Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္လာနေ့က ဆိုက်ပရပ်စ်ရှိ ဗြိတိန်လေတပ်စခန်းတခုသည် အီရန်ထုတ်ရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် ဂရိနှင့် ပြင်သစ်က ဆိုက်ပရပ်စ်သို့ ဖရီးဂိတ်စစ်သင်္ဘောများ စေလွှတ်ရန် သဘောတူခဲ့ကြသည်။

ထို့ပြင် ပြင်သစ်က ဒရုန်းနှင့် ဒုံးကျည်ရန်ကာကွယ်ရေး မြေပြင်အခြေစိုက်စနစ်များကိုလည်း ထပ်မံပေးပို့သွားမည်ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83731
#အီရန်ဒရုန်းများ
#ဆိုက်ပရပ်စ်
#စစ်ကူများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13
အစ္စရေးနှင့် အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က မတ်လ ၃ ရက်တွင် ပင်လယ်ကွေ့ဒေသနှင့် အစ္စရေးကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လုပ်ခဲ့သည်။ တချိန်တည်းမှာပင် တီဟီရန်နှင့် ဆွေးနွေးရန် အရမ်းကို နောက်ကျသွားပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

"သူတို့ (အီရန်) ရဲ့ လေကြောင်းရန်အကာအကွယ်၊ လေတပ်၊ ရေတပ်နဲ့ ခေါင်းဆောင်ပိုင်းတွေ အကုန်ပျက်စီးသွားပြီ။ သူတို့က အခုမှ လာပြီး ဆွေးနွေးချင်နေတယ်။ အဲဒီတော့ ကျွန်တော်က 'နောက်ကျသွားပြီ' လို့ပဲ ပြောလိုက်တယ်" ဟု ထရမ့်က သူ၏ Truth Social ဆိုရှယ်ပလက်ဖောင်းတွင် ရေးသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83735

#အမေရိကန်
#အီရန်
#လက်တုံ့ပြန်တိုက်ခိုက်မှုများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍17
ဒေသတွင်း တင်းမာမှုများ ဆက်လက်အရှိန်မြင့်နေစဉ် ရီယာ့ဒ်မြို့ရှိ အမေရိကန်သံရုံးကို ပစ်မှတ်ထားသည့် အီရန်၏ တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ် ထုတ်ပြန်သည်။

ရီယာ့ဒ်ရှိ အမေရိကန်သံရုံး ဒရုန်းနှစ်စင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်းနှင့် ထိုတိုက်ခိုက်ခံရမှုကြောင့် အသေးစား မီးလောင်မှုနှင့် ပစ္စည်းကိရိယာတချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့သော်လည်း လူသေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး အတည်ပြုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83738

#အမေရိကန်သံရုံး
#ရီယာ့ဒ်မြို့
#ဒရုန်းတိုက်ခိုက်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12
"ဒါက တရားဝင် ပိတ်ဆို့တာမျိုး မဟုတ်ဘဲ အန္တရာယ်တွေကြောင့် ရပ်တန့်သွားတာဖြစ်ပါတယ်" ဟု ကုန်စည်စီးဆင်းမှုစောင့်ကြည့်ရေးကုမ္ပဏီ Kpler က ဆိုသည်။ ဟော်မုဇ်ရေလက်ကြားသည် ပုံမှန်အားဖြင့် တရက်လျှင် သင်္ဘောအစီးရေ ၈၀ မှ ၁၀၀ ခန့် ဖြတ်သန်းသွားလာနေပြီး ကမ္ဘာ့ရေနံသုံးစွဲမှု၏ ငါးပုံတပုံခန့်ကို သယ်ယူပို့ဆောင်ပေးနေသည့်လမ်းကြောင်း ဖြစ်သည်။ အစားထိုး အသုံးပြုနိုင်သော ပိုက်လိုင်းများမှာလည်း ယခုကဲ့သို့ အကြီးအကျယ် ရေနံပြတ်တောက်မှုမျိုးကို ဖြေရှင်းနိုင်စွမ်း မရှိပေ။

၎င်းတို့ထဲတွင် ရေနံစိမ်းတင်သင်္ဘော ၁၁၂ စီးနှင့် ကုန်သေတ္တာတင်သင်္ဘော ၁၁၄ စီး ပါဝင်သည်။ ထို့ပြင် ယူအေအီးနှင့် အိုမန် ကမ်းလွန်ပင်လယ်ပြင်တွင် စောင့်ဆိုင်းနေသော သင်္ဘောပေါင်း ၅၀၀ ခန့် ရှိသေးသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83741

