Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒူဘိုင်းနှင့်ရိယဒ် အပါအဝင်လေကြောင်းလမ်းဆုံနေရာများမှ လေကြောင်းလိုင်းများအကန့်အသတ်ဖြင့် ခရီးစဉ်များပြန်လည်ပြေးဆွဲနေပြီဖြစ်ကာ အစိုးရများကလည်း စင်းလုံးငှားလေယာဉ်များဖြင့် ကမ္ဘာတဝန်း သောင်းပေါင်းများစွာသောင်တင်နေသည့် သူတို့နိုင်ငံသားများကို ကယ်ထုတ်ပေးနေကြပြီဖြစ်သည်။

“လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး” ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့အကြား ညဘက်တွင် လေပိုင်နက်ကို တဖြည်းဖြည်း ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း အစ္စရေးသယ်ယူပို့ဆောင်ရေးဝန်ကြီး က ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/05/83910

#အရှေ့အလယ်ပိုင်း
#စစ်ပွဲကြောင့်
#ပိတ်မိနေသူများ
#ကယ်ထုတ်မည့်
#လေကြောင်းခရီးစဉ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
---------------------------------------
👍14❤1
အဆိုပါစစ်ဆင်ရေးအတွင်း ရုရှားပင်လယ်နက်ရေတပ်စု၏ အဓိကအခြေစိုက်စခန်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောအများအပြား ထိမှန်ခဲ့ပြီး ရုရှားစစ်ဘက်မှ သုံးဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ပျက်စီးသွားသော သင်္ဘောများတွင် Project 266M မိုင်းရှင်းသင်္ဘော “Valentin Pikul”၊ Project 1124M Albatros-class စစ်သင်္ဘော “Yeysk” နှင့် “Kasimov”နှင့် အခြားသင်္ဘော နှစ်စီး တို့ပါဝင်ပြီး ဂြိုဟ်တုဓာတ်ပုံများနှင့် ဒေသတွင်းသတင်းများအရ စုစုပေါင်း သင်္ဘော ငါးစီး ထိခိုက်ခဲ့ကြောင်း အတည်ပြုထားသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/05/83913

#ယူကရိန်း
#အကြီးစား
#တိုက်ခိုက်မှု
#ရုရှားရေတပ်
#ထိခိုက်ပျက်စီး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
---------------------------------------
👍11👏2❤1
အမေရိကန်နှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲ၏ ကနဦးဦးတည်ချက်က ထရမ့်အား လုပ်ကြံရန် ဦးဆောင်သူ အဆိုပါအရာရှိ မဟုတ်ကြောင်း ဟက်ဂ်ဆက်ရှ်က အလေးပေးပြောသော်လည်း၊ ထရမ့်ကို လုပ်ကြံမည့်အဖွဲ့ကို ဦးဆောင်သူ အမည်မဖော်ပြထားသည့် ထိုအီရန် အရာရှိဆိုသူကို သတ် ဖြတ်နိုင်ခဲ့၍ ပုဂ္ဂိုလ်ရေးအရ အရေးပါသည့် ကိစ္စရပ်အဖြစ်တော့ ပြောဆိုသည်။

အီရန် ဦးသျှောင် အယာတိုလာ အလီခါမေနီကို သုတ်သင်နိုင်ခဲ့သည့် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေးနှင့် ပတ်သက်ပြီး တနင်္ဂနွေနေ့က ABC News သို့ ပြောရာတွင် ထရမ့်က အီရန်၏ လုပ် ကြံမည့် အကြံအစည်ကို ရည်ညွှန်းပြီး "သူ ကျွန်တော့်ကို မသတ်ခင် ကျွန်တော်က သူ့ကို အရင်သတ်လိုက်တာပဲ" ဟု ပြောဆိုခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/05/83916

#လုပ်ကြံရန်
#ကြံစည်သူ
#သုတ်သင်အပြီး
#ထရမ့်
#အောင်နိုင်သူအပြုံး
#ပင်တဂွန်အကြီးအကဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
---------------------------------------------
👍13❤2
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့ရှိ သုံ့ပန်းထိန်းသိမ်းရေးစခန်းတခုကို စစ်ကော်မရှင်တပ်က ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရှစ်နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သုံ့ပန်းမိသားစုဝင် ငါးဦး သေဆုံးသွားကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသူများမှာ ရှစ်နှစ်အရွယ် မိန်းကလေးငယ်တဦး၊ အမျိုးသမီး သုံးဦးနှင့် အမျိုးသားတဦးတို့ ဖြစ်သည်။

