Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Rapamycin ကဲ့သို့သော အသက်ရှည်နုပျိုဆေးများ၏ အကျိုးသက်ရောက်မှုမှာ "ဇီဝထီ ကံစမ်းခြင်း" နှင့် ပိုတူပြီး လူတဦးချင်းစီအပေါ် မူတည်၍ အကျိုးသက်ရောက်မှုများ သိသိသာသာ ကွာဟကြောင်း သုတေသနအသစ်တခုက တွေ့ရှိခဲ့သည်။

"တချို့က အသက်အများကြီး ပိုရှည်သွားမယ်၊ တချို့က နည်းနည်းပဲ ရှည်မယ်၊ တချို့ကျတော့လည်း ဘာမှမထူးဘဲ ပုံမှန်အတိုင်းပဲ ဖြစ်နေပါလိမ့်မယ်" ဟု ဒေါက်တာ ဖူလ်တန်က New Science သို့ ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နာမည်ကြီး
#အသက်ရှည်
#နုပျိုဆေးများ
#အသက်ပိုရှည်နိုင်
#အကျိုးမထူးလည်းဖြစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍6🤣2
စံချိန်တင်အတိုင်းအတာအထိ ကြီးထွားလာသည့် အခွန်လိမ်လည်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဘလွန်းဘာ့ဂ်သတင်းဌာနသို့ ပြောကြားခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ သင်္ဘောလိုင်းပိုင်ရှင်များ၊ ကုန်သွယ်ရေးရှေ့နေများနှင့် အကောက်ခွန်အရာရှိဟောင်းများထဲတွင် ကာဆေးလည်း တဦး အပါအဝင် ဖြစ်သည်။ တရုတ်၏ တက်ကြွထက်သန်သော ထောက်ပံ့ပို့ဆောင်ရေး နည်းပရိယာယ်များနှင့် ရာစုနှစ်တခုအတွင်း အမြင့်ဆုံးဖြစ်လာသော အခွန်နှုန်းထားများကြောင့် ဖြစ်ပေါ်လာသည့် ထိုအခွန်ရှောင်မှုများက ထရမ့်၏ ကုန်သွယ်ရေးအစီအစဉ်ကို အဟန့်အတားဖြစ်စေသလို တချိန်တည်းတွင်လည်း စည်းကမ်းလိုက်နာသည့် ကုမ္ပဏီများကိုလည်း နစ်နာစေလျက်ရှိသည်။

ပြဿနာ၏ အတိုင်းအတာက မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ဖေဖေါ်ဝါရီ ၁၉ ရက်က ထုတ်ပြန်သည့် ကုန်သွယ်မှု ဒေတာအချက်အလက်များအရ တရုတ်ထံမှ အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်အဖြစ် စာရင်းပြထားသည့် ပမာဏနှင့် အမေရိကန်အကောက်ခွန်ဌာနက ယမန်နှစ်က အမှန်တကယ် ဆိုက်ရောက်ရရှိခဲ့သည်ဟု ဆိုသော ပမာဏကြားတွင် ဒေါ်လာ ၁၁၂ ဘီလီယံအထိ စံချိန်တင်ကွာဟနေခြင်းဖြစ်သည်။ ♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/26/83188
👍9❤1🔥1
မြန်မာနိုင်ငံရှိ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး၊ အထူးသဖြင့် အကြမ်းဖက် စစ်ကော်မရှင်အနေဖြင့် အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်သင့် ကြောင်း၊ အထူးသဖြင့် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံမှုမှာ စိုးရိမ်ရသည့်အခြေအနေဖြစ်သို့ရောက်ရှိနေသဖြင့် စပါးရိတ်သိမ်းနေသော တောင်သူများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်သင့်ကြောင်း Fortify Rights က ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤတိုက်ခိုက်မှုများကို စစ်ရာဇဝတ်မှုများအဖြစ် စုံစမ်းစစ်ဆေးရာ တွင် အထောက်အကူပေးသင့်ပြီး တောင်သူ လယ်သမားများ အပါအဝင်အရပ်သားများအပေါ် စစ်ကော်မရှင်၏ ညှာတာခြင်းကင်းမဲ့သော တိုက်ခိုက်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှု ရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်းလည်း Fortify Rights က ပြောကြားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83200

#စစ်ရာဇဝတ်မှု
#မြန်မာစစ်ကော်မရှင်
#တောင်သူလယ်သမားများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🤣2❤1🤬1
iPhone နှင့် iPad တို့သည် လျှို့ဝှက်အဆင့် လုပ်ငန်းဆောင်တာများအတွက် လုံခြုံစိတ်ချရကြောင်း NATO အဖွဲ့ကြီးက ဆုံးဖြတ်လိုက်သည်ဟု Apple က မတ်လ နည်းပညာထုတ်ကုန်မိတ်ဆက်ပွဲမတိုင်မီ ကြေညာလိုက်သည်။

