Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၆ မတ် ၂၀၂၆ )

စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင် က မတ်လ ၄ ရက်တွင် ထုတ်ဖော်ပြောဆိုထားသော်လည်း မြန်မာပြည်အောက်ပိုင်း မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များတွင် စက်သုံးဆီ ပြတ်လုနီးပါးနှင့်အတူ အလူးအလဲ အခက်အခဲများ နှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စက်သုံးဆီ
#စစ်ကော်မရှင်
#အရှေ့အလယ်ပိုင်း
#အီရန်
#အမေရိကန်
#တောင်ပိုင်းဒေသများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
--------------------------------------------
❤6👍2🔥2
မတ်လ ၁ ရက်တွင် ပင်လယ်ကွေ့ရှိ ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်းသင်္ဘောကို အီရန်က ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြောကြားပြီးနောက်၊ ယင်းဗီဒီယိုဖိုင်သည် မြန်မာ၊ ပြင်သစ်၊ စပိန်နှင့် အာရပ်ဘာသာ စကားများဖြင့် Facebook နှင့် Instagram တို့တွင် ပျံ့နှံ့နေခဲ့သည်။

အေဘရာဟမ်လင်ကွန်း သင်္ဘောမှာ ထိမှန်ခြင်းမရှိခဲ့ကြောင်းနှင့် ပစ်ခတ်လိုက်သော ဒုံးကျည်များ သည် သင်္ဘောအနီးအနားသို့ပင် ရောက်ရှိခဲ့ခြင်းမရှိကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က X လူမှုကွန်ရက်မှတဆင့် ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

လက်ရှိ ပျံ့နှံ့နေသော ရုပ်သံဖိုင်မှာ ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်းသင်္ဘောကို အီရန်ဒုံးကျည်များထိမှန်နေသည့် ပုံရိပ်မဟုတ်ပေ။ ဂူဂဲလ်တွင် ယင်းရုပ်သံပါ အဓိကပုံရိပ်များကို ရှာဖွေကြည့်ရာ ယင်းရုပ်သံဖိုင်သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်ကတည်းက Facebook ပေါ်တွင် ရှိနေခဲ့ပြီးဖြစ်ကြောင်း တွေ့ရသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#လေယာဉ်တင်သင်္ဘော
#အီရန်တိုက်ခိုက်ခဲ့
#သတင်းမှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
👍9❤1
တရုတ်သည် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း ပဋိပက္ခတွင် ပါဝင်ပတ်သက်ရန် အလားအလာ မရှိပေ။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အစ္စရေးက အီရန်အပေါ် ၁၂ ရက်ကြာ စစ်ပွဲဆင်နွှဲခဲ့စဉ်ကလည်း တရုတ်က အီရန်ကို ထောက်ခံကြောင်း အပ်ကြောင်းထပ်နေသော သံတမန်ရေးရာ စကားလုံးများဖြင့်သာ တုံ့ပြန်ခဲ့ဖူးသည်။ အလားတူပင် ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် သတင်းစာရှင်းလင်းပွဲတွင်လည်း အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေးတခုလုံးကို ရှုတ်ချခြင်းထက် အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ လုပ်ကြံခံရမှုကို ရှုတ်ချရာတွင်သာ အပြင်းထန်ဆုံး စကားလုံးများကို သုံးနှုန်းခဲ့သည်။

တိုက်ခိုက်မှုများအပြီးတွင် အီရန်၌ မည်သည့်ခေါင်းဆောင် တက်လာသည်ဖြစ်စေ ရေနံစီးဆင်းမှုကို ကာကွယ်ပေးပြီး ဘုံအကျိုးစီးပွားကို ဦးစားပေးသရွေ့ ပူးပေါင်းဆောင်ရွက်ရန် တရုတ်က အသင့်ရှိနေသည်။ Read more: https://bur.mizzima.com/2026/03/06/84086
👍6💩2
ထုတ်ပြန်သော အမိန့်အရ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံသို့ တင်ပို့မည့် စက်သုံးဆီများကိုမူ ပိတ်ပင်ကန့်သတ်ခြင်း မရှိပေ။

ထို့အပြင် ပြန်လည် တင်ပို့ရန်အတွက် တင်သွင်းထားကာ ဂိုဒေါင်များတွင် သိုလှောင်ထားသည့် ဆီများ၊ အခွန်လွတ်ဇုန်ရှိ ဆီများနှင့် ထိုင်းနိုင်ငံ၏ အရည်အသွေးစံနှုန်းနှင့် မကိုက်ညီသဖြင့် ပြည်တွင်း၌ ရောင်းချ၍ မရသော စက်သုံးဆီများကိုလည်း ကင်းလွတ်ခွင့်ပြုထားသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/06/84089

#မြန်မာ
#လာအို
#စက်သုံးဆီ
#တင်ပို့မှု
#ထိုင်း
#ပိတ်ပင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
👍6🔥4❤1