Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"Shahed" ဒရုန်းများနှင့် အလားတူ စိန်ခေါ်မှုများကို တုံ့ပြန်ရန် ယူကရိန်းဘက်က ပံ့ပိုးပေးနိုင်မည့် လုံခြုံရေးဆိုင်ရာ အကူအညီများနှင့် ပတ်သက်၍ တောင်းဆိုမှုအားလုံးကို အသေးစိတ် ပြန်လည်သုံးသပ်ထားပြီးဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောသည်။ ယူကရိန်းအနေဖြင့် ကူညီပေးရန် ဆန္ဒရှိသော်လည်း "ယူကရိန်းပြည်သူများ၏ အသက်နှင့် လွတ်လပ်ရေးကို ကာကွယ်ပေးသောသူများကိုသာ" ပြန်လည်ကူညီမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က အမေရိကန်၏ တရားဝင်တောင်းဆိုမှုကို လက်ခံရရှိပြီးနောက် ယူကရိန်းသည် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ကူညီကာကွယ်ပေးရန်အတွက် ဒရုန်းကြားဖြတ်စနစ်များနှင့်အတူ ကျွမ်းကျင်ပညာရှင်အဖွဲ့တဖွဲ့ကို ချက်ချင်းစေလွှတ်ပေးခဲ့သည်။

“အီရန်နဲ့ ရုရှား အစိုးရဟာ အပြန်အလှန် ပံ့ပိုးပေးနေကြတာပါ။ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်နေတဲ့ အီရန်ရဲ့ 'Shahed' ဒရုန်းတွေထဲမှာ ရုရှားလုပ် အစိတ်အပိုင်းတွေ ပါတယ်ဆိုတာ အပါအဝင် သတင်းတွေ ထပ်ထွက်နေပါတယ်” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဒရုန်းစစ်ဆင်ရေး
#ယူကရိန်း
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤8👍6🤣1
မဲဆောက်မြို့ရှိ သတင်းထောက်များ၏ အဆိုအရ အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများကြောင့် စွမ်းအင်ထောက်ပံ့မှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာကာ မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့ဘက်မှ မော်တော်ယာဉ်များက မဲဆောက်ခရိုင်ရှိ ဆီဆိုင်များတွင် ဆီဖြည့်ရန် အလုံးအရင်းနှင့် လာရောက်တန်းစီမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူဆောင်ရွက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းယာဉ်များကိုမူ ဆီဝယ်ယူခွင့် ပေးထားဆဲဖြစ်သော်လည်း တစီးလျှင် ဘတ် ၁,၀၀၀ ဖိုးသာ ကန့်သတ်ထားကြောင်း ဆီဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တာ့ခ်ပြည်နယ်
#ဆီဆိုင်များ
#မြန်မာကားများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7👎1😁1
ခွေးများ၏ စိတ်နေစိတ်ထားဆိုင်ရာ ဇီဝကမ္မအခြေခံအကြောင်းရင်းများကို စုံစမ်းစစ်ဆေးရန် သုတေသီ များသည် ဂိုးလ်ဒင်း ရီထရီဗာ အကောင်ရေ ၁,၃၀၀ ၏ ဒီအန်အေကို စစ်ဆေးခဲ့ပြီး ခွေးတကောင်ချင်းစီ၏ အပြုအမူဆိုင်ရာ အချက်အလက်များနှင့် နှိုင်းယှဉ်လေ့လာခဲ့သည်။

ခွေးပိုင်ရှင်များက ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များ၏ အလေ့အထနှင့် တုံ့ပြန်မှုများကို အသေးစိတ် ဖြေဆိုပေးခဲ့ကြပြီး၊ သုတေသီများက ထိုအပြုအမူဆိုင်ရာ အချက်အလက်များကို ခွေးတကောင်ချင်းစီ၏ မျိုးဗီဇအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။

