မပြုရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယမန်နေ့ (ဖေဖော်ဝါရီ ၂၅) က အသိပေးထုတ်ပြန်သည်။

Read more: >> https://bur.mizzima.com/2026/02/26/83167
👍7❤1
နျူထရွန်အသစ်များ ဖြစ်ပေါ်ခြင်းနှင့် ရှင်သန်ခြင်း (Neurogenesis) သည် ဦးနှောက်၏ ပျော့ပျောင်းပြောင်းလဲနိုင်စွမ်း (Plasticity) ကို မြှင့်တင်ပေးသည်။ ၎င်းသည် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အိုမင်းခြင်းဖြစ်စဉ်များကြားတွင် အသိဉာဏ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် ကောင်းမွန်စေရန် ဦး နှောက်က မိမိဘာသာ ပြန်လည်ပြုပြင်နိုင်သည့် စွမ်းရည်ဖြစ်သည်။

SuperAgers များတွင် တူညီသော စရိုက်လက္ခဏာများရှိကြသည်။ ၎င်းတို့သည် အကောင်းမြင်တတ်ကြပြီး စာဖတ်ခြင်း သို့မဟုတ် အသစ်အဆန်းများကို သင်ယူခြင်းဖြင့် ဦးနှောက်ကို နေ့စဉ် အလုပ်ပေး စိန်ခေါ်လေ့ရှိတတ်ကြသည်။

အများစုက ကိုယ်လက်လှုပ်ရှား တက်ကြွကြပြီး အသက် ၈၀ ကျော်အထိ ဆက်လက် အလုပ်လုပ်ကြသည်။ ထို့ပြင် ၎င်းတို့သည် မိသားစု၊ သူငယ်ချင်းများနှင့် အပေါင်းအသင်း ဝင်ဆံ့သူများ ဖြစ်ကြပြီး လူမှုအသိုင်းအဝိုင်းတွင် စေတနာ့ဝန်ထမ်း လုပ်လေ့ ရှိကြသူများပဲ ဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အသက်ကြီး
#ထက်ထက်မြက်မြက်
#ရှိနိုင်မည့်
#သော့ချက်
#တွေ့ရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍9❤4
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၆ ဖေဖော်ဝါရီ ၂၀၂၆ )

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် USDP ပါတီခေါင်းဆောင် ခင်ရီ လျာထားခံရကြောင်း သတင်းထွက် ပေါ်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
#USDP
#ခင်ရီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
----------------------------------------
👍5
စစ်လက်ကျန်မိုင်းများနှင့် မြေမြုပ်မိုင်းများကြောင့် ကလေးသူငယ် သေဆုံးမှုတိုးလာ

ရောင်နီ

မဇ္ဈိမ၊၊ ။မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြုပ်မိုင်းများကြောင့် ကလေးသူငယ် သေဆုံးမှူ တိုးလာနေကြောင်း မြေမြုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine Monitor) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၂၅ ခုနှစ်၊ မြေမြုပ်မိုင်း စောင့်ကြည့်လေ့လာရေး ကမ္ဘာ့အစီရင်ခံစာတွင် ပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) နံနက်ပိုင်းက အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးမှုနှုန်း အမြင့်မားဆုံး နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ် နှစ်ဆက်တိုက်ရပ်တည်နေကြောင်း မြေမြုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြေမြုပ်မိုင်းအသုံးပြုမှုနှင့် မိုင်းကြောင့် ထိခိုက်မှုများ သိသိသာသာမြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၅၄၅ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၁,၀၀၃ ဦးနှင့် ၂၀၂၄…
😢6👍1🔥1
https://www.youtube.com/watch?v=sjrCp8ESLLo
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ စျေးနှုန်းများ
👍4
Rapamycin ကဲ့သို့သော အသက်ရှည်နုပျိုဆေးများ၏ အကျိုးသက်ရောက်မှုမှာ "ဇီဝထီ ကံစမ်းခြင်း" နှင့် ပိုတူပြီး လူတဦးချင်းစီအပေါ် မူတည်၍ အကျိုးသက်ရောက်မှုများ သိသိသာသာ ကွာဟကြောင်း သုတေသနအသစ်တခုက တွေ့ရှိခဲ့သည်။

"တချို့က အသက်အများကြီး ပိုရှည်သွားမယ်၊ တချို့က နည်းနည်းပဲ ရှည်မယ်၊ တချို့ကျတော့လည်း ဘာမှမထူးဘဲ ပုံမှန်အတိုင်းပဲ ဖြစ်နေပါလိမ့်မယ်" ဟု ဒေါက်တာ ဖူလ်တန်က New Science သို့ ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နာမည်ကြီး
#အသက်ရှည်
#နုပျိုဆေးများ
#အသက်ပိုရှည်နိုင်
#အကျိုးမထူးလည်းဖြစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍6🤣2
စံချိန်တင်အတိုင်းအတာအထိ ကြီးထွားလာသည့် အခွန်လိမ်လည်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဘလွန်းဘာ့ဂ်သတင်းဌာနသို့ ပြောကြားခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ သင်္ဘောလိုင်းပိုင်ရှင်များ၊ ကုန်သွယ်ရေးရှေ့နေများနှင့် အကောက်ခွန်အရာရှိဟောင်းများထဲတွင် ကာဆေးလည်း တဦး အပါအဝင် ဖြစ်သည်။ တရုတ်၏ တက်ကြွထက်သန်သော ထောက်ပံ့ပို့ဆောင်ရေး နည်းပရိယာယ်များနှင့် ရာစုနှစ်တခုအတွင်း အမြင့်ဆုံးဖြစ်လာသော အခွန်နှုန်းထားများကြောင့် ဖြစ်ပေါ်လာသည့် ထိုအခွန်ရှောင်မှုများက ထရမ့်၏ ကုန်သွယ်ရေးအစီအစဉ်ကို အဟန့်အတားဖြစ်စေသလို တချိန်တည်းတွင်လည်း စည်းကမ်းလိုက်နာသည့် ကုမ္ပဏီများကိုလည်း နစ်နာစေလျက်ရှိသည်။

ပြဿနာ၏ အတိုင်းအတာက မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ဖေဖေါ်ဝါရီ ၁၉ ရက်က ထုတ်ပြန်သည့် ကုန်သွယ်မှု ဒေတာအချက်အလက်များအရ တရုတ်ထံမှ အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်အဖြစ် စာရင်းပြထားသည့် ပမာဏနှင့် အမေရိကန်အကောက်ခွန်ဌာနက ယမန်နှစ်က အမှန်တကယ် ဆိုက်ရောက်ရရှိခဲ့သည်ဟု ဆိုသော ပမာဏကြားတွင် ဒေါ်လာ ၁၁၂ ဘီလီယံအထိ စံချိန်တင်ကွာဟနေခြင်းဖြစ်သည်။ ♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/26/83188
👍9❤1🔥1