Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ခါမေနီသည် ၁၉၈၁ ခုနှစ် လုပ်ကြံခံရမှုတွင် သေလုနီးပါးဖြစ်ခဲ့ကာ ညာလက်မှာ ထာဝရ သုံးမရဖြစ်သွားခဲ့သည်။ ခါမေနီသည် လူထုရှေ့ထွက်သည့် အခါတိုင်းတွင် သူ၏လက်ကို ဝတ်ရုံထဲ၌ တဝက်တပျက် ဝှက်ထားကာ မလှုပ်မယှက် ထားလေ့ရှိသည်။ သို့မဟုတ်ပါက အသုံးမဝင်တော့သည့်အတိုင်း သူ၏ ပေါင်ပေါ်၌ တင်ထားတတ်သည်။

အီရန်ခေါင်းဆောင်အဖြစ် ဆယ်စုနှစ် သုံးခုကျော် အုပ်ချုပ်စဉ်အတွင်း ခါမေနီသည် စင်ပြိုင်အစိုးရတရပ်ကို တည်ဆောက်ခဲ့သည်။ ၎င်းမှာ အီရန်၏ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများနှင့် အပြိုင် စစ်ရေး၊ စီးပွားရေးနှင့် ဝါဒရေးရာ အင်ပါယာတခုအဖြစ် ရပ်တည်သော အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ပင် ဖြစ်သည် (၎င်းသည် နာဇီဂျာမနီရှိ SS ကဲ့သို့သော ပါတီလက်အောက်ခံ တပ်ဖွဲ့များနှင့် ဆင်တူသည်)။ ထောက်လှမ်းရေးအဖွဲ့များသည် သူ၏ရုံးခန်းသို့ တိုက်ရိုက်အစီရင်ခံရပြီး အီရန်မီဒီယာများ၊ တရားရုံးများနှင့် ဘာသာရေးအဖွဲ့အစည်းအားလုံးကို တခုတည်းသော ထိန်းချုပ်မှုယန္တရားအဖြစ် ပေါင်းစည်းပစ်ခဲ့သည်။ ♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83498
👍13❤2👎1
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်မှုအပြီး အီရန်လက်ရွေးစင်အသင်းအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို သွားရောက်ကစားနိုင်မလားဆိုတာ မိမိကိုယ်တိုင်လည်း မသိရှိသေးကြောင်း နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

“သေချာတာတခုကတော့ ဒီတိုက်ခိုက်မှုအပြီးမှာ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ဖလားကို မျှော်လင့်ချက်နဲ့ စောင့်မျှော်နေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မဟ်ဒီ တာ့ဂျ်က Varzesh3 အားကစားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အီရန်ဟာ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျယ်ပြန့်လာတဲ့ စစ်ပွဲရဲ့ အစိတ်အပိုင်းအဖြစ် အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန် အခုလို ပြောဆိုခဲ့တာပါ။ Read more: https://bur.mizzima.com/2026/03/02/83505
👍10👎2❤1😱1
အရှေ့အလယ်ပိုင်းတွင် စစ်ပွဲရှည်ကြာလာနိုင်ကြောင်းနှင့် စစ်မီးထပ်မံကူးစက်လာပါက ဥရောပနှင့် အခြားဒေသများကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း ဥရောပသမဂ္ဂ (EU) က တနင်္ဂနွေနေ့တွင် သတိပေးလိုက်သည်။

"အီရန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အရှေ့အလယ်ပိုင်းသာမက ဥရောပနဲ့ တခြားဒေသတွေရဲ့ စီးပွားရေးကဏ္ဍအထိပါ ခန့်မှန်းရခက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့အတူ စစ်မီးကူးစက်ပျံ့နှံ့သွားတာမျိုး မဖြစ်သင့်ပါဘူး" ဟု ၎င်းက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83502

#အီရန်
#အသွင်ကူးပြောင်းမှု
#ဥရောပသမဂ္ဂ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11
ဓါတ်ပုံ - မှန်ပြတောင် ဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစာဆောင်ကိုတွေ့ ရစဉ်
(အောင်လံလူထု)
🤬6👎1
ဓါတ်ပုံ - မှန်ပြတောင် ဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစာဆောင်ကိုတွေ့ ရစဉ်
(အောင်လံလူထု)
🔥5❤1👎1
ဓါတ်ပုံ - မှန်ပြတောင် ဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစာဆောင်ကိုတွေ့ ရစဉ်
(အောင်လံလူထု)
🔥6👎1
ဓါတ်ပုံ - မှန်ပြတောင် ဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစာဆောင်ကိုတွေ့ ရစဉ်
(အောင်လံလူထု)
🤬4👎2
ဓါတ်ပုံ - မှန်ပြတောင် ဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစာဆောင်ကိုတွေ့ ရစဉ်
(အောင်လံလူထု)
👎4🤬2
မဇ္ဈိမ။ ။အာဏာသိမ်းစစ်ကော်မရှင်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ပြီးနောက် ယနေ့(မတ်လ ၂ ရက်) မွန်းလွဲပိုင်းအထိ အကျဉ်းထောင် ၁၀ ခုမှ နိုင်ကျဉ်း ၃၂၄ ဦး လွတ်မြောက်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ထားသည်။ Read more: https://bur.mizzima.com/2026/03/02/83516
👍7🥴1
အမေရိကန်သည် အီရန်၏ စစ်ရေးလုပ်နိုင်စွမ်းများကို နှောင့်ယှက်ဖျက်ဆီးရန်သာမက အစိုးရအကြီးတန်းအရာရှိများ ဘက်ပြောင်းလာစေရေး ဖိအားပေးရန်အတွက် ဆိုက်ဘာ စစ်ဆင်ရေးများကို အသုံးပြုလျက်ရှိကြောင်း အမေရိကန် ဆိုက်ဘာကွပ်ကဲမှုဌာန၏ ထိပ်တန်းတပ်မှူးဟောင်းတဦးက The Jerusalem Post ကို မတ်လ ၁ ရက်တွင် ပြောသည်။

ယင်းသည် အီရန်အစိုးရယန္တရားအတွင်းပိုင်းမှနေပြီး အစိုးရအပြောင်းအလဲ ဖြစ်စေရေး အရှိန်မြှင့်တင်ကြိုးပမ်းရန် ရည်ရွယ်သည့် သတင်းအချက်အလက်စစ်ဆင်ရေးတခု ဖြစ်ကြောင်း ၎င်းက ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83519

#အီရန်
#အမေရိကန်
#ဆိုက်ဘာစစ်ဆင်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6❤1
မဇ္ဈိမ။ ။ယခင် အရပ်သားအစိုးရလက်ထက်က နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ ပြန်လည်လွတ်မြောက်လာပြီဟု မိသားစုနှင့် နီးစပ်သည့် အသိုင်းဝိုင်းထံက သိရသည်။

“မိသားစုက မမိုးကိုသွားကြိုနေပြီ။ ဒေါက်တာမျိုးအောင်လည်း လွတ်တယ်။ သူ့အမျိုးသမီးသွားကြိုနေတယ်” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်ကဆိုသည်။ Read more: https://bur.mizzima.com/2026/03/02/83523
👍8❤1
မဇ္ဈိမ ။ ။ စစ်ကော်မရှင်၏ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် လွတ်ငြိမ်းတွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂ(တကသ) ခေါင်းဆောင်အချို့ ပါဝင်လာကြောင်း နီးစပ်သူများထံက သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နှင့် ၅၂(က)တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ ၇,၃၃၇ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းပေးခဲ့ရာတွင် ပါဝင်လာခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/02/83528
👍10❤1