အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်သော မြန်မာနှင့် ဆက်ဆံရေး တိုးမြှင့်သည့် လက္ခဏာတရပ်အဖြစ် မြန်မာနိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်မှုကို ကူညီပေးသွားမည် ဖြစ်ကြောင်း ရုရှားက ဖေဖေါ်ဝါရီ ၂၆ ရက်တွင် ပြောသည်။
ရုရှားအာကာသအေဂျင်စီ Roscosmos ၏ အကြီးအကဲ ဒီမစ်ထရီ ဘာကာနော့ဗ်၏ ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ယင်းကမ်းလှမ်းချက်ကို ရုရှားဘက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒီမစ်ထရီ ဘာကာနော့ဗ်သည် မြန်မာခရီးစဉ်အတွင်း လူလိုက်ပါသည့် အာကာသခရီးစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်ရန် မြန်မာဘက်မှ တာဝန်ရှိသူတို့နှင့် သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း သိရသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83216
#မြန်မာ
#အာကာသယာဉ်မှူး
#ရုရှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

👎8💩2❤1👍1🤔1
မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေပြီး စစ်ကော်မရှင်တပ်က နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ Read more: https://bur.mizzima.com/2026/02/27/83219
🤬5👎2
“အာဖဂန်ကာကွယ်ရေးပစ်မှတ်တွေကို ကဘူးလ်၊ ပတ်တီယာ (ပြည်နယ်) နဲ့ ကန်ဒါဟာ မှာပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်” ဟု ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး အတောလာတာရာ (Attaullah Tarar) က လူမှုကွန်ရက် X ပေါ်တွင်ရေးသားထားပြီး ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအစစ်ဖ် (Khawaja Asif) ကလည်း တာလီဘန်အစိုးရ နှင့် “မီးကုန်ယမ်းကုန်ပဋိပက္ခ” ဖြစ်ပွားနေပါပြီဟု ကြေညာခဲ့သည်။
ပါကစ္စတန်စစ်သားအများအပြားကို “အရှင်ဖမ်းမိ” ထားသည်ဟု တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူ မူဂျာ ဟစ် က AFP ကိုပြောသည်။ ထိုသို့ပြောဆိုမှုကို အစ္စလမ်မာဘတ်ရှိ ဝန်ကြီးချုပ်ရုံးက မဟုတ်မှန်ကြောင်း ငြင်း ဆိုထားသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83222
#အာဖဂန်နစ္စတန်
#နယ်စပ်
#ပါကစ္စတန်

🔥5❤4👎1
အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်များသည် ငါးနှစ်မြောက်ထဲရောက်ရှိလာပြီဖြစ်သည့် ရုရှားကျူးကျော်စစ်အဆုံးသတ်ရေး ဂျီနီဗာမြို့တွင် ဆွေးနွေးရန် ပြင်ဆင်နေစဉ်အတွင်း ရုရှားက ဒရုန်းအစင်း ၄၂၀ နှင့် ဒုံးကျည် ၃၉ စင်းတို့ဖြင့် ယူကရိန်းကို တညလုံး တိုက်ခိုက်ခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၆ ) တွင် ပြောသည်။
ပဲ့ထိန်းဒုံးကျည် ၁၁ စင်း အပါအဝင် ရုရှား၏တိုက်ခိုက်မှုများသည် ယူကရိန်းဒေသ ရှစ် ခုရှိ အရေးကြီးသော အခြေခံအဆောက်အအုံများနှင့် လူနေရပ်ကွက်များကို ပစ်မှတ်ထားခဲ့ကြောင်း ဇယ်လန်းစကီးက ဆိုသည်။
ပူတင်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စိတ်ဝင်စားယောင်ပြကာ ကျူးကျော်စစ် ဆက်ဆင်နွှဲရင်း အမေရိကန်၏ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားလိုခြင်းသာဖြစ်သည်ဟု ယူကရိန်းနှင့် ဥရောပတာဝန်ရှိသူများက စွပ်စွဲထားကြသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83225
#ဂျီနီဗာဆွေးနွေးပွဲ
#ရုရှား
#ယူကရိန်း