ထိုသို့ ခွဲခြမ်းစိတ်ဖြာလေ့လာပြီးနောက် သင်ကြားရလွယ်ကူမှု၊ တက်ကြွမှုအဆင့်၊ သူစိမ်းများအပေါ် ကြောက်ရွံ့မှုနှင့် အခြားခွေးများအပေါ် ရန်လိုမှုစသည့် စရိုက်လက္ခဏာများနှင့် ဆက်စပ်နေသည့် သီးခြားမျိုးရိုးဗီဇများကို ဖော်ထုတ်နိုင်ခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဂိုးလ်ဒင်းရီထရီဗာခွေးများ
#စိတ်ခံစားမှု
#မျိုးရိုးဗီဇ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9❤3🤣1
“ပေကျင်း” ဟုလည်း ခေါ်ကြသည့် သီရိစုဖုရား ကေသာဝါပိတက်က ၂၀၂၀ ပြည့်နှစ်၊ အသက် ၁၃ နှစ်အရွယ်တွင် IGCSE စာမေးပွဲကို အောင်မြင်ပြီးနောက် ရမ်းခမ်းဟမ်းတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ သူမက လူမှုအသုံးချသိပ္ပံဌာနမှ အင်္ဂလိပ်စာဘာသာရပ်နှင့် မျက်စိဆိုင်ရာဘာသာရပ် (Optometry) နှစ်ခုကို တပြိုင်နက်တည်း သင်ယူခဲ့သည်။

ရေရှည်တွင် သူမက မျက်စိကုသစောင့်ရှောက်မှု၊ ဘဏ္ဍာရေးနှင့် အင်္ဂလိပ်စာ ပြောဆိုဆက်သွယ်မှုဆိုင်ရာ ဗဟုသုတများကိုပေါင်းစပ်ပြီး ထိုင်းနိုင်ငံသားများနှင့် နိုင်ငံတကာမှ ဖောက်သည်များကို ဝန်ဆောင်မှုပေးနိုင်မည့် မျက်စိဆေးခန်းတခု ဖွင့်လှစ်ရန် မျှော်လင့်ထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်း
#ဂုဏ်ထူး
#ဆယ်ကျော်သက်မိန်းကလေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9❤2🥰1👏1🥴1
လန်ဒန်ရှိ ဂျူးလူမျိုးများနှင့် ပတ်သက်သည့် "နေရာများနှင့် လူပုဂ္ဂိုလ်များ" ကို စောင့်ကြည့်ထောက်လှမ်းသည်ဆိုသော သံသယဖြင့် အီရန်အမျိုးသားနှင့် ဗြိတိန်-အီရန် ကပြားအမျိုးသား လေးဦးကို သောကြာနေ့အစောပိုင်းက လန်ဒန်၌ဖမ်းဆီးခဲ့ပြီးနောက် ယခု သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါတိုက်ခန်းများကို သံရုံးဝန်ထမ်းများနှင့် လာရောက်သူများကို စောင့်ကြည့်ရန်နှင့် ဓာတ်ပုံရိုက်ရန်၊ သံရုံးဝန်ထမ်းများ၏ အပြင်ဘက်စကားပြောဆိုမှုများကို အသံဖမ်းယူရန်၊ ထို့အပြင် "ပြတင်းပေါက် တုန်ခါမှုများမှတဆင့် အတွင်းခန်းထဲက စကားသံများကို လေဆာဖြင့် ဖမ်းယူစောင့်ကြည့်ရန်" အတွက် အသုံးပြုနိုင်ကြောင်း မက်မီလန်က ပြောခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အစ္စရေးသံရုံး
#လန်ဒန်တိုက်ခန်း
#အီရန်ခေါင်းဆောင်သစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁7👎2❤1👍1
အီရန်နှင့် ဖြစ်ပွားနေသောစစ်ပွဲကို မည်သည့်အချိန်တွင် အဆုံးသတ်မည်ဆိုသည့် ဆုံးဖြတ်ချက်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့်အတူ ပူးပေါင်းလုပ်ဆောင်မည့် 'နှစ်ဦးသဘောတူ' ဆုံးဖြတ်ချက်သာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၈ ရက်တွင် Times of Israel သတင်းဌာနသို့ ပြောသည်။

