ထိပ်တိုက်တွေ့ချိန် ပါးစပ်ကွယ်ပြီး စကားပြောတဲ့ကစားသမားတွေကို ထုတ်ပယ်နိုင်တယ်လို့ အင်ဖန်တီနို ပြော
AP
ပြိုင်ဘက်တွေနဲ့ အချေအတင်ဖြစ်နေချိန် ပါးစပ်ကို ဖုံးကွယ်ပြီး စကားပြောတဲ့ ကစားသမားတွေကို အနီကတ်ပြထုတ်ပယ်နိုင်ခြေရှိကြောင်း ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ပြောကြားလာပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်တခုအတွင်း ရီးယဲလ်မက်ဒရစ် ကစားသမား ဗီနီစီးယပ်စ် ဂျူနီယာက သူ့ကို ဘင်ဖီကာကစားသမား ဂျန်လူကာ ပရက်စတီယန်နီမှ လူမျိုးရေးခွဲခြား စော်ကားခဲ့တယ်လို့ ပြောကြားခဲ့ပြီးနောက် မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ဒီပြဿနာက ပိုမိုထင်ရှားလာခဲ့တာဖြစ်ပါတယ်။
ပရက်စတီယန်နီကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ရီးယဲလ်က ၁-၀ နဲ့ နိုင်ခဲ့တဲ့ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ပရက်စတီယန်နီက ပါးစပ်ကို အင်္ကျီနဲ့ အုပ်ပြီး ဗီနီစီးယပ်စ် အနားကို ချဉ်းကပ်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေစဉ်အတွင်း သူ့ကို ဒုတိယအကျော့ပွဲစဉ်အတွက် ယာယီပွဲပယ်ထားခဲ့ပါတယ်။
ပါးစပ်ဖုံးကွယ်တဲ့ ကိစ္စကို နိုင်ငံတကာဘောလုံးအစည်းအရုံးဘုတ်အဖွဲ့ (IFAB) ရဲ့ စနေနေ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
ဒီစည်းကမ်းသစ်တွေကို…

👍11
https://www.youtube.com/watch?v=JuUyKcNcIdo
မတ်လ ၃ ရက်နေ့ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

YouTube

ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ … NLD လက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန် လဝက ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ ပြန်လည်လွတ်မြောက်လာတဲ့သတင်း စစ်မက်ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသရောက် မြန်မာလူမျိုးများအကြောင်း ပြောပြထားတဲ့ သတင်းတွေ…
👍11
https://www.youtube.com/watch?v=tngVbw13KlQ
TENSIONS RISE BETWEEN FORMER ALLIED ETHNIC ARMIES IN NORTHERN SHAN STATE

-----------------------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန...
👍4❤1👎1🔥1
အီရန်နိုင်ငံဘက်မှ ပျံသန်းလာသော Su-24 တိုက်လေယာဉ် နှစ်စင်းကို ပစ်ချခဲ့ကြောင်း ကာတာ ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ (မတ်လ ၂ ရက်) တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က စနေနေ့တွင် လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်၏ မဟာမိတ်များဖြစ်ကြသော ပင်လယ်ကွေ့ဒေသရှိ အာရပ်နိုင်ငံများသည် အီရန်၏ ဒရုန်းနှင့်ဒုံးကျည် တိုက်ခိုက်မှုများကို ကြုံတွေ့နေရခြင်းဖြစ်သည်။
ဒိုဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် အီရန်၏ တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ကာတာက တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထိုကဲ့သို့သော တိုက်ခိုက်မှုများကို တုံ့ပြန်သွားမည်ဖြစ်ကြောင်းနှင့် ကာတာသည် ယခုအချိန်တွင် အီရန်နှင့် ထိတွေ့ဆက်ဆံခြင်း မရှိကြောင်း CNN သို့ ပြောသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#Su_24
#တိုက်လေယာဉ်
#ကာတာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

