Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမ။ ။အာဏာသိမ်းစစ်ကော်မရှင်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ပြီးနောက် ယနေ့(မတ်လ ၂ ရက်) မွန်းလွဲပိုင်းအထိ အကျဉ်းထောင် ၁၀ ခုမှ နိုင်ကျဉ်း ၃၂၄ ဦး လွတ်မြောက်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ထားသည်။ Read more: https://bur.mizzima.com/2026/03/02/83516
👍7🥴1
အမေရိကန်သည် အီရန်၏ စစ်ရေးလုပ်နိုင်စွမ်းများကို နှောင့်ယှက်ဖျက်ဆီးရန်သာမက အစိုးရအကြီးတန်းအရာရှိများ ဘက်ပြောင်းလာစေရေး ဖိအားပေးရန်အတွက် ဆိုက်ဘာ စစ်ဆင်ရေးများကို အသုံးပြုလျက်ရှိကြောင်း အမေရိကန် ဆိုက်ဘာကွပ်ကဲမှုဌာန၏ ထိပ်တန်းတပ်မှူးဟောင်းတဦးက The Jerusalem Post ကို မတ်လ ၁ ရက်တွင် ပြောသည်။

ယင်းသည် အီရန်အစိုးရယန္တရားအတွင်းပိုင်းမှနေပြီး အစိုးရအပြောင်းအလဲ ဖြစ်စေရေး အရှိန်မြှင့်တင်ကြိုးပမ်းရန် ရည်ရွယ်သည့် သတင်းအချက်အလက်စစ်ဆင်ရေးတခု ဖြစ်ကြောင်း ၎င်းက ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83519

#အီရန်
#အမေရိကန်
#ဆိုက်ဘာစစ်ဆင်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6❤1
မဇ္ဈိမ။ ။ယခင် အရပ်သားအစိုးရလက်ထက်က နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ ပြန်လည်လွတ်မြောက်လာပြီဟု မိသားစုနှင့် နီးစပ်သည့် အသိုင်းဝိုင်းထံက သိရသည်။

“မိသားစုက မမိုးကိုသွားကြိုနေပြီ။ ဒေါက်တာမျိုးအောင်လည်း လွတ်တယ်။ သူ့အမျိုးသမီးသွားကြိုနေတယ်” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်ကဆိုသည်။ Read more: https://bur.mizzima.com/2026/03/02/83523
👍8❤1
မဇ္ဈိမ ။ ။ စစ်ကော်မရှင်၏ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် လွတ်ငြိမ်းတွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂ(တကသ) ခေါင်းဆောင်အချို့ ပါဝင်လာကြောင်း နီးစပ်သူများထံက သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နှင့် ၅၂(က)တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ ၇,၃၃၇ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းပေးခဲ့ရာတွင် ပါဝင်လာခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/02/83528
👍10❤1
ထိုကဲ့သို့သော သာဓကများသည် "တရုတ်ခေါင်းဆောင်များ ရင်ဆိုင်နေရသည့် မူဝါဒဆိုင်ရာ အကျပ် အတည်းကို ထင်ဟပ်နေသည်၊ ယင်းမှာ ရေရှည်အကျိုးအမြတ်အတွက် ရေတိုနာကျင်မှုကို သင်လက်ခံ နိုင်ပါသလား ဟူသော မေးခွန်းပင်ဖြစ်သည်။ ယင်းဖြစ်ရပ်တွင်မူ အဖြေမှာ 'မလက်ခံနိုင်ပါ' ဟု ဖြစ်ပုံရ သည်" ဟု အီကိုနောမစ်အင်တဲလီးဂျင့်ယူနစ်မှ အာရှဒေသဆိုင်ရာ လေ့လာဆန်းစစ်သူ နစ်ခ် မာရိုက သုံးသပ်ခဲ့သည်။

"တခြားခက်ခဲတဲ့ ဈေးကွက်အခြေပြု ပြုပြင်ပြောင်းလဲမှုတွေကို စဉ်းစားတဲ့အခါ ဒီဖြစ်ရပ်က သင်ခန်းစာ ယူစရာ ဖြစ်လာနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83536

#တရုတ်
#စီးပွားရေးမူဝါဒ
#လူမှုဖူလုံရေးကြေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9❤2🔥1
၂၀၂၀ ခုနှစ်ဝန်းကျင်ကတည်းက ပြုလုပ်သော စစ်တမ်းတအရ အာဖရိက တောင်ပိုင်း နမီးဘီးယားနိုင်ငံတွင် မြေရှားသတ္တုများ ဖြစ်သည့် dysprosium နှင့် terbium ဓာတ်သတ္တုများ လုံလောက်စွာ ထွက်ရှိကြောင်း ဂျပန်သတ္တုနှင့် စွမ်းအင်လုံခြုံရေးအဖွဲ့ (JOGMEC) က အတည်ပြုနိုင်ခဲ့သည်။