ထို့ပြင် မိမိနှင့် နေတန်ယာဟုတို့သာ မရှိခဲ့ပါက အီရန်သည် အစ္စရေးကို ဖျက်ဆီးခဲ့လိမ့်မည် ဖြစ်ကြောင်း ထရမ့်က အဆိုပါတယ်လီဖုန်းအင်တာဗျူးတွင် အခိုင်အမာ ဆိုသည်။

"အီရန်ဟာ အစ္စရေးနဲ့ ပတ်ဝန်းကျင်က အရာအားလုံးကို ဖျက်ဆီးဖို့ ကြံရွယ်နေခဲ့တာပါ။ ဒီအပေါ်မှာ ကျွန်တော်တို့ အတူတကွလက်တွဲပြီး ဆောင်ရွက်ခဲ့တယ်။ အစ္စရေးကို ဖျက်ဆီးချင်ခဲ့တဲ့ နိုင်ငံတခုကို ကျွန်တော်တို့ ဖျက်ဆီးနိုင်ခဲ့ပြီ" ဟုလည်း ထရမ့်က ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#နေတန်ယာဟု
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥3❤1
ယူအေအီးတွင် အီရန်၏တိုက်ခိုက်မှုများကို ၉၆ ရာခိုင်နှုန်းကျော် အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည့် တောင်ကိုရီးယား ဒုံးခွင်းဒုံးစနစ်၏ ပထမဆုံးအကြိမ် စစ်မြေပြင်စွမ်းဆောင်ရည်ကြောင့် ယခုကဲ့သို့ အရေးပေါ်တောင်းဆိုလာခြင်း ဖြစ်သည်။

အလေးချိန် ၄၀၀ ကီလိုဂရမ် (၈၈၂ ပေါင်) ရှိသော ဒုံးခွင်းဒုံးသည် ပစ်မှတ်ကို တိုက်ရိုက်ဝင်တိုက်ဖျက်ဆီးသည့် Hit-to-Kill နည်းပညာကို အသုံးပြုထားသည်။ ၎င်းသည် ပဲ့ထိန်းဒုံးကျည်များကို အကွာအဝေး ၂၀ ကီလိုမီတာ (၁၂ မိုင်) ဝန်းကျင်နှင့် အမြင့်ပေ ၁၅ ကီလိုမီတာ (၉ မိုင်) အထက်ထိ ကြားဖြတ်ဟန့်တားနိုင်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ယူအေအီး
#တောင်ကိုရီးယား
#ဒုံးခွင်းဒုံးများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤2🤣1
ဟန်ဂေရီသည် ငွေသားနှင့် ရွှေများ တင်ဆောင်လာသည့် ထရပ်ကားတစီးနှင့်အတူ ယူကရိန်းဘဏ်ဝန်ထမ်း ခုနစ်ဦးကို ထိန်းသိမ်းပြီးနောက် အဆိုပါဘဏ်ဝန်ထမ်းများ၏ ရပိုင်ခွင့်များကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ကြောင်း ယူကရိန်းက မတ်လ ၉ ရက်တွင် စွပ်စွဲပြောကြားလိုက်သည်။ ယင်းချိုးဖောက်မှုများထဲတွင် ဆီးချိုရောဂါရှိသူ အမျိုးသားတဦးကို အတင်းအဓမ္မ ဆေးထိုးနှံခြင်းလည်း ပါဝင်သည်ဟု ဆိုသည်။

