Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ခါမေနီ၏သား အာဏာဆက်ခံနိုင်ခြေရှိချိန် အီရန်၏အနာဂတ်အပေါ် အိမ်ဖြူတော် စောင့်ကြည့်

The Jerusalem Post

အီရန်စစ်ဆင်ရေးများပြီးပါက နိုင်ငံအတွင်း အမေရိကန်ပါဝင်မည့် အခန်းကဏ္ဍနှင့်ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က အကြံပေးများနှင့် ဆွေးနွေးလျက်ရှိကြောင်းနှင့် သေဆုံးသွားပြီဖြစ်သော အီရန်ဦးသျှောင်၏ သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီသည် ဖခင်၏နေရာကို ဆက်ခံရန် အလားအလာအရှိဆုံးသူဟု သတင်းများထွက်ပေါ်နေသည့်အပေါ် အမေရိကန်ထောက်လှမ်းရေးက စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့ (မတ်လ ၄ ရက်) တွင် ပြောကြားခဲ့သည်။

"ကျွန်မတို့လည်း အဲဒီသတင်းတွေကို တွေ့ပါတယ်။ ဒါဟာ ကျွန်မတို့ ထောက်လှမ်းရေးအေဂျင်စီတွေ စောင့်ကြည့်နေတဲ့ အရာပါ။ တကယ်တမ်း ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ" ဟု ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီဗစ်က သတင်းထောက်များကို ပြောသည်။

ခါမေနီ၏သား မိုဂျ်တာဘာသည် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် နှစ်ရှည်လများ နီးကပ်သောဆက်ဆံရေး တည်ဆောက်ခဲ့ပြီး ဘာသာရေးအသိုင်းအဝိုင်းအတွင်း ဩဇာလွှမ်းမိုးမှု ထူထောင်နိုင်ခဲ့သူဖြစ်ရာ ဖခင်နေရာကို ဆက်ခံရန် အလားအလာ အရှိဆုံးသူ ဖြစ်လာခဲ့သည်။

စစ်ဆင်ရေးများ…
👍11❤1
“ထောက်ပံ့ရေးကွင်းဆက်ဆိုတာ ရထားတွဲအများကြီးပါတဲ့ ရထားတစင်းလိုပဲ၊ ရထားတွဲတတွဲစီကို ကမ္ဘာပေါ်က ဆိပ်ကမ်းတခုစီလို့ သဘောထားကြည့်ပါ၊ တကယ်လို့ ရထားတွဲတတွဲ လမ်းချော်သွားရင် သူ့ရှေ့က ဒါမှမဟုတ် သူ့နောက်က ရထားတွဲတွေကိုပါ ဒိုမီနိုလို လိုက်ပြီးသက်ရောက်မှု ရှိစေပါတယ်၊ ဒါကြောင့် ဒီ စစ်ပွဲကြောင့် ဆိပ်ကမ်းအရေအတွက် အနည်းငယ်ပဲ ထိခိုက်တာဆိုပေမဲ့ ထောက် ပံ့ရေးကွင်းဆက်တခုလုံးအပေါ်မှာတော့ ကြီးမားတဲ့သက်ရောက်မှု ရှိနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြ သည်။

ဟော်မုဇ်ရေလက်ကြားမှတဆင့် ရေနံနှင့် ကုန်သွယ်မှုများ ပြန်လည်ကူးသန်းနိုင်စေရန် ရည်ရွယ်သည့် အစီအစဉ်တရပ်ကို သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့၌ ချပြလာသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/05/83939

#အီရန်စစ်ပွဲ
#ထောက်ပံ့ရေး
#ကွင်းဆက်ပြတ်တောက်
#ဆေးဝါး
#လျှပ်စစ်ပစ္စည်း
#ကုန်စည်စျေးနှုန်းများ
#မြင့်တက်နိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
---------------------------------------
👍12🔥2❤1
တောင်ကြီးတွင် စစ်မှုထမ်းစာရင်း ပါဝင်သူများအား ဖမ်းဆီးမှုနှင့် ပေါ်တာဆွဲမှု မြင့်တက်

ရောင်နီ

မဇ္ဈီမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်မှုထမ်းစာရင်း ပါဝင်သူများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်စဉ်များ မြင့်တက်လာနေသည့်အတွက် ဂရုပြုနေထိုင်ကြရန် ဒေသခံများက တိုက်တွန်းသည်။

