https://www.youtube.com/watch?v=jBzSIcPM3qE
မတ်လ ၅ ရက်၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမသတင်းအစီအစဥ်

YouTube

- မယ်စဲ့က သုံ့ပန်းထိန်းသိမ်းရေးစခန်းကို စစ်ကော်မရှင်တပ် ဗုံးကြဲလို့ ကလေးငယ်အပါအဝင် မိသားစုဝင် ၅ ဦး သေဆုံး
- ရွှေပြည်သာက ချမ်းကြူအိုင်အထည်ချုပ်အလုပ်သမားတွေ ဆန္ဒပြတာ ၆ ရက်ရှိလာပေမဲ့ ပြေလည်မှုမရသေး
- မြင်းခြံမှာ စစ်ရှောင်တွေခိုလှုံတဲ့ ဘုန်းကြီးကျောင်း ဒရုန်းနဲ့…

🔥4👍3😢2😁1
https://www.youtube.com/watch?v=JGcMDpwElww
March 05 [ 7 PM ] The Mizzima Primetime I Mizzima Headline News

Full Video link - https://youtu.be/jBzSIcPM3qE#7pmnews #themizzimaprimetime #MizzimaBurmeseNews#မဇ္ဈိမသတင်းဌာန#reels #shorts-------------------------------...
🔥4👎3😁1
ဂျပန်နိုင်ငံ တိုကျိုမြို့ ကိုဂါနဲအိနှင့် မူဆာရှီနိုမြို့နယ်ရှိ အဆောက်အဦတခုတွင် ဆရာဝန်လိုင်စင်မရှိဘဲ ဆေးကုသခွဲစိတ်မှုများပြုလုပ်ခဲ့သည့်အတွက်ဟုဆိုကာ အလှအပရေးရာမြန်မာဆရာဝန်နှစ်ဦး ဖမ်းဆီးခံရကြောင်း ဂျပန်သတင်းဌာနတွင် ယနေ့ (မတ်လ ၅ရက်) က ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများမှာ ကြည်ချမ်းကို အသက် ၄၁ နှစ်နှင့် စောဝင်းနိုင် ဆိုသူတို့ဖြစ်ပြီး ၂၀၂၅ခုနစ် မေလမှ ယခုနှစ် ဖေဖော်ဝါရီလအထိ ဆရာဝန်လိုင်စင်မရှိဘဲ မြန်မာလူမျိုးအသက်၃၀ကျော်အရွယ်အမျိုးသမီးသုံးဦးကို အပေါ်မျက်ခုံးခွဲစိတ်ခြင်း၊နှစ်ထပ်မျက်ခုံးခွဲစိတ်မှုအပါအဝင် ဆေးဘက်ဆိုင်ရာလုပ်ဆောင်ချက်ကို (၅) ကြိမ်တိုင်ပြုလုပ်ခဲ့သည်ဟုသံသယရှိခြင်းကြောင့်ဖမ်းဆီးခံခဲ့ရကြောင်းဖော်ပြထားသည်။
၂၀၂၅ခုနှစ်ဇွန်လတွင်အဆိုပါခွဲစိတ်မှုပြုလုပ်ခဲ့သည့် အသက်၃၀ အရွယ် မြန်မာအမျိုးသမီးတဦးမှခွဲစိတ်ပြီးနောက်မျက်လုံးဖွင့်ရခက်ခဲသည်ဟုတိုင်ကြားရာမှ အမှုပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ဂျပန်သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ Read more: https://bur.mizzima.com/2026/03/05/83972

😢9👎3
အီရန်အမျိုးသမီးကစားသမားတွေဟာ အိမ်ရှင် သြစတြေးလျအသင်းနဲ့ အာရှဖလားပွဲစဉ် မကစားမီ နိုင်ငံတော်သီချင်းကို သီဆိုရင်း အလေးပြုခဲ့ကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ အဖွင့်ပွဲတုန်းက နှုတ်ဆိတ်ငြိမ်သက်ခဲ့ကြတဲ့ အခြေအနေနဲ့ သိသိသာသာ ကွဲပြားသွားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမတိုင်မီ အီရန်ကစားသမားတွေဟာ နိုင်ငံအပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတဲ့ အခြေအနေတွေကြားမှာ ငြိမ်သက်စွာ ရပ်နေခဲ့ကြတာပါ။
အခုလို လုပ်ဆောင်ချက် ပြောင်းလဲသွားတာနဲ့ ပတ်သက်ပြီး တရားဝင် ရှင်းလင်းချက် တစုံတရာ မပေးထားပေမဲ့၊ ဗုဒ္ဓဟူးနေ့မှာတော့ တိုက်စစ်မှူး ဆာရာဒီဒါက သူတို့ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ ခွဲခွာနေရတဲ့အခြေအနေအပေါ် စိတ်လှုပ်ရှားစွာနဲ့ ပြောကြားခဲ့ပါတယ်။ Read more: https://bur.mizzima.com/2026/03/05/83984

