Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သမ္မတ ထရမ့်က "Operation Epic Fury" စစ်ဆင်ရေးဖြင့် စစ်ကြေညာသည့် ဗီဒီယိုမိန့်ခွန်းတွင် အမေရိကန်စစ်တပ်က အီရန် ရေတပ်နှင့်တကွ အခြား စစ်ရေးစွမ်းဆောင်ရည်များကို "အမြစ်ပြတ် ချေမှုန်းသွားမည်" ဟု ပြောထားသည်။

အီရန်တွင် "မည်သည့်အခါမျှ" နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်အောင် ရည်မှန်းချက်ဖြင့် စစ်ဆင်ရေး ဆင်နွှဲခြင်း ဖြစ်သည်ဟု ထရမ့်က ပြောသည်။ ထို့ပြင် အမေရိကန်၏ စစ်ဆင်ရေးများအပြီး အီရန်နိုင်ငံသားများအနေဖြင့် "နိုင်ငံအား ထိန်းချုပ်ရန်" တိုက်တွန်းကာ"ဒါဟာ မျိုးဆက်ပေါင်းများစွာအတွင်း ခင်ဗျားတို့အတွက် တခုတည်းသော အခွင့်အရေး ဖြစ်ကောင်းဖြစ်နေမတယ်" ဟု ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83458

#အီရန်
#အမေရိကန်
#ဂြိုဟ်တုဓာတ်ပုံများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤2
အမေရိကန်နှင့် အစ္စရေးတို့၏ အလစ်အငိုက်ဗုံးကြဲတိုက်ခိုက်မှုအတွင်း အီရန်ဦးသျှောင်အယာတိုလာ အလီ ခါမေနီသေဆုံးခဲ့ပြီးနောက်၊ ပိုမိုကျယ်ပြန့်လာသော စစ်ပွဲ၏ အစိတ်အပိုင်းအဖြစ် အစ္စရေးနှင့် အီရန်တို့သည် တနင်္ဂနွေနေ့တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။

တီဟီရန်မြို့ရှိ အစိုးရအဆောက်အအုံများရှိရာ ဧရိယာတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ကောင်းကင် ယံသို့ မီးခိုးလုံးကြီးများ တက်လာသည်ကို တွေ့မြင်ခဲ့ကြသည်။

ခါမေနီနှင့် အခြားအဆင့်မြင့်ခေါင်းဆောင်များ သေဆုံးခဲ့သည့် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ စတင်ကတည်းက လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီဟု အီရန်အာဏာပိုင်များက ပြောကြားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83461

#အီရန်
#အစ္စရေး
#တီဟီရန်မြို့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11❤1😁1🤣1
"ကျွန်တော်တို့ ရထားတဲ့ အောင်မြင်မှုကို ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ဘူး၊ တချက်တည်းနဲ့ ခေါင်းဆောင် ၄၈ ယောက် ပျောက်ကွယ်သွားပြီ၊ စစ်ဆင်ရေးကလည်း အရမ်း မြန်မြန်ဆန်ဆန် ရှေ့တိုးနေတယ်" ဟု Fox News နှင့် အင်တာဗျူးတွင် ထရမ့်က ဆိုသည်။

အီရန်ဘက်ကလည်း ဖိ၍ တုံ့ပြန်တိုက်ခိုက်ရာ ဒုတိယမြောက်နေ့၌ ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသုံးစီး တိုက်ခိုက်ခံခဲ့ရကြောင်း ရေကြောင်းလုံခြုံရေးအေဂျင်စီများက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83468

#အီရန်သင်္ဘော
#ဒေါ်နယ်ထရမ့်
#အလီခါမေနီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10👏3
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိနှင့် နိုင်ငံမြောက်ပိုင်းတို့တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပြင်းထန်သည့် ထိပ်တိုက်တွေ့ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၁၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ အီရန်အစိုးရကို ထောက်ခံသော ဆန္ဒပြသူများက မတ်လ ၁ ရက်တွင် အမေရိကန်ကောင်စစ်ဝန်ရုံးတခုကို စီးနင်းရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။

