https://www.youtube.com/watch?v=PC_Fc_uSwc4
MYANMAR MILITARY ACKNOWLEDGES UNDERAGE ENLISTMENT IN NATIONWIDE DRAFT DRIVE

YouTube

-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။
https://bit.ly/2VhJ12U…

👍4
https://www.youtube.com/watch?v=GAHtFfFM7n0
မတ်လ ၆ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ ညပိုင်းအတွက် တင်ဆက်ပေးမယ့်သတင်းတွကတော့ ဗန်းမော်မှာစစ်ကော်မရှင်ရဲ့ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ရွှေကူမှာ အရေးပေါ်ဆင်းသက်ခဲ့တဲ့ သတင်း စက်သုံးဆီ ရက် ၄၀ စာရှိတယ်လို့ စစ်ကော်မရှင်ပြောပေမယ့်လည်း တောင်ပိုင်းဒေသတွေမှာ ဆီပြတ်လုနီးပါးရင်ဆိုင်နေရတဲ့ သတင်း နဲ့ နောက်ဆုံးရ…
👍5
တရုတ်သည် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း ပဋိပက္ခတွင် ပါဝင်ပတ်သက်ရန် အလားအလာ မရှိပေ။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အစ္စရေးက အီရန်အပေါ် ၁၂ ရက်ကြာ စစ်ပွဲဆင်နွှဲခဲ့စဉ်ကလည်း တရုတ်က အီရန်ကို ထောက်ခံကြောင်း အပ်ကြောင်းထပ်နေသော သံတမန်ရေးရာ စကားလုံးများဖြင့်သာ တုံ့ပြန်ခဲ့ဖူးသည်။ အလားတူပင် ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် သတင်းစာရှင်းလင်းပွဲတွင်လည်း အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေးတခုလုံးကို ရှုတ်ချခြင်းထက် အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ လုပ်ကြံခံရမှုကို ရှုတ်ချရာတွင်သာ အပြင်းထန်ဆုံး စကားလုံးများကို သုံးနှုန်းခဲ့သည်။
တိုက်ခိုက်မှုများအပြီးတွင် အီရန်၌ မည်သည့်ခေါင်းဆောင် တက်လာသည်ဖြစ်စေ ရေနံစီးဆင်းမှုကို ကာကွယ်ပေးပြီး ဘုံအကျိုးစီးပွားကို ဦးစားပေးသရွေ့ ပူးပေါင်းဆောင်ရွက်ရန် တရုတ်က အသင့်ရှိနေသည်။ Read more: https://bur.mizzima.com/2026/03/06/84086

👍6💩2
ထုတ်ပြန်သော အမိန့်အရ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံသို့ တင်ပို့မည့် စက်သုံးဆီများကိုမူ ပိတ်ပင်ကန့်သတ်ခြင်း မရှိပေ။
ထို့အပြင် ပြန်လည် တင်ပို့ရန်အတွက် တင်သွင်းထားကာ ဂိုဒေါင်များတွင် သိုလှောင်ထားသည့် ဆီများ၊ အခွန်လွတ်ဇုန်ရှိ ဆီများနှင့် ထိုင်းနိုင်ငံ၏ အရည်အသွေးစံနှုန်းနှင့် မကိုက်ညီသဖြင့် ပြည်တွင်း၌ ရောင်းချ၍ မရသော စက်သုံးဆီများကိုလည်း ကင်းလွတ်ခွင့်ပြုထားသည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/06/84089
#မြန်မာ
#လာအို
#စက်သုံးဆီ
#တင်ပို့မှု
#ထိုင်း
#ပိတ်ပင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------

