Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကူဝိတ် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ 'မဟာမိတ်အချင်းချင်း မှားယွင်းပစ်ခတ်မှု'ကြောင့် အမေရိကန် F-15E 'Strike Eagle' တိုက်လေယာဉ် သုံးစီးမှာ သီးခြားစီ ပစ်ချခံခဲ့ရကြောင်း အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေးကို ကွပ်ကဲနေသည့် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က တနင်္လာနေ့ (မတ်လ ၂ ရက်) ညနေပိုင်းတွင် ထုတ်ပြန်သည်။

"လေယာဉ်တစီးလျှင် နှစ်ဦးနှုန်းဖြင့် လေယာဉ်မှူး ခြောက်ဦးစလုံးသည် လေယာဉ်ပေါ်မှ အချိန်မီ ခုန်ထွက်နိုင်ခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကာ လက်ရှိတွင် အခြေအနေ ကောင်းမွန်ကြောင်းနှင့် ကူဝိတ်နိုင်ငံဘက်ကလည်း ထိုဖြစ်ရပ်ကို ဝန်ခံထားပြီး လက်ရှိစစ်ဆင်ရေးအတွင်း ကူဝိတ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှုနှင့် ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိသည်" ဟု CENTCOM က ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83566

#အမေရိကန်
#တိုက်လေယာဉ်
#ကူဝိတ်လေကြောင်းရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13❤2😁2
AI မော်ဒယ်များကို လေ့လာရာတွင် ကြုံတွေ့ရသည့် အခက်အခဲတခုမှာ အချက်အလက်အမှားများကို ယောင်ယမ်းဖြေဆိုမှုဖြစ်သည်။ အဖြေမှန်ကို မပြောရန် တားမြစ်ခံထားရ၍ လိမ်ညာနေခြင်းလား သို့မဟုတ် အမှန်တကယ်ပင် မသိရှိ၍ မှားယွင်းဖြေဆိုခြင်းလားဆိုသည်ကို ခွဲခြားရန် အမြဲတမ်း မလွယ်ကူပေ။

ပါမောက္ခ ပန်က ၂၀၁၀ ပြည့်နှစ်တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် တရုတ်အစိုးရဆန့်ကျင်ရေးသမား လျူရှောင်ဘို အကြောင်း မေးမြန်းခဲ့ရာ တရုတ် AI မော်ဒယ်တခုက "လျူရှောင်ဘိုသည် နျူကလီးယားလက်နက် နည်းပညာနှင့် နိုင်ငံတကာ နိုင်ငံရေးကဏ္ဍတွင် ပါဝင်ကူညီမှုများကြောင့် လူသိများသော ဂျပန်သိပ္ပံပညာရှင် တဦးဖြစ်သည်" ဟု ဖြေကြားခဲ့သည်။ ယင်းမှာ သိသာထင်ရှားသော လိမ်လည်မှုတခုပင် ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ- https://bur.mizzima.com/2026/03/02/83569

#တရုတ်
#AI
#ဆင်ဆာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤7👍3🔥3
အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုသည့် သွေးခွဲရေးဗျူဟာကို များစွာသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နှင့် နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစု (SRA)တို့သည် ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ် ပြန်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83572

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#အကြမ်းဖက်စစ်အုပ်စု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤2👎1
B-1 ဗုံးကြဲလေယာဉ် သုံးစင်းသည် အမေရိကန်မှ အီရန်အထိ မရပ်မနား ပျံသန်းကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ယင်းလေ့လာဆန်းစစ်သူက ပြောကြားသည်။

ယင်းဗုံးကြဲလေယာဉ်များသည် "အီရန်မြေပေါ်ရှိ ပဲ့ထိန်းဒုံးကျည်စခန်းများနှင့် ကွပ်ကဲမှုထိန်းချုပ်ရေး စင်တာများကို" တိုက်ခိုက်ခဲ့ကြောင်း Axios သတင်းဌာနသို့ အမေရိကန်အရာရှိတဦးကလည်း အတည်ပြု ပြောကြားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83575

#အီရန်
#အမေရိကန်
#အကြီးစားဗုံးကြဲလေယာဉ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14❤1
မြန်မာသည် ယနေ့ထိ ဥရောပသမဂ္ဂ၏ EBA အစီအစဉ်အောက်တွင် အခွန်ကင်းလွတ်ခွင့်ဖြင့် ဈေးကွက်ဝင်ရောက်ခွင့်ကို ဆက်လက်ခံစားနေဆဲ ဖြစ်သည်။ သို့သော် ထိုအခွင့်အရေးသည် အခြေခံ လူ့အခွင့်အရေးနှင့် အလုပ်သမားဆိုင်ရာ စံနှုန်းများ လိုက်နာမှုအပေါ် အခြေခံထားသည်။ ယနေ့အခြေအနေတွင် ထိုသတ်မှတ်ချက်များ မပြည့်မီကြောင်း ထင်ရှားသည်။