ယခုအခါ အဆိုပါထုတ်ကုန်များသည် NATO ၏ "ကန့်သတ်" အဆင့်ရှိ လျှို့ဝှက်အချက်အလက်များကို ကိုင်တွယ်ရန် တရားဝင်အသိအမှတ်ပြု ခံရပြီဖြစ်သည်။ စစ်ဘက်သုံးအတွက် သီးသန့်ထုတ်လုပ်ထားသော အကြမ်းခံဖုန်းများ သို့မဟုတ် အစိုးရသုံး သီးသန့် Hardware များအကြောင်းကို ဆိုလိုခြင်း မဟုတ်ဘဲ လူအများနေ့စဉ် အသုံးပြုနေကျ သာမန် iOS 26 နှင့် iPadOS 26 စနစ်သုံး iPhone နှင့် iPad များပင်လျှင် ယခုကဲ့သို့ စိတ်ချရသည်ဟု ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83203

#လျှို့ဝှက်အချက်အလက်များ
#NATO
#iPhone
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤4
“ဗင်နီဇွဲလားနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ဒဏ်ခတ်မှုတွေကိုအခုပဲရပ်တန့်ပေးပါ” ဟု ကြားဖြတ် ခေါင်းဆောင် ဒယ်လ်စီရိုဒရီဂက်ဇ် က နိုင်ငံပိုင်ရုပ်သံတွင်ပြောကြားသည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွား သည်။

အင်္ဂါနေ့ကပြောကြားခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်းတွင်လည်း ထရမ့်က အမေရိကန်နိုင်ငံသည် “ကျွန်ုပ် တို့၏မိတ်ဆွေသစ် မိတ်ဖက်သစ်” ဗင်နီဇွဲလားနိုင်ငံထံမှ ရေနံစည် သန်း ၈၀ ကျော်ရရှိပြီးဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83206

#ပိတ်ဆို့မှု
#ဗင်နီဇွဲလား
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤3
ယခု ထုတ်ပယ်မှုသည် ရှီကျင့်ဖျင်က သူ၏ ထိပ်တန်း စစ်ဗိုလ်ချုပ်နှင့် မဟာမိတ်ဟောင်းဖြစ်သူ ကျန်းယို့ရှာကို စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကျန်းယို့ရှာကို စုံစမ်းစစ်ဆေးမှုသည် တရုတ်နိုင်ငံ၏ နှစ်ပေါင်းငါးဆယ်နီးပါးအတွင်း အကြီးမားဆုံး စစ်တပ် သန့်စင်မှု၌ အံ့အားသင့်စရာအကောင်းဆုံး အလှည့်အပြောင်းတခု ဖြစ်လာခဲ့သည်။

တရုတ်အစိုးရအနေဖြင့် အဆိုပါ ပုဂ္ဂိုလ်များက "ပြင်းထန်သော စည်းကမ်းဖောက်ဖျက်မှုနှင့် ဥပဒေချိုးဖောက်မှုများ" ပြုလုပ်ခဲ့သည်ဟု သံသယရှိကြောင်း ပြောဆိုခြင်းမှလွဲ၍ တရားဝင်အကြောင်းပြချက် တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83210

#ရှီကျင့်ဖျင်
#စစ်တပ်သန့်စင်မှု
#တပ်ကိုယ်စားလှယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5👎1🔥1
ကျူးဘားအရာရှိများ၏ ပြောကြားချက်အရ ကျူဘားရေပိုင်နက်အတွင်း တွေ့ရှိသည့် ဖလော်ရီဒါ မှတ်ပုံတင် အမြန်ရေယာဉ်ထံသို့ ကျူဘားတပ်ဖွဲ့ဝင် ငါးဦးက ချဉ်းကပ်ခဲ့ကြောင်း၊ ထိုစဉ် လှေပေါ်ပါလာသူများက ကျူးဘားတပ်ဖွဲ့ဝင်များကို စတင် ပစ်ခတ်ခဲ့သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ "အဲဒီ ပြည်ပသင်္ဘောပေါ်က ကျူးကျော်သူ လေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်" ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကာ ကျူဘားဘက်မှ ကပ္ပတိန်လည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

"ပင်လယ်ပြင်ထဲမှာ အခုလို ပစ်ခတ်မှုမျိုးကို မြင်တွေ့ရတာဟာ အတော်လေး ထူးခြားဖြစ်စဉ်တခုလို့ ပြောရမှာပါ။ ဒါဟာ သာမန်ကိစ္စမျိုး မဟုတ်ပါဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျူဘားနဲ့ အခုလိုမျိုး မဖြစ်တာ ကြာပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ ဒါကို စုံစမ်းသွားမှာပါ၊ သူတို့ ပြောတဲ့ စကားတွေအပေါ်မှာပဲ အခြေခံပြီး ကောက်ချက်ချမှာ မဟုတ်ပါဘူး" ဟု ရူဘီယိုက ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83213