👎4❤3🔥1
ခရစ္စတီယာနို ရော်နယ်ဒိုဟာ စပိန်ဒုတိယတန်းကလပ် အယ်လ်မေးရီးယားအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ အဆိုပါအသင်းဟာ ဆော်ဒီပိုင်ရှင်တွေ ပိုင်ဆိုင်တဲ့ အသင်းတသင်း ဖြစ်ပါတယ်။
“အယ်လ်မာရီးယားအသင်းမှာ အခုလို မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံလိုက်တာဟာ ရော်နယ်ဒိုအနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းပိုင်ရှင်တစ်ဦးအဖြစ် ရေရှည်ရပ်တည်သွားမယ့် သန္နိဋ္ဌာန်ကို ပြသနေတာဖြစ်တယ်” လို့ ၎င်းရဲ့ အားကစားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအသစ် CR7 Sports Investments က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်ရဲ့ ငွေကြေးဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
Read more: https://bur.mizzima.com/2026/02/27/83235

👍5❤2
ကာလကြာ ရန်ဘက်ဖြစ်ခဲ့သည့် အမေရိကန်နှင့် အီရန်အကြား စစ်ပွဲ မဖြစ်ပွားရေး ရှောင်ရှားရန် ဖေဖေါ်ဝါရီ ၂၆ ရက်က ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် နောက်ဆုံးအချီ ဆွေးနွေးမှုများ၌ 'သိသာထင်ရှားသော တိုးတက်မှုများ' ရခဲ့သည်ဟု ကြားဝင်စေ့စပ်သူများက ပြောသည်။ လာမည့် သီတင်းပတ်၌ ဩစတြီးယားနိုင်ငံ၌ ထပ်မံ ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူခဲ့သည်ဟုလည်း သိရသည်။
အီရန်ကို တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ခြိမ်းခြောက်မှုများ ပြုလုပ်ပြီးနောက် အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးသော ယခုဆွေးနွေးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83238
#အမေရိကန်
#အီရန်
#ဆွေးနွေးမှုများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
အီရန်ကို တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ခြိမ်းခြောက်မှုများ ပြုလုပ်ပြီးနောက် အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးသော ယခုဆွေးနွေးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/27/83238
#အမေရိကန်
#အီရန်
#ဆွေးနွေးမှုများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤2🔥1
မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) တပ်များ မန္တလေးတွင် နောက်ဆုံးထိန်းထားနိုင်သည့် မြို့ဖြစ်သည့် တကောင်းမြို့ နှင့် မိုင် ၂၀ အကွာရှိ ကြာညှပ်ကျေးရွာသို့ စစ်ကော်မရှင်တပ်များ ရောက်ရှိလာပြီဖြစ်ကြောင်း မြေပြင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။
“၁၅ ရက်လောက်ရှိပြီ သူတို့ တောက်လျှောက်ထိုးလာတာ။ မနေ့က ညနေထိဆိုရင် ကြာညှပ်ထိပေးလိုက်ရပြီ။ သူက တကောင်းကနေ မန်းလေးဘက်ကိုသွားရင် ကြားမှာရှိတဲ့ရွာ။ တကောင်းနဲ့ ကြာညှပ်ကြားမှာဆိုရင် ရွာသုံးရွာလောက်ပဲကျန်တော့မယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ Read more: https://bur.mizzima.com/2026/02/27/83241

👎6❤2👍1😱1
မဇ္ဈိမ။ ။ စစ်မှုထမ်း ဥပဒေအရ အသက်မပြည့်သေးသူများနှင့် အသက်ကျော်လွန်နေသူများကို စစ်မှုထမ်းစုဆောင်းမှုများ တွေ့ရကြောင်း စစ်ကော်မရှင်၊ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) က ပြုလုပ်သည့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။ Read more: https://bur.mizzima.com/2026/02/27/83245