နိုင်ငံမြောက်ပိုင်းတွင်လည်း ဆန္ဒပြသူများသည် ကုလသမဂ္ဂရုံးများနှင့် အစိုးရရုံးများကို တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83471

#ပါကစ္စတန်
#အမေရိကန်ကောင်စစ်ဝန်ရုံး
#ဆန္ဒပြ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥1
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရန် အသင့်ပြင်နေချိန်တွင် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)သည် အရေးအကြီးဆုံး ပစ်မှတ်ဖြစ်သည့် အီရန်ဦးသျှောင်အယာတိုလာ အလီ ခါမေနီ တည်ရှိရာနေရာကို အတိအကျ စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

စီအိုင်အေသည် ခါမေနီ၏ သွားလာလှုပ်ရှားမှုပုံစံများနှင့် တည်နေရာများကို လပေါင်းများစွာ စောင့်ကြည့် ထောက်လှမ်းခဲ့ခြင်းဖြင့် ခိုင်လုံသောသတင်းအချက်အလက်များ ရရှိခဲ့ကြောင်း စစ်ဆင်ရေးနှင့် နီးစပ်သူများက ပြောကြားသည်။

ထို့နောက် တီဟီရန်မြို့လယ်ရှိ ခေါင်းဆောင်မှုဝင်းအတွင်း၌ အီရန်ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးတခုကို စနေနေ့နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စီအိုင်အေက သိရှိခဲ့သည်။ အရေးကြီးဆုံးအချက်မှာ အဆိုပါနေရာ၌ အီရန်ဦးသျှောင်ကိုယ်တိုင် ရှိနေမည်ဟူသော အချက်ပင်ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83474

#ခါမေနီ
#CIA
#ထောက်လှမ်းရေးစွမ်းပကား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤2🥰2
မဇ္ဈိမ ။ ။ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရသူ ဦးရေ ၇,၃၃၇ နှင့် အခြားအမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၂,၈၂၅ ဦး စုစုပေါင်း အကျဥ်းသူ ၊ အကျဥ်းသား ဦးရေ ၁၀,၁၆၂ ကို စစ်ကော်မရှင်က ယနေ့ (မတ်လ ၂ ရက်) တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် လွှတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။

နိုင်ငံရေးပုဒ်မများ ဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုခံရသူများ၊ ယင်းပုဒ်မများဖြင့် ထွက်ပြေးတိမ်းရှောင်နေ၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူများ စုစုပေါင်း ၁၂,၄၈၇ ဦး၏ အမှုများကိုလည်း စစ်ကော်မရှင်က ပိတ်သိမ်းလိုက်သည်။ Read more: https://bur.mizzima.com/2026/03/02/83477
👍8😁2🥰1
အကြမ်းဖက်မှုများမှာ ထိန်းချုပ်မရအောင် မြင့်တက်လာပါက ကြီးမားသော ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာနိုင်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက သတိပေးသည်။

"ကြီးမားတဲ့ ဘေးဒုက္ခဆိုးကြီး ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးမှာ ပြုပြင်နောက်ဆုတ်လို့ မရနိုင်တော့မယ့် ချောက်ထဲ မကျရောက်သွားခင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ အကြမ်းဖက်မှု သံသရာကို ရပ်တန့်ကြနိုင်ရေး ကိုယ်ကျင့်တရားအရကို တာဝန်ယူကြဖို့ စိတ်ရင်းစေတနာနဲ့ တိုက်တွန်းနှိုးဆော်ရပါတယ်" ဟု ၎င်းက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83480

#အီရန်
#ငြိမ်းချမ်းရေး
#ပုပ်ရဟန်းမင်းကြီး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11👏1
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများအတွင်း အီရန်ခေါင်းဆောင် ၄၈ ဦး သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁ ရက် တွင် Fox News ကို ပြောသည်။

"အခြေအနေတွေက အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ ရှေ့ဆက်နေတယ်။ အခု ကျွန်တော်တို့ ရနေတဲ့ အောင်မြင်မှုကို ဘယ်သူမှတောင် ယုံနိုင်မှာ မဟုတ်ပါဘူး။ တကြိမ်တည်းနဲ့တင် အီရန်ခေါင်းဆောင် ၄၈ ယောက် ပျောက်ကွယ်သွားပြီ။ အရာအားလုံးက အရှိန်အဟုန်နဲ့ ရှေ့ဆက်သွားနေတယ်" ဟု ထရမ့်က ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83483

