Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာနိုင်ငံရှိ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး၊ အထူးသဖြင့် အကြမ်းဖက် စစ်ကော်မရှင်အနေဖြင့် အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်သင့် ကြောင်း၊ အထူးသဖြင့် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံမှုမှာ စိုးရိမ်ရသည့်အခြေအနေဖြစ်သို့ရောက်ရှိနေသဖြင့် စပါးရိတ်သိမ်းနေသော တောင်သူများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်သင့်ကြောင်း Fortify Rights က ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤတိုက်ခိုက်မှုများကို စစ်ရာဇဝတ်မှုများအဖြစ် စုံစမ်းစစ်ဆေးရာ တွင် အထောက်အကူပေးသင့်ပြီး တောင်သူ လယ်သမားများ အပါအဝင်အရပ်သားများအပေါ် စစ်ကော်မရှင်၏ ညှာတာခြင်းကင်းမဲ့သော တိုက်ခိုက်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှု ရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်းလည်း Fortify Rights က ပြောကြားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83200

#စစ်ရာဇဝတ်မှု
#မြန်မာစစ်ကော်မရှင်
#တောင်သူလယ်သမားများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🤣2❤1🤬1
iPhone နှင့် iPad တို့သည် လျှို့ဝှက်အဆင့် လုပ်ငန်းဆောင်တာများအတွက် လုံခြုံစိတ်ချရကြောင်း NATO အဖွဲ့ကြီးက ဆုံးဖြတ်လိုက်သည်ဟု Apple က မတ်လ နည်းပညာထုတ်ကုန်မိတ်ဆက်ပွဲမတိုင်မီ ကြေညာလိုက်သည်။

ယခုအခါ အဆိုပါထုတ်ကုန်များသည် NATO ၏ "ကန့်သတ်" အဆင့်ရှိ လျှို့ဝှက်အချက်အလက်များကို ကိုင်တွယ်ရန် တရားဝင်အသိအမှတ်ပြု ခံရပြီဖြစ်သည်။ စစ်ဘက်သုံးအတွက် သီးသန့်ထုတ်လုပ်ထားသော အကြမ်းခံဖုန်းများ သို့မဟုတ် အစိုးရသုံး သီးသန့် Hardware များအကြောင်းကို ဆိုလိုခြင်း မဟုတ်ဘဲ လူအများနေ့စဉ် အသုံးပြုနေကျ သာမန် iOS 26 နှင့် iPadOS 26 စနစ်သုံး iPhone နှင့် iPad များပင်လျှင် ယခုကဲ့သို့ စိတ်ချရသည်ဟု ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83203

#လျှို့ဝှက်အချက်အလက်များ
#NATO
#iPhone
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤4
“ဗင်နီဇွဲလားနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ဒဏ်ခတ်မှုတွေကိုအခုပဲရပ်တန့်ပေးပါ” ဟု ကြားဖြတ် ခေါင်းဆောင် ဒယ်လ်စီရိုဒရီဂက်ဇ် က နိုင်ငံပိုင်ရုပ်သံတွင်ပြောကြားသည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွား သည်။

အင်္ဂါနေ့ကပြောကြားခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်းတွင်လည်း ထရမ့်က အမေရိကန်နိုင်ငံသည် “ကျွန်ုပ် တို့၏မိတ်ဆွေသစ် မိတ်ဖက်သစ်” ဗင်နီဇွဲလားနိုင်ငံထံမှ ရေနံစည် သန်း ၈၀ ကျော်ရရှိပြီးဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83206

#ပိတ်ဆို့မှု
#ဗင်နီဇွဲလား
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤3
ယခု ထုတ်ပယ်မှုသည် ရှီကျင့်ဖျင်က သူ၏ ထိပ်တန်း စစ်ဗိုလ်ချုပ်နှင့် မဟာမိတ်ဟောင်းဖြစ်သူ ကျန်းယို့ရှာကို စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကျန်းယို့ရှာကို စုံစမ်းစစ်ဆေးမှုသည် တရုတ်နိုင်ငံ၏ နှစ်ပေါင်းငါးဆယ်နီးပါးအတွင်း အကြီးမားဆုံး စစ်တပ် သန့်စင်မှု၌ အံ့အားသင့်စရာအကောင်းဆုံး အလှည့်အပြောင်းတခု ဖြစ်လာခဲ့သည်။

