လုပ်ကြံခံလိုက်ရသည့် အီရန်ဦးသျှောင် အယာတိုလာ အလီ ခါမေနီ၏ သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီကို ခေါင်းဆောင်သစ်အဖြစ် အီရန်နိုင်ငံ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ရွေးချယ်လိုက်ကြောင်း ထိုဖြစ်စဉ်နှင့်အကျွမ်းဝင်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ Iran International က အင်္ဂါနေ့ (မတ်လ ၃ ရက်) တွင် ဖော်ပြခဲ့ပြီး အဆိုပါ မဲခွဲဆုံးဖြတ်မှုသည် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ဖိအားပေးမှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ခါမေနီ၏ ဒုတိယမြောက်သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီသည် ၎င်း၏ဖခင်ကဲ့သို့ပင် အီရန်၏ သဘောထားတင်းမာသော ရှေးရိုးစွဲအုပ်စုနှင့် တသားတည်းရှိသူအဖြစ် သတ်မှတ်ခံရသည်။ သူသည် အီရန်နိုင်ငံအတွင်းရှိ အစိုးရဆန့်ကျင်သူများကို နှိမ်နင်းခြင်းနှင့် ပြင်ပရန်သူများအပေါ် ပြင်းထန်သောမူဝါဒများ ကျင့်သုံးခြင်းတို့ကို လူသိရှင်ကြား ထောက်ခံခဲ့သူဖြစ်သည်။
♦️ သတင်းအပြည့်အစုံ- https://bur.mizzima.com/2026/03/04/83709
#အီရန်ဦးသျှောင်သစ်
#ခါမေနီ
#မိုဂျ်တာဘာခါမေနီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

👎6👍2🔥2
အီရန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်ဗဟိုကော်မတီမှ အဆင့်မြင့်အဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့အား အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့က စတင်လိုက်သော စစ်ပွဲအတွင်း အီရန်နိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအတွက် အစွမ်းကုန် ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည်။
“အီရန်ဘက်က တရုတ်ဝန်ထမ်းတွေနဲ့အဖွဲ့အစည်းတွေ ဘေးကင်းလုံခြုံစေဖို့ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ အဘတ်စ် အာရတ်ခ်ချီက ပြောပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လတ်တလော ဆွေးနွေးပွဲများတွင် နှစ်ဖက်အကြား "အပြုသဘောဆောင်သော တိုးတက်မှုများ" ရှိနေခဲ့သော်လည်း အမေရိကန်သည် "ဆွေးနွေးဆဲကာလမှာပင် အီရန်အပေါ် ဒုတိယအကြိမ်မြောက် စစ်ပွဲကို စတင်လိုက်ခြင်းဖြစ်ကြောင်း" အာရတ်ခ်ချီက ဝမ်ယိအား ပြောကြားခဲ့သည်။ ဒေသတွင်း ပဋိပက္ခများ ထပ်မံအရှိန်မမြင့်လာစေရေး တရုတ်အနေဖြင့် ကဏ္ဍတခုမှ ပါဝင်ပေးရန် မျှော်လင့်ကြောင်းနှင့် "ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ကြောင်း" အာရတ်ခ်ချီက ဝမ်ယိကို ပြောခဲ့သည်ဟု ဆိုသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83712