#ဟော်မုဇ်ရေလက်ကြား
#သင်္ဘော
#ပိတ်မိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤1👎1🔥1
ဗြိတိန်အစိုးရသည် မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ နိုင်ငံသားများအတွက် ပညာသင်ဗီဇာထုတ်ပေးမှုကို ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် ရပ်ဆိုင်းလိုက်သည်။ အဆိုပါနိုင်ငံသားများသည် ဗြိတိန်၏ စေတနာကောင်းမှုအပေါ် အခွင့်ကောင်းယူပြီး ခိုလှုံခွင့်တောင်းခံနေကြသည်ဟု ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်က စွပ်စွဲသည်။

မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် ဆူဒန်နိုင်ငံသားများအတွက် ပညာသင်ဗီဇာ (Study Visa) ထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး အာဖဂန်နိုင်ငံသားများအတွက်ကမူ အလုပ်ဗီဇာ (Work Visa) ကိုပါ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83744

#မြန်မာ
#ပညာသင်ဗီဇာ
#ယူကေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎10🔥2😱1
"အင်အားသုံးတာမျိုးက ပြဿနာတွေကို အမှန်တကယ် မဖြေရှင်းနိုင်ပါဘူး၊ အဲဒီအစား ပြဿနာအသစ်တွေကိုပဲ ဖန်တီးလေ့ရှိပြီး ရေရှည် ဆိုးကျိုးတွေ ကျန်ရစ်စေတယ်၊ စစ်ရေးအင်အားရဲ့ စစ်မှန်တဲ့တန်ဖိုးဟာ စစ်တလင်းပေါ်မှာ မဟုတ်ဘဲ စစ်ပွဲကို တားဆီးနိုင်ခြင်းမှာသာ ရှိပါတယ်" ဟု ဝမ်ယိက ဂီဒီယွန်ဆားအား ဖုန်းမှတဆင့် ပြောကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အင်္ဂါနေ့က ယခု ဖုန်းပြောဆိုမှုသည် တရုတ်ထိပ်တန်း သံတမန် ဝမ်ယိက ပြင်သစ်၊ အိုမန်နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးများနှင့် တနင်္လာနေ့က ဖုန်းခေါ်ဆိုမှုအပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို ဖုန်းပြောဆိုများတွင် ဝမ်ယိက ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို ညီညီညွတ်ညွတ် ဆန့်ကျင်ကြရန် တိုက်တွန်းခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83749

#အီရန်
#အစ္စရေး
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎9😁5❤2🤮1
“တနင်္လာနေ့အထိ လက်ဘနွန်ရှိ စုပေါင်းခိုလှုံရာနေရာများတွင် ရောက်ရှိမှတ်ပုံတင်လက်ခံထားသူများမှာ ၃၁,၀၀၀ ကျော်ရှိသွားပြီ” ဟု ကုလဒုက္ခသည်အေဂျင်စီ (UNHCR) မှပြောရေးဆိုခွင့်ရှိသူ ဘာဘာဘလော့ချ် (Babar Baloch) က AFP ကို ပြောသည်။

ကုလ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသူများကို အစား အစာဖြန့်ဖြူးမှုများ သူတို့စလုပ်ပေးနေပြီဟု ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83748

#အရှေ့အလယ်ပိုင်း
#စစ်ပွဲကြောင့်
#လက်ဘနွန်
#အိုးမဲ့အိမ်မဲ့ဖြစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍8😢3
“နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းကိုဖယ်ရှားတာ၊ ဒုံးကျည်ထုတ်လုပ်နိုင်စွမ်းကိုဖယ်ရှားတာ၊ ခါမေနီ မရှိတော့တာတွေကို နေတိုးအဖွဲ့ထဲက ကျွန်တော့်လုပ်ဖော်ကိုင်ဖက်အများအပြားက ချီးကျူးကြတယ်လို့ ကျွန်တော်ခံစားမိပါတယ်” ဟု သူကပြောသည်။

ဥရောပနှင့်မြောက်အမေရိကကို ကာကွယ်ရန်ထူထောင်ထားသော နေတိုးစစ်မဟာမိတ်အဖွဲ့သည် ယခုစစ်ဆင်ရေးများတွင် “ပါဝင်မှုမရှိ” ဟု သူက အလေးအနက်ထားပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83754

#အမေရိကန်
#အီရန်
#တိုက်ခိုက်မှုအပေါ်
#ကျယ်ကျယ်ပြန့်ပြန့်
#ထောက်ခံမှုရှိ
#နေတိုးအဖွဲ့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍13❤7
အိန္ဒိယနိုင်ငံတွင် ရှေ့လာမည့် ၂၅ ရက်စာအတွက် လုံလောက်သည့် ရေနံစိမ်းနှင့် စွမ်းအင်ထုတ်ကုန်များ (ဓာတ်ဆီနှင့် ဒီဇယ်) သိုလှောင်လက်ကျန်ပစ္စည်း အသီးသီးရှိနေပြီး စုစုပေါင်း ရက်ပေါင်း ၅၀ စာ ဖူလုံမှုရှိကြောင်း အစိုးရသတင်းရင်းမြစ်များက မတ်လ ၃ ရက် ပြောသည်။