👍8
ဗီယက်နမ်နိုင်ငံ၏ ဆိပ်ကမ်းများသည် ပထဝီဝင်အနေအထားအရ အချက်အချာကျလွန်းလှသဖြင့် တရုတ်နိုင်ငံနှင့် ဖြစ်ပွားနေသော ပင်လယ်ပြင်အငြင်းပွားမှုများတွင် ဗီယက်နမ်အတွက် အသာစီးရစေမည့် အရေးပါသောလက်နက်ဖြစ်နေသည်ဟု ပညာရှင်အတော်များများက ယူဆကြသည်။
ထို့ကြောင့်ပင် ပြည်ပအင်အားကြီးနိုင်ငံများသည် တရုတ်နိုင်ငံကို ဟန့်တားထိန်းချုပ်ရန်အတွက် ထိုဆိပ်ကမ်းများတွင် ပြန်လည်အခြေစိုက်လိုကြသည်။
ဒါနန်းနှင့် ကမ်ရန်းဆိပ်ကမ်းတို့၏ ပထဝီဝင်ဆိုင်ရာ အားသာချက်များကို ငြင်းပယ်၍ မရနိုင်ပေ။ ၎င်းတို့သည် ရေနက်ဆိပ်ကမ်းများဖြစ်ကြသဖြင့် လေယာဉ်တင်သင်္ဘောများပင် ဆိုက်ကပ်နိုင်သည်။ ဥပမာအားဖြင့် ကမ်ရန်းဆိပ်ကမ်းတွင် အမေရိကန်နှင့် ဆိုဗီယက်/ရုရှား ရေတပ်တို့ ချန်ထားရစ်ခဲ့သော အခြေခံအဆောက်အအုံများသည် အဆိုပါအခြေစိုက်စခန်းများကို ပြည်တွင်းရှိ မြို့ကြီးများ သို့မဟုတ် အနီးနားရှိ အဓိကလေဆိပ်များနှင့် ချိတ်ဆက်ပေးသည့် ယုံကြည်စိတ်ချရသော ထောက်ပို့ကွန်ရက်အဖြစ် ရှိနေသည်။ Read more: https://bur.mizzima.com/2026/03/05/83978

👍10❤1
အဆိုပါ အီရန်သင်္ဘောပေါ်တွင် သင်္ဘောသား ၁၀၀ ကျော် လိုက်ပါလာပြီး ဗုဒ္ဓဟူးနေ့က သီရိလင်္ကာ တောင်ပိုင်းကမ်းလွန်တွင် အမေရိကန်ရေငုပ်သင်္ဘော၏ နစ်မြှုပ်ခြင်းခံခဲ့ရသည့် သင်္ဘောကဲ့သို့ပင် ၎င်းတို့လည်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
အမေရိကန်၏ ထို တိုက်ခိုက်မှုကို အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီက ကြာသပတေးနေ့တွင် ရှုတ်ချပြီး အမေရိကန်အနေဖြင့် "ခါးသီးစွာ နောင်တရလိမ့်မည်" ဟု သတိပေးလိုက်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/05/83988
#အမေရိကန်
#အီရန်သင်္ဘော
#သီရိလင်္ကာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

👍12
https://www.youtube.com/watch?v=ZPwTuh-QGCc
US army images show aircraft taking off and strikes on Iran targets

Footage published on social media on March 5 by US Central Command shows aircraft taking off from an aircraft carrier and unclassified images claiming to show the destruction of Iranian "mobiled missile launch capabilities." On Thursday, the Middle East war…
👍5
https://www.youtube.com/watch?v=M412lnosQiQ
မတ်လ ၆ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
တောင်ကြီးမှာ စစ်မှုထမ်းစာရင်း ပါဝင်သူတွေကို ဖမ်းဆီးမှုနဲ့ ပေါ်တာဆွဲမှုတွေ မြင့်တက်လာနေကြောင်း ဒေသခံတွေ ပြောတဲ့ သတင်းနဲ့အတူ ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က အရာရှိအပါဝင် ၃ ဦးသေဆုံးတယ်ဆိုတဲ့ အကြောင်းတွေအပါအဝင်…