👍6🔥4❤1
အီရန်စစ်ပွဲအပေါ် "လွန်စွာစိုးရိမ်ပူပန်" ဟု စစ်ကော်မရှင် ထုတ်ပြန်
001
မဇ္ဈိမ။ ။ အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလော ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများအတွက် “လွန်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း” စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မတ် ၆) ညပိုင်းတွင် ထုတ်ပြန်သည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို အခြေခံပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် သံတမန်ရေး ကြိုးပမ်းမှုသည်သာ ပဋိပက္ခကို ဖြေရှင်း နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။
“အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် တိုက်ခိုက်မှုများတွင် ပါဝင်နေသည့် နိုင်ငံများအနေဖြင့် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစား လိုက်နာရန် လိုအပ်ပြီး ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်းပါသည်”ဟု စစ်ကော်မရှင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။ Read more >> https://bur.mizzima.com/2026/03/06/84096

😁15🔥4🤣2👎1
လက်ရှိ အီရန်ပဋိပက္ခကြောင့် စွမ်းအင်ရရှိရန် ခက်ခဲသွားမည်ကို စိုးရိမ်သဖြင့် တရုတ်နိုင်ငံပိုင် ရေနံချက်စက်ရုံကြီးများကို ဒီဇယ်နှင့် ဓာတ်ဆီ ပြည်ပတင်ပို့မှု ရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်း သိရသည်။
ဂျီဒီပီ ရည်မှန်းချက်ကို လျှော့ချခြင်းသည် ဆက်တိုက် ဖြစ်ပေါ်နေသော ပြည်တွင်းစီးပွားရေး အကျပ်အတည်းများ၏ ပြင်းထန်မှုကို ဝန်ခံလိုက်ရာလည်း ရောက်သည်။
♦️ အပြည့်အစုံ - https://bur.mizzima.com/2026/03/06/84099
#အီရန်ပဋိပက္ခ
#ရေနံချက်စက်ရုံ
#GDP
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
ဂျီဒီပီ ရည်မှန်းချက်ကို လျှော့ချခြင်းသည် ဆက်တိုက် ဖြစ်ပေါ်နေသော ပြည်တွင်းစီးပွားရေး အကျပ်အတည်းများ၏ ပြင်းထန်မှုကို ဝန်ခံလိုက်ရာလည်း ရောက်သည်။
♦️ အပြည့်အစုံ - https://bur.mizzima.com/2026/03/06/84099
#အီရန်ပဋိပက္ခ
#ရေနံချက်စက်ရုံ
#GDP
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8😁4🔥1
https://www.youtube.com/watch?v=EM2Ai0pO_wU
မတ်လ ၇ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ မနက်ပိုင်း အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ ဗန်းမော်မှာ စစ်ကော်မရှင်ရဲ့ ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ရွှေကူမှာ အရေးပေါ်ဆင်းသက်ခဲ့တဲ့ သတင်း စက်သုံးဆီ ရက် ၄၀ စာရှိတယ်လို့ စစ်ကော်မရှင်ပြောပေမယ့်လည်း တောင်ပိုင်းဒေသတွေမှာ ဆီပြတ်လုနီးပါးရင်ဆိုင်နေရတဲ့ သတင်း…
👍6❤1😁1
https://www.youtube.com/watch?v=t1QR39s-oF4
Which countries are affected by the #war in the #MiddleEast?

The war in the Middle East, which began on 28 February with the US-Israeli strikes on Iran that killed supreme leader Ayatollah Ali Khamenei, has expanded an...
👍3❤1
အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများအပြီးတွင် ဘတ်ဂျက်ဖိအားများကို လျှော့ချရန် အတွက် ပင်လယ်ကွေ့နိုင်ငံများက ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် အနာဂတ်ကတိကဝတ်များကို ပြန်လည် သုံးသပ်လာနိုင်ကြောင်း Financial Times (FT) က ကြာသပတေးနေ့တွင် ဖော်ပြလိုက်သည်။
ပြည်ပနိုင်ငံများ (သို့မဟုတ်) ကုမ္ပဏီများသို့ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားမှုများ၊ အားကစားကဏ္ဍ ပံ့ပိုးကူညီမှုများ၊ လုပ်ငန်းရှင်များနှင့် ချုပ်ဆိုထားသော စာချုပ်များနှင့် ပိုင်ဆိုင်မှုများ ရောင်းချခြင်း စသည့်ကိစ္စရပ် များအပေါ် ဒေသတွင်း ပဋိပက္ခများက သက်ရောက်မှုများရှိလာနိုင်ကြောင်း ပင်လယ် ကွေ့အရာရှိတဦးက FT သတင်းစာသို့ ပြောကြားခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84106
#အီရန်စစ်ပွဲ
#စီးပွားရေး
#ပြည်ပရင်းနှီးမြှုပ်နှံမှု