🤣8💩2❤1
ထိုင်းတွင် ဒီဇယ်စျေးနှုန်းကို လာမည့် ခုနစ်ရက်မှ ၁၀ ရက်အထိ တိုးမြှင့်မည်မဟုတ်သော်လည်း၊ အခြား ရေနံထွက်ကုန်များ၏ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာနိုင်ကြောင်း စွမ်းအင်ဝန်ကြီး အတ်ထာပိုလ် ရာ့တ်ခ်ပီဘွန်းက ပြောကြားလိုက်သည်။
ထိုင်းတွင် ရက်ပေါင်း ၆၀ အထိ သုံးစွဲနိုင်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ အရန်အင်အား လုံလောက်စွာရှိ ကြောင်း ရုပ်သံစကားပြောခန်းတခုတွင် ဝန်ကြီးက ပြောကြားခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83718
#ထိုင်း
#ရေနံထွက်ကုန်ဈေးနှုန်းများ
#ဒီဇယ်ဈေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
ထိုင်းတွင် ရက်ပေါင်း ၆၀ အထိ သုံးစွဲနိုင်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ အရန်အင်အား လုံလောက်စွာရှိ ကြောင်း ရုပ်သံစကားပြောခန်းတခုတွင် ဝန်ကြီးက ပြောကြားခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83718
#ထိုင်း
#ရေနံထွက်ကုန်ဈေးနှုန်းများ
#ဒီဇယ်ဈေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍4🔥2
ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom အကြီးအကဲ အလက်ဇီ လီကာချော့ဗ်က အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ၎င်းတို့ဝန်ထမ်းများသည် အီရန်နျူကလီးယားနယ်ပယ်မှ ခေါင်းဆောင်ပိုင်းနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း အင်္ဂါနေ့ (မတ်လ ၃ ရက်) တွင် ပြောသည်။။
“အီရန်နျူကလီးယားကဏ္ဍရဲ့ အကြီးအကဲနဲ့ ဖုန်းနဲ့ရော အီးမေးလ်နဲ့ရော ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ပါဘူး။ အခုအချိန်မှာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ဘယ်လိုရှိလဲဆိုတာကိုတောင် ကျွန်တော်တို့ မခန့်မှန်းနိုင်ပါဘူး” ဟု အလက်ဇီ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံပိုင် မီဒီယာများက ဖော်ပြကြသည်။
Rosatom နှင့် အီရန်တို့ ပူးပေါင်းတည်ဆောက်နေသည့် ဘူရှာ (Bushehr) နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ လုပ်ငန်းအားလုံးကို တိုက်ပွဲများကြောင့် အလုံးစုံ ရပ်ဆိုင်းထားကြောင်းနှင့် လက်ရှိတွင် အဆိုပါနေရာ၌ ရုရှားဝန်ထမ်းပေါင်း ၆၃၉ ဦး ရှိနေကြောင်း လီကာချော့ဗ်က ပြောသည်။ Read more: https://bur.mizzima.com/2026/03/04/83721

👍8🔥2❤1
အမေရိကန်လေတပ်မှ F-15E Strike Eagle တိုက်လေယာဉ် သုံးစင်းပစ်ချခံရသည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက်၊ လေသူရဲများ၏ ဂျာကင်အင်္ကျီအတွင်းဘက်တွင် ကပ်ချုပ်လုပ်ထားသည့် ဘာသာစကားမျိုးစုံပါဝင်သော "Blood Chit" ဟုခေါ်သည့် ‘အသက်ကယ်စာ’ အကြောင်း အာရုံစိုက်မှုများ မြင့်တက်လာခဲ့သည်။
‘Blood Chit’ ဆိုသည်မှာ စစ်ဘက်ဆိုင်ရာဝန်ထမ်းများ အထူးသဖြင့် လေသူရဲများ ဆောင်ထားလေ့ရှိသည့် အသိပေးစာတမျိုးဖြစ်သည်။ ယင်းစာကို လေယာဉ်ပစ်ချခံရခြင်း (သို့မဟုတ်) ရန်သူ့နယ်မြေအတွင်း သောင်တင်နေခြင်းမျိုး ကြုံတွေ့ရပါက စစ်သည်များနှင့် ဆုံတွေ့နိုင်သည့် အရပ်သားများထံ အကူညီတောင်းခံသည့်သဘော ရည်ညွှန်းရေးသားထားခြင်း ဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83724
#အမေရိကန်
#လေယာဉ်မှူးများ
#အသက်ကယ်စာ