“ထိန်းသိမ်းရေးစခန်းပါ။ ထောင်မဟုတ်ပါဘူး။ (သေဆုံးသူတွေက)ဖားဆောင်းက ဖမ်းမိတဲ့ အမျိုးသမီးနှင့် ကလေးတွေပါ။ ရှစ်နှစ်သမီးတဦးပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အသေးစိတ်တော့မသိသေးဘူးဗျ”ဟု IEC အတွင်းရေးမှူး ဦးဗညားခွန်အောင်က မဇ္ဈိမသို့ပြောသည်။ Read more: https://bur.mizzima.com/2026/03/05/83919
👎6👍2😁1
မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ ချမ်းကြူအိုင်အထည်ချုပ်စက်ရုံမှ အလုပ်သမား ဝန်ထမ်း ၁၀၀ ကျော် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်နေသည်မှာ ခြောက်ရက်ခန့်ရှိပြီဖြစ်သော်လည်း ယနေ့ (မတ်လ ၅ ရက်)အထိ ပြေလည်မှုမရသေးကြောင်း သိရသည်။

စက်ရုံဘက်မှ နဂို သဘောတူညီထားသည့် ရက်မှန်ကြေး ၅၀,၀၀၀ ကျပ်အစား ရက်မှန်ကြေး ၃၀,၀၀၀ ကျပ်သာ ပေးတော့မည်ဟုဆိုခြင်းနှင့် အထည်ကြေးအား ၃၀,၀၀၀ ဖိုး မပြည့်ပါက ပေးမည်မဟုတ်ကြောင်း ပြောသောကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝန်ထမ်းများ ဆန္ဒပြတောင်းဆိုမှု စတင်ခဲ့သည်။

Read more: https://bur.mizzima.com/2026/03/05/83919
👍9🔥2❤1
အရှေ့တောင်အာရှနိုင်ငံဖြစ်သော မြန်မာနိုင်ငံရှိ လူသားအားလုံးအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် "မြန်မာက ဦးဆောင်ပြီး မြန်မာ ကိုယ်ပိုင်" ဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အိန္ဒိယနိုင်ငံက ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

မြန်မာနိုင်ငံသည် အိန္ဒိယ၏ အဓိက နိုင်ငံခြားရေးမူဝါဒ (၃) ရပ်ဖြစ်သော ‘အိမ်နီးချင်း ဦးစားပေး' ‘အရှေ့မျှော်ဝါဒ’ နှင့် ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးမှုအတွက် အပြန်အလှန် ဘက်စုံမြှင့်တင်ရေးတို့ ဆုံစည်းရာတွင် တည်ရှိ၍ မြန်မာနှင့် ဆက်ဆံရေးကို အိန္ဒိယက အထူး အလေးထားကြောင်း ဝန်ကြီးက အသားပေး ပြောသည်။

အထက်ပါ မှတ်ချက်ပြုစကားကို ရန်ကုန်မြို့လယ်ရှိ အိန္ဒိယ အကူအညီဖြင့် တည်ဆောက်ခဲ့သော ‘စာဆိုဗိမာန်’ စာပေဗဟိုဌာန အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားတွင် ဂျေရှန်ကာက အွန်လိုင်းမှတဆင့် ပြောခဲ့ခြင်း ဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/05/83932
👍6🔥2💩1
ခါမေနီ၏သား အာဏာဆက်ခံနိုင်ခြေရှိချိန် အီရန်၏အနာဂတ်အပေါ် အိမ်ဖြူတော် စောင့်ကြည့်

The Jerusalem Post

အီရန်စစ်ဆင်ရေးများပြီးပါက နိုင်ငံအတွင်း အမေရိကန်ပါဝင်မည့် အခန်းကဏ္ဍနှင့်ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က အကြံပေးများနှင့် ဆွေးနွေးလျက်ရှိကြောင်းနှင့် သေဆုံးသွားပြီဖြစ်သော အီရန်ဦးသျှောင်၏ သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီသည် ဖခင်၏နေရာကို ဆက်ခံရန် အလားအလာအရှိဆုံးသူဟု သတင်းများထွက်ပေါ်နေသည့်အပေါ် အမေရိကန်ထောက်လှမ်းရေးက စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့ (မတ်လ ၄ ရက်) တွင် ပြောကြားခဲ့သည်။