❤7👍7
အီရန်ခေါင်းဆောင်ဟောင်း အလီခါမေနီနှင့် အခြား အဆင့်မြင့်အရာရှိများကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သည့် လတ်တလော အမေရိကန်-အစ္စရေး ပူးတွဲ စစ်ဆင်ရေး၏ အောင်မြင်မှု နောက်ကွယ်မှ လျှို့ဝှက်လက်နက်က လူသန်းပေါင်းများစွာ နေ့စဉ် အသုံးပြုနေသည့် Chatbot များ ဖြစ်နေပါသလား။
အမေရိကန်က AI ၏ ကျင့်ဝတ်ပိုင်းနှင့် ပတ်သက်ပြီး ချိန်ဆဆွေးနွေးနေစဉ်မှာပင် အစ္စရေးကမူ ၎င်း၏ စစ်ဘက်စနစ်များ၌ AI ကို နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်ထားပြီး ဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသက ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ရန် အစ္စရေးစစ်တပ် (IDF) က AI ကို အသုံးပြုနေခြင်းမှာ နိုင်ငံတကာ၏ မျက်စိထောက်ဒေါက် စောင့်ကြည့်ခြင်း ခံနေရသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#OpenAI
#ခေတ်သစ်စစ်ပွဲ
#အမေရိကန်
#အစ္စရေး

👍12
ယူကရိန်းတပ်ဖွဲ့များသည် ဇန်နဝါရီလကုန်ပိုင်းမှစပြီး ဇာပိုရစ်ရှားဒေသရှိ နယ်မြေနေရာ ကိုးခုကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး အရှေ့တောင်ဘက် ရှေ့တန်းစစ်မျက်နှာတလျောက် တန်ပြန်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က မတ်လ ၂ ရက်တွင် ပြောသည်။
၂၀၂၄ ခုနှစ် နွေရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် လအတွင်း ရုရှားတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေထက် ယူကရိန်းတပ်များက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေဧရိယာက ပိုမိုများပြားခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန္ဒား ဆာစကီးက ပြောသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ယူကရိန်းစစ်တပ်
#ပြန်လည်ထိန်းချုပ်
#ကိယက်ဗ်
#ဇာပိုရစ်ရှ်ရှားဒေသ

👍11❤3
အီရန်အစိုးရသည် မိမိနိုင်ငံသားများကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နင်းခြင်းတို့ဖြင့် စနစ်တကျ ဖိနှိပ်နေသည့်အပြင် ပြည်ပနိုင်ငံများတွင်လည်း အကြမ်းဖက်ဝါဒကို အဓိက အားပေးကူညီနေသည့် နိုင်ငံဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အစိုးရအပေါ် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ လုပ်ရပ်များကြောင့် အီရန်နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာကာ ဒေသတွင်း ပိုမိုတည်ငြိမ်အေးချမ်းလာရန် ဆုမွန်ကောင်းတောင်းကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းများကဲ့သို့ အီရန်က နောက်ကွယ်မှ ပံ့ပိုးပေးနေသော ဆက်စပ်ပြဿနာများ၏ လားရာကိုလည်း ယခုကဲ့သို့ အရေးယူမှုများက ပြောင်းလဲစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ဒင်းန်စမစ်က ပြောသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#မြန်မာ
#ဩစတြေးလျအထက်လွှတ်တော်အမတ်

👍14❤4
https://www.youtube.com/watch?v=7FReShCDq3o
HUMAN RIGHTS GROUP PRESSES UK TO SANCTION ARAKAN ARMY FOR CRIMES IN MYANMAR
HUMAN RIGHTS GROUP PRESSES UK TO SANCTION ARAKAN ARMY FOR CRIMES IN MYANMAR
YouTube
HUMAN RIGHTS GROUP PRESSES UK TO SANCTION ARAKAN ARMY FOR CRIMES IN MYANMAR
-----------------------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန...
👍7
အီရန်အား အမေရိကန်၏ တိုက်ခိုက်မှုအား 'အကြောင်းပြချက်မရှိဘဲ အန္တရာယ်ရှိသော စစ်ရေးကြားဝင်မှု' အဖြစ် ဝေဖန်ပြီးနောက်၊ ယင်း၏ပိုင်နက်အတွင်းရှိ အမေရိကန်နှင့် ပူးတွဲအသုံးပြုနေသော စစ်အခြေစိုက် စခန်းများကို အသုံးပြုခွင့်ပေးရန် စပိန်အစိုးရက ငြင်းဆန်လိုက်သည်။
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ "တဖက်သတ်စစ်ရေးဆောင်ရွက်မှု" သည် "ရန်လိုပြီး မရေရာမှု များကြီးစိုးသည့် နိုင်ငံတကာစနစ်ကို ပိုမိုဖြစ်ပေါ်စေကြောင်း" စပိန်ဆိုရှယ်လစ်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#အမေရိကန်
#စပိန်