👍11❤3
ပထဝီဝင်အနေအထား၊ စစ်အင်အားအလွန်အမင်းဖြန့်ကျက်ရမှု၊ နိုင်ငံရေးအရ သတိကြီးစွာထားမှုနှင့် ကိုယ်ကျိုးစီးပွားအခြေအနေများကြောင့် တရုတ်နှင့် ရုရှားသည် ဘေးမှ ရပ်ကြည့်နေသူများအဖြစ်သာ ရှိနေမည်ဖြစ်သည်။
တရုတ်နှင့် ရုရှားသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကောင်း အော်ဟစ်နိုင်သော်လည်း၊ အဆုံးသတ် တွင် အမေရိကန်နှင့် စစ်ဖြစ်ရမည့်အရေးကို စွန့်စားကြလိမ့်မည်မဟုတ်ပေ။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83728
#အမေရိကန်
#တရုတ်
#ရုရှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
တရုတ်နှင့် ရုရှားသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကောင်း အော်ဟစ်နိုင်သော်လည်း၊ အဆုံးသတ် တွင် အမေရိကန်နှင့် စစ်ဖြစ်ရမည့်အရေးကို စွန့်စားကြလိမ့်မည်မဟုတ်ပေ။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83728
#အမေရိကန်
#တရုတ်
#ရုရှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
💩6👍2🔥2
တနင်္လာနေ့က ဆိုက်ပရပ်စ်ရှိ ဗြိတိန်လေတပ်စခန်းတခုသည် အီရန်ထုတ်ရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် ဂရိနှင့် ပြင်သစ်က ဆိုက်ပရပ်စ်သို့ ဖရီးဂိတ်စစ်သင်္ဘောများ စေလွှတ်ရန် သဘောတူခဲ့ကြသည်။
ထို့ပြင် ပြင်သစ်က ဒရုန်းနှင့် ဒုံးကျည်ရန်ကာကွယ်ရေး မြေပြင်အခြေစိုက်စနစ်များကိုလည်း ထပ်မံပေးပို့သွားမည်ဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83731
#အီရန်ဒရုန်းများ
#ဆိုက်ပရပ်စ်
#စစ်ကူများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
ထို့ပြင် ပြင်သစ်က ဒရုန်းနှင့် ဒုံးကျည်ရန်ကာကွယ်ရေး မြေပြင်အခြေစိုက်စနစ်များကိုလည်း ထပ်မံပေးပို့သွားမည်ဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83731
#အီရန်ဒရုန်းများ
#ဆိုက်ပရပ်စ်
#စစ်ကူများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13
အစ္စရေးနှင့် အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က မတ်လ ၃ ရက်တွင် ပင်လယ်ကွေ့ဒေသနှင့် အစ္စရေးကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လုပ်ခဲ့သည်။ တချိန်တည်းမှာပင် တီဟီရန်နှင့် ဆွေးနွေးရန် အရမ်းကို နောက်ကျသွားပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။
"သူတို့ (အီရန်) ရဲ့ လေကြောင်းရန်အကာအကွယ်၊ လေတပ်၊ ရေတပ်နဲ့ ခေါင်းဆောင်ပိုင်းတွေ အကုန်ပျက်စီးသွားပြီ။ သူတို့က အခုမှ လာပြီး ဆွေးနွေးချင်နေတယ်။ အဲဒီတော့ ကျွန်တော်က 'နောက်ကျသွားပြီ' လို့ပဲ ပြောလိုက်တယ်" ဟု ထရမ့်က သူ၏ Truth Social ဆိုရှယ်ပလက်ဖောင်းတွင် ရေးသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83735
#အမေရိကန်
#အီရန်
#လက်တုံ့ပြန်တိုက်ခိုက်မှုများ

👍17
https://www.youtube.com/watch?v=5y_5tjzf6jU
MYANMAR'S DEPUTY CHIEF ANNOUNCES PLAN TO INSTALL NEW PRESIDENT IN APRIL

YouTube

-----------------------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန...
💩7
https://www.youtube.com/watch?v=m1YQEdtHfvI
MONITORING GROUP WARNS OF MASS SURVEILLANCE TARGETING ANTI-JUNTA MOVEMENT
MONITORING GROUP WARNS OF MASS SURVEILLANCE TARGETING ANTI-JUNTA MOVEMENT
YouTube
MONITORING GROUP WARNS OF MASS SURVEILLANCE TARGETING ANTI-JUNTA MOVEMENT
-----------------------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန...
👍5
ဒေသတွင်း တင်းမာမှုများ ဆက်လက်အရှိန်မြင့်နေစဉ် ရီယာ့ဒ်မြို့ရှိ အမေရိကန်သံရုံးကို ပစ်မှတ်ထားသည့် အီရန်၏ တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ် ထုတ်ပြန်သည်။
ရီယာ့ဒ်ရှိ အမေရိကန်သံရုံး ဒရုန်းနှစ်စင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်းနှင့် ထိုတိုက်ခိုက်ခံရမှုကြောင့် အသေးစား မီးလောင်မှုနှင့် ပစ္စည်းကိရိယာတချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့သော်လည်း လူသေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး အတည်ပြုသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83738
#အမေရိကန်သံရုံး
#ရီယာ့ဒ်မြို့
#ဒရုန်းတိုက်ခိုက်မှု