#အီရန်
#တိုက်ခိုက်မှု
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍15❤4
သို့သော် ဆိုရှယ်မီဒီယာပေါ်တွင်တင်ခဲ့သော ဗွီဒီယိုတွင် သူက “ကျွန်တော်တို့ အီရန်အပေါ်ကနဦးတိုက်ခိုက်မှုတွေမှာ မပါဝင်ခဲ့သလို အခုလည်းထိုးစစ်မှာပါဝင်မှာ မဟုတ်ပါဘူး” ဟု ပြောကြားသွားခဲ့သည်။

“ဒီလို အထူးကန့်သတ်ကာကွယ်ရေးလုပ်ငန်းအတွက် ဗြိတိသျှအခြေစိုက်စခန်းတွေကိုအသုံးပြုခွင့်ပေးဖို့ အမေရိကန်က မေတ္တာရပ်ခံလာပါတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့ပြီး နေရာအတိအကျကိုတော့ အသေးစိတ် ပြောကြားသွားခြင်းမရှိပါ။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83486

#အီရန်
#အမေရိကန်
#ယူကေအခြေစိုက်စခန်းများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9
“ဗင်နီဇွဲလားနိုင်ငံကို ကျွန်မရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်မှာပါ” ဟု မာချာဒို က သူ့ဆိုရှယ်မီဒီယာအကောင့်တွင် ဗွီဒီယိုတင် ပြောကြားထားသည်။

မာချာဒိုသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်မရဘဲ ပိတ်ပင်ခံခဲ့ရသည်။ မာဒူရို က ရွေးကောက်ပွဲတွင် သူအနိုင်ရကြောင်း အငြင်းပွားဖွယ်ပြောဆိုပြီးနောက် သူ့အပေါ် ဖိနှိပ်မှုများ တရစ်ပြီးတရစ် တိုးလာကာ နိုင်ငံတွင်းတွင် တနှစ်ကျော် ပုန်းအောင်းနေထိုင်ခဲ့ရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83489

#ဗင်နီဇွဲလား
#မာချာဒို
#အတိုက်အခံခေါင်းဆောင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14❤1
အီရန်အပေါ် ပစ်မှတ်ထားသည့် 'Operation Epic Fury' စစ်ဆင်ရေးအတွင်း အမေရိကန်စစ်သား သုံးဦး သေဆုံးပြီး အခြားစစ်သားငါးဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရကြောင်း အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) က မတ်လ ၁ ရက် ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

အမေရိကန်တပ်ဖွဲ့များသည် ယီမင်နိုင်ငံတွင် အီရန်ကျောထောက်နောက်ခံပြု ဟူသီ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး အဓိက တိုက်ခိုက်ရေး စစ်ဆင်ရေးများ ဆက်ရှိနေကြောင်းလည်း ယင်းကြေညာချက်တွင် အတည်ပြုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83492

#Operation_Epic_Fury
#အမေရိကန်စစ်သား
#စစ်ဆင်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10😢1
အမေရိကန်နှင့် အစ္စရေးတိုက်လေယာဉ်များသည် ပဲ့ထိန်းဒုံးကျည်စခန်းများ၊ ဒုံးပစ်စင်များနှင့် လက်နက်ထုတ်လုပ်ရေးစက်ရုံ ရာပေါင်းများစွာကို တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် အီရန်အစိုးရအနေဖြင့် ဒုံးကျည်များ၊ ဒရုန်းများနှင့် ခရုဇ်ဒုံးကျည်များကို ထပ်မံထုတ်လုပ်နိုင်စွမ်း မရှိတော့ကြောင်းလည်း ဆိုကြသည်။

သို့သော် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် တနင်္ဂနွေနေ့တနေ့လုံးအထိ ပြင်းထန်နေဆဲဖြစ်ပြီး၊ ဆက်လက်ပြင်းထန်နေဦးမည့်ပုံရှိနေပြီး၊ ဂျေရုဆလင်မြို့ပြင်ရှိ ဘစ်ရှီးမက်ရှ်မြို့မှ အဆောက်အအုံတခုကို တိုက်ရိုက်ထိမှန်ခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83495