အရေးကြီးဆုံး အချက်ကမူ ထို ပိုင်ဆိုင်မှု မှန်သမျှတွင် တခုတလေမှ မိုဂျ်တာဘာ ခါမေနီ၏ နာမည်ရင်းဖြင့် လူသိရှင်ကြား မှတ်ပုံတင်ထားခြင်း မရှိခြင်းပဲ ဖြစ်သည်ဟု သတင်းက ဆိုထားသည်။ ပိုင်ဆိုင်မှုများအား အမည်ခံကုမ္ပဏီများ၊ စိတ်ချယုံကြည်ရသော နာမည်ခံ ကြားလူများနှင့်သာ ထားရှိထားခြင်း ဖြစ်သဖြင့် ၎င်း၏ ပိုင်ဆိုင်မှုများ ဖြစ်ကြောင်း ဥပဒေကြောင်းအရ သက်သေပြရန် ခက်ခဲသည်။
ကြားခံများဖြင့် တည်ဆောက်ထားသော ရှုပ်ထွေးလှသည့် မိုဂျ်တာဘာ၏ ဘဏ္ဍာရေးစနစ်ကို စုံစမ်းစစ်ဆေးသူများက ထောက်ပြထားရာတွင် ထပ်ကာထပ်ကာ ပါလာသည့် နာမည်တခု ရှိသည်။ အလီ အန်ဆာရီ ဆိုသည့် နာမည်ပဲ ဖြစ်သည်။ အလီအန်ဆာရီသည် အီရန်နွယ်ဖွား စီးပွားရေးသမားတဦးဖြစ်ပြီး နောက်ပိုင်းတွင် ဗြိတိန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသူ ဖြစ်သည်။ ၎င်းအား "အကျင့်ပျက်ခြစားသည့် အီရန်ဘဏ်လုပ်ငန်းရှင်နှင့် စီးပွားရေးသမား" ဟု ဗြိတိန်အာဏာပိုင်များက ဖော်ပြကြပြီး အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် တခြားသော အစိုးရနှင့် ပတ်သက်သည့် လုပ်ငန်းများကို ငွေကြေးထောက်ပံ့နေကြောင်း စွပ်စွဲထားသည်။ Read more: https://bur.mizzima.com/2026/03/06/83992

👍11🔥2❤1
ဒရုန်းတစင်းသည် လေဆိပ်အဆောက်အအုံကို ထိမှန်ခဲ့ပြီး အခြားတစင်းမှာ ရှာကာရာဘတ်ကျေးရွာရှိ စာသင်ကျောင်းအနီးသို့ ကျရောက်ခဲ့ကြောင်း အဇာဘိုင်ဂျန်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
"အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံပိုင်နက်မှ ပစ်လွှတ်လိုက်သော၊ ဒရုန်းများ၏ တိုက်ခိုက်မှုကြောင့် လေဆိပ်အဆောက်အအုံပျက်စီးစေပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် ယင်းဒရုန်းတိုက် ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချပါသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/06/83995
#အပြည်ပြည်ဆိုင်ရာလေဆိပ်
#အီရန်ဒရုန်းများ
#အဇာဘိုင်ဂျန်