ကမ္ဘာ့ မြေရှားသတ္တု ထုတ်လုပ်မှုတွင် တရုတ်က လွှမ်းမိုးထားသော်လည်း၊ ဂျပန်အစိုးရက ၂၀၂၈ ခုနှစ်ကုန်တွင် တရုတ်အပေါ် မှီခိုနေရမှုအား အပြီးတိုင် ဖယ်ရှားနိုင်ရန် ရည်မှန်းထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83539

#တရုတ်
#ဂျပန်
#မြေရှားသတ္တုတွင်းများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13
ထိုင်ဝမ် လုံခြုံရေးနှင့် ပတ်သက်၍ ဂျပန်နှင့် တရုတ်တို့အကြား သံတမန်ရေးရာ အငြင်းပွားမှုများက ဂျပန်၏ စီးပွားရေးကို အကဲစမ်းလျက် ရှိနေချိန် ယခု စီမံကိန်းများက အမေရိကန်နှင့် မိမိတို့နိုင်ငံ၏ ဆက်ဆံရေး ပိုမိုခိုင်မာစေမည်ဟု တာကာအီချီက ပြောသည်။

"စီမံကိန်း အကြီးစားတွေပါ၊ အခွန်' ဆိုတဲ့ စကားလုံးမပါဘဲ ဒါတွေ ဖြစ်လာမှာ မဟုတ်ဘူး" ဟု ထရမ့်က အင်္ဂါနေ့တွင် ပြောသည်။ အမေရိကန် စီးပွားရေးပညာရှင်များကမူ ထရမ့်၏ အငြင်းပွားစရာ ကုန်သွယ်ရေးဗျူဟာများကြောင့် ငွေကြေးဖောင်းပွမှု ပို၍ ဆိုးရွားစေနိုင်ကြောင်း သတိပေးထားကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83542

#တရုတ်
#ဂျပန်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤8👍6
တရုတ်နှစ်သစ်ကူးကာလအတွင်း လုပ်ဆောင်သည့် အင်တာနက်သန့်စင်ရေး လှုပ်ရှားမှုအတွင်း ဝီဂါလူမျိုး ဟာသပညာရှင် ရှောင်ပါ၏ Weibo အကောင့်ကို ဆိုင်းငံ့လိုက်ကြောင်း အာဏာပိုင်များက ပြောသည်။ "ရှောင်ပါဟာ ကျား၊ မနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေကို ဆွပေးတာ၊ အိမ်ထောင်ပြုတာနဲ့ ကလေးမွေးဖွားတဲ့ကိစ္စတွေအပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်အောင် လုပ်တာစတဲ့ အချက်အလက်တွေ တင်ခဲ့တဲ့အတွက် ပိတ်ပင်ခံရတာဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှောင်ပါက "ကျွန်မ နှစ်ရက်လောက် ဖျားနေတုန်းက တခုတွေးမိတယ်၊ တကယ်လို့ ကျွန်မမှာသာ ယောကျ်ားနဲ့ ကလေးတွေရှိရင် ဒီဖျားနာနေတဲ့ကြားကပဲ နံရံကို အားပြု ထပြီး သူတို့အတွက် ချက်ပြုတ်ပေးနေရဦးမှာ" ဟု ဖေဖော်ဝါရီလဆန်းပိုင်းက လူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/02/83551
👍9❤1👎1🔥1
မဇ္ဈိမ ။ ။ စစ်ကော်မရှင် လွတ်ငြိမ်းဖြင့် ကလေးမြို့နယ်၊ မော်လိုက်ကလေးထောင်မှ အကျဥ်းသား ၁၁၅ ဦး လွတ်မြောက်ပြီး ၎င်းအထဲတွင် နိုင်ငံရေးအကျဥ်းသား ၈၁ ဦးနှင့် နိုင်ငံရေးအကျဥ်းသူ ၂၅ ဦး စုစုပေါင်း ၁၀၆ ဦး ပါဝင်ကြောင်း လွတ်မြောက်လာသူများထံက သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) ဖြင့် ဖမ်းဆီးခံရသူ ၇,၃၃၇ဦး နှင့် အခြားပြစ်မှုများဖြင့် အကျဥ်းကျခံနေရသူ ၂,၈၂၅ဦး စုစုပေါင်း ၁၀,၁၆၂ဦး တို့ကို ယနေ့ (မတ်လ၂ရက်) နေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့တွင် စစ်ကော်မရှင်က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

“လွတ်ရင် အရမ်းပျော်မယ်ထင်ထားတာ တကယ့်တကယ်တော့ မပျော်ဘူး ။ ဟာတာတာကြီးဖြစ်နေ တယ်။ သူငယ်ချင်းတွေ အများကြီးကျန်ခဲ့သေးတော့ လွတ်လွတ်လပ်လပ်မပျော်ပါဘူး။ အိမ်ကို အရင် မပြန်သေးဘဲ သူတို့အတွက် တခုခုဝယ်ခြမ်းပေးချင်သေးတယ်” ဟု လွတ်မြောက်လာသည့် နိုင်ငံရေး အကျဥ်းသားတဦးက မဇ္ဈိမ ကို ပြောသည်။ Read more: https://bur.mizzima.com/2026/03/02/83554
👍14❤3