👍6❤5👎2
အမေရိကန်က ထိရောက်မှုရှိသော စစ်မြေပြင်သုံး လေဆာလက်နက်များ တပ်ဖြန့်နိုင်ရန် လေးနှစ်မှ ခြောက်နှစ်ခန့် အချိန်ယူရနိုင်သော်လည်း၊ ယူကရိန်းက တနှစ်မှ နှစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်ခြေရှိကြောင်း အမေရိကန်အငြိမ်းစား ရေတပ်ဗိုလ်ချုပ် မာ့ခ် မောင်ဂိုမာရီက မတ်လ ၂ ရက်တွင် ပြုလုပ်ခဲ့သော မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။
ယူကရိန်း အင်ဂျင်နီယာများသည် ကြားဖြတ်တိုက်ခိုက်ရေးဒရုန်းများမှသည် စက္ကန့်ပိုင်းအတွင်း ဒရုန်းများကို ဝေဟင်၌ လောင်ကျွမ်းစေနိုင်သည့် “Sunray” ဟု အမည်ပေးထားသော လေဆာလက်နက် ရှေ့ပြေးပုံစံအထိ စမ်းသပ်ထုတ်လုပ်နေကြောင်း သတင်းများက ဆိုသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ယူကရိန်း
#အမေရိကန်
#လေဆာလက်နက်များ

👍13❤2
စစ်တွေ တွင် AA နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား
ဓါတု
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရွှေမင်းဂံရွာ အနီးတဝိုက်နှင့် စစ်တွေ- ပုဏ္ဏားကျွန်း အစပ်တွင် AA နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်က စတင်သည့် ပြင်းထန်တိုက်ပွဲများသည် ယမန်နေ့ (မတ်လ ၂ ရက် )အထိ ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ ထို့ပြင် ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ရွှေမင်းဂံရွာ တဖက်ကမ်း၊ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောကျေးရွာဘက်သို့ စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲသွားကြောင်း သိရသည်။
" မြို့နားက အိမ်တွေပါလှုပ်ခါသွားတယ်။ အဲ့ဒီနားမှာ AA ရှိနိုင်တယ်ထင်ပြီးချတာ။ ဗုံးလာချတာ ဂျက်ဖိုက်တာနဲ့။ ဝါဘိုတို့ဘက်မှာတော့ လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ကြတာ။ အသံတွေတအားကျယ်တာ အခုလည်း ပစ်နေကြတာ"ဟု၎င်းကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက် ညပိုင်းတွင် အာရက္ခတပ်တော်(AA)ဘက်က အမြန်ရေယာဉ်များဖြင့် စစ်ကော်မရှင်၏ ရေတပ်စခန်းများရှိရာသို့ လာရောက်ပစ်ခတ်မှုများရှိခဲ့ရာ စစ်ကော်မရှင်တပ်သားသေဆုံးမှုများရှိကြောင်း…