တောင်ကြီးမြို့တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများအား အာဏာသိမ်းစစ်ကော်မရှင်တပ်အပြင် စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) ကပါ လုပ်ဆောင်နေခြင်းဟု ဆိုသည်။

“ စစ်မှုထမ်းဥပဒေထုတ်ပြီးကတည်းက ရပ်ကွက်ကတဆင့် စစ်မှုထမ်းခေါ်တာရှိတယ်၊ မြို့နယ်ထွေအုပ်က ဦးဆောင်ပြီး လူလိုက်ဖမ်းပြီး ပေါ်တာဆွဲတာရှိမယ်၊ PNO/PNA က စစ်သားစုဆောင်းတာရှိမယ်။ စစ်အုပ်ချုပ်ရေးအပြည့် သက်ရောက်နေတာဆိုတော့လေ အကုန် သူတို့ခြေသူတို့လက်ချည်းပဲ” ဟု တောင်ကြီးဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းစစ်ကော်မရှင်က အလုံးစုံ ထိန်းချုပ်ထားသည့် တောင်ကြီးမြို့တွင် ရပ်ကွက် ၂၂ ခုရှိသည်။

ယခင်က စစ်မှုထမ်းစာရင်း၌ပါဝင်သူများသည် ငွေပေးခြင်း၊ လူစားထိုးခြင်းများ ပြုလုပ်နိုင်သော်လည်း ပြီးခဲ့သည့်…
🔥8❤3👍1👎1😁1
https://www.youtube.com/watch?v=-BP6AHFLsJ0
သီရိလင်္ကာကမ်းလွန်မှာ အီရန်ဖရီးဂိတ်စစ်သင်္ဘောကို တော်ပီဒိုနဲ့ ပစ်ခတ် (ရုပ်သံ)
👍8😁1
https://www.youtube.com/watch?v=GvE26SB11oI
ဟော်မုဇ်ရေလက်ကြားကို 'အပြည့်အဝ ထိန်းချုပ်ထားပြီ' လို့ အီရန် ကြေညာ (ရုပ်သံ)
👍4👎4😁1
https://www.youtube.com/watch?v=eVCSi0orvCs
ဟော်မုဇ်ရေလက်ကြားကို 'အပြည့်အဝ ထိန်းချုပ်ထားပြီ' လို့ အီရန် ကြေညာ (ရုပ်သံ)
👎6👍1😁1
https://www.youtube.com/watch?v=1LAuVQcAGVM
သီရိလင်္ကာကမ်းလွန်မှာ အီရန်ဖရီးဂိတ်စစ်သင်္ဘောကို တော်ပီဒိုနဲ့ ပစ်ခတ် (ရုပ်သံ)
👍5❤2🔥1
https://www.youtube.com/watch?v=H1rwgIHttnc
မတ်လ ၅ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ စျေးနှုန်းများ
👍5
တောင်ကြီးတွင် စစ်မှုထမ်းစာရင်း ပါဝင်သူများအား ဖမ်းဆီးမှုနှင့် ပေါ်တာဆွဲမှု မြင့်တက်

ရောင်နီ

မဇ္ဈီမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်မှုထမ်းစာရင်း ပါဝင်သူများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်စဉ်များ မြင့်တက်လာနေသည့်အတွက် ဂရုပြုနေထိုင်ကြရန် ဒေသခံများက တိုက်တွန်းသည်။

တောင်ကြီးမြို့တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများအား အာဏာသိမ်းစစ်ကော်မရှင်တပ်အပြင် စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) ကပါ လုပ်ဆောင်နေခြင်းဟု ဆိုသည်။

“ စစ်မှုထမ်းဥပဒေထုတ်ပြီးကတည်းက ရပ်ကွက်ကတဆင့် စစ်မှုထမ်းခေါ်တာရှိတယ်၊ မြို့နယ်ထွေအုပ်က ဦးဆောင်ပြီး လူလိုက်ဖမ်းပြီး ပေါ်တာဆွဲတာရှိမယ်၊ PNO/PNA က စစ်သားစုဆောင်းတာရှိမယ်။ စစ်အုပ်ချုပ်ရေးအပြည့် သက်ရောက်နေတာဆိုတော့လေ အကုန် သူတို့ခြေသူတို့လက်ချည်းပဲ” ဟု တောင်ကြီးဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းစစ်ကော်မရှင်က အလုံးစုံ ထိန်းချုပ်ထားသည့် တောင်ကြီးမြို့တွင် ရပ်ကွက် ၂၂ ခုရှိသည်။