👍12
"ဒါက တရားဝင် ပိတ်ဆို့တာမျိုး မဟုတ်ဘဲ အန္တရာယ်တွေကြောင့် ရပ်တန့်သွားတာဖြစ်ပါတယ်" ဟု ကုန်စည်စီးဆင်းမှုစောင့်ကြည့်ရေးကုမ္ပဏီ Kpler က ဆိုသည်။ ဟော်မုဇ်ရေလက်ကြားသည် ပုံမှန်အားဖြင့် တရက်လျှင် သင်္ဘောအစီးရေ ၈၀ မှ ၁၀၀ ခန့် ဖြတ်သန်းသွားလာနေပြီး ကမ္ဘာ့ရေနံသုံးစွဲမှု၏ ငါးပုံတပုံခန့်ကို သယ်ယူပို့ဆောင်ပေးနေသည့်လမ်းကြောင်း ဖြစ်သည်။ အစားထိုး အသုံးပြုနိုင်သော ပိုက်လိုင်းများမှာလည်း ယခုကဲ့သို့ အကြီးအကျယ် ရေနံပြတ်တောက်မှုမျိုးကို ဖြေရှင်းနိုင်စွမ်း မရှိပေ။
၎င်းတို့ထဲတွင် ရေနံစိမ်းတင်သင်္ဘော ၁၁၂ စီးနှင့် ကုန်သေတ္တာတင်သင်္ဘော ၁၁၄ စီး ပါဝင်သည်။ ထို့ပြင် ယူအေအီးနှင့် အိုမန် ကမ်းလွန်ပင်လယ်ပြင်တွင် စောင့်ဆိုင်းနေသော သင်္ဘောပေါင်း ၅၀၀ ခန့် ရှိသေးသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83741
#ဟော်မုဇ်ရေလက်ကြား
#သင်္ဘော
#ပိတ်မိ

👍12❤1👎1🔥1
ဗြိတိန်အစိုးရသည် မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ နိုင်ငံသားများအတွက် ပညာသင်ဗီဇာထုတ်ပေးမှုကို ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် ရပ်ဆိုင်းလိုက်သည်။ အဆိုပါနိုင်ငံသားများသည် ဗြိတိန်၏ စေတနာကောင်းမှုအပေါ် အခွင့်ကောင်းယူပြီး ခိုလှုံခွင့်တောင်းခံနေကြသည်ဟု ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်က စွပ်စွဲသည်။
မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် ဆူဒန်နိုင်ငံသားများအတွက် ပညာသင်ဗီဇာ (Study Visa) ထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး အာဖဂန်နိုင်ငံသားများအတွက်ကမူ အလုပ်ဗီဇာ (Work Visa) ကိုပါ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83744
#မြန်မာ
#ပညာသင်ဗီဇာ
#ယူကေ

👎10🔥2😱1
"အင်အားသုံးတာမျိုးက ပြဿနာတွေကို အမှန်တကယ် မဖြေရှင်းနိုင်ပါဘူး၊ အဲဒီအစား ပြဿနာအသစ်တွေကိုပဲ ဖန်တီးလေ့ရှိပြီး ရေရှည် ဆိုးကျိုးတွေ ကျန်ရစ်စေတယ်၊ စစ်ရေးအင်အားရဲ့ စစ်မှန်တဲ့တန်ဖိုးဟာ စစ်တလင်းပေါ်မှာ မဟုတ်ဘဲ စစ်ပွဲကို တားဆီးနိုင်ခြင်းမှာသာ ရှိပါတယ်" ဟု ဝမ်ယိက ဂီဒီယွန်ဆားအား ဖုန်းမှတဆင့် ပြောကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အင်္ဂါနေ့က ယခု ဖုန်းပြောဆိုမှုသည် တရုတ်ထိပ်တန်း သံတမန် ဝမ်ယိက ပြင်သစ်၊ အိုမန်နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးများနှင့် တနင်္လာနေ့က ဖုန်းခေါ်ဆိုမှုအပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို ဖုန်းပြောဆိုများတွင် ဝမ်ယိက ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို ညီညီညွတ်ညွတ် ဆန့်ကျင်ကြရန် တိုက်တွန်းခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83749
#အီရန်
#အစ္စရေး