ယူကရိန်းအစိုးရဘက်မှ အပြင်းအထန် ကန့်ကွက်မှုတို့ လုပ်ဆောင်ပြီးနောက် တရက်အကြာတွင် ဟန်ဂေရီက အဆိုပါဘဏ်ဝန်ထမ်းများကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ဟန်ဂေရီကို ဖြတ်သန်းပြီး ဩစတြီးယားမှ ယူကရိန်းသို့ သယ်ယူ ပို့ဆောင်သည့် နိုင်ငံပိုင် Oschadbank ထံမှ သိမ်းဆည်းခဲ့သော အမေရိကန်ဒေါ်လာ သန်း ၄၀၊ ယူရို ၃၅ သန်းနှင့် ၉ ကီလိုဂရမ် အလေးချိန်ရှိ ရွှေတုံးများကိုမူ ဟန်ဂေရီက ပြန်လည်ပေးအပ်ခြင်း မရှိသေးပေ။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဟန်ဂေရီ
#ယူကရိန်းဘဏ်ဝန်ထမ်း
#ကိယက်ဗ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥8👍3
ဂျာမန်ဘောလုံးပွဲစဉ်မှာ VAR မော်နီတာ ပလပ်ကြိုးကို မျက်နှာဖုံးစွပ်ထားသည့် ပရိသတ် ဆွဲဖြုတ်သွား

AP

ဂျာမန်ဘောလုံးပွဲစဉ်တခုမှာ ဒိုင်လူကြီးက ပင်နယ်တီအတွက် ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင်နေချိန်မှာ မျက်နှာဖုံးစွပ်ထားတဲ့ ပရိသတ်တဦးက ဗီဒီယိုအကူဒိုင် (VAR) မော်နီတာရဲ့ ပလပ်ကြိုးကို ဖြုတ်သွားခဲ့ပါတယ်။ ဒါဟာ VAR နည်းပညာကို ဆန့်ကျင် ဆန္ဒပြတဲ့သဘောနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရူးဆန် မွန်စတာ နဲ့ ဟာသာဘာလင်တို့ရဲ့ ဂျာမနီဒုတိယတန်း ပွဲစဉ်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ ဒိုင်လူကြီး ဖေးလစ်ဘစ်ကယ်ဟာ ပင်နယ်တီပေးသင့်၊ မပေးသင့်ကို ကွင်းဘေးက VAR မော်နီတာမှာ သွားရောက်ကြည့်ရှုဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မော်နီတာဟာ မီးပိတ်နေပြီး ဘာမှကြည့်လို့မရ ဖြစ်နေခဲ့ပါတယ်။ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးတဲ့ ပရိသတ်တဦးက ပွဲကြည့်စင်ကနေ ထွက်လာပြီး VAR မော်နီတာရဲ့ ပလပ်ကြိုးကို ဆွဲဖြုတ်သွားခဲ့တာတယ်လို့ မွန်စတာအသင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တီဗီမှတ်တမ်းတွေအရတော့ မွန်စတာအသင်းရဲ့ အစိမ်းရောင်နဲ့ လိုက်ဖက်တဲ့ အဖြူရောင် ဝတ်စုံနဲ့ မျက်နှာဖုံးစွပ်ထားတဲ့ လူတဦး အိမ်ကွင်းပရိသတ်တွေရှိရာ ပွဲကြည့်စင်ဘက်…
❤6🤣3
“သူတို့ဟာ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်နေကြတယ်။ ဒီနိုင်ငံတွေရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေေ၊ အရပ်သားတွေကို တိုက်ခိုက်နေကြတယ်” ဟု သူကပြောသည်။

လီဗင်ဆန်ဟာ “ကျွန်တော်တို့ တဟီရန်မှာ ကိုင်တွယ်နေရတဲ့ အစိုးရရဲ့သဘာဝကို အထူးသဖြင့် သတိပေးနေတာပါပဲ” ဟု ရူဘီယို က ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ရူဘီယို
#ဓားစာခံ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥4👍3
အီရန်တွင်အစိုးရအပြောင်းအလဲအမြန်လုပ်ရန်လည်း ဂျာမန်အဓိပတိက ထပ်မံတောင်းဆိုလိုက်သည်။ “မူလာ အစိုးရမြန်မြန်အဆုံးသတ်လေ စစ်ပွဲလည်းမြန်မြန်ပြီးလေပဲ” ဟု သူက ပြောသည်။