#အစ္စရေး
#အမေရိကန်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤1🔥1👏1
ခါမေနီသည် ၁၉၈၁ ခုနှစ် လုပ်ကြံခံရမှုတွင် သေလုနီးပါးဖြစ်ခဲ့ကာ ညာလက်မှာ ထာဝရ သုံးမရဖြစ်သွားခဲ့သည်။ ခါမေနီသည် လူထုရှေ့ထွက်သည့် အခါတိုင်းတွင် သူ၏လက်ကို ဝတ်ရုံထဲ၌ တဝက်တပျက် ဝှက်ထားကာ မလှုပ်မယှက် ထားလေ့ရှိသည်။ သို့မဟုတ်ပါက အသုံးမဝင်တော့သည့်အတိုင်း သူ၏ ပေါင်ပေါ်၌ တင်ထားတတ်သည်။

အီရန်ခေါင်းဆောင်အဖြစ် ဆယ်စုနှစ် သုံးခုကျော် အုပ်ချုပ်စဉ်အတွင်း ခါမေနီသည် စင်ပြိုင်အစိုးရတရပ်ကို တည်ဆောက်ခဲ့သည်။ ၎င်းမှာ အီရန်၏ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများနှင့် အပြိုင် စစ်ရေး၊ စီးပွားရေးနှင့် ဝါဒရေးရာ အင်ပါယာတခုအဖြစ် ရပ်တည်သော အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ပင် ဖြစ်သည် (၎င်းသည် နာဇီဂျာမနီရှိ SS ကဲ့သို့သော ပါတီလက်အောက်ခံ တပ်ဖွဲ့များနှင့် ဆင်တူသည်)။ ထောက်လှမ်းရေးအဖွဲ့များသည် သူ၏ရုံးခန်းသို့ တိုက်ရိုက်အစီရင်ခံရပြီး အီရန်မီဒီယာများ၊ တရားရုံးများနှင့် ဘာသာရေးအဖွဲ့အစည်းအားလုံးကို တခုတည်းသော ထိန်းချုပ်မှုယန္တရားအဖြစ် ပေါင်းစည်းပစ်ခဲ့သည်။ ♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83498
👍13❤2👎1
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်မှုအပြီး အီရန်လက်ရွေးစင်အသင်းအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို သွားရောက်ကစားနိုင်မလားဆိုတာ မိမိကိုယ်တိုင်လည်း မသိရှိသေးကြောင်း နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

“သေချာတာတခုကတော့ ဒီတိုက်ခိုက်မှုအပြီးမှာ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ဖလားကို မျှော်လင့်ချက်နဲ့ စောင့်မျှော်နေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မဟ်ဒီ တာ့ဂျ်က Varzesh3 အားကစားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အီရန်ဟာ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျယ်ပြန့်လာတဲ့ စစ်ပွဲရဲ့ အစိတ်အပိုင်းအဖြစ် အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန် အခုလို ပြောဆိုခဲ့တာပါ။ Read more: https://bur.mizzima.com/2026/03/02/83505
👍10👎2❤1😱1
အရှေ့အလယ်ပိုင်းတွင် စစ်ပွဲရှည်ကြာလာနိုင်ကြောင်းနှင့် စစ်မီးထပ်မံကူးစက်လာပါက ဥရောပနှင့် အခြားဒေသများကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း ဥရောပသမဂ္ဂ (EU) က တနင်္ဂနွေနေ့တွင် သတိပေးလိုက်သည်။

"အီရန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အရှေ့အလယ်ပိုင်းသာမက ဥရောပနဲ့ တခြားဒေသတွေရဲ့ စီးပွားရေးကဏ္ဍအထိပါ ခန့်မှန်းရခက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့အတူ စစ်မီးကူးစက်ပျံ့နှံ့သွားတာမျိုး မဖြစ်သင့်ပါဘူး" ဟု ၎င်းက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83502

#အီရန်
#အသွင်ကူးပြောင်းမှု
#ဥရောပသမဂ္ဂ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11