Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဟစ်ဇ်ဘိုလာနှင့် ဟူသီတို့နှင့် ဆက်နွှယ်နေသည့် ပုဂ္ဂိုလ်များ အပါအဝင် နိုင်ငံခြား အထူး ဧည့်သည်တော်များသည် သမ္မတဟောင်း အီဗရာဟင် ရာအီစီ၏ ဈာပနအချိန်တုန်းက တီဟီရန်မြို့၌ ဟားမတ်စ်ခေါင်း ဆောင် အစ္စမေးလ် ဟာနီယေး လုပ်ကြံခံခဲ့ရ၍ တက်ရောက်ရန် စိုးရိမ်ကြောင်း ပြောဆိုကြသည်ဟု သတင်းများ ထွက်နေသည်။

အချို့သော ဘာသာရေးခေါင်းဆောင်များက ခေါင်းဆောင်ဟောင်းကို မမြှုပ်နှံရသေးမီ ဆက်ခံသူ အမည်ကို ထုတ်ပြန်ခြင်းက မသင့်တော်ကြောင်း ငြင်းဆိုကြသည်။ အခြား သူများကမူ ယခုနှစ် အစောပိုင်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားထားသော်လည်း၊ ယခု ဈာပန အခမ်း အနားအတွင်း လူထုအများရှေ့ မှောက် ခေါင်းဆောင်သစ်ကို ကြေညာခြင်းက ညီညွတ်မှုနှင့် တရားဝင်မှုကို ပိုမို ဖော်ဆောင်နိုင်လိမ့်မည်ဟု တင်ပြကြသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84150

#ခါမေနီ
#ဈာပန
#မလုပ်ပေးနိုင်လဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
🔥7👏1
တရုတ်ဝန်ကြီးချုပ် လီချန်းက ကာကွယ်ရေးအသုံးစရိတ် ခုနစ် ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ပေကျင်းမြို့ရှိ Great Hall ပြည်သူ့ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင် ကြေညာခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နှင့် ပတ်သက်၍ ပြင်းထန်သော စကားလုံးများကို သုံးနှုန်းခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် "အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်အောင် အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်" ဟု ကတိပြုခဲ့သလို၊ ထိုင်ဝမ်ရှိ "ခွဲထွက်ရေး လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်" ဟု လီချန်းက ပြောကြားခဲ့ပြီး ပြီးခဲ့သည့်နှစ်က အသုံးပြုခဲ့သည့် "ဆန့်ကျင်သွားမည်" ဆိုသော ကတိစကားထက် ပိုမိုပြင်းထန်သည့် အသုံးအနှုန်းဖြစ်သည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84153

#အီရန်စစ်ပွဲ
#အမေရိကန်စစ်တပ်
#အာရုံပြောင်း
#ထိုင်ဝမ်
#ကယ်တင်ရာရောက်နိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍5❤2👎2🔥2🥰2
😢7❤1👎1
😭4👎1
😢4😭1
😢4👎1😭1
စစ်မြေပြင်တွင် အီရန်က အောင်ပွဲရနေသည့်ဟန် ဖန်တီးထားသော သတင်းမှားများကို အီရန်နိုင်ငံပိုင် မီဒီယာများက ပိုမိုဖြန့်ဝေလာကြသည်။ ထိုသို့ဖော်ပြရာတွင် ယခင်ကပုံဟောင်းများနှင့် ပြုပြင်ဖန်တီးထား သည့် ပုံရိပ်များကို အသုံးပြုကာ အောင်ပွဲရနေသကဲ့သို့ လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း အစီ ရင်ခံစာ က ဖော်ပြထားသည်။

တချိန်တည်းမှာပင် အီလွန်မတ်၏ X လူမှုကွန်ရက်ပေါ်တွင် ပဋိပက္ခနှင့်ပတ်သက်သော မှားယွင်းလှည့် ဖျားသည့် အကြောင်းအရာများ ပျံ့နှံ့နေကြောင်း Wired မဂ္ဂဇင်း ၏ စုံစမ်းစစ်ဆေးမှုက ဖော်ပြခဲ့သည်။