👍5💩3❤1🤣1
ဖောင်းပြင်မြို့နယ် ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ဒေသခံ ၁၀ ဦးခန့် ဒဏ်ရာရ
ပါခွီး
မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း ၊ ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကျေးရွာရှိ ကားဝန်းဟောင်းနှင့် စျေးတန်းကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ဂျက်ဖိုက်တာ၊ Y12 နှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) နံနက် ၃ နာရီ မိနစ် ၄၀ မှ ၄ နာရီ အထိ ကျေးရွာအတွင်းသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုများအတွင်း လူသေဆုံးမှုမရှိဘဲ လူနေအိမ်နှင့် ကားများ ပျက်စီးသွားကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများထံက သိရသည်။
“မနေ့က ဖိုက်တာပစ်တာချည်းပဲ ၂၀လောက်ရှိတယ်။ Y12နဲ့က နှစ်ကြိမ် ဂျိုင်ရိုကော်ပတာနဲ့ သုံးကြိမ် လာကြဲတယ်။ လူအသေအပျောက်ရှိတယ်လို့မသိရသေးဘူး ထိခိုက်ဒဏ်ရာရတာတော့ ဆယ်ဂဏန်း လောက်ရှိတယ်”ဟု မော်လိုက်ခရိုင်အမှတ်(၁) တပ်ရင်း ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။…

🤬6❤4👎1
https://www.youtube.com/watch?v=PkZiPaJAevA
Merz says Germany and China must overcome trade gaps 'together'

YouTube

Chancellor Friedrich Merz says Germany and China face challenges that they "must tackle together" as he ends his two-day visit to the country in the tech hub of Hangzhou. "Above all, there are issues relating to competition," Merz tells reporters a day after…
👍3
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား တင်းမာမှုများ သိသာစွာ အရှိန်မြင့်တက်လာပြီး ယခုအခါ ကဘူးလ်မြို့ရှိ တာလီဘန် တည်နေရာများကို ပစ်မှတ်ထားသည့် ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း တာလီဘန်အမြင့်ဆုံးခေါင်းဆောင် ဟီဘတ်တူလာ အက်ခွန်ဇာဒါလည်း သေဆုံးသွားနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
အဆိုပါ တိုက်ခိုက်မှုက ယခုလက်တလောနှစ်များအတွင်း Durand Line နယ်စပ်စည်းတလျောက် လေကြောင်းစီးနင်းမှုများ၊ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများနှင့် ထိခိုက်သေဆုံးမှုများ များပြားလာသည့် အပြင်းထန်ဆုံး ပဋိပက္ခများအကြား ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါသတင်းများက အွန်လိုင်းပေါ်၌ အလျင်အမြန် ပျံ့နှံ့နေသော်လည်း နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများကမူ အက်ခွန်ဇာဒါ၏ အခြေအနေကံကြမ္မာနှင့်ပတ်သက်ပြီး အတည်ပြုခြင်း မရှိသေးဘဲ ဒေသတွင်း၌ ထင်ကြေးပေးမှန်းဆချက်များနှင့် မရေရာမှုတို့က ပိုမို မြင့်တက်လာလျက်ရှိသည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/27/83251
#ပါကစ္စတန်
#လေကြောင်း
#တိုက်ခိုက်မှု
#ခေါင်းဆောင်
#တာလီဘန်
#တပ်မှူးများ
#သေဆုံး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

👍6❤3🔥1
https://www.youtube.com/watch?v=TuO6OGoYKhg
ဖက်ဒရယ် ယူနစ်တွေ စတင်ဖြစ်ပေါ်လာပုံ | အပိုင်း (၃)

သန့်ဇော်(သန်လျင်)ရဲ့ ဘာတွေပြောမလဲ...ဘာတွေမေးမလဲ မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန မှ ကိုဇေယျာဦးက နဲ့ ဆွေးနွေးပြောပြထားတဲ့ တတိယအပိုင်း ဖြစ်ပါတယ်။
- ခန့်မှန်းခြေ ဖက်ဒရယ်ယူနစ်တွေ အများစုပေါ်လာပြီးတော့ ဗဟိုအစိုးရနဲ့ တွဲချိတ်ပြီး ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့…

👍6
ပရီးမီးယားလိဂ်ဟာ ပရိသတ်တွေဆီ တိုက်ရိုက်ဝန်ဆောင်မှုပေးမယ့် Streaming Platform တခုကို လာမယ့် ရာသီ စင်ကာပူနိုင်ငံမှာ ပထမဆုံး စတင်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ အကယ်၍ ဒီဝန်ဆောင်မှုသာ အောင်မြင်ခဲ့ရင် တကမ္ဘာလုံးအတိုင်းအတာနဲ့ပါ ချဲ့ထွင်သွားဖွယ် ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ရစ်ချက် မာစတာစ် က ဒီချန်နယ်အသစ်ကို “Premier League +” လို့ အမည်ပေးထားကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။ Read more: https://bur.mizzima.com/2026/02/27/83279

