Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်တွေ တွင် AA နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

ဓါတု

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရွှေမင်းဂံရွာ အနီးတဝိုက်နှင့် စစ်တွေ- ပုဏ္ဏားကျွန်း အစပ်တွင် AA နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်က စတင်သည့် ပြင်းထန်တိုက်ပွဲများသည် ယမန်နေ့ (မတ်လ ၂ ရက် )အထိ ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ ထို့ပြင် ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ရွှေမင်းဂံရွာ တဖက်ကမ်း၊ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောကျေးရွာဘက်သို့ စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲသွားကြောင်း သိရသည်။

" မြို့နားက အိမ်တွေပါလှုပ်ခါသွားတယ်။ အဲ့ဒီနားမှာ AA ရှိနိုင်တယ်ထင်ပြီးချတာ။ ဗုံးလာချတာ ဂျက်ဖိုက်တာနဲ့။ ဝါဘိုတို့ဘက်မှာတော့ လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ကြတာ။ အသံတွေတအားကျယ်တာ အခုလည်း ပစ်နေကြတာ"ဟု၎င်းကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက် ညပိုင်းတွင် အာရက္ခတပ်တော်(AA)ဘက်က အမြန်ရေယာဉ်များဖြင့် စစ်ကော်မရှင်၏ ရေတပ်စခန်းများရှိရာသို့ လာရောက်ပစ်ခတ်မှုများရှိခဲ့ရာ စစ်ကော်မရှင်တပ်သားသေဆုံးမှုများရှိကြောင်း…
👍14🔥2
တော်လှန်ရေးအဖွဲ့အချင်းချင်း သေနတ်ပြောင်းလှည့်ခြင်းသည် ရန်သူ့ကို အသက်ဆက်ပေးခြင်းဖြစ်ဟု ဗကပ သတိပေး

မောင်ခက်နွေ

မဇ္ဈိမ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် ယင်းလုပ်ရပ်များသည် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန်သာ အကျိုးပြုနေကြောင်း ယမန်နေ့(မတ်လ ၂ ရက်)တွင် သဘောထားထုတ်ပြန်လိုက်သည်။

၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေး သမိုင်းစဉ်တစ်လျှောက် သင်ခန်းစာများကို ကိုးကား၍ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုကြောင့် အဖိုးတန်ရဲဘော်များစွာ အသက်စွန့်ခဲ့ရပြီး အဆုံးသတ်တွင် ရန်သူစစ်အုပ်စုသာ အမြတ်ထွက်ခဲ့ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) က ထောက်ပြထားသည်။

ဗကပ ၏ ထုတ်ပြန်ချက်တွင် လက်ရှိတော်လှန်ရေးအဖွဲ့များအကြား ဖြစ်ပွားနေသည့် ပွတ်တိုက်မှုများကို "မိတ်ဖက်ပဋိပက္ခ" သို့မဟုတ် "ပြည်သူတွင်းပဋိပက္ခ" အဖြစ်သာ သတ်မှတ်ပြီး ရန်သူနှင့် တိုက်ခိုက်သည့် "ရန်-ငါ ပဋိပက္ခ" ကဲ့သို့ လက်နက်စွဲကိုင်ဖြေရှင်းခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။

…
👍12
ခေတ်မီအဆင့်မြင့်တိုက်လေယာဉ်များ မရှိခြင်းကြောင့် အီရန်၏ ဝေဟင်ပိုင်နက်မှာ အကာအကွယ် ကင်းမဲ့နေပြီး ၎င်းတို့တွင် ခေတ်မမီတော့သည့် MiG-29 များနှင့် (၁၉၈၆ ခုနှစ်က Top Gun ရုပ်ရှင်ထဲမှ နာမည်ကြီး) F-14 တိုက်လေယာဉ်ဟောင်းများသာ ရှိတော့သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း ၁၂ ရက်ကြာ တိုက်ခိုက်မှုများကြောင့်လည်း အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များလည်း ပျက်စီးခဲ့ရသည်။ ထို့ကြောင့် အထက်ပါ ဒုံးကျည်လက်နက်တိုက်က အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများကို အီရန်ဘက်က သမရိုးကျနည်းဖြင့် ပြန်လည်တုံ့ပြန်နိုင်မည့် အဓိကသော့ချက် ဖြစ်လာသည်။

ယင်းအချက်ကို ကောင်းစွာသိရှိထားသည့် အစ္စရေးက နွေရာသီကာလ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ယင်းဒုံးကျည်များကို ပစ်လွှတ်နိုင်စေမည့် ကိရိယာပစ္စည်းအများအပြားကို ဖျက်ဆီးခဲ့သည်။ ၎င်းတို့ထဲတွင် ကားပေါ်၌ တပ်ဆင်ထားလေ့ရှိသော ရွှေ့လျားဒုံးပစ်စင်များနှင့် အသေတပ်ဆင်ထားသော ဒုံးပစ်စင်များပါဝင်သည်။