👍11❤1
Oschadbank ဘဏ်၏ အဆိုအရ ဘဏ်ယာဉ်တန်း ဖမ်းဆီးခံရချိန်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၊ ယူရို ၃၅ သန်းနှင့် ရွှေ ကိုး ကီလိုဂရမ်ခန့် တင်ဆောင်ပါရှိသည်ဟု သိရသည်။
ဖမ်းဆီးထားသည့် ဝန်ထမ်းများကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် ကားများနှင့်အတွင်းရှိ ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် Oschadbank က ဟန်ဂေရီအာဏာပိုင်များကို တောင်းဆိုထားသည်။
"တကယ်တော့ ဟန်ဂေရီက ဓားစာခံဖမ်းပြီး ငွေတွေ လုယူတာပဲ၊ ဒါဟာ မစ္စတာ အော်ဘန် (ဟန်ဂေရီ ဝန်ကြီးချုပ်) ဒီနေ့အစောပိုင်းက ပြောခဲ့တဲ့ 'အင်အား' ဆိုရင်တော့ ဒါဟာ ရာဇ၀တ်ဂိုဏ်းတဂိုဏ်းရဲ့ အင်အားမျိုးပါပဲ၊ ဒါဟာ နိုင်ငံတော်အဆင့် အကြမ်းဖက်မှုနဲ့ ငွေညှစ်မှုဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84109
#ယူကရိန်း
#ဟန်ဂေရီ
#ဘဏ်ယာဉ်တန်း

🔥8❤6👎1👏1
"ကျွန်တော်တို့ ဟစ်ဇ်ဘိုလာနဲ့ ပတ်သက်ပြီး အတွက်မှားခဲ့တယ်။ သူတို့ ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်လာမယ်လို့ မျှော်လင့်မထားခဲ့ဘူး" ဟု အစ္စရေးအရာရှိက ဆိုသည်။
ထို့ပြင် လက်ရှိစစ်ပွဲသည် ပြီးခဲ့သည့် ဇွန်လက ဖြစ်ပွားခဲ့သော ၁၂ ရက်ကြာမြင့်ခဲ့သည့် "Operation Am Kalba’i" စစ်ဆင်ရေးထက် ပိုမိုကြာရှည်နိုင်သည်ဟု ဆိုသည်။
အစ္စရေးသည် လက်ရှိတွင် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများအပြင် လက်ဘနွန်ဘက်မှ ဒုံးလက်နက်များဖြင့် ပစ်ခတ်မှုများကိုပါ ရင်ဆိုင်နေရသဖြင့် စစ်မျက်နှာအစုံတွင် ဖိအားများနှင့် ကြုံတွေ့နေရသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84116
#ဟစ်ဇ်ဘိုလာအဖွဲ့
#အစ္စရေး
#ပဋိပက္ခ

👍13❤3👏2
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စနေနေ့က စတင် တိုက်ခိုက်ခဲ့ချိန်မှစကာ စစ်သင်္ဘောများနှင့် လေယာဉ်များအပါအဝင် အမေရိကန်စစ်ဘက်ဆိုင်ရာ အင်အားစု အမြောက်အမြား၏ တည်နေရာကို ရုရှားက အီရန်ထံ ပေးအပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ရုရှားအနေဖြင့် အီရန်ထံ မည်မျှ အတိုင်းအတာအထိ တိကျသော အချက်အလက်များ ပေးနိုင်ခဲ့သည်ဆိုသည်ကို မသိရှိသော်လည်း "အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းအားထုတ်မှု" တရပ် ဖြစ်ပုံရကြောင်း သတင်းရင်းမြစ်တဦးက ပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84119
#အမေရိကန်
#ရုရှား
#အီရန်