ယခင်က စစ်မှုထမ်းစာရင်း၌ပါဝင်သူများသည် ငွေပေးခြင်း၊ လူစားထိုးခြင်းများ ပြုလုပ်နိုင်သော်လည်း ပြီးခဲ့သည့်…
👎5🤬4🔥1
စစ်ကော်မရှင်၏ CEIR စနစ်နှင့် ပတ်သက်ပြီး လုံခြုံရေးသတိပြုရန် MIP အသိပေး

001

မဇ္ဈိမ။ ။ စစ်ကော်မရှင်၏ ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)သည် ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးယန္တရားအတွက် ထပ်တိုးအဆင့်မြှင့်လာခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် လုံခြုံရေးသတိပြုရန် မြန်မာအင်တာနက်ပရောဂျက် (MIP)က အသိပေးသည်။

မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းများ၏ မူရင်းအမှတ်အသား (IMEI Code) ကို CEIR ၌ မှတ်ပုံတင်မှုကို ယခုမတ်လ ပထမပတ်ကစပြီး စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ယနေ့(မတ်လ ၅ ရက်)ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါ စနစ်သည် တည်နေရာခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာခြင်း၊ အစုလိုက် အပြုံလိုက် စောင့်ကြည့်ရန် လွယ်ကူလာခြင်း၊ ပစ်မှတ်ထားပိတ်ဆို့ရန် လွယ်ကူခြင်း၊ မိုဘိုင်းဖုန်းအား ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားခြင်းနှင့် ဟက်ကာများ၏ ပစ်မှတ်ဖြစ်လာနိုင်ခြင်း စသည်တို့ကို ဖြစ်စေနိုင်ကြောင်း MIP က ယနေ့ ထုတ်ပြန်သည်။

“ စစ်ကော်မရှင်ဟာ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးနည်းလမ်းတွေကို အကောင်အထည်ဖော် အသုံးပြုနေတာ ကာလတခုရှိနေပါပြီ။…
👍7👎2😁1🍓1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၅ မတ် ၂၀၂၆ )

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မိုဘိုင်းဖုန်းတစ်လုံးချင်းစီ၏ မှတ်ပုံတင်နံပါတ် (International Mobile Equipment Identity-IMEI) နံပါတ်များကို လာမည့် မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံစနစ် (Central Equipment Identity Register-CEIR) တွင် မိမိအသုံးပြုနေသော ဆင်းကတ်များဖြင့် မှတ်ပုံတင် ထည့်သွင်းအသုံးပြုရမည်ဖြစ်ကြောင်း စစ်အုပ်စု ထိန်းချုပ်သော CEIR နှင့် EIR စနစ်စီမံကိန်း ဦးစီးကော်မတီက ယနေ့ ထုတ်ပြန်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စစ်ကော်မရှင်
#CEIR
#မိုဘိုင်းဆက်သွယ်ရေး
#ကွန်ရက်များ
#ဆင်းကတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
---------------------------------------
👎6👍2
ပုလဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၊ ကလေးငယ်အပါအဝင် ဒေသခံ ၅ ဦးသေဆုံး

ပါခွီး

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ကလေးတဦး အပါအဝင် ငါးဦး သေဆုံးခဲ့ကြောင်း ဒေသခံနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

“မနေ့ညက နမခ က တက်လာတဲ့ ပါရာမော်တာ နှစ်စီးနဲ့ကြဲတယ် ၊ ဒီမနက်ကတော့ ဂျိုင်ရိုကော်ပတာနဲ့ ထပ်ကြဲတာ ၊ မနေ့ က လေးယောက်သေတယ် ၊ ဒဏ်ရာရတဲ့အထဲကမှ ဒီမနက်တယောက် ထပ်ဆုံးတာ” ဟု ဒေသခံက မဇ္ဈိမကို ယနေ့(မတ်လ ၅ ရက်)တွင် ပြောသည်။