👎5❤4🔥2
အရှေ့အလယ်ပိုင်းတွင် အီရန်၏ တိုက်ခိုက်မှုများ မြင့်တက်လာခြင်းကြောင့် 'ပဲ့ထိန်းဒုံးကျည်ကာကွယ် ရေးဆိုင်ရာ အသင့်ဖြစ်မှု' ကို တိုးမြှင့်လိုက်ကြောင်း ကြာသပတေးနေ့တွင် နေတိုးက သတင်းထုတ်ပြန် လိုက်သည်။
နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံဖြစ်သော တူရကီသို့ အီရန်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစင်းကို ကြားဖြတ်ပစ်ချပြီးနောက် ယခုကဲ့သို့ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/06/83998
#တူရကီ
#အီရန်ဒုံးကျည်
#နေတိုး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံဖြစ်သော တူရကီသို့ အီရန်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစင်းကို ကြားဖြတ်ပစ်ချပြီးနောက် ယခုကဲ့သို့ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/06/83998
#တူရကီ
#အီရန်ဒုံးကျည်
#နေတိုး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9
အာရှဒေသသည် ဟော်မုဇ်ရေလက်ကြားမှတဆင့် တင်ပို့သော လောင်စာဆီများကို အလွန်အမင်း မှီခိုနေရခြင်းကြောင့်လည်း အီရန်စစ်ပွဲက အာရှရှယ်ယာဈေးကွက်ကို အခြားနိုင်ငံများထက် ပိုမိုထိခိုက်စေခဲ့သည်။ ထို့ပြင် ရေနံရရှိမှုပြတ်တောက်ခြင်းသည် ကမ္ဘာ့စီးပွားရေးကို နှေးကွေးသွားစေနိုင်ပြီး အဓိက ပို့ကုန်လုပ်ငန်းများကို ထိခိုက်စေနိုင်ကြောင်း စိုးရိမ်မှုများလည်း တိုးလာသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ပြီးခဲ့သည့်နှစ်အတွင်း အကျိုးအမြတ်များခဲ့သည့် AI ကဏ္ဍနှင့် တောင်ကိုရီးယား၊ ထိုင်ဝမ် ဈေးကွက်များမှ အမြတ်ငွေများကို ပြန်လည်ထုတ်ယူနေကြသည်။
"အရင်းအနှီးဆိုတာ သေချာရေရာတဲ့ အခြေအနေထိ စောင့်မနေပါဘူး။ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေက ပြောင်းလဲစီးဆင်းနေပြီဖြစ်သလို ဒီသီတင်းပတ်ထဲမှာ ဒေါ်လာဈေးတက်လာတာကလည်း ပါးနပ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဘယ်ကို ခြေလှမ်းနေတယ်ဆိုတာ ဖော်ပြနေပါတယ်" ဟု Vantage Global Prime မှ အကြီးတန်း ဈေးကွက်လေ့လာဆန်းစစ်သူ ဟီဘီချန်းက ပြောသည်။ Read more: https://bur.mizzima.com/2026/03/06/84001

👍9❤2
“အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်အားလုံး လက်နက်ချဖို့ ကျွန်တော် တကျော့ပြန် တောင်းဆိုလိုက်ပါတယ်” ဟု ထရမ့်က ဆိုသည်။ “အဲဒါဆို ခင်ဗျားတို့ အပြည့်အဝ လွတ်ငြိမ်းခွင့် ရပြီး ဘေးကင်းလုံခြုံပါလိမ့်မယ်၊ မဟုတ်ရင်တော့ သေချာပေါက် သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဒါမျိုးတော့ ကျွန်တော် မမြင်ချင်ပါဘူး” ဟု ၎င်းက ပြောသည်။
ဖလော်ရီဒါမှ ၁၄၅ ကီလိုမီတာအကွာရှိ ကျူးဘားကျွန်းနိုင်ငံအား “မိတ်ဖြစ်ဆွေဖြစ် သိမ်းပိုက်ခြင်း” (friendly takeover – စီးပွားရေးလောက အသုံးအနှုန်း၊ ကုမ္ပဏီတခုက နောက်ထပ် ကုမ္ပဏီတခုကို ဝယ်ယူသိမ်းပိုက်သည့်အခါ အတင်းအဓမ္မ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ စနစ်တကျ လွှဲပြောင်းရယူခြင်း) ဖြစ်နိုင်ခြေရှိကြောင်း ပြီးခဲ့သည့်အပတ်က ပြောခဲ့ရာ ကျူးဘားက နောက်ထပ် ပစ်မှတ်ဖြစ်နိုင်ကြောင်း ထရမ့်က အရိပ်အမြွက် ပြခဲ့သည်။ အကျပ်အတည်း ဆိုက်နေသော ကျူးဘား၏ စီးပွားရေးမှာလည်း အမေရိကန်၏ ညွှန်ကြားချက်ဖြင့် ဗင်နီဇွဲလားမှ ရေနံတင်ပို့မှုများ ရပ်တန့်သွားခြင်းကြောင့် ပို၍ ပြိုလဲပျက်စီးလိုက်လာသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/06/84004