Read more: https://bur.mizzima.com/2026/03/03/83613
👍11❤3
အီရန်နိုင်ငံအပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုနှင့် အလီခါမေနီ သေဆုံးမှုတို့သည် အရှေ့အလယ်ပိုင်းဒေသရှိ တရုတ်၏ သြဇာအာဏာကို ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။

အမေရိကန်ကို ချက်ချင်းတုံ့ပြန်ရန် နည်းလမ်းနည်းပါးနေသည့် တရုတ်အတွက် အီရန်အစိုးရ၏ လက်ကျန်အင်အားစုကို အကာအကွယ်ပေးနိုင်ရန်မှာ ပို၍ပင် ခဲယဉ်းသည်။ ဇန်နဝါရီလအတွင်းက တရုတ်၏ မဟာမိတ် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုရာထူးမှ ပြုတ်ကျသွားပြီးနောက် ယခုတိုက်ခိုက်မှုသည် "ခုခံရေးဝင်ရိုးတန်း" ဟု ခေါ်ဆိုကြသည့် အုပ်စု၏ အားနည်းချက်များကို ပေါ်လွင်စေခဲ့သည်။

ယခုအချိန်အထိ အဆိုပါ အာဏာရှင်နိုင်ငံများအုပ်စု၏ ခေါင်းဆောင်ဖြစ်သော တရုတ်နိုင်ငံသည် နှုတ်ဖြင့်သာ တုံ့ပြန်နေသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/03/83616

#အီရန်
#တရုတ်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥3❤2
တရုတ်သည် မြန်မာအပေါ် ဩဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေသော်လည်း မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်တပ်ဆင်ပေးရာတွင်မူ ရုရှားက ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ယင်းကို ဆန့်ကျင်တော်လှန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အပေါ် တရုတ်၏ ကြီးမားသော ဩဇာလွှမ်းမိုးမှုကို ထောက်ရှုပါက အရှေ့တောင်အာရှနိုင်ငံ၏ ပြည်တွင်းစစ်တွင် တရုတ်၏ ကြားဝင်ပတ်သက်မှုတို့အပေါ် အထူးတလည် စောင့်ကြည့်ခံရခြင်းမှာ အံ့ဩစရာ မရှိပေ။

မော်စကိုအနေဖြင့် ပေကျင်းကဲ့သို့ နိုင်ငံရေးဩဇာလွှမ်းမိုးမှုမျိုး မရှိနိုင်သော်လည်း နေပြည်တော်သို့ ပေးအပ်သည့် စစ်ရေးအကူအညီကတော့ တရုတ်ထက် များစွာသာလွန်နေသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရုရှား
#မြန်မာပြည်တွင်းစစ်
#စစ်ရေးအခန်းကဏ္ဍ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥9👎2❤1
လက်ဘနွန်အစိုးရက ဟစ်ဇ်ဘိုလာအဖွဲ့၏ စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုများကို ပိတ်ပင်တား မြစ်သည့် မကြုံစဖူး ထူးခြားသောခြေလှမ်းတရပ်ကို တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ရာ၊ အီရန်ကျော ထောက်နောက်ခံပြု ယင်းအဖွဲ့က ယင်းဆုံးဖြတ်ချက်အပေါ် ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

ဟစ်ဇ်ဘိုလာသည် အစိုးရနှင့် လွှတ်တော်နှစ်ရပ်စလုံးတွင် ကိုယ်စားပြုပါဝင်နေသည့် အဖွဲ့ဖြစ်သည်။

အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်ဦးသျှောင်အလီခါမေနီ သေဆုံးခဲ့ရမှုအတွက် လက်စားချေသည့်အနေဖြင့် အစ္စရေးသို့ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာက ကြေညာခဲ့ပြီး နာရီပိုင်းအကြာတွင် လက်ဘနွန်အစိုးရ၏ ယင်းတားမြစ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဟစ်ဇ်ဘိုလာ
#လက်ဘနွန်အစိုးရ
#စစ်ရေးလှုပ်ရှားမှုများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14
“ကျွန်တော်တို့ တွေးထားတာထက်တောင် သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတဖွဲ့လုံးကို ဖယ်ရှားနိုင်ခဲ့တယ်၊ ကျန်တာတွေကတော့ အစီအစဉ်အတိုင်း သွားနေပါတယ်” ဟု ၎င်းက ပြောပြီး၊ အီရန်ထိပ်သီးခေါင်းဆောင် စုစုပေါင်း ၄၈ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဆိုသည်။