ပုလဲမြို့နယ် ၊ မရိုးတုန်းကျေးရွာကို ယမန်နေ့( မတ်လ ၄ ရက်) ည ၉ နာရီအချိန် ပါရာမော်တာ (စက်တပ်လေထီး) နှစ်စီးဖြင့် ဗုံးကြဲခဲ့ရာ မရိုးတုန်းအနောက်ရွာမှ အသက် ၈၅နှစ်အရွယ် ဒေါ်မိကြည် ၊ မရိုးတုန်းမြောက်ရွာမှ အသက် ၈၀နှစ်အရွယ် ဒေါ်စံအေး ၊ မရိုးတုန်းအရှေ့ရွာမှ ၁၃ နှစ်အရွယ် မမြတ်လေးနွယ်နှင့် အသက် ၄၇နှစ်အရွယ် ကိုထွန်းမြင့်တို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် မရိုးတုန်းအရှေ့ရွာမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၄၈ နှစ်ရှိ အမျိုးသား ၊ မရိုးတုန်းမြောက်ရွာမှ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဦး…
👎7🤬2❤1😁1
အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုများ မကြာမီလာတော့မည်ကို သိရှိထားသော် လည်း အီရန်နိုင်ငံ့ဦးသျှောင်အလီခါမေနီ အပါအဝင် အစိုးရတာဝန်ရှိသူများသည် စနေနေ့နံနက်ပိုင်းတွင် တီဟီရန်မြို့ရှိ ဝင်းတခုအတွင်း တွေ့ဆုံခဲ့ကြသည်။

၎င်းတို့က တရုတ်ထုတ် HQ−9B မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ကို အဆင့်မြှင့်တင်ကာ ကြိုတင်ပြင်ဆင်ထားခဲ့ကြပြီး၊ ယင်းစနစ်ကို ယုံကြည်ကာ အစည်းအဝေးပြုလုပ်ခဲ့ကြသော်လည်း ၎င်းတို့၏ ခန့်မှန်းချက်မှားယွင်းခဲ့သည်။

မိနစ်ပိုင်းအတွင်းမှာပင် အစ္စရေးတိုက်လေယာဉ်များက ဒုံးကျည်အစင်း ၃၀ ကျော်ဖြင့် အဆိုပါဝင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခေါင်းဆောင်ကြီး ခါမေနီ အပါအဝင် အစိုးရတာဝန်ရှိသူများ သေဆုံးခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/05/83969

#ပါကစ္စတန်
#အီရန်
#ဖြစ်ရပ်များ
#တရုတ်
#စက္ကူကျား
#လေကြောင်းရန်
#ကာကွယ်ရေးစနစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
---------------------------------------
🤣8❤3👍1👎1👏1
https://www.youtube.com/watch?v=PA7SiRyss1M
မတ်လ ၅ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
😁5👍2
https://www.youtube.com/watch?v=jBzSIcPM3qE
မတ်လ ၅ ရက်၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမသတင်းအစီအစဥ်
🔥4👍3😢2😁1
ဂျပန်နိုင်ငံ တိုကျိုမြို့ ကိုဂါနဲအိနှင့် မူဆာရှီနိုမြို့နယ်ရှိ အဆောက်အဦတခုတွင် ဆရာဝန်လိုင်စင်မရှိဘဲ ဆေးကုသခွဲစိတ်မှုများပြုလုပ်ခဲ့သည့်အတွက်ဟုဆိုကာ အလှအပရေးရာမြန်မာဆရာဝန်နှစ်ဦး ဖမ်းဆီးခံရကြောင်း ဂျပန်သတင်းဌာနတွင် ယနေ့ (မတ်လ ၅ရက်) က ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများမှာ ကြည်ချမ်းကို အသက် ၄၁ နှစ်နှင့် စောဝင်းနိုင် ဆိုသူတို့ဖြစ်ပြီး ၂၀၂၅ခုနစ် မေလမှ ယခုနှစ် ဖေဖော်ဝါရီလအထိ ဆရာဝန်လိုင်စင်မရှိဘဲ မြန်မာလူမျိုးအသက်၃၀ကျော်အရွယ်အမျိုးသမီးသုံးဦးကို အပေါ်မျက်ခုံးခွဲစိတ်ခြင်း၊နှစ်ထပ်မျက်ခုံးခွဲစိတ်မှုအပါအဝင် ဆေးဘက်ဆိုင်ရာလုပ်ဆောင်ချက်ကို (၅) ကြိမ်တိုင်ပြုလုပ်ခဲ့သည်ဟုသံသယရှိခြင်းကြောင့်ဖမ်းဆီးခံခဲ့ရကြောင်းဖော်ပြထားသည်။