"ရေနံစိမ်းအတွက်က ကျွန်တော်တို့ဟာ အတန်အသင့် စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်" ဟု သတင်းရင်းမြစ်တဦးက ပြောသည်။ "အခုချိန်မှာ ကျွန်တော်တို့မှာ ရေနံစိမ်း အရန်သိုလှောင်မှု ၂၅ ရက်စာ ရှိတဲ့အပြင် ၂၅ ရက်စာ စွမ်းအင်ထုတ်ကုန် လက်ကျန်တွေလည်း ရှိပါတယ်" ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83761

#အိန္ဒိယ
#ရေနံစိမ်း
#အရန်သိုလှောင်မှု
#၂၅_ရက်စာ
#ဓာတ်ဆီ
#ဒီဇယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍11❤2
မဇ္ဈိမ ။ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း ဒေသတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မတ်လ ၂ ရက်နေ့တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မတ် ၄ ရက်) တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံတို့အကြား စစ်ပွဲကြောင့် အမေရိကန်တပ်စခန်းများရှိရာ အရှေ့အလယ်ပိုင်းနိုင်ငံများ၌ လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေစဉ် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/04/83765
👍11❤3
“ရန်သူတွေအနေနဲ့ သင်ခန်းစာရလောက်တဲ့ အဆက်မပြတ်တိုက်ခိုက်မှုတွေကို မျှော်လင့်ထားလိုက် ပါ။ အမေရိကန်နဲ့ အစ္စရေးတို့အတွက် ငရဲတံခါးတွေဟာ အချိန်နဲ့အမျှ ထပ်ပွင့်လာတော့မှာပါ” ဟု IRGC ပြောရေးဆိုခွင့်ရှိသူ နာအီနီက ပြောသည်။

သက်ဆိုင်ရာ နယ်မြေအလိုက် စစ်ဆင်ရေးနှင့်ဗျူဟာမြောက် အဆင့်များတွင် တပ်မှူးများသည် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း အပြည့်အဝရှိကြောင်းနှင့် "ဘာမှစိုးရိမ်စရာမရှိ" ကြောင်း နာအီနီက ဆို သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83768

#အမေရိကန်
#အစ္စရေး
#ငရဲတံခါးများ
#ပွင့်လာလိမ့်မည်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
🔥7👎2👍1😁1
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ၎င်း၏ အစိုးရသည် "လေကြောင်းတိုက်ခိုက်ပြီး အစိုးရတရပ် အပြောင်း အလဲလုပ်ခြင်းကို မယုံကြည်ကြောင်း" တနင်္လာနေ့က လွှတ်တော်တွင် ပြောသည်။ အမေရိကန်၏ အီရန် စစ်ပွဲတွင် ပါဝင်ရန် စတာမာက ကနဦး ငြင်းဆိုခဲ့ခြင်းကြောင့်လည်း ထရမ့်၏ ဒေါသကို ဆွပေးသလို ဖြစ်ခဲ့သည်။

စတာမာကို "အကူအညီ မရဘူး" ဟု ထရမ့်က ပြောကာ "ဒီလိုမျိုး မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် တခါမှ မထင်ခဲ့ဘူး၊ ဗြိတိန်ဆီကနေ ဒီလိုမျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ဘူး၊ ကျွန်တော်တို့ ဗြိတိန်ကို ချစ်ပါတယ်" ဟု ထပ် လောင်း ပြောဆိုခဲ့သည်။

♦️ သတင်း အပြည့်အစုံ- https://bur.mizzima.com/2026/03/04/83773

#အမေရိကန်
#ဗြိတိန်
#ဆက်ဆံရေး
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍5🔥4
တရုတ်က အီရန်ထံမှ ရေနံကို ဝယ်ယူရုံသာမက အမေရိကန်ဒေါ်လာကို ကျော်လွှားနိုင်မည့် ငွေပေးချေမှုစနစ်တခုကိုလည်း တိတ်တဆိတ် တည်ဆောက်ခဲ့သည်။

ယခုအခါ အီရန်တွင် စစ်မီးကူးစက်လာပြီး ရေနံစျေးမှာလည်း တစည်လျှင် ၇၀ ဒေါ်လာအထိ မြင့်တက်လာချိန်တွင် ယင်းငွေပေးချေမှုစနစ်အပေါ် အာရုံစိုက်မှုများက တကျော့ပြန် မြင့်တက်လာခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83776

#လျှို့ဝှက်ဘဏ်
#အမေရိကန်
#အီရန်
#ပဋိပက္ခ
#တရုတ်
#ရေငုံနှုတ်ပိတ်နေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👎6🔥2👏1🤬1