👍14🔥2
တော်လှန်ရေးအဖွဲ့အချင်းချင်း သေနတ်ပြောင်းလှည့်ခြင်းသည် ရန်သူ့ကို အသက်ဆက်ပေးခြင်းဖြစ်ဟု ဗကပ သတိပေး
မောင်ခက်နွေ
မဇ္ဈိမ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် ယင်းလုပ်ရပ်များသည် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန်သာ အကျိုးပြုနေကြောင်း ယမန်နေ့(မတ်လ ၂ ရက်)တွင် သဘောထားထုတ်ပြန်လိုက်သည်။
၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေး သမိုင်းစဉ်တစ်လျှောက် သင်ခန်းစာများကို ကိုးကား၍ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုကြောင့် အဖိုးတန်ရဲဘော်များစွာ အသက်စွန့်ခဲ့ရပြီး အဆုံးသတ်တွင် ရန်သူစစ်အုပ်စုသာ အမြတ်ထွက်ခဲ့ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) က ထောက်ပြထားသည်။
ဗကပ ၏ ထုတ်ပြန်ချက်တွင် လက်ရှိတော်လှန်ရေးအဖွဲ့များအကြား ဖြစ်ပွားနေသည့် ပွတ်တိုက်မှုများကို "မိတ်ဖက်ပဋိပက္ခ" သို့မဟုတ် "ပြည်သူတွင်းပဋိပက္ခ" အဖြစ်သာ သတ်မှတ်ပြီး ရန်သူနှင့် တိုက်ခိုက်သည့် "ရန်-ငါ ပဋိပက္ခ" ကဲ့သို့ လက်နက်စွဲကိုင်ဖြေရှင်းခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။
…

ခေတ်မီအဆင့်မြင့်တိုက်လေယာဉ်များ မရှိခြင်းကြောင့် အီရန်၏ ဝေဟင်ပိုင်နက်မှာ အကာအကွယ် ကင်းမဲ့နေပြီး ၎င်းတို့တွင် ခေတ်မမီတော့သည့် MiG-29 များနှင့် (၁၉၈၆ ခုနှစ်က Top Gun ရုပ်ရှင်ထဲမှ နာမည်ကြီး) F-14 တိုက်လေယာဉ်ဟောင်းများသာ ရှိတော့သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း ၁၂ ရက်ကြာ တိုက်ခိုက်မှုများကြောင့်လည်း အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များလည်း ပျက်စီးခဲ့ရသည်။ ထို့ကြောင့် အထက်ပါ ဒုံးကျည်လက်နက်တိုက်က အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများကို အီရန်ဘက်က သမရိုးကျနည်းဖြင့် ပြန်လည်တုံ့ပြန်နိုင်မည့် အဓိကသော့ချက် ဖြစ်လာသည်။
ယင်းအချက်ကို ကောင်းစွာသိရှိထားသည့် အစ္စရေးက နွေရာသီကာလ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ယင်းဒုံးကျည်များကို ပစ်လွှတ်နိုင်စေမည့် ကိရိယာပစ္စည်းအများအပြားကို ဖျက်ဆီးခဲ့သည်။ ၎င်းတို့ထဲတွင် ကားပေါ်၌ တပ်ဆင်ထားလေ့ရှိသော ရွှေ့လျားဒုံးပစ်စင်များနှင့် အသေတပ်ဆင်ထားသော ဒုံးပစ်စင်များပါဝင်သည်။
Read more: https://bur.mizzima.com/2026/03/03/83613

အီရန်နိုင်ငံအပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုနှင့် အလီခါမေနီ သေဆုံးမှုတို့သည် အရှေ့အလယ်ပိုင်းဒေသရှိ တရုတ်၏ သြဇာအာဏာကို ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။
အမေရိကန်ကို ချက်ချင်းတုံ့ပြန်ရန် နည်းလမ်းနည်းပါးနေသည့် တရုတ်အတွက် အီရန်အစိုးရ၏ လက်ကျန်အင်အားစုကို အကာအကွယ်ပေးနိုင်ရန်မှာ ပို၍ပင် ခဲယဉ်းသည်။ ဇန်နဝါရီလအတွင်းက တရုတ်၏ မဟာမိတ် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုရာထူးမှ ပြုတ်ကျသွားပြီးနောက် ယခုတိုက်ခိုက်မှုသည် "ခုခံရေးဝင်ရိုးတန်း" ဟု ခေါ်ဆိုကြသည့် အုပ်စု၏ အားနည်းချက်များကို ပေါ်လွင်စေခဲ့သည်။
ယခုအချိန်အထိ အဆိုပါ အာဏာရှင်နိုင်ငံများအုပ်စု၏ ခေါင်းဆောင်ဖြစ်သော တရုတ်နိုင်ငံသည် နှုတ်ဖြင့်သာ တုံ့ပြန်နေသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/03/83616
#အီရန်
#တရုတ်