"ကျွန်မတို့လည်း အဲဒီသတင်းတွေကို တွေ့ပါတယ်။ ဒါဟာ ကျွန်မတို့ ထောက်လှမ်းရေးအေဂျင်စီတွေ စောင့်ကြည့်နေတဲ့ အရာပါ။ တကယ်တမ်း ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ" ဟု ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီဗစ်က သတင်းထောက်များကို ပြောသည်။

ခါမေနီ၏သား မိုဂျ်တာဘာသည် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် နှစ်ရှည်လများ နီးကပ်သောဆက်ဆံရေး တည်ဆောက်ခဲ့ပြီး ဘာသာရေးအသိုင်းအဝိုင်းအတွင်း ဩဇာလွှမ်းမိုးမှု ထူထောင်နိုင်ခဲ့သူဖြစ်ရာ ဖခင်နေရာကို ဆက်ခံရန် အလားအလာ အရှိဆုံးသူ ဖြစ်လာခဲ့သည်။

စစ်ဆင်ရေးများ…
👍11❤1
“ထောက်ပံ့ရေးကွင်းဆက်ဆိုတာ ရထားတွဲအများကြီးပါတဲ့ ရထားတစင်းလိုပဲ၊ ရထားတွဲတတွဲစီကို ကမ္ဘာပေါ်က ဆိပ်ကမ်းတခုစီလို့ သဘောထားကြည့်ပါ၊ တကယ်လို့ ရထားတွဲတတွဲ လမ်းချော်သွားရင် သူ့ရှေ့က ဒါမှမဟုတ် သူ့နောက်က ရထားတွဲတွေကိုပါ ဒိုမီနိုလို လိုက်ပြီးသက်ရောက်မှု ရှိစေပါတယ်၊ ဒါကြောင့် ဒီ စစ်ပွဲကြောင့် ဆိပ်ကမ်းအရေအတွက် အနည်းငယ်ပဲ ထိခိုက်တာဆိုပေမဲ့ ထောက် ပံ့ရေးကွင်းဆက်တခုလုံးအပေါ်မှာတော့ ကြီးမားတဲ့သက်ရောက်မှု ရှိနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြ သည်။

ဟော်မုဇ်ရေလက်ကြားမှတဆင့် ရေနံနှင့် ကုန်သွယ်မှုများ ပြန်လည်ကူးသန်းနိုင်စေရန် ရည်ရွယ်သည့် အစီအစဉ်တရပ်ကို သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့၌ ချပြလာသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/05/83939

#အီရန်စစ်ပွဲ
#ထောက်ပံ့ရေး
#ကွင်းဆက်ပြတ်တောက်
#ဆေးဝါး
#လျှပ်စစ်ပစ္စည်း
#ကုန်စည်စျေးနှုန်းများ
#မြင့်တက်နိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
---------------------------------------
👍12🔥2❤1
တောင်ကြီးတွင် စစ်မှုထမ်းစာရင်း ပါဝင်သူများအား ဖမ်းဆီးမှုနှင့် ပေါ်တာဆွဲမှု မြင့်တက်

ရောင်နီ

မဇ္ဈီမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်မှုထမ်းစာရင်း ပါဝင်သူများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်စဉ်များ မြင့်တက်လာနေသည့်အတွက် ဂရုပြုနေထိုင်ကြရန် ဒေသခံများက တိုက်တွန်းသည်။

တောင်ကြီးမြို့တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများအား အာဏာသိမ်းစစ်ကော်မရှင်တပ်အပြင် စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) ကပါ လုပ်ဆောင်နေခြင်းဟု ဆိုသည်။

“ စစ်မှုထမ်းဥပဒေထုတ်ပြီးကတည်းက ရပ်ကွက်ကတဆင့် စစ်မှုထမ်းခေါ်တာရှိတယ်၊ မြို့နယ်ထွေအုပ်က ဦးဆောင်ပြီး လူလိုက်ဖမ်းပြီး ပေါ်တာဆွဲတာရှိမယ်၊ PNO/PNA က စစ်သားစုဆောင်းတာရှိမယ်။ စစ်အုပ်ချုပ်ရေးအပြည့် သက်ရောက်နေတာဆိုတော့လေ အကုန် သူတို့ခြေသူတို့လက်ချည်းပဲ” ဟု တောင်ကြီးဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းစစ်ကော်မရှင်က အလုံးစုံ ထိန်းချုပ်ထားသည့် တောင်ကြီးမြို့တွင် ရပ်ကွက် ၂၂ ခုရှိသည်။