ယင်းတို့တွင် AI ဖြင့် ပြုပြင်ထားသော ပုံရိပ်များနှင့် တိုက်ခိုက်မှုအတိုင်းအတာကို ချဲ့ကားထားသည့် ရေး သားချက်များပါဝင်ပြီး ဒုံးကျည်များ ကျရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ပို့စ်ပေါင်း ရာနှင့်ချီ ထွက်ပေါ် လာတတ်ကြောင်း ဖော်ပြခဲ့သည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84162

#အမေရိကန်
#ပဋိပက္ခ
#ပြင်းထန်နေချိန်
#အီရန်
#နိုင်ငံပိုင်မီဒီယာများ
#သတင်းမှား
#ဖြန့်ဝေမှုများ
#အားကောင်းလာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
🔥3😁3👍2❤1👏1
စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရန် မျှော်မှန်းဟု စစ်ခေါင်းဆောင်ဆို

001

မဇ္ဈိမ။ ။ လာမည့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိရန်မျှော်မှန်းထားကြောင်း အာဏာသိမ်း စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(မတ် ၆) က ပြောသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (မတ် ၇) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်မည့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၀၀ ကျော် ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

“နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် စုစုပေါင်းပြည်တွင်းထုတ်ကုန်အမှန်တကယ်တိုးတက်ရေးက အဓိက အရေးပါသည့် လုပ်ဆောင်ချက်ရလဒ်ဖြစ်ကြောင်း၊ ထို့ပြင် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးနှင့်…
💩9👎2❤1
ရခိုင်ပြည်နယ်၊စစ်တွေမြို့အနီး အာရက္ခတပ်တော်(AA) ၏ထိုးစစ်ကြောင့် စစ်အုပ်စု၏ရေတပ်အထိုင်စခန်းများက လေးဘက်လေးလံ တန်ပြန်ပစ်ခတ်နေပြီး ယနေ့ (မတ်လ ၇ ရက်) နံနက်ပိုင်းတွင် မြို့ပေါ်ရှိ စစ်တွေပြည်သူ့ဆေးရုံကြီး ဆေးသိုလှောင်ခန်းကို လက်နက်ကြီးထိမှန်ခဲ့ရာ ယင်းသည် စစ်အုပ်စုက ပစ်ခတ်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း မြို့ခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

မြို့တော်စစ်တွေအနီးရှိ ရွှေမင်းဂံဆိပ်ကမ်းကို ယမန်နေ့ ည ၈ နာရီကျော်တွင် AA က မော်တော်ဘုတ်ဖြင့်လာရောက် အလစ်အငိုက်ဝင်တိုက်ပြီးနောက် ယမန်နေ့ညပိုင်းကစ၍ ယနေ့တွင် အပြန်အလှန်ပစ်ခတ်မှုများ ပိုမိုပြင်းထန်လာကြောင်း စစ်တွေသတင်းအရင်းမြစ်က မဇ္ဈိမသို့ပြောသည်။ Read more: https://bur.mizzima.com/2026/03/07/84169
👍6👏5🥴3❤1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၇ မတ် ၂၀၂၆ )

စက်သုံးဆီ ရှားပါးလပ်မှုကြောင့် လူမှုကူညီရေးကိစ္စများတွင်လည်း ရိုက်ခတ်မှုရှိလာကြောင်း လူမှုကူညီရေးသမားများနှင့် စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စက်သုံးဆီရှားပါးမှု
#လူမှုကူညီရေးကိစ္စ
#ကရင်နီ
#ကချင်
#အရှေ့အလယ်ပိုင်းစစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------
👍7❤2🤮1
ညောင်လေးပင်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွား

YT

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား မတ်လ ၅ ရက်က စ၍ ယနေ့ ( မတ်လ ၇ ရက် ) အထိ တိုက်ပွဲ သုံးရက်ဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ပိန်းဇလုပ်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ ထွက်လာသည့် စစ်ကြောင်းသည် မြို့နှင့် သုံးမိုင်ကျော် အကွာ ရေတွင်းကုန်း၊ ကျောင်းကုန်း နှင့် ကံကလေး စသည့် ရွာများဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့နဲ့ဆို သုံးရက်လောက်ရှိပြီ။ ညောင်လေးပင်၊ ပိန်းဇလုပ် (၂၆၄) တည့်တည့်က ကံကလေး၊ ရေတွင်းကုန်း၊ ကျောင်းကုန်းမှာ အခုဖြစ်နေတာနော်” ဟု မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

ထိုတိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဘက်မှ ရဲဘော်သုံးဦး ကျဆုံးကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံ ရဲဘော်ဖြိုးမောင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ထိုသုံးရက်အတွင်း စစ်ကော်မရှင်တပ်က ရေတွင်းကုန်းရွာနှင့် ကျောင်းကုန်းရွာက အရပ်သားအချို့…
👍10❤3🔥2🥰1
ဓါတ်ပုံ - ဖားကန့်၊ တာမခံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများ။ ထိုလေကြောင်းတိုက် ခိုက်ခံရမှုအတွင်း အမျိုးသမီးတဦးသေဆုံးကာ သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ (CJ)
👎4🔥3🤬2😭1
ဓါတ်ပုံ - ဖားကန့်၊ တာမခံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများ။ ထိုလေကြောင်းတိုက် ခိုက်ခံရမှုအတွင်း အမျိုးသမီးတဦးသေဆုံးကာ သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ (CJ)
👎4🔥3🤬2😭1
ဓါတ်ပုံ - ဖားကန့်၊ တာမခံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများ။ ထိုလေကြောင်းတိုက် ခိုက်ခံရမှုအတွင်း အမျိုးသမီးတဦးသေဆုံးကာ သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ (CJ)
🔥4🤬3👎1😭1
ဓါတ်ပုံ - ဖားကန့်၊ တာမခံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများ။ ထိုလေကြောင်းတိုက် ခိုက်ခံရမှုအတွင်း အမျိုးသမီးတဦးသေဆုံးကာ သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ (CJ)
🤬6🔥3👎2😭1
ကနီနယ်တွင် သားရှင်ပြုအလှူပွဲ ဒရုန်းတိုက်ခိုက်ခံရပြီး မောင်ရင်လောင်း ၂ဦးအပါ ၇ ဦးသေဆုံး

007

မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ နတ်လာပို့ကျေးရွာရှိ သားရှင်ပြု အလှူပွဲကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းဖြင့် ယနေ့( မတ်လ ၇ရက် ) နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မောင်ရင်လောင်း နှစ်ဦးအပါ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အသေခံဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အသေခံ ဒရုန်းနဲ့ နှစ်ကြိမ်ဗုံးလာကြဲတာပါ။ ပထမအကြိမ်က အလှူမဏ္ဍပ် နေအိမ်ကို ဗုံးကြဲခံရတာ ဖြစ်ပါတယ်။ မောင်ရင်လောင်းအပါ သေဆုံးသူ ခုနစ်ဦး ရှိတယ်။ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးလောက်ရှိတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်အတွင်း မောင်ရင်လောင်း နှစ်ဦး နှင့် အမျိုးသမီး ငါးဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး၊ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ ထွက်ခွါလာသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းသည် ကနီမြို့နယ် တွင်းမကျေးရွာဘက်သို့…
🤬9❤7😭3👎1🔥1
ယခုနှစ်တွင် စင်ပေါ်တွင် ကပြဖျော်ဖြေခဲ့ကြသည့် "အလိုအလျောက်စနစ်သုံး စက်ရုပ်များ" ၏ ပြကွက်မှာ မမျှော် လင့်ဘဲ အကြီးအကျယ် နာမည်ပျက်ခဲ့သည်။ နောက်ဆုံးပေါ် AI နည်းပညာကို အံ့မခန်း ပြသခြင်းဖြစ်သည်ဟု ကြော်ငြာခဲ့သော်လည်း အမှန်တကယ်တွင်မူ နည်းပညာမြင့် ရုပ်သေးပွဲတခုထက် မပိုခဲ့ပေ။

အွန်လိုင်းတွင် ပျံ့နှံ့လာသော ဗီဒီယိုများက အမှန်တရားကို ဖော်ပြခဲ့သည်။ စက်ရုပ်တိုင်း၏ နောက်ကွယ် တွင် လူကိုယ်တိုင် အဝေးထိန်းစနစ်ဖြင့် အရိပ်ရုပ်သေးပွဲမှ ရုပ်သေးများကဲ့သို့ ထိန်းချုပ်နေခြင်းသာ ဖြစ်သည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84187

#တရုတ်
#အစိုးရ
#မအောင်မြင်သည့်
#စက်ရုပ်
#ဖျော်ဖြေရေး
#ဝါဒဖြန့်ချိပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁8🔥3❤1👍1