တရုတ်အစိုးရအနေဖြင့် အဆိုပါ ပုဂ္ဂိုလ်များက "ပြင်းထန်သော စည်းကမ်းဖောက်ဖျက်မှုနှင့် ဥပဒေချိုးဖောက်မှုများ" ပြုလုပ်ခဲ့သည်ဟု သံသယရှိကြောင်း ပြောဆိုခြင်းမှလွဲ၍ တရားဝင်အကြောင်းပြချက် တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83210

#ရှီကျင့်ဖျင်
#စစ်တပ်သန့်စင်မှု
#တပ်ကိုယ်စားလှယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5👎1🔥1
ကျူးဘားအရာရှိများ၏ ပြောကြားချက်အရ ကျူဘားရေပိုင်နက်အတွင်း တွေ့ရှိသည့် ဖလော်ရီဒါ မှတ်ပုံတင် အမြန်ရေယာဉ်ထံသို့ ကျူဘားတပ်ဖွဲ့ဝင် ငါးဦးက ချဉ်းကပ်ခဲ့ကြောင်း၊ ထိုစဉ် လှေပေါ်ပါလာသူများက ကျူးဘားတပ်ဖွဲ့ဝင်များကို စတင် ပစ်ခတ်ခဲ့သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ "အဲဒီ ပြည်ပသင်္ဘောပေါ်က ကျူးကျော်သူ လေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်" ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကာ ကျူဘားဘက်မှ ကပ္ပတိန်လည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

"ပင်လယ်ပြင်ထဲမှာ အခုလို ပစ်ခတ်မှုမျိုးကို မြင်တွေ့ရတာဟာ အတော်လေး ထူးခြားဖြစ်စဉ်တခုလို့ ပြောရမှာပါ။ ဒါဟာ သာမန်ကိစ္စမျိုး မဟုတ်ပါဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျူဘားနဲ့ အခုလိုမျိုး မဖြစ်တာ ကြာပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ ဒါကို စုံစမ်းသွားမှာပါ၊ သူတို့ ပြောတဲ့ စကားတွေအပေါ်မှာပဲ အခြေခံပြီး ကောက်ချက်ချမှာ မဟုတ်ပါဘူး" ဟု ရူဘီယိုက ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83213

#အမေရိကန်မှတ်ပုံတင်စပိဘုတ်
#ပစ်ခတ်မှု
#ကျူဘားကမ်းခြေစောင့်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7❤1🔥1
အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်သော မြန်မာနှင့် ဆက်ဆံရေး တိုးမြှင့်သည့် လက္ခဏာတရပ်အဖြစ် မြန်မာနိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်မှုကို ကူညီပေးသွားမည် ဖြစ်ကြောင်း ရုရှားက ဖေဖေါ်ဝါရီ ၂၆ ရက်တွင် ပြောသည်။

ရုရှားအာကာသအေဂျင်စီ Roscosmos ၏ အကြီးအကဲ ဒီမစ်ထရီ ဘာကာနော့ဗ်၏ ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ယင်းကမ်းလှမ်းချက်ကို ရုရှားဘက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒီမစ်ထရီ ဘာကာနော့ဗ်သည် မြန်မာခရီးစဉ်အတွင်း လူလိုက်ပါသည့် အာကာသခရီးစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်ရန် မြန်မာဘက်မှ တာဝန်ရှိသူတို့နှင့် သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83216