👍16❤3🔥1
ဥပဒေချိုးဖောက်ပြီး တရားမဝင်အလုပ်ခိုးလုပ်သည့် ခိုလှုံခွင့်လျှောက်ထားသူများကို အစိုးရကထောက်ပံ့ပေး ထားသည့်နေအိမ်ခန်းများမှမောင်းထုတ်မည်ဖြစ်ပြီး ထောက်ပံ့ရေးငွေကြေးပါဖြတ်တောက်မည်ဟု ရှာဘားနား မာမွတ် (Shabana Mahmood) က ပြောလိုက်သည်။
ထိုအဆင့်အတန်းကို လ ၃၀ တခါပြန်လည်သုံးသပ်မည်ဖြစ်ပြီး သူတို့အတွက်လုံခြုံပြီဟုယူဆပါက ထိုဒုက္ခ သည်များနေရပ်ရင်းသို့အတင်းအကြပ်ပြန်ပို့ခံရမည်ဖြစ်သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဝေဖန်သံ
#ခိုလှုံခွင့်
#ယူကေပြည်ထဲရေးဝန်ကြီး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
ထိုအဆင့်အတန်းကို လ ၃၀ တခါပြန်လည်သုံးသပ်မည်ဖြစ်ပြီး သူတို့အတွက်လုံခြုံပြီဟုယူဆပါက ထိုဒုက္ခ သည်များနေရပ်ရင်းသို့အတင်းအကြပ်ပြန်ပို့ခံရမည်ဖြစ်သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဝေဖန်သံ
#ခိုလှုံခွင့်
#ယူကေပြည်ထဲရေးဝန်ကြီး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5😁2👎1
“ထိုကုမ္ပဏီများ၏လုံခြုံရေးကို အစိုးရက အာမခံပါသည်” ဟု ကာရာကတ်စ်ထံမှ အာမခံချက် သူရရှိထားကြောင်းကို သမ္မတဒေါ်နယ်ထရမ့်၏ဝန်ကြီးအဖွဲ့ဝင်တဦးဖြစ်သော ပြည်ထဲရေးဝန်ကြီး ဒေါ့ဂ်ဘာဂမ် (Doug Burgum) က ပြောသည်။
ဗင်နီဇွဲလားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန် ကြီးဌာနက ကြာသပတေးနေ့က ကြေညာခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#နိုင်ငံခြားသတ္တုတွင်းကုမ္ပဏီများ
#ဗင်နီဇွဲလား
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
ဗင်နီဇွဲလားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန် ကြီးဌာနက ကြာသပတေးနေ့က ကြေညာခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#နိုင်ငံခြားသတ္တုတွင်းကုမ္ပဏီများ
#ဗင်နီဇွဲလား
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8
ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း ယူကရိန်းသည် အီရန်ထုတ် Shahed ခေါ် ကာမီကာဇေဒရုန်းများကို ပစ်ချရန်အတွက် အလွန်ထိရောက်သော နည်းလမ်းများကို တီထွင်ဖော်ထုတ်နိုင်ခဲ့သည်။ ရုရှားက ထို Shahed ဒရုန်းများကို ပြီးခဲ့သည့် စစ်ပွဲလေးနှစ်အတွင်း အမြောက်အမြား အသုံးပြုခဲ့သည်။
"အရှေ့အလယ်ပိုင်းဒေသမှာ 'Shaheds' ဒရုန်းတွေရန်ကနေ ကာကွယ်ဖို့ အမေရိကန်က အထူးအကူအညီတောင်းလာပါတယ်။ လိုအပ်တဲ့ နည်းလမ်းတွေကို ပံ့ပိုးပေးဖို့နဲ့ လိုအပ်တဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်မယ့် ယူကရိန်းပညာရှင်တွေ လွှတ်ဖို့ ကျွန်တော် ညွှန်ကြားထားပါပြီ" ဟု ဇယ်လန်းစကီးက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဇယ်လန်းစကီး
#အမေရိကန်
#အီရန်ဒရုန်းများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
"အရှေ့အလယ်ပိုင်းဒေသမှာ 'Shaheds' ဒရုန်းတွေရန်ကနေ ကာကွယ်ဖို့ အမေရိကန်က အထူးအကူအညီတောင်းလာပါတယ်။ လိုအပ်တဲ့ နည်းလမ်းတွေကို ပံ့ပိုးပေးဖို့နဲ့ လိုအပ်တဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်မယ့် ယူကရိန်းပညာရှင်တွေ လွှတ်ဖို့ ကျွန်တော် ညွှန်ကြားထားပါပြီ" ဟု ဇယ်လန်းစကီးက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဇယ်လန်းစကီး
#အမေရိကန်