ယခင်က စစ်မှုထမ်းစာရင်း၌ပါဝင်သူများသည် ငွေပေးခြင်း၊ လူစားထိုးခြင်းများ ပြုလုပ်နိုင်သော်လည်း ပြီးခဲ့သည့်…
🔥8❤3👍1👎1😁1
တောင်ကြီးတွင် စစ်မှုထမ်းစာရင်း ပါဝင်သူများအား ဖမ်းဆီးမှုနှင့် ပေါ်တာဆွဲမှု မြင့်တက်

ရောင်နီ

မဇ္ဈီမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်မှုထမ်းစာရင်း ပါဝင်သူများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်စဉ်များ မြင့်တက်လာနေသည့်အတွက် ဂရုပြုနေထိုင်ကြရန် ဒေသခံများက တိုက်တွန်းသည်။

တောင်ကြီးမြို့တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများအား အာဏာသိမ်းစစ်ကော်မရှင်တပ်အပြင် စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) ကပါ လုပ်ဆောင်နေခြင်းဟု ဆိုသည်။

“ စစ်မှုထမ်းဥပဒေထုတ်ပြီးကတည်းက ရပ်ကွက်ကတဆင့် စစ်မှုထမ်းခေါ်တာရှိတယ်၊ မြို့နယ်ထွေအုပ်က ဦးဆောင်ပြီး လူလိုက်ဖမ်းပြီး ပေါ်တာဆွဲတာရှိမယ်၊ PNO/PNA က စစ်သားစုဆောင်းတာရှိမယ်။ စစ်အုပ်ချုပ်ရေးအပြည့် သက်ရောက်နေတာဆိုတော့လေ အကုန် သူတို့ခြေသူတို့လက်ချည်းပဲ” ဟု တောင်ကြီးဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းစစ်ကော်မရှင်က အလုံးစုံ ထိန်းချုပ်ထားသည့် တောင်ကြီးမြို့တွင် ရပ်ကွက် ၂၂ ခုရှိသည်။

ယခင်က စစ်မှုထမ်းစာရင်း၌ပါဝင်သူများသည် ငွေပေးခြင်း၊ လူစားထိုးခြင်းများ ပြုလုပ်နိုင်သော်လည်း ပြီးခဲ့သည့်…
👎5🤬4🔥1
စစ်ကော်မရှင်၏ CEIR စနစ်နှင့် ပတ်သက်ပြီး လုံခြုံရေးသတိပြုရန် MIP အသိပေး

001

မဇ္ဈိမ။ ။ စစ်ကော်မရှင်၏ ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)သည် ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးယန္တရားအတွက် ထပ်တိုးအဆင့်မြှင့်လာခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် လုံခြုံရေးသတိပြုရန် မြန်မာအင်တာနက်ပရောဂျက် (MIP)က အသိပေးသည်။

မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းများ၏ မူရင်းအမှတ်အသား (IMEI Code) ကို CEIR ၌ မှတ်ပုံတင်မှုကို ယခုမတ်လ ပထမပတ်ကစပြီး စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ယနေ့(မတ်လ ၅ ရက်)ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါ စနစ်သည် တည်နေရာခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာခြင်း၊ အစုလိုက် အပြုံလိုက် စောင့်ကြည့်ရန် လွယ်ကူလာခြင်း၊ ပစ်မှတ်ထားပိတ်ဆို့ရန် လွယ်ကူခြင်း၊ မိုဘိုင်းဖုန်းအား ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားခြင်းနှင့် ဟက်ကာများ၏ ပစ်မှတ်ဖြစ်လာနိုင်ခြင်း စသည်တို့ကို ဖြစ်စေနိုင်ကြောင်း MIP က ယနေ့ ထုတ်ပြန်သည်။

“ စစ်ကော်မရှင်ဟာ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးနည်းလမ်းတွေကို အကောင်အထည်ဖော် အသုံးပြုနေတာ ကာလတခုရှိနေပါပြီ။…
👍7👎2😁1🍓1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၅ မတ် ၂၀၂၆ )