👎9😁5❤2🤮1
“တနင်္လာနေ့အထိ လက်ဘနွန်ရှိ စုပေါင်းခိုလှုံရာနေရာများတွင် ရောက်ရှိမှတ်ပုံတင်လက်ခံထားသူများမှာ ၃၁,၀၀၀ ကျော်ရှိသွားပြီ” ဟု ကုလဒုက္ခသည်အေဂျင်စီ (UNHCR) မှပြောရေးဆိုခွင့်ရှိသူ ဘာဘာဘလော့ချ် (Babar Baloch) က AFP ကို ပြောသည်။
ကုလ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသူများကို အစား အစာဖြန့်ဖြူးမှုများ သူတို့စလုပ်ပေးနေပြီဟု ပြောသည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83748
#အရှေ့အလယ်ပိုင်း
#စစ်ပွဲကြောင့်
#လက်ဘနွန်
#အိုးမဲ့အိမ်မဲ့ဖြစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

👍8😢3
“နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းကိုဖယ်ရှားတာ၊ ဒုံးကျည်ထုတ်လုပ်နိုင်စွမ်းကိုဖယ်ရှားတာ၊ ခါမေနီ မရှိတော့တာတွေကို နေတိုးအဖွဲ့ထဲက ကျွန်တော့်လုပ်ဖော်ကိုင်ဖက်အများအပြားက ချီးကျူးကြတယ်လို့ ကျွန်တော်ခံစားမိပါတယ်” ဟု သူကပြောသည်။
ဥရောပနှင့်မြောက်အမေရိကကို ကာကွယ်ရန်ထူထောင်ထားသော နေတိုးစစ်မဟာမိတ်အဖွဲ့သည် ယခုစစ်ဆင်ရေးများတွင် “ပါဝင်မှုမရှိ” ဟု သူက အလေးအနက်ထားပြောသည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83754
#အမေရိကန်
#အီရန်
#တိုက်ခိုက်မှုအပေါ်
#ကျယ်ကျယ်ပြန့်ပြန့်
#ထောက်ခံမှုရှိ
#နေတိုးအဖွဲ့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
ဥရောပနှင့်မြောက်အမေရိကကို ကာကွယ်ရန်ထူထောင်ထားသော နေတိုးစစ်မဟာမိတ်အဖွဲ့သည် ယခုစစ်ဆင်ရေးများတွင် “ပါဝင်မှုမရှိ” ဟု သူက အလေးအနက်ထားပြောသည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83754
#အမေရိကန်
#အီရန်
#တိုက်ခိုက်မှုအပေါ်
#ကျယ်ကျယ်ပြန့်ပြန့်
#ထောက်ခံမှုရှိ
#နေတိုးအဖွဲ့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍13❤7
အိန္ဒိယနိုင်ငံတွင် ရှေ့လာမည့် ၂၅ ရက်စာအတွက် လုံလောက်သည့် ရေနံစိမ်းနှင့် စွမ်းအင်ထုတ်ကုန်များ (ဓာတ်ဆီနှင့် ဒီဇယ်) သိုလှောင်လက်ကျန်ပစ္စည်း အသီးသီးရှိနေပြီး စုစုပေါင်း ရက်ပေါင်း ၅၀ စာ ဖူလုံမှုရှိကြောင်း အစိုးရသတင်းရင်းမြစ်များက မတ်လ ၃ ရက် ပြောသည်။
"ရေနံစိမ်းအတွက်က ကျွန်တော်တို့ဟာ အတန်အသင့် စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်" ဟု သတင်းရင်းမြစ်တဦးက ပြောသည်။ "အခုချိန်မှာ ကျွန်တော်တို့မှာ ရေနံစိမ်း အရန်သိုလှောင်မှု ၂၅ ရက်စာ ရှိတဲ့အပြင် ၂၅ ရက်စာ စွမ်းအင်ထုတ်ကုန် လက်ကျန်တွေလည်း ရှိပါတယ်" ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83761
#အိန္ဒိယ
#ရေနံစိမ်း
#အရန်သိုလှောင်မှု
#၂၅_ရက်စာ
#ဓာတ်ဆီ
#ဒီဇယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
"ရေနံစိမ်းအတွက်က ကျွန်တော်တို့ဟာ အတန်အသင့် စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်" ဟု သတင်းရင်းမြစ်တဦးက ပြောသည်။ "အခုချိန်မှာ ကျွန်တော်တို့မှာ ရေနံစိမ်း အရန်သိုလှောင်မှု ၂၅ ရက်စာ ရှိတဲ့အပြင် ၂၅ ရက်စာ စွမ်းအင်ထုတ်ကုန် လက်ကျန်တွေလည်း ရှိပါတယ်" ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83761
#အိန္ဒိယ
#ရေနံစိမ်း
#အရန်သိုလှောင်မှု
#၂၅_ရက်စာ
#ဓာတ်ဆီ
#ဒီဇယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍11❤2
မဇ္ဈိမ ။ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း ဒေသတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မတ်လ ၂ ရက်နေ့တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မတ် ၄ ရက်) တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံတို့အကြား စစ်ပွဲကြောင့် အမေရိကန်တပ်စခန်းများရှိရာ အရှေ့အလယ်ပိုင်းနိုင်ငံများ၌ လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေစဉ် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/04/83765