အလုပ်သမားများ အဖွဲ့အစည်းဖွဲ့စည်းခွင့် ဖျက်သိမ်းခံထားရပြီး လွတ်လပ်သည့် သမဂ္ဂများ တားမြစ်ခံထားရသလို သမဂ္ဂခေါင်းဆောင်များ ဖမ်းဆီးနှိပ်စက်ခံနေရသဖြင့် ဤအခြေအနေတွင် အခွန်ကင်းလွတ်ခွင့်ကို ဆက်လက်ထားရှိခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထိရောက်သော စီးပွားရေးအကျိုးဆက် မရှိကြောင်း ပြသနေသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83578

#မြန်မာ့စစ်စီးပွားရေး
#ထွက်ခွာခြင်း
#စီးပွားရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13❤1
ထိပ်တိုက်တွေ့ချိန် ပါးစပ်ကွယ်ပြီး စကားပြောတဲ့ကစားသမားတွေကို ထုတ်ပယ်နိုင်တယ်လို့ အင်ဖန်တီနို ပြော

AP

ပြိုင်ဘက်တွေနဲ့ အချေအတင်ဖြစ်နေချိန် ပါးစပ်ကို ဖုံးကွယ်ပြီး စကားပြောတဲ့ ကစားသမားတွေကို အနီကတ်ပြထုတ်ပယ်နိုင်ခြေရှိကြောင်း ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ပြောကြားလာပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်တခုအတွင်း ရီးယဲလ်မက်ဒရစ် ကစားသမား ဗီနီစီးယပ်စ် ဂျူနီယာက သူ့ကို ဘင်ဖီကာကစားသမား ဂျန်လူကာ ပရက်စတီယန်နီမှ လူမျိုးရေးခွဲခြား စော်ကားခဲ့တယ်လို့ ပြောကြားခဲ့ပြီးနောက် မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ဒီပြဿနာက ပိုမိုထင်ရှားလာခဲ့တာဖြစ်ပါတယ်။

ပရက်စတီယန်နီကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ရီးယဲလ်က ၁-၀ နဲ့ နိုင်ခဲ့တဲ့ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ပရက်စတီယန်နီက ပါးစပ်ကို အင်္ကျီနဲ့ အုပ်ပြီး ဗီနီစီးယပ်စ် အနားကို ချဉ်းကပ်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေစဉ်အတွင်း သူ့ကို ဒုတိယအကျော့ပွဲစဉ်အတွက် ယာယီပွဲပယ်ထားခဲ့ပါတယ်။

ပါးစပ်ဖုံးကွယ်တဲ့ ကိစ္စကို နိုင်ငံတကာဘောလုံးအစည်းအရုံးဘုတ်အဖွဲ့ (IFAB) ရဲ့ စနေနေ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီစည်းကမ်းသစ်တွေကို…
👍11
အီရန်နိုင်ငံဘက်မှ ပျံသန်းလာသော Su-24 တိုက်လေယာဉ် နှစ်စင်းကို ပစ်ချခဲ့ကြောင်း ကာတာ ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ (မတ်လ ၂ ရက်) တွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့က စနေနေ့တွင် လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်၏ မဟာမိတ်များဖြစ်ကြသော ပင်လယ်ကွေ့ဒေသရှိ အာရပ်နိုင်ငံများသည် အီရန်၏ ဒရုန်းနှင့်ဒုံးကျည် တိုက်ခိုက်မှုများကို ကြုံတွေ့နေရခြင်းဖြစ်သည်။

ဒိုဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် အီရန်၏ တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ကာတာက တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထိုကဲ့သို့သော တိုက်ခိုက်မှုများကို တုံ့ပြန်သွားမည်ဖြစ်ကြောင်းနှင့် ကာတာသည် ယခုအချိန်တွင် အီရန်နှင့် ထိတွေ့ဆက်ဆံခြင်း မရှိကြောင်း CNN သို့ ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#Su_24
#တိုက်လေယာဉ်
#ကာတာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤7👍7
အီရန်ခေါင်းဆောင်ဟောင်း အလီခါမေနီနှင့် အခြား အဆင့်မြင့်အရာရှိများကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သည့် လတ်တလော အမေရိကန်-အစ္စရေး ပူးတွဲ စစ်ဆင်ရေး၏ အောင်မြင်မှု နောက်ကွယ်မှ လျှို့ဝှက်လက်နက်က လူသန်းပေါင်းများစွာ နေ့စဉ် အသုံးပြုနေသည့် Chatbot များ ဖြစ်နေပါသလား။

