Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လက်ရှိချန်ပီယံ PSG အသင်း ချယ်လ်ဆီးနဲ့ တွေ့ဆုံပြီး ရီးယဲလ် စီးတီးနဲ့ ကစားရမည်

ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် မဲခွဲပွဲကို ဒီနေ့ ပြုလုပ်သွားပါတယ်။ ပွဲစဉ်အတွဲအဖက်တွေကတော့ -

PSG (ပြင်သစ်) vs ချယ်လ်ဆီး (အင်္ဂလန်)
ရီးယဲလ်မက်ဒရစ် (စပိန်) vs မန်စီးတီး (အင်္ဂလန်)
နယူးကာဆယ် (အင်္ဂလန်) vs ဘာစီလိုနာ (စပိန်)
ဘိုဒို/ဂလင့် (နော်ဝေ) vs စပို့တင်း(ပေါ်တူဂီ)
ဂါလာတာစာရေး (တူရကီ) vs လီဗာပူးလ် (အင်္ဂလန်)
အတ္တလန်တာ (အီတလီ) vs ဘိုင်ယန်မြူးနစ် (ဂျာမနီ)
အက်သလက်တီကို (စပိန်) vs တော့တင်ဟမ် (အင်္ဂလန်)
လီဗာကူဆင် (ဂျာမနီ) vs အာဆင်နယ် (အင်္ဂလန်)

၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို မတ်လ ၁၀-၁၁ ရက်၊ ဒုတိယအကျော့ကို မတ်လ ၁၈၊ ၁၉ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားသွားကြမှာပါ။
👍9❤1
❤4👍1
ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် အတွဲအဖက်များ ပေါ်ထွက်လာပါပြီ။

ဖယ်ရန်ဗာရို့စ် (ဟန်ဂေရီ) vs ဘရာဂါ (ပေါ်တူဂီ)
ဂျန့် (ဘယ်လ်ဂျီယံ) vs ဖရိုင်းဘတ် (ဂျာမနီ)
စတုဂတ် (ဂျာမနီ) vs ပေါ်တို (ပေါ်တူဂီ)
ဘိုလော့ဂ်နာ (အီတလီ) vs ရိုးမား (အီတလီ)
ပါနာသီနေကော့စ် (ဂရိ) vs ရီးယဲလ်ဘက်တစ် (စပိန်)
ဆယ်လ်တာဗီဂို (စပိန်) vs လိုင်ယွန် (ပြင်သစ်)
နော်တင်ဟမ်ဖောရက်စ် (အင်္ဂလန်) vs မစ်ဂျယ်လန် (ဒိန်းမတ်)
လိုင်လီ (ပြင်သစ်) vs အက်စတွန်ဗီလာ (အင်္ဂလန်)
👍8
👍2
👍2
👍7
👍2
👍2
❤2👍1
UEFA ကွန်ဖရင့်လိဂ် ရှုံးထွက် ၁၆ သင်းအဆင့် မဲခွဲအပြီး အခုလို ပွဲစဉ်အတွဲအဖက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

လက်ချ်ပိုဇနန် (ပိုလန်) vs ရှက်တာဒိုးနက် (ယူကရိန်း)
ခရစ္စတယ်ပဲလေ့စ် (အင်္ဂလန်) vs AEK လာနာကာ (ဆိုက်ပရပ်စ်)
ဆမ်ဆန်စပေါ် (တူရကီ) vs ဗယ်လီကာနို (စပိန်)
ဆစ်ဂ်မာ အိုလိုမော့ (ချက်) vs မိန့်ဇ် (ဂျာမနီ)
AZ အယ်လ်ခမာ (နယ်သာလန်) vs စပါတာပရပ်ဂ် (ချက်)
ဖီအိုရင်တီးနား (အီတလီ) vs ရာကော့ဗ် (ပိုလန်)
ဆဲလ်ရယ် (ဆလိုဗေးနီးယား) vs AEK အေသင် (ဂရိ)
ရီရယ်ကာ (ခရိုအေးရှား) vs စထရာဘိုး (ပြင်သစ်)
👍8
အာဖဂန်နစ္စတန်မှာ ပင်လယ်ထွက်ပေါက် မရှိသော နိုင်ငံဖြစ်ပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများက ပါကစ္စတန်၊ အီရန်နှင့် ဗဟိုအာရှနိုင်ငံများမှတဆင့် ဖြစ်သည်။