“ရန်သူတွေအနေနဲ့ သင်ခန်းစာရလောက်တဲ့ အဆက်မပြတ်တိုက်ခိုက်မှုတွေကို မျှော်လင့်ထားလိုက် ပါ။ အမေရိကန်နဲ့ အစ္စရေးတို့အတွက် ငရဲတံခါးတွေဟာ အချိန်နဲ့အမျှ ထပ်ပွင့်လာတော့မှာပါ” ဟု IRGC ပြောရေးဆိုခွင့်ရှိသူ နာအီနီက ပြောသည်။
သက်ဆိုင်ရာ နယ်မြေအလိုက် စစ်ဆင်ရေးနှင့်ဗျူဟာမြောက် အဆင့်များတွင် တပ်မှူးများသည် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း အပြည့်အဝရှိကြောင်းနှင့် "ဘာမှစိုးရိမ်စရာမရှိ" ကြောင်း နာအီနီက ဆို သည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83768
#အမေရိကန်
#အစ္စရေး
#ငရဲတံခါးများ
#ပွင့်လာလိမ့်မည်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
သက်ဆိုင်ရာ နယ်မြေအလိုက် စစ်ဆင်ရေးနှင့်ဗျူဟာမြောက် အဆင့်များတွင် တပ်မှူးများသည် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း အပြည့်အဝရှိကြောင်းနှင့် "ဘာမှစိုးရိမ်စရာမရှိ" ကြောင်း နာအီနီက ဆို သည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83768
#အမေရိကန်
#အစ္စရေး
#ငရဲတံခါးများ
#ပွင့်လာလိမ့်မည်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
🔥7👎2👍1😁1
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ၎င်း၏ အစိုးရသည် "လေကြောင်းတိုက်ခိုက်ပြီး အစိုးရတရပ် အပြောင်း အလဲလုပ်ခြင်းကို မယုံကြည်ကြောင်း" တနင်္လာနေ့က လွှတ်တော်တွင် ပြောသည်။ အမေရိကန်၏ အီရန် စစ်ပွဲတွင် ပါဝင်ရန် စတာမာက ကနဦး ငြင်းဆိုခဲ့ခြင်းကြောင့်လည်း ထရမ့်၏ ဒေါသကို ဆွပေးသလို ဖြစ်ခဲ့သည်။
စတာမာကို "အကူအညီ မရဘူး" ဟု ထရမ့်က ပြောကာ "ဒီလိုမျိုး မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် တခါမှ မထင်ခဲ့ဘူး၊ ဗြိတိန်ဆီကနေ ဒီလိုမျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ဘူး၊ ကျွန်တော်တို့ ဗြိတိန်ကို ချစ်ပါတယ်" ဟု ထပ် လောင်း ပြောဆိုခဲ့သည်။
♦️ သတင်း အပြည့်အစုံ- https://bur.mizzima.com/2026/03/04/83773
#အမေရိကန်
#ဗြိတိန်
#ဆက်ဆံရေး
#ထရမ့်

👍5🔥4