#အမေရိကန်မှတ်ပုံတင်စပိဘုတ်
#ပစ်ခတ်မှု
#ကျူဘားကမ်းခြေစောင့်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7❤1🔥1
အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်သော မြန်မာနှင့် ဆက်ဆံရေး တိုးမြှင့်သည့် လက္ခဏာတရပ်အဖြစ် မြန်မာနိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်မှုကို ကူညီပေးသွားမည် ဖြစ်ကြောင်း ရုရှားက ဖေဖေါ်ဝါရီ ၂၆ ရက်တွင် ပြောသည်။

ရုရှားအာကာသအေဂျင်စီ Roscosmos ၏ အကြီးအကဲ ဒီမစ်ထရီ ဘာကာနော့ဗ်၏ ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ယင်းကမ်းလှမ်းချက်ကို ရုရှားဘက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒီမစ်ထရီ ဘာကာနော့ဗ်သည် မြန်မာခရီးစဉ်အတွင်း လူလိုက်ပါသည့် အာကာသခရီးစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်ရန် မြန်မာဘက်မှ တာဝန်ရှိသူတို့နှင့် သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83216

#မြန်မာ
#အာကာသယာဉ်မှူး
#ရုရှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎8💩2❤1👍1🤔1
မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေပြီး စစ်ကော်မရှင်တပ်က နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ Read more: https://bur.mizzima.com/2026/02/27/83219
🤬5👎2
“အာဖဂန်ကာကွယ်ရေးပစ်မှတ်တွေကို ကဘူးလ်၊ ပတ်တီယာ (ပြည်နယ်) နဲ့ ကန်ဒါဟာ မှာပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်” ဟု ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး အတောလာတာရာ (Attaullah Tarar) က လူမှုကွန်ရက် X ပေါ်တွင်ရေးသားထားပြီး ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအစစ်ဖ် (Khawaja Asif) ကလည်း တာလီဘန်အစိုးရ နှင့် “မီးကုန်ယမ်းကုန်ပဋိပက္ခ” ဖြစ်ပွားနေပါပြီဟု ကြေညာခဲ့သည်။

ပါကစ္စတန်စစ်သားအများအပြားကို “အရှင်ဖမ်းမိ” ထားသည်ဟု တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူ မူဂျာ ဟစ် က AFP ကိုပြောသည်။ ထိုသို့ပြောဆိုမှုကို အစ္စလမ်မာဘတ်ရှိ ဝန်ကြီးချုပ်ရုံးက မဟုတ်မှန်ကြောင်း ငြင်း ဆိုထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83222

#အာဖဂန်နစ္စတန်
#နယ်စပ်
#ပါကစ္စတန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥5❤4👎1
အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်များသည် ငါးနှစ်မြောက်ထဲရောက်ရှိလာပြီဖြစ်သည့် ရုရှားကျူးကျော်စစ်အဆုံးသတ်ရေး ဂျီနီဗာမြို့တွင် ဆွေးနွေးရန် ပြင်ဆင်နေစဉ်အတွင်း ရုရှားက ဒရုန်းအစင်း ၄၂၀ နှင့် ဒုံးကျည် ၃၉ စင်းတို့ဖြင့် ယူကရိန်းကို တညလုံး တိုက်ခိုက်ခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၆ ) တွင် ပြောသည်။

ပဲ့ထိန်းဒုံးကျည် ၁၁ စင်း အပါအဝင် ရုရှား၏တိုက်ခိုက်မှုများသည် ယူကရိန်းဒေသ ရှစ် ခုရှိ အရေးကြီးသော အခြေခံအဆောက်အအုံများနှင့် လူနေရပ်ကွက်များကို ပစ်မှတ်ထားခဲ့ကြောင်း ဇယ်လန်းစကီးက ဆိုသည်။

ပူတင်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စိတ်ဝင်စားယောင်ပြကာ ကျူးကျော်စစ် ဆက်ဆင်နွှဲရင်း အမေရိကန်၏ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားလိုခြင်းသာဖြစ်သည်ဟု ယူကရိန်းနှင့် ဥရောပတာဝန်ရှိသူများက စွပ်စွဲထားကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83225

#ဂျီနီဗာဆွေးနွေးပွဲ
#ရုရှား
#ယူကရိန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎4❤3🔥1
ခရစ္စတီယာနို ရော်နယ်ဒိုဟာ စပိန်ဒုတိယတန်းကလပ် အယ်လ်မေးရီးယားအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ အဆိုပါအသင်းဟာ ဆော်ဒီပိုင်ရှင်တွေ ပိုင်ဆိုင်တဲ့ အသင်းတသင်း ဖြစ်ပါတယ်။

“အယ်လ်မာရီးယားအသင်းမှာ အခုလို မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံလိုက်တာဟာ ရော်နယ်ဒိုအနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းပိုင်ရှင်တစ်ဦးအဖြစ် ရေရှည်ရပ်တည်သွားမယ့် သန္နိဋ္ဌာန်ကို ပြသနေတာဖြစ်တယ်” လို့ ၎င်းရဲ့ အားကစားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအသစ် CR7 Sports Investments က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်ရဲ့ ငွေကြေးဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

Read more: https://bur.mizzima.com/2026/02/27/83235
👍5❤2