ထို လမ်းကြောင်းများအနက် ပါကစ္စတန်ရှိ လမ်းကြောင်းမှာ အချက်အချာကျဆုံးဖြစ်ရာ အာဖဂန်အစိုးရတိုင်းက အိန္ဒိယ-အာဖဂန် ကုန်သွယ်မှုကို ပါကစ္စတန်၏ ဝါဂါနယ်စပ်မှတဆင့် လမ်းကြောင်းဖွင့်ပေးရန် လိုလားသော်လည်း ပါကစ္စတန်က အိန္ဒိယကုန်စည်နှင့် အကူအညီများ ဖြတ်သန်းခွင့်ကို ခေါင်းမာစွာ ငြင်းဆိုနေခြင်းကြောင့် အာဖဂန်အတွက် အခဲမကျေနိုင်စရာ ဖြစ်စေသည်။

ဆိုဗီယက်ကို တော်လှန်သည့် စစ်ပွဲအတွင်း အာဖဂန်ဒုက္ခသည်များနှင့် မူဂျာဟစ်ဒင်အဖွဲ့များကို ပါကစ္စတန်က လက်ခံကူညီပေးခဲ့ခြင်းကို စိတ်ထဲ စွဲမှတ်ထားသည်။ ၎င်းတို့သာ မကူညီပါက အာဖဂန်မှာ ဆိုဗီယက်လက်အောက် လုံးလုံးလျားလျား ရောက်သွားမည်ဟု ၎င်းတို့က ယူဆထားသည်။

အမေရိကန်ကို တာလီဘန်များ အနိုင်ရခြင်းတွင်လည်း ၎င်းတို့ အကူအညီကြောင့်ဟု ပါကစ္စတန်က ယူဆထားသဖြင့် အာဖဂန်အစိုးရနှင့် ပြည်သူများက ၎င်းတို့အပေါ် ကျေးဇူးတင်သင့်သည်ဟု စိတ်စွဲထားကြသည်။

အခြားတဖက်တွင်မူ အာဖဂန်များက ပါကစ္စတန်၌ ၎င်းတို့အပေါ် ဆက်ဆံပုံများကို နာကြည်းနေကြပြီး…
👍8❤1🔥1
Breaking News

ဦးမင်းကိုနိုင်၏ မိခင် ဒေါ်လှကြည် ကွယ်လွန် (Breaking News)

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၏ မိခင် ဒေါ်လှကြည်သည် မြောက်ဥက္ကလာပ ဆေးရုံတွင် ယနေ့( ဖေဖော်ဝါရီ ၂၇ ရက် ) ညနေပိုင်းက ကွယ်လွန်ကြောင်း မိသားစုနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

“ဆုံးသွားပြီ။ ဒီနေ့ (ဖေဖော်ဝါရီ ၂၇ရက်) ညနေ ၄ နာရီ မိနစ် ၂၀ အချိန်မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ဆုံးတယ် ”ဟု ၎င်းက ဆိုသည်။

သူသည် သေဆုံးချိန်တွင် အသက် ၉၀ကျော် အရွယ်ရှိပြီဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားနေသည်မှာ ကြာမြင့်နေပြီဟု သတင်းရင်းမြစ်က ဆိုသည်။ မည်သည့်ရောဂါဖြင့် သေဆုံးကြောင်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။

ဒေါ်လှကြည်သည် ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ဦးပေါ်ဦးထွန်း(ခ) ဦးမင်းကိုနိုင်ကို ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဦးမင်းကိုနိုင်သည် ပန်းချီဆရာကြီး ဦးသက်ညွန့်နှင့် ဒေါ်လှကြည်တို့၏ တတိယမြောက်သားဖြစ်သည်။

ဦးသက်ညွန့် ( အသက် ၉၄ နှစ်) မှာ ၂၀၁၉ ခုနစ်၊ ဇူလိုင်လကလူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ Read more: https://bur.mizzima.com/2026/02/27/83275
😢25❤1
💩6
💩4