👎8❤4🔥3👍1
မတ်လအတွက် တင်ပို့မှု အများစုမှာ သတ်မှတ်ပြီးသား ဖြစ်ခြင်းနှင့် တင်ပို့ရန် ပြင်ဆင်ပြီးသားဖြစ်၍ ပြန်လည် ရုပ်သိမ်းရန် ခက်ခဲခြင်းတို့ကြောင့် ယခု ညွှန်ကြားချက်အားဖြင့် ဧပြီလမှစတင်ပြီး တင်ပို့မှုများ လျော့ကျလာတော့မည်ဟု သတင်းရင်းမြစ်များက ပြောကြသည်။
ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသူဖြစ်သည့် တရုတ်နိုင်ငံက ပြည်တွင်းလိုအပ်ချက်နှင့် ရရှိနိုင်မှု ချိန်ခွင်လျှာ ညီစေရန်အတွက် လောင်စာဆီ တင်ပို့မှုကို ခွဲတမ်းစနစ်ဖြင့် စီမံခန့်ခွဲလေ့ရှိပြီး ၂၀၂၆ ခုနှစ်အတွက် ပထမအသုတ်အဖြစ် ထုတ်ပေးသည့် တင်ပို့ခွင့် ခွဲတမ်းမှာ တန်ချိန် ၁၉ သန်းဖြစ်ကာ ယခင်နှစ်နှင့် သိပ်မကွာခြားလှပေ။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84123
#လောင်စာဆီတင်ပို့မှု
#ရေနံချက်စက်ရုံများ
#တရုတ်

🔥8👎1
စစ်ပွဲပိုကြာမည်ကို စိုးရိမ်သော်လည်း တီဟီရန်အနေဖြင့် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ အမေရိကန်နဲ့ နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ဖူးပေမယ့် သူတို့က ဆွေးနွေးပွဲလုပ်နေတုန်းမှာပဲ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တာကြောင့် သူတို့နဲ့ ထပ်ပြီးဆွေးနွေးစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ဘက်က အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတာမျိုး မရှိသလို အမေရိကန်နဲ့ ဆွေးနွေးဖို့ တောင်းဆိုတာမျိုးလည်း မရှိပါဘူး" ဟု အာရတ်ချီက ဆိုသည်။
ပင်လယ်ကွေ့နိုင်ငံများက ၎င်းတို့၏ ဝေဟင်ပိုင်နက်နှင့် နယ်မြေများကို အီရန်အား တိုက်ခိုက်ရာတွင် အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ယခင်က ကြေညာထားသော်လည်း အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုကို ခံနေကြရသည်။ အီရန်က ဒေသတွင်းရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ ပစ္စည်းများကိုသာမက လေဆိပ်များနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များ အပါအဝင် အရပ်ဘက်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုပါ ပစ်မှတ်ထားခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84126

❤8🔥5👍1👏1
https://www.youtube.com/watch?v=2gw_u60dTlM
Spanish prime minister calls US war against Iran 'extraordinary mistake'

Spanish Prime Minister Pedro Sanchez calls the US war against Iran an "extraordinary mistake that we are going to pay for". Now in its seventh day, the war embroils nations beyond the region, upends the world's energy and transport sectors, and brings chaos…
👍4
အစ္စရေးက မတ်လ ၇ ရက်တွင် တီဟီရန်မြို့ရှိ အစိုးရပစ်မှတ်များကို 'အကြီးစား' လေကြောင်းတိုက်ခိုက် မှုများ ထပ်မံပြုလုပ်မည်ဟု ကြေညာလိုက်သည်။
တီဟီရန်မြို့ရှိ မေရာဘတ်လေဆိပ်တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်၏ အစိုးရပိုင် Tasnim သတင်းအေဂျင် စီက ဖော်ပြခဲ့သော်လည်း၊ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC)က တစုံတရာ ထုတ်ဖော်ပြော ကြားခြင်း မရှိသေးပေ။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84132
#တီဟီရန်မြို့
#အစ္စရေး
#လေကြောင်းတိုက်ခိုက်မှုများ

