Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တရုတ်နှစ်သစ်ကူးကာလအတွင်း လုပ်ဆောင်သည့် အင်တာနက်သန့်စင်ရေး လှုပ်ရှားမှုအတွင်း ဝီဂါလူမျိုး ဟာသပညာရှင် ရှောင်ပါ၏ Weibo အကောင့်ကို ဆိုင်းငံ့လိုက်ကြောင်း အာဏာပိုင်များက ပြောသည်။ "ရှောင်ပါဟာ ကျား၊ မနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေကို ဆွပေးတာ၊ အိမ်ထောင်ပြုတာနဲ့ ကလေးမွေးဖွားတဲ့ကိစ္စတွေအပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်အောင် လုပ်တာစတဲ့ အချက်အလက်တွေ တင်ခဲ့တဲ့အတွက် ပိတ်ပင်ခံရတာဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှောင်ပါက "ကျွန်မ နှစ်ရက်လောက် ဖျားနေတုန်းက တခုတွေးမိတယ်၊ တကယ်လို့ ကျွန်မမှာသာ ယောကျ်ားနဲ့ ကလေးတွေရှိရင် ဒီဖျားနာနေတဲ့ကြားကပဲ နံရံကို အားပြု ထပြီး သူတို့အတွက် ချက်ပြုတ်ပေးနေရဦးမှာ" ဟု ဖေဖော်ဝါရီလဆန်းပိုင်းက လူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/02/83551
👍9❤1👎1🔥1
မဇ္ဈိမ ။ ။ စစ်ကော်မရှင် လွတ်ငြိမ်းဖြင့် ကလေးမြို့နယ်၊ မော်လိုက်ကလေးထောင်မှ အကျဥ်းသား ၁၁၅ ဦး လွတ်မြောက်ပြီး ၎င်းအထဲတွင် နိုင်ငံရေးအကျဥ်းသား ၈၁ ဦးနှင့် နိုင်ငံရေးအကျဥ်းသူ ၂၅ ဦး စုစုပေါင်း ၁၀၆ ဦး ပါဝင်ကြောင်း လွတ်မြောက်လာသူများထံက သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) ဖြင့် ဖမ်းဆီးခံရသူ ၇,၃၃၇ဦး နှင့် အခြားပြစ်မှုများဖြင့် အကျဥ်းကျခံနေရသူ ၂,၈၂၅ဦး စုစုပေါင်း ၁၀,၁၆၂ဦး တို့ကို ယနေ့ (မတ်လ၂ရက်) နေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့တွင် စစ်ကော်မရှင်က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

“လွတ်ရင် အရမ်းပျော်မယ်ထင်ထားတာ တကယ့်တကယ်တော့ မပျော်ဘူး ။ ဟာတာတာကြီးဖြစ်နေ တယ်။ သူငယ်ချင်းတွေ အများကြီးကျန်ခဲ့သေးတော့ လွတ်လွတ်လပ်လပ်မပျော်ပါဘူး။ အိမ်ကို အရင် မပြန်သေးဘဲ သူတို့အတွက် တခုခုဝယ်ခြမ်းပေးချင်သေးတယ်” ဟု လွတ်မြောက်လာသည့် နိုင်ငံရေး အကျဥ်းသားတဦးက မဇ္ဈိမ ကို ပြောသည်။ Read more: https://bur.mizzima.com/2026/03/02/83554
👍14❤3
တိဗက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားသည် သူ၏ ကိုယ်တွေ့တရားများအကြောင်း "Meditations" ဟု အမည်ရသည့် အသံစာအုပ်အတွက် ဖေဖေါ်ဝါရီ ၁ ရက်က ဂရမ်မီဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုကဲ့သို့ ဂရမ်မီဆု ချီးမြှင့်ခြင်းအပေါ် တရုတ်အစိုးရက ချက်ချင်းဆိုသလို ကန့်ကွက်ပြစ်တင်ခဲ့ပြီး ဆုပေးပွဲစီစဉ်သူများသည် စင်မြင့်ကို "တရုတ် ဆန့်ကျင်ရေး ခြယ်လှယ်မှု" အဖြစ် အသုံးချနေသည် ဆိုပြီး စွပ်စွဲသည်။

ယင်းနောက် များမကြာမီတွင် ဒလိုင်းလားမားကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်းနှင့် ဆက်နွယ်ပတ်သက်မှုရှိသည်ဆိုပြီး ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်သော သားပုပ်လေလွင့်စွပ်စွဲသည့် လှုပ်ရှားမှုတခု ပေါပေါက်လာခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83557

#တရုတ်
#ဆတ်ဆတ်ထိမခံခြင်း
#ဒလိုင်းလားမား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14🔥1
ကူဝိတ် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ 'မဟာမိတ်အချင်းချင်း မှားယွင်းပစ်ခတ်မှု'ကြောင့် အမေရိကန် F-15E 'Strike Eagle' တိုက်လေယာဉ် သုံးစီးမှာ သီးခြားစီ ပစ်ချခံခဲ့ရကြောင်း အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေးကို ကွပ်ကဲနေသည့် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က တနင်္လာနေ့ (မတ်လ ၂ ရက်) ညနေပိုင်းတွင် ထုတ်ပြန်သည်။