👍10
စစ်ပွဲတွင်း ခေါင်းဆောင်မှုနှင့် ပူးပေါင်းကွပ်ကဲမှုဆိုင်ရာ 'SOUTHJOINT' ဗျူဟာသင်တန်း တနင်္သာရီတွင် ကျင်းပ
မဇ္ဈိမ ။ ။ တနင်္သာရီတိုင်းဒေသကြီးနှင့် တောင်ပိုင်းတိုင်းစစ်ဒေသအတွင်း မဟာဗျူဟာမြောက် ပေါင်းစည်းညီညွတ်မှု ရရှိစေရန် ရည်ရွယ်သည့် 'SOUTHJOINT' ပူးပေါင်းစစ်ဆင်ရေးဗျူဟာ သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အဆိုပါသင်တန်းကို Mon State Federal Council ၏ ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကာ ဒေသတွင်း လှုပ်ရှားနေသော တော်လှန်ရေးအဖွဲ့အစည်း ၁၆ ဖွဲ့မှ တာဝန်ရှိသူ ၄၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ သင်တန်းတွင် ဒေါက်တာမီမီဝင်းဘတ်က အဓိကဦးဆောင်သင်ကြားပေးခဲ့ပြီး သီးခြားစီလှုပ်ရှားနေရသည့် နည်းဗျူဟာအဆင့် လုပ်ဆောင်ချက်များမှသည် စနစ်တကျ ချိတ်ဆက်ထားသော စစ်ဆင်ရေးအဆင့် စီမံကိန်းများသို့ ကူးပြောင်းနိုင်ရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းကာလအတွင်း ဆွန်ဇူး (Sun Tzu) ၏ စည်းမျဉ်းများနှင့် စစ်ရေးဆိုင်ရာ အခြေခံမူများကို အသုံးချ၍ အန္တရာယ်ဘောင်အတွင်းမှ ရည်မှန်းချက်၊ နည်းလမ်းနှင့် အရင်းအမြစ်များကို မျှတစွာ ညှိနှိုင်းရေးဆွဲနိုင်ရန်…

👍8😁1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၇ ဖေဖော်ဝါရီ ၂၀၂၆ )
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးအတွင်း ဖြစ်ပွားခဲ့သည့် အပြန်အလှန် တိုင်ကြားမှု များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ အကျဉ်းချုပ်ကို အများပြည်သူရှေ့ ထုတ်ပြန် ကြေညာလိုက်ပြီးနောက် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၆ ခုက ယခင် ကြေညာထား သည့် သပိတ်မှောက်မှုကို ဖျက်သိမ်းပြီး သပိတ်လှန်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ပူးတွဲထုတ်ပြန် ကြေညာလိုက်သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#အမျိုးသားညီညွတ်ရေးအစိုးရ

❤5👍2😁1
https://www.youtube.com/watch?v=13Fr8k3GHmM
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ စျေးနှုန်းများ

#marketprice
#နောက်ဆုံးရစျေးနှုန်းများ
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖေ…

👍4❤1🔥1
https://www.youtube.com/watch?v=5n2r26uk0ok
ပိတ်ဆို့မှု ဒဏ်ခတ်မှုများရုပ်သိမ်းပေးရန် ဗင်နီဇွဲလား ကြားဖြတ်ခေါင်းဆောင် ထရမ့်ကို တောင်းဆို

AFP
တောင်အမေရိကနိုင်ငံအပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့ထားမှုများနှင့်အရေးယူမှုများကို အဆုံးသတ် ရန် ဗင်နီဇွဲလားကြားဖြတ်ခေါင်းဆောင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ကြာသပတေးနေ့က တောင်း ဆိုလိုက်သည်။ နစ်ကိုလပ်စ်မာဒူရို ကို အမေရိကန်ကဖမ်းဆီးဖြုတ်ချလိုက်ပြီးနောက်…

👍4