👍8👏1
အီရန်က "ခြွင်းချက်မရှိ လက်နက်ချခြင်း" မရှိပါက ဆွေးနွေးပွဲများပြုလုပ်ရန် အကြောင်းမရှိကြောင်း သောကြာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
စစ်ပွဲ၏ သတ္တမမြောက်နေ့တွင် အီရန်က အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများအပေါ် လက်တုံ့ပြန်တိုက် ခိုက်မှုများ ထပ်မံပြုလုပ်လာရာ အစ္စရေးစစ်လေယာဉ်များက ဘေရွတ်နှင့် တဟီရန်မြို့များကို အပြင်း အထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84136
#လက်ဘနွန်
#အစ္စရေး
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
စစ်ပွဲ၏ သတ္တမမြောက်နေ့တွင် အီရန်က အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများအပေါ် လက်တုံ့ပြန်တိုက် ခိုက်မှုများ ထပ်မံပြုလုပ်လာရာ အစ္စရေးစစ်လေယာဉ်များက ဘေရွတ်နှင့် တဟီရန်မြို့များကို အပြင်း အထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84136
#လက်ဘနွန်
#အစ္စရေး
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9
စက်သုံးဆီရှားပါးမှုကြောင့် လူမှုကူညီရေးကိစ္စများ ရိုက်ခတ်မှုရှိလာ
ဂျူချန်း
မဇ္ဈိမ။ ။ စက်သုံးဆီ ရှားပါးလပ်မှုကြောင့် လူမှုကူညီရေးကိစ္စများတွင်လည်း ရိုက်ခတ်မှုရှိလာကြောင်း လူမှုကူညီရေးသမားများနှင့် စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
ကရင်နီတွင် စက်သုံးဆီ ရှားပါးနေပြီး စစ်ဘေးရှောင်များကို ကူညီရန် သွားရေးလာရေးခက်ခဲနေပြီး ဆီကို တတ်နိုင်သမျှ ချွေတာနေရပြီဖြစ်ကြောင်းစစ်ရှောင်အရေးလုပ်ကိုင်နေသူများက ပြောသည်။
“စစ်ရှောင်သွားဖို့ မလွယ်တော့ဘူး။ ဆီကို တော်တော်ချွေတာနေရတယ်။ ဒါတောင် ဆီကိုတန်းစီလို့ရနေသေးတဲ့ချိန်မို့။ ဆီလုံးဝပြတ်သွားပြီဆိုရင်တော့ ဘယ်လိုဆက်လုပ်ရမှန်း မသိတော့ဘူးဗျာ။ အရင်တုန်းကနဲ့မတူဘူးဒီတခေါက်က။ ဘယ်လောက်ထိတောင့်ခံနိုင်မလဲမသိဘူးပေါ့နော်” ဟု ကရင်နီစစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။
ကရင်နီတွင် ရေရှားပါးမှုလည်းရှိနေပြီး ယခင်က ၈၀,၀၀၀ ကျပ်ပေးဝယ်သုံးရသည့် ရေကားတစီးသည် လက်ရှိတွင် ကျပ် ၁၀၀,၀၀၀ ရှိလာပြီး ယခင်က ၆၀,၀၀၀ကျပ်ပေးဝယ်ရသည့် ရေကားတစီးသည် လက်ရှိတွင် ၈၅,၀၀၀ ကျပ်ဖြစ်လာကြောင်း သိရသည်။
ထို့ပြင် ကရင်နီရှိ ဆေးရုံဆေးခန်းများတွင် အောက်ဆီဂျင်အသုံးပြုရသည့် လူနာများသည် မီးစက်များဖြင့်…

❤5😢3👍2🔥1