#အီရန်ဒရုန်းများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤1
"ကျွန်တော်တို့ အခုဆိုရင် အီရန်သင်္ဘောပေါင်း ၃၀ ကျော်ကို နှစ်မြှုပ်နိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ ဒုတိယကမ္ဘာစစ်က လေယာဉ်တင်သင်္ဘော အရွယ်အစားလောက်ရှိတဲ့ အီရန်ရဲ့ ဒရုန်းတင်သင်္ဘောတစင်းကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အခု ကျွန်တော်တို့ စကားပြောနေတဲ့အချိန်မှာတောင် အဲဒီသင်္ဘောဟာ မီးလောင်နေဆဲ ဖြစ်ပါတယ်" ဟု ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ်ကူးပါးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် အီရန်၏ "ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုများသည် စစ်စတင်သည့်နေ့နှင့် ယှဉ်လျှင် ၉၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး ဒရုန်းဖြင့် တိုက်ခိုက်မှုများမှာလည်း ၈၃ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီ" ဟု အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များကို တာဝန်ယူရသည့် ဗဟိုကွပ်ကဲရေးစစ်ဌာနချုပ် အကြီးအကဲ ကူးပါးက ဆိုသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#စစ်ပွဲ
#အမေရိကန်
#အီရန်သင်္ဘော
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
ထို့ပြင် အီရန်၏ "ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုများသည် စစ်စတင်သည့်နေ့နှင့် ယှဉ်လျှင် ၉၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး ဒရုန်းဖြင့် တိုက်ခိုက်မှုများမှာလည်း ၈၃ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီ" ဟု အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များကို တာဝန်ယူရသည့် ဗဟိုကွပ်ကဲရေးစစ်ဌာနချုပ် အကြီးအကဲ ကူးပါးက ဆိုသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#စစ်ပွဲ
#အမေရိကန်
#အီရန်သင်္ဘော
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14
ဟော်မုဇ်ရေလက်ကြားပိတ်ဆို့သွားပါက အနာဂတ်တွင် စွမ်းအင်စျေးနှုန်းနှင့် သယ်ယူပို့ဆောင်ရေးအပေါ် သက်ရောက်မှုရှိလာနိုင်သည်။
ယင်းအစည်းအဝေးတွင် အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းတင်သွင်းမှုကို လျှော့ချရန်နှင့် ပြည်တွင်း စွမ်းအင် လုံလောက်စွာ ရရှိစေရေးအတွက် အရင်းအမြစ်သစ်များမှ စွမ်းအင်အမြန်ဆုံး ရှာဖွေဖော်ထုတ်ရန် စွမ်းအင်ဝန်ကြီးဌာနအား တာဝန်ပေးအပ်ခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ထိုင်း
#ရေနံအရင်းအမြစ်အသစ်များ
#အရှေ့အလယ်ပိုင်း

👍7👎1👏1
Minuteman III တိုက်ချင်းပစ်ဒုံးကျည်သည် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်ပြီး အဆင့်မြင့် Mark-21 အမျိုးအစား လေထုထဲ ပြန်လည်ဝင်ရောက်မှုယာဉ် တပ်ဆင်ထားသည်။
ဒုံးကျည်က ကီလိုမီတာ ၁၃,၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သဖြင့် ကမ္ဘာ့ မည်သည့်နေရာကိုမဆို ရောက်ရှိသည်။
"ကမ္ဘာပျက်ကိန်း" ဒုံးကျည်ဟု ခေါ်ဆိုရခြင်းမှာ တကြိမ်ပစ်ခတ်ရုံဖြင့် ရေဒီယိုသတ္တိကြွမှုက အရပ်မျက်နှာ အဘက်ဘက်ဆီ ပျံ့နှံ့၍ ကမ္ဘာမြေက လူနေထိုင်၍ မရတော့သော အခြေအနေ ရောက်ရှိသွားနိုင်၍ပဲ ဖြစ်သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ကမ္ဘာပျက်ကိန်း
#အမေရိကန်
#အီရန်စစ်ပွဲ

😱7❤4👎1