၂၀၂၅ခုနှစ်ဇွန်လတွင်အဆိုပါခွဲစိတ်မှုပြုလုပ်ခဲ့သည့် အသက်၃၀ အရွယ် မြန်မာအမျိုးသမီးတဦးမှခွဲစိတ်ပြီးနောက်မျက်လုံးဖွင့်ရခက်ခဲသည်ဟုတိုင်ကြားရာမှ အမှုပေါ်ပေါက်လာခြင်းဖြ‌စ်ကြောင်း ဂျပန်သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ Read more: https://bur.mizzima.com/2026/03/05/83972
😢9👎3
အီရန်အမျိုးသမီးကစားသမားတွေဟာ အိမ်ရှင် သြစတြေးလျအသင်းနဲ့ အာရှဖလားပွဲစဉ် မကစားမီ နိုင်ငံတော်သီချင်းကို သီဆိုရင်း အလေးပြုခဲ့ကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ အဖွင့်ပွဲတုန်းက နှုတ်ဆိတ်ငြိမ်သက်ခဲ့ကြတဲ့ အခြေအနေနဲ့ သိသိသာသာ ကွဲပြားသွားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမတိုင်မီ အီရန်ကစားသမားတွေဟာ နိုင်ငံအပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတဲ့ အခြေအနေတွေကြားမှာ ငြိမ်သက်စွာ ရပ်နေခဲ့ကြတာပါ။

အခုလို လုပ်ဆောင်ချက် ပြောင်းလဲသွားတာနဲ့ ပတ်သက်ပြီး တရားဝင် ရှင်းလင်းချက် တစုံတရာ မပေးထားပေမဲ့၊ ဗုဒ္ဓဟူးနေ့မှာတော့ တိုက်စစ်မှူး ဆာရာဒီဒါက သူတို့ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ ခွဲခွာနေရတဲ့အခြေအနေအပေါ် စိတ်လှုပ်ရှားစွာနဲ့ ပြောကြားခဲ့ပါတယ်။ Read more: https://bur.mizzima.com/2026/03/05/83984
👍8
ဗီယက်နမ်နိုင်ငံ၏ ဆိပ်ကမ်းများသည် ပထဝီဝင်အနေအထားအရ အချက်အချာကျလွန်းလှသဖြင့် တရုတ်နိုင်ငံနှင့် ဖြစ်ပွားနေသော ပင်လယ်ပြင်အငြင်းပွားမှုများတွင် ဗီယက်နမ်အတွက် အသာစီးရစေမည့် အရေးပါသောလက်နက်ဖြစ်နေသည်ဟု ပညာရှင်အတော်များများက ယူဆကြသည်။

ထို့ကြောင့်ပင် ပြည်ပအင်အားကြီးနိုင်ငံများသည် တရုတ်နိုင်ငံကို ဟန့်တားထိန်းချုပ်ရန်အတွက် ထိုဆိပ်ကမ်းများတွင် ပြန်လည်အခြေစိုက်လိုကြသည်။

ဒါနန်းနှင့် ကမ်ရန်းဆိပ်ကမ်းတို့၏ ပထဝီဝင်ဆိုင်ရာ အားသာချက်များကို ငြင်းပယ်၍ မရနိုင်ပေ။ ၎င်းတို့သည် ရေနက်ဆိပ်ကမ်းများဖြစ်ကြသဖြင့် လေယာဉ်တင်သင်္ဘောများပင် ဆိုက်ကပ်နိုင်သည်။ ဥပမာအားဖြင့် ကမ်ရန်းဆိပ်ကမ်းတွင် အမေရိကန်နှင့် ဆိုဗီယက်/ရုရှား ရေတပ်တို့ ချန်ထားရစ်ခဲ့သော အခြေခံအဆောက်အအုံများသည် အဆိုပါအခြေစိုက်စခန်းများကို ပြည်တွင်းရှိ မြို့ကြီးများ သို့မဟုတ် အနီးနားရှိ အဓိကလေဆိပ်များနှင့် ချိတ်ဆက်ပေးသည့် ယုံကြည်စိတ်ချရသော ထောက်ပို့ကွန်ရက်အဖြစ် ရှိနေသည်။ Read more: https://bur.mizzima.com/2026/03/05/83978
👍10❤1