👍11🔥3❤2
တရုတ်သည် မြန်မာအပေါ် ဩဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေသော်လည်း မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်တပ်ဆင်ပေးရာတွင်မူ ရုရှားက ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ယင်းကို ဆန့်ကျင်တော်လှန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အပေါ် တရုတ်၏ ကြီးမားသော ဩဇာလွှမ်းမိုးမှုကို ထောက်ရှုပါက အရှေ့တောင်အာရှနိုင်ငံ၏ ပြည်တွင်းစစ်တွင် တရုတ်၏ ကြားဝင်ပတ်သက်မှုတို့အပေါ် အထူးတလည် စောင့်ကြည့်ခံရခြင်းမှာ အံ့ဩစရာ မရှိပေ။
မော်စကိုအနေဖြင့် ပေကျင်းကဲ့သို့ နိုင်ငံရေးဩဇာလွှမ်းမိုးမှုမျိုး မရှိနိုင်သော်လည်း နေပြည်တော်သို့ ပေးအပ်သည့် စစ်ရေးအကူအညီကတော့ တရုတ်ထက် များစွာသာလွန်နေသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ရုရှား
#မြန်မာပြည်တွင်းစစ်
#စစ်ရေးအခန်းကဏ္ဍ

🔥9👎2❤1
လက်ဘနွန်အစိုးရက ဟစ်ဇ်ဘိုလာအဖွဲ့၏ စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုများကို ပိတ်ပင်တား မြစ်သည့် မကြုံစဖူး ထူးခြားသောခြေလှမ်းတရပ်ကို တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ရာ၊ အီရန်ကျော ထောက်နောက်ခံပြု ယင်းအဖွဲ့က ယင်းဆုံးဖြတ်ချက်အပေါ် ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။
ဟစ်ဇ်ဘိုလာသည် အစိုးရနှင့် လွှတ်တော်နှစ်ရပ်စလုံးတွင် ကိုယ်စားပြုပါဝင်နေသည့် အဖွဲ့ဖြစ်သည်။
အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်ဦးသျှောင်အလီခါမေနီ သေဆုံးခဲ့ရမှုအတွက် လက်စားချေသည့်အနေဖြင့် အစ္စရေးသို့ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာက ကြေညာခဲ့ပြီး နာရီပိုင်းအကြာတွင် လက်ဘနွန်အစိုးရ၏ ယင်းတားမြစ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဟစ်ဇ်ဘိုလာ
#လက်ဘနွန်အစိုးရ
#စစ်ရေးလှုပ်ရှားမှုများ

👍14
“ကျွန်တော်တို့ တွေးထားတာထက်တောင် သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတဖွဲ့လုံးကို ဖယ်ရှားနိုင်ခဲ့တယ်၊ ကျန်တာတွေကတော့ အစီအစဉ်အတိုင်း သွားနေပါတယ်” ဟု ၎င်းက ပြောပြီး၊ အီရန်ထိပ်သီးခေါင်းဆောင် စုစုပေါင်း ၄၈ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဆိုသည်။
အမေရိကန်နှင့် အီရန်တို့ကြား တဆင့်ခံ နျူကလီးယားဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်းမှာပင် စနေနေ့က စတင် တိုက်ခိုက်ခြင်း ဖြစ်သည်။ ယခု စစ်ပွဲက အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်၏ နျူကလီးယားစွမ်းဆောင်ရည်ကို “အမြစ်ပြတ်ချေမှုန်း” လိုက်ပြီဟု ထရမ့်က ပြောခဲ့ပြီး တနှစ်မပြည့်မီမှာပင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်စစ်ပွဲ
#ထရမ့်

👍12🤣1
https://www.youtube.com/watch?v=ykmSf7VAi-o
Trump sets four 'clear' objectives for war against Iran

US President Donald Trump lays out what he says are "clear" objectives for the war against Iran for the first time, in remarks made at the White House before a medal ceremony. They include destroying Iran's missile capabilities and "annihilating the navy."…
👍7❤1🥰1