“အီရန်ဟာ နိုင်ငံတကာအကြမ်းဖက်ဝါဒရဲ့ ဗဟိုချက်မပဲ။ ဒီဗဟိုချက်ကိုပိတ်ပစ်ရမယ်။ ဒီအလုပ်ကို အမေရိကန်တွေနဲ့အစ္စရေးတွေက သူတို့နည်းသူတို့ဟန်နဲ့လုပ်နေကြတာ” ဟု သူက ပြောသွားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အရှေ့အလယ်ပိုင်းစစ်ပွဲ
#စွမ်းအင်ဈေးနှုန်းများ
#ဂျာမဏီအဓိပတိ_မာ့ဇ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤3🔥2👏1
အီရန်အမျိုးသမီးဘောလုံးအသင်းဝင် ၅ ဦးကို သြစတြေးလျက ခိုလှုံခွင့်ပြု

AP

အီရန်စစ်ပွဲ စတင်ချိန်မှ ပြိုင်ပွဲတခုအတွက် သြစတြေးလျနိုင်ငံဆီ ရောက်ရှိလာခဲ့တဲ့ အီရန်အမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းရဲ့ အဖွဲ့ဝင် ငါးဦးကို သြစတြေးလျအစိုးရက ခိုလှုံခွင့် ပေးလိုက်ပြီဖြစ်ကြောင်း အစိုးရဝန်ကြီးတဦးက အင်္ဂါနေ့မှာ ပြောကြားပါတယ်။

သြစတြေးလျရောက် အီရန်အဖွဲ့အစည်းတွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့က အဆိုပါအမျိုးသမီးတွေကို ကူညီပေးဖို့ သြစတြေးလျအစိုးရကို တိုက်တွန်းပြီးနောက် ရက်များအကြာ အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါအမျိုးသမီးတွေအနေနဲ့ ခိုလှုံခွင့်တောင်းခံချင်တဲ့အကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ အသင်းရဲ့ ပထမဆုံးပွဲစဉ်မတိုင်ခင် ကစားသမားတွေဟာ အီရန်နိုင်ငံတော်သီချင်းကို သီဆိုဖို့ ငြင်းဆန်ခဲ့တာကြောင့် သြစတြေးလျမှာ သတင်းတွေ တက်လာခဲ့သလို ခန့်မှန်းပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

အင်္ဂါနေ့ အစောပိုင်းမှာ သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင်တွေဟာ ခိုလှုံခွင့်တောင်းခံလာတဲ့ အဆိုပါ အမျိုးသမီး ငါးဦးကို ဂိုးလ်ကို့စ် (Gold Coast) ရှိ သူတို့တည်းခိုရာ…
❤6👍5🔥1🥰1👏1
အာဖဂန်နစ္စတန်နိုင်ငံကို 'မတရား ဖမ်းဆီးချုပ်နှောင်မှု ထောက်ခံအားပေးသည့် နိုင်ငံ" အဖြစ် သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မတ်လ ၉ ရက်တွင် ကြေညာလိုက်သည်။ ထို့ပြင် တာလီဘန်အာဏာပိုင်များအနေဖြင့် အမေရိကန်နိုင်ငံသားနှစ်ဦးကို ပြန်လွှတ်ပေးရန်နှင့် 'ဓားစာခံ ဒစ်ပလိုမေစီ' ကျင့်သုံးမှု အဆုံးသတ်ရေး ရူဘီယိုက တောင်းဆိုသည်။

'မတရား ဖမ်းဆီးထိန်းသိမ်းထားမှု' ဆိုင်ရာ ဝါရှင်တန်၏ နာမည်ပျက်စာရင်းသစ်တွင် အီရန်ကို ပထမဆုံးအဖြစ် ထည့်သွင်းပြီး တပတ်အကြာတွင် ယခုကဲ့သို့ အာဖဂန်နစ္စတန်ကို ထပ်မံထည့်သွင်းသတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အာဖဂန်နစ္စတန်
#အမေရိကန်
#ဖမ်းဆီးချုပ်နှောင်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11👏1🍾1
Heineken