အမေရိကန်နှင့် အီရန်တို့ကြား တဆင့်ခံ နျူကလီးယားဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်းမှာပင် စနေနေ့က စတင် တိုက်ခိုက်ခြင်း ဖြစ်သည်။ ယခု စစ်ပွဲက အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်၏ နျူကလီးယားစွမ်းဆောင်ရည်ကို “အမြစ်ပြတ်ချေမှုန်း” လိုက်ပြီဟု ထရမ့်က ပြောခဲ့ပြီး တနှစ်မပြည့်မီမှာပင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12🤣1
ဓါတ်ပုံ-မြဝတီတွင် ယနေ့ မတ်လ ၃ ရက် နေ့နံနက်ပိုင်း၌ ဆီဆိုင်တွင် မြို့ခံများ တန်းစီ ဆီဖြည့်နေရပုံ။ (Thet Naing Oo)
🤬4🤣4👍2👏1
ဓါတ်ပုံ-မြဝတီတွင် ယနေ့ မတ်လ ၃ ရက် နေ့နံနက်ပိုင်း၌ ဆီဆိုင်တွင် မြို့ခံများ တန်းစီ ဆီဖြည့်နေရပုံ။ (Thet Naing Oo)
👎5👍2🤣2🔥1
ဓါတ်ပုံ-မြဝတီတွင် ယနေ့ မတ်လ ၃ ရက် နေ့နံနက်ပိုင်း၌ ဆီဆိုင်တွင် မြို့ခံများ တန်းစီ ဆီဖြည့်နေရပုံ။ (Thet Naing Oo)
👎4🤣3👍2🔥1
ဓါတ်ပုံ-တာချီလိတ်တွင် မတ်လ ၂ ရက် ညနေပိုင်း၌ ဆီတန်းစီဖြည့်နေပုံ။ (Aung Kyaw Win Sein)
👍6🤣3❤1👏1
ဓါတ်ပုံ-တာချီလိတ်တွင် မတ်လ ၂ ရက် ညနေပိုင်း၌ ဆီတန်းစီဖြည့်နေပုံ။ (Aung Kyaw Win Sein)
👍5🤣3👏1
ဓါတ်ပုံ-တာချီလိတ်တွင် မတ်လ ၂ ရက် ညနေပိုင်း၌ ဆီတန်းစီဖြည့်နေပုံ။ (Aung Kyaw Win Sein)
👍5🤣3❤1🔥1
ဓါတ်ပုံ-တာချီလိတ်တွင် မတ်လ ၂ ရက် ညနေပိုင်း၌ ဆီတန်းစီဖြည့်နေပုံ။ (Aung Kyaw Win Sein)
👍5🤣3🔥1
“ထရမ့်က မလိုအပ်တဲ့၊ ရူးသွပ်တဲ့၊ တရားမဝင်တဲ့စစ်ပွဲကို အီရန်အပေါ်ဆင်နွှဲနေခဲ့ပါတယ်” ဟု အထက်လွှတ်တော်အမတ် တင်မ်ကိန်း (Tim Kaine) က လူမှုကွန်ရက် X ပေါ်တွင် ရေးသားထားခဲ့သည်။

၁၉၇၃ ခုနှစ် စစ်ပွဲဆင်နွှဲခွင့်အာဏာဥပဒေအရ ရက်ပေါင်း ၆၀ ထက်ကျော်လွန်ပြီး ဆက်လက်တိုက်ခိုက်မည်ဆိုပါက ထရမ့်သည် ယခုအခါ ကွန်ဂရက်လွှတ်တော်ထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။.

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#ထရမ့်
#စစ်ပြုခွင့်အာဏာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11❤1
မြန်မာပြည်မှ ကွမ်းသီးမှောင်ခိုသွင်းမှု ဆက်လက်အရေးယူမည်ဟု မီဇိုရမ်ပြည်ဝန်ကြီးပြော

ပါခွီး

မဇ္ဈိမ ။ ။ မြန်မာနိုင်ငံဖက်မှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဖက်သို့ တရားမဝင် ကွမ်းသီးမှောင်ခိုတင်သွင်းနေမှုများကို ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ပြည်နယ် ပြည်ထဲရေးဝန်ကြီး ပူး- ကေ ဆပ်ဒန်ငါ က ပြောဆိုလိုက်သည်။

မီဇိုရမ်ပြည်နယ်၏ (၁၀)ကြိမ်မြောက် လွှတ်တော် ဘတ်ဂျက်အစည်းအဝေး ကျင်းပလျက်ရှိရာ ယမန်နေ့ (မတ်လ၂ရက်) အမေးအဖြေကဏ္ဍတွင် ပြည်ထဲရေးဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှ ဝင်ရောက်လာသော ကွမ်းသီးများသည် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်၍ အခွန်ကောက်ခံနိုင်ခြင်းမရှိဘဲ ၁၉၆၂ခုနှစ် အကောက်ခွန်ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်သည်” ဟု ဝန်ကြီက လွှတ်တော်တွင်ပြောသည်။