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မိုဘိုင်းဖုန်းတစ်လုံးချင်းစီ၏ မှတ်ပုံတင်နံပါတ် (International Mobile Equipment Identity-IMEI) နံပါတ်များကို လာမည့် မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံစနစ် (Central Equipment Identity Register-CEIR) တွင် မိမိအသုံးပြုနေသော ဆင်းကတ်များဖြင့် မှတ်ပုံတင် ထည့်သွင်းအသုံးပြုရမည်ဖြစ်ကြောင်း စစ်အုပ်စု ထိန်းချုပ်သော CEIR နှင့် EIR စနစ်စီမံကိန်း ဦးစီးကော်မတီက ယနေ့ ထုတ်ပြန်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စစ်ကော်မရှင်
#CEIR
#မိုဘိုင်းဆက်သွယ်ရေး
#ကွန်ရက်များ
#ဆင်းကတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
---------------------------------------
👎6👍2
ပုလဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၊ ကလေးငယ်အပါအဝင် ဒေသခံ ၅ ဦးသေဆုံး

ပါခွီး

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ကလေးတဦး အပါအဝင် ငါးဦး သေဆုံးခဲ့ကြောင်း ဒေသခံနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

“မနေ့ညက နမခ က တက်လာတဲ့ ပါရာမော်တာ နှစ်စီးနဲ့ကြဲတယ် ၊ ဒီမနက်ကတော့ ဂျိုင်ရိုကော်ပတာနဲ့ ထပ်ကြဲတာ ၊ မနေ့ က လေးယောက်သေတယ် ၊ ဒဏ်ရာရတဲ့အထဲကမှ ဒီမနက်တယောက် ထပ်ဆုံးတာ” ဟု ဒေသခံက မဇ္ဈိမကို ယနေ့(မတ်လ ၅ ရက်)တွင် ပြောသည်။

ပုလဲမြို့နယ် ၊ မရိုးတုန်းကျေးရွာကို ယမန်နေ့( မတ်လ ၄ ရက်) ည ၉ နာရီအချိန် ပါရာမော်တာ (စက်တပ်လေထီး) နှစ်စီးဖြင့် ဗုံးကြဲခဲ့ရာ မရိုးတုန်းအနောက်ရွာမှ အသက် ၈၅နှစ်အရွယ် ဒေါ်မိကြည် ၊ မရိုးတုန်းမြောက်ရွာမှ အသက် ၈၀နှစ်အရွယ် ဒေါ်စံအေး ၊ မရိုးတုန်းအရှေ့ရွာမှ ၁၃ နှစ်အရွယ် မမြတ်လေးနွယ်နှင့် အသက် ၄၇နှစ်အရွယ် ကိုထွန်းမြင့်တို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် မရိုးတုန်းအရှေ့ရွာမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၄၈ နှစ်ရှိ အမျိုးသား ၊ မရိုးတုန်းမြောက်ရွာမှ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဦး…
👎7🤬2❤1😁1
အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုများ မကြာမီလာတော့မည်ကို သိရှိထားသော် လည်း အီရန်နိုင်ငံ့ဦးသျှောင်အလီခါမေနီ အပါအဝင် အစိုးရတာဝန်ရှိသူများသည် စနေနေ့နံနက်ပိုင်းတွင် တီဟီရန်မြို့ရှိ ဝင်းတခုအတွင်း တွေ့ဆုံခဲ့ကြသည်။

၎င်းတို့က တရုတ်ထုတ် HQ−9B မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ကို အဆင့်မြှင့်တင်ကာ ကြိုတင်ပြင်ဆင်ထားခဲ့ကြပြီး၊ ယင်းစနစ်ကို ယုံကြည်ကာ အစည်းအဝေးပြုလုပ်ခဲ့ကြသော်လည်း ၎င်းတို့၏ ခန့်မှန်းချက်မှားယွင်းခဲ့သည်။

မိနစ်ပိုင်းအတွင်းမှာပင် အစ္စရေးတိုက်လေယာဉ်များက ဒုံးကျည်အစင်း ၃၀ ကျော်ဖြင့် အဆိုပါဝင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခေါင်းဆောင်ကြီး ခါမေနီ အပါအဝင် အစိုးရတာဝန်ရှိသူများ သေဆုံးခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/05/83969

#ပါကစ္စတန်
#အီရန်
#ဖြစ်ရပ်များ
#တရုတ်
#စက္ကူကျား
#လေကြောင်းရန်
#ကာကွယ်ရေးစနစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
---------------------------------------
🤣8❤3👍1👎1👏1