#မြန်မာ
#အာကာသယာဉ်မှူး
#ရုရှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎8💩2❤1👍1🤔1
မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေပြီး စစ်ကော်မရှင်တပ်က နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ Read more: https://bur.mizzima.com/2026/02/27/83219
🤬5👎2
“အာဖဂန်ကာကွယ်ရေးပစ်မှတ်တွေကို ကဘူးလ်၊ ပတ်တီယာ (ပြည်နယ်) နဲ့ ကန်ဒါဟာ မှာပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်” ဟု ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး အတောလာတာရာ (Attaullah Tarar) က လူမှုကွန်ရက် X ပေါ်တွင်ရေးသားထားပြီး ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအစစ်ဖ် (Khawaja Asif) ကလည်း တာလီဘန်အစိုးရ နှင့် “မီးကုန်ယမ်းကုန်ပဋိပက္ခ” ဖြစ်ပွားနေပါပြီဟု ကြေညာခဲ့သည်။

ပါကစ္စတန်စစ်သားအများအပြားကို “အရှင်ဖမ်းမိ” ထားသည်ဟု တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူ မူဂျာ ဟစ် က AFP ကိုပြောသည်။ ထိုသို့ပြောဆိုမှုကို အစ္စလမ်မာဘတ်ရှိ ဝန်ကြီးချုပ်ရုံးက မဟုတ်မှန်ကြောင်း ငြင်း ဆိုထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83222

#အာဖဂန်နစ္စတန်
#နယ်စပ်
#ပါကစ္စတန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥5❤4👎1
အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်များသည် ငါးနှစ်မြောက်ထဲရောက်ရှိလာပြီဖြစ်သည့် ရုရှားကျူးကျော်စစ်အဆုံးသတ်ရေး ဂျီနီဗာမြို့တွင် ဆွေးနွေးရန် ပြင်ဆင်နေစဉ်အတွင်း ရုရှားက ဒရုန်းအစင်း ၄၂၀ နှင့် ဒုံးကျည် ၃၉ စင်းတို့ဖြင့် ယူကရိန်းကို တညလုံး တိုက်ခိုက်ခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၆ ) တွင် ပြောသည်။

ပဲ့ထိန်းဒုံးကျည် ၁၁ စင်း အပါအဝင် ရုရှား၏တိုက်ခိုက်မှုများသည် ယူကရိန်းဒေသ ရှစ် ခုရှိ အရေးကြီးသော အခြေခံအဆောက်အအုံများနှင့် လူနေရပ်ကွက်များကို ပစ်မှတ်ထားခဲ့ကြောင်း ဇယ်လန်းစကီးက ဆိုသည်။

ပူတင်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စိတ်ဝင်စားယောင်ပြကာ ကျူးကျော်စစ် ဆက်ဆင်နွှဲရင်း အမေရိကန်၏ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားလိုခြင်းသာဖြစ်သည်ဟု ယူကရိန်းနှင့် ဥရောပတာဝန်ရှိသူများက စွပ်စွဲထားကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83225

#ဂျီနီဗာဆွေးနွေးပွဲ
#ရုရှား
#ယူကရိန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎4❤3🔥1
ခရစ္စတီယာနို ရော်နယ်ဒိုဟာ စပိန်ဒုတိယတန်းကလပ် အယ်လ်မေးရီးယားအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ အဆိုပါအသင်းဟာ ဆော်ဒီပိုင်ရှင်တွေ ပိုင်ဆိုင်တဲ့ အသင်းတသင်း ဖြစ်ပါတယ်။

“အယ်လ်မာရီးယားအသင်းမှာ အခုလို မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံလိုက်တာဟာ ရော်နယ်ဒိုအနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းပိုင်ရှင်တစ်ဦးအဖြစ် ရေရှည်ရပ်တည်သွားမယ့် သန္နိဋ္ဌာန်ကို ပြသနေတာဖြစ်တယ်” လို့ ၎င်းရဲ့ အားကစားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအသစ် CR7 Sports Investments က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်ရဲ့ ငွေကြေးဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