အခွန်မဲ့ပစ္စည်းဖြစ်၍ ဈေးနှုန်းချိုသာစွာရောင်းချနေခြင်းသည် တရားမဝင်ငွေကြေးစီးဆင်းမှုကို များပြားစေရုံသာမက မီဇိုရမ်ပြည်နယ်ရှိ ကွမ်းသီးစိုက်တောင်သူများ၏ ထွက်ကုန်ဈေးကွက်ကိုပါ ကြီးမားစွာထိခိုက်သဖြင့် အစိုးရအနေနှင့် ဆက်လက်ဖမ်းဆီး တားမြစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဟိုအရင်ကတည်းက မြန်မာပြည်ဖက်ကပစ္စည်းတွေ…
🤣6👎4❤1
ရေးနှင့် သံဖြူဇရပ်ရှိ စစ်စခန်းများကို တော်လှန်ရေးအင်အားစုများ ဒရုန်းဖြင့် တိုက်ခိုက်

MTO

မဇ္ဈိမ ။ ။ မွန်ပြည်နယ် ရေးမြို့နယ် နှင့် သံဖြူဇရပ်မြို့ နယ်များရှိ စစ်ကော်မရှင်၏ တပ်စခန်းများကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်ကော်မရှင်တပ်ဖက်မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Mon State Revolutionary Force (MSRF) ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေရွာ အနီးတွင် ယာယီစခန်းချနေသော စစ်ကော်မရှင်စစ်ကြောင်းအား ဒရုန်းဗုံးသီး လေးလုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖက် မှ ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း MSRF အဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံ မိတလဉာဏ် က ပြောသည်။

၎င်းက “ အောင်သပြေရွာနားမှာ ယာယီစခန်းချခဲ့တဲ့ စစ်ကြောင်းဟာ အဲ့နားတဝိုက်မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး စစ်ကြောင်းပတ်ထိုးပြီး သွားနေတာ” ဟု ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် ရေးမြို့နယ် မြောက်ခြမ်းတွင် လက်နက်ကြီးပစ်ခတ်ခြင်းများ၊ အမှတ် (၈) လမ်းမကြီး တလျှောက် ဒရုန်း နှင့် ဗုံးကြဲတိုက်ခိုက်မှု…
👍9❤4🔥2🤣2
လက်ရှိကုန်စည်ပို့ဆောင်မှုကို “ရပ်ဆိုင်းထားခြင်း” မှာ “မကြုံစဖူးဖြစ်ရပ်” ဖြစ်ပါသည်ဟု ပြင်သစ်ရေ တပ် မဟာဗျူ ဟာလေ့လာရေးဗဟိုဌာန မှ သုတေသနညွှန်ကြားရေးမှူး စီရီးလ်ပွာရေးကူတန်ဆေး (Cyrille Poirier-Coutansais) ကပြောသည်။

တောင်အာဖရိကနိုင်ငံအစွန်းရှိ ဂွတ်ဟုပ်အငူကိုပတ်ပြီးသွားရသည့်အတွက် ပင်လယ်ပြင်တွင်နောက် ထပ် ၁၀ ရက်ခန့်ပိုကြာမြင့်သွားရပြီး ကုန်ကျစရိတ်လည်း ၃၀ ရာခိုင်နှုန်းခန့်ပိုမိုကုန်ကျသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဟော်မုဇ်
#ရေလက်ကြား
#အကျပ်အတည်း
#ကမ္ဘာ့ရေကြောင်း
#ပို့ဆောင်ရေးလုပ်ငန်း
#အကျပ်ဆိုက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👎7👍2
တနင်္ဂနွေနေ့က ရရှိသော ရေကြောင်း ပို့ဆောင်ရေး အချက်အလက်များအရ ရေနံနှင့် သဘာဝဓာတ် ငွေ့ရည်တင် သင်္ဘောများ အပါအဝင် အနည်းဆုံး သင်္ဘော ၁၅၀ ခန့်က ဟော်မုဇ်ရေလက်ကြားနှင့် ပတ်ဝန်း ကျင် ရေပြင်များတွင် ကျောက်ချရပ်နားထားကြကြောင်း သိရသည်။

“ဒီလို အလျင်အမြန် ပြောင်းလဲနေတဲ့ အခြေအနေတွေကြောင့် အာမခံလုပ်ငန်းရှင်တိုင်းဟာ နှုန်းထားတွေ တိုးမြှင့်နေကြသလို၊ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေအတွက်ဆိုရင် အာမခံ ပေးဖို့တောင် ငြင်းဆိုနေကြတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်” ဟု McGill and Partners မှ ဒေးဗစ်စမစ်က ပြေားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ပဋိပက္ခ
#အာမခံ
#ကုမ္ပဏီများ
#စစ်ဘေးအာမခံများ
#ပယ်ဖျက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👎4😁2👍1