အမေရိကန်က AI ၏ ကျင့်ဝတ်ပိုင်းနှင့် ပတ်သက်ပြီး ချိန်ဆဆွေးနွေးနေစဉ်မှာပင် အစ္စရေးကမူ ၎င်း၏ စစ်ဘက်စနစ်များ၌ AI ကို နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်ထားပြီး ဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသက ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ရန် အစ္စရေးစစ်တပ် (IDF) က AI ကို အသုံးပြုနေခြင်းမှာ နိုင်ငံတကာ၏ မျက်စိထောက်ဒေါက် စောင့်ကြည့်ခြင်း ခံနေရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#OpenAI
#ခေတ်သစ်စစ်ပွဲ
#အမေရိကန်
#အစ္စရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12
ယူကရိန်းတပ်ဖွဲ့များသည် ဇန်နဝါရီလကုန်ပိုင်းမှစပြီး ဇာပိုရစ်ရှားဒေသရှိ နယ်မြေနေရာ ကိုးခုကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး အရှေ့တောင်ဘက် ရှေ့တန်းစစ်မျက်နှာတလျောက် တန်ပြန်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က မတ်လ ၂ ရက်တွင် ပြောသည်။

၂၀၂၄ ခုနှစ် နွေရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် လအတွင်း ရုရှားတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေထက် ယူကရိန်းတပ်များက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေဧရိယာက ပိုမိုများပြားခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန္ဒား ဆာစကီးက ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ယူကရိန်းစစ်တပ်
#ပြန်လည်ထိန်းချုပ်
#ကိယက်ဗ်
#ဇာပိုရစ်ရှ်ရှားဒေသ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11❤3
အီရန်အစိုးရသည် မိမိနိုင်ငံသားများကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နင်းခြင်းတို့ဖြင့် စနစ်တကျ ဖိနှိပ်နေသည့်အပြင် ပြည်ပနိုင်ငံများတွင်လည်း အကြမ်းဖက်ဝါဒကို အဓိက အားပေးကူညီနေသည့် နိုင်ငံဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အစိုးရအပေါ် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ လုပ်ရပ်များကြောင့် အီရန်နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာကာ ဒေသတွင်း ပိုမိုတည်ငြိမ်အေးချမ်းလာရန် ဆုမွန်ကောင်းတောင်းကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းများကဲ့သို့ အီရန်က နောက်ကွယ်မှ ပံ့ပိုးပေးနေသော ဆက်စပ်ပြဿနာများ၏ လားရာကိုလည်း ယခုကဲ့သို့ အရေးယူမှုများက ပြောင်းလဲစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ဒင်းန်စမစ်က ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#မြန်မာ
#ဩစတြေးလျအထက်လွှတ်တော်အမတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14❤4
အီရန်အား အမေရိကန်၏ တိုက်ခိုက်မှုအား 'အကြောင်းပြချက်မရှိဘဲ အန္တရာယ်ရှိသော စစ်ရေးကြားဝင်မှု' အဖြစ် ဝေဖန်ပြီးနောက်၊ ယင်း၏ပိုင်နက်အတွင်းရှိ အမေရိကန်နှင့် ပူးတွဲအသုံးပြုနေသော စစ်အခြေစိုက် စခန်းများကို အသုံးပြုခွင့်ပေးရန် စပိန်အစိုးရက ငြင်းဆန်လိုက်သည်။

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ "တဖက်သတ်စစ်ရေးဆောင်ရွက်မှု" သည် "ရန်လိုပြီး မရေရာမှု များကြီးစိုးသည့် နိုင်ငံတကာစနစ်ကို ပိုမိုဖြစ်ပေါ်စေကြောင်း" စပိန်ဆိုရှယ်လစ်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အမေရိကန်
#စပိန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6❤5👎2
အမေရိကန်က ထိရောက်မှုရှိသော စစ်မြေပြင်သုံး လေဆာလက်နက်များ တပ်ဖြန့်နိုင်ရန် လေးနှစ်မှ ခြောက်နှစ်ခန့် အချိန်ယူရနိုင်သော်လည်း၊ ယူကရိန်းက တနှစ်မှ နှစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်ခြေရှိကြောင်း အမေရိကန်အငြိမ်းစား ရေတပ်ဗိုလ်ချုပ် မာ့ခ် မောင်ဂိုမာရီက မတ်လ ၂ ရက်တွင် ပြုလုပ်ခဲ့သော မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

ယူကရိန်း အင်ဂျင်နီယာများသည် ကြားဖြတ်တိုက်ခိုက်ရေးဒရုန်းများမှသည် စက္ကန့်ပိုင်းအတွင်း ဒရုန်းများကို ဝေဟင်၌ လောင်ကျွမ်းစေနိုင်သည့် “Sunray” ဟု အမည်ပေးထားသော လေဆာလက်နက် ရှေ့ပြေးပုံစံအထိ စမ်းသပ်ထုတ်လုပ်နေကြောင်း သတင်းများက ဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ယူကရိန်း
#အမေရိကန်
#လေဆာလက်နက်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13❤2