"လေယာဉ်တစီးလျှင် နှစ်ဦးနှုန်းဖြင့် လေယာဉ်မှူး ခြောက်ဦးစလုံးသည် လေယာဉ်ပေါ်မှ အချိန်မီ ခုန်ထွက်နိုင်ခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကာ လက်ရှိတွင် အခြေအနေ ကောင်းမွန်ကြောင်းနှင့် ကူဝိတ်နိုင်ငံဘက်ကလည်း ထိုဖြစ်ရပ်ကို ဝန်ခံထားပြီး လက်ရှိစစ်ဆင်ရေးအတွင်း ကူဝိတ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှုနှင့် ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိသည်" ဟု CENTCOM က ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83566

#အမေရိကန်
#တိုက်လေယာဉ်
#ကူဝိတ်လေကြောင်းရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13❤2😁2
AI မော်ဒယ်များကို လေ့လာရာတွင် ကြုံတွေ့ရသည့် အခက်အခဲတခုမှာ အချက်အလက်အမှားများကို ယောင်ယမ်းဖြေဆိုမှုဖြစ်သည်။ အဖြေမှန်ကို မပြောရန် တားမြစ်ခံထားရ၍ လိမ်ညာနေခြင်းလား သို့မဟုတ် အမှန်တကယ်ပင် မသိရှိ၍ မှားယွင်းဖြေဆိုခြင်းလားဆိုသည်ကို ခွဲခြားရန် အမြဲတမ်း မလွယ်ကူပေ။

ပါမောက္ခ ပန်က ၂၀၁၀ ပြည့်နှစ်တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် တရုတ်အစိုးရဆန့်ကျင်ရေးသမား လျူရှောင်ဘို အကြောင်း မေးမြန်းခဲ့ရာ တရုတ် AI မော်ဒယ်တခုက "လျူရှောင်ဘိုသည် နျူကလီးယားလက်နက် နည်းပညာနှင့် နိုင်ငံတကာ နိုင်ငံရေးကဏ္ဍတွင် ပါဝင်ကူညီမှုများကြောင့် လူသိများသော ဂျပန်သိပ္ပံပညာရှင် တဦးဖြစ်သည်" ဟု ဖြေကြားခဲ့သည်။ ယင်းမှာ သိသာထင်ရှားသော လိမ်လည်မှုတခုပင် ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ- https://bur.mizzima.com/2026/03/02/83569

#တရုတ်
#AI
#ဆင်ဆာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤7👍3🔥3
အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုသည့် သွေးခွဲရေးဗျူဟာကို များစွာသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နှင့် နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစု (SRA)တို့သည် ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ် ပြန်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83572

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#အကြမ်းဖက်စစ်အုပ်စု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤2👎1
B-1 ဗုံးကြဲလေယာဉ် သုံးစင်းသည် အမေရိကန်မှ အီရန်အထိ မရပ်မနား ပျံသန်းကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ယင်းလေ့လာဆန်းစစ်သူက ပြောကြားသည်။

ယင်းဗုံးကြဲလေယာဉ်များသည် "အီရန်မြေပေါ်ရှိ ပဲ့ထိန်းဒုံးကျည်စခန်းများနှင့် ကွပ်ကဲမှုထိန်းချုပ်ရေး စင်တာများကို" တိုက်ခိုက်ခဲ့ကြောင်း Axios သတင်းဌာနသို့ အမေရိကန်အရာရှိတဦးကလည်း အတည်ပြု ပြောကြားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83575

#အီရန်
#အမေရိကန်
#အကြီးစားဗုံးကြဲလေယာဉ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14❤1
မြန်မာသည် ယနေ့ထိ ဥရောပသမဂ္ဂ၏ EBA အစီအစဉ်အောက်တွင် အခွန်ကင်းလွတ်ခွင့်ဖြင့် ဈေးကွက်ဝင်ရောက်ခွင့်ကို ဆက်လက်ခံစားနေဆဲ ဖြစ်သည်။ သို့သော် ထိုအခွင့်အရေးသည် အခြေခံ လူ့အခွင့်အရေးနှင့် အလုပ်သမားဆိုင်ရာ စံနှုန်းများ လိုက်နာမှုအပေါ် အခြေခံထားသည်။ ယနေ့အခြေအနေတွင် ထိုသတ်မှတ်ချက်များ မပြည့်မီကြောင်း ထင်ရှားသည်။

အလုပ်သမားများ အဖွဲ့အစည်းဖွဲ့စည်းခွင့် ဖျက်သိမ်းခံထားရပြီး လွတ်လပ်သည့် သမဂ္ဂများ တားမြစ်ခံထားရသလို သမဂ္ဂခေါင်းဆောင်များ ဖမ်းဆီးနှိပ်စက်ခံနေရသဖြင့် ဤအခြေအနေတွင် အခွန်ကင်းလွတ်ခွင့်ကို ဆက်လက်ထားရှိခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထိရောက်သော စီးပွားရေးအကျိုးဆက် မရှိကြောင်း ပြသနေသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83578

#မြန်မာ့စစ်စီးပွားရေး
#ထွက်ခွာခြင်း
#စီးပွားရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13❤1