Read more: https://bur.mizzima.com/2026/02/27/83235
👍5❤2
❤3👍2
👍4❤1
👍5❤1
👍5❤1
ကာလကြာ ရန်ဘက်ဖြစ်ခဲ့သည့် အမေရိကန်နှင့် အီရန်အကြား စစ်ပွဲ မဖြစ်ပွားရေး ရှောင်ရှားရန် ဖေဖေါ်ဝါရီ ၂၆ ရက်က ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် နောက်ဆုံးအချီ ဆွေးနွေးမှုများ၌ 'သိသာထင်ရှားသော တိုးတက်မှုများ' ရခဲ့သည်ဟု ကြားဝင်စေ့စပ်သူများက ပြောသည်။ လာမည့် သီတင်းပတ်၌ ဩစတြီးယားနိုင်ငံ၌ ထပ်မံ ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူခဲ့သည်ဟုလည်း သိရသည်။

အီရန်ကို တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ခြိမ်းခြောက်မှုများ ပြုလုပ်ပြီးနောက် အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးသော ယခုဆွေးနွေးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83238

#အမေရိကန်
#အီရန်
#ဆွေးနွေးမှုများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤2🔥1
မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) တပ်များ မန္တလေးတွင် နောက်ဆုံးထိန်းထားနိုင်သည့် မြို့ဖြစ်သည့် တကောင်းမြို့ နှင့် မိုင် ၂၀ အကွာရှိ ကြာညှပ်ကျေးရွာသို့ စစ်ကော်မရှင်တပ်များ ရောက်ရှိလာပြီဖြစ်ကြောင်း မြေပြင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။

“၁၅ ရက်လောက်ရှိပြီ သူတို့ တောက်လျှောက်ထိုးလာတာ။ မနေ့က ညနေထိဆိုရင် ကြာညှပ်ထိပေးလိုက်ရပြီ။ သူက တကောင်းကနေ မန်းလေးဘက်ကိုသွားရင် ကြားမှာရှိတဲ့ရွာ။ တကောင်းနဲ့ ကြာညှပ်ကြားမှာဆိုရင် ရွာသုံးရွာလောက်ပဲကျန်တော့မယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ Read more: https://bur.mizzima.com/2026/02/27/83241
👎6❤2👍1😱1
မဇ္ဈိမ။ ။ စစ်မှုထမ်း ဥပဒေအရ အသက်မပြည့်သေးသူများနှင့် အသက်ကျော်လွန်နေသူများကို စစ်မှုထမ်းစုဆောင်းမှုများ တွေ့ရကြောင်း စစ်ကော်မရှင်၊ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) က ပြုလုပ်သည့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။ Read more: https://bur.mizzima.com/2026/02/27/83245
👍5💩3❤1🤣1
ဖောင်းပြင်မြို့နယ် ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ဒေသခံ ၁၀ ဦးခန့် ဒဏ်ရာရ

ပါခွီး

မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း ၊ ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကျေးရွာရှိ ကားဝန်းဟောင်းနှင့် စျေးတန်းကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ဂျက်ဖိုက်တာ၊ Y12 နှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) နံနက် ၃ နာရီ မိနစ် ၄၀ မှ ၄ နာရီ အထိ ကျေးရွာအတွင်းသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများအတွင်း လူသေဆုံးမှုမရှိဘဲ လူနေအိမ်နှင့် ကားများ ပျက်စီးသွားကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများထံက သိရသည်။

“မနေ့က ဖိုက်တာပစ်တာချည်းပဲ ၂၀လောက်ရှိတယ်။ Y12နဲ့က နှစ်ကြိမ် ဂျိုင်ရိုကော်ပတာနဲ့ သုံးကြိမ် လာကြဲတယ်။ လူအသေအပျောက်ရှိတယ်လို့မသိရသေးဘူး ထိခိုက်ဒဏ်ရာရတာတော့ ဆယ်ဂဏန်း လောက်ရှိတယ်”ဟု မော်လိုက်ခရိုင်အမှတ်(၁) တပ်ရင်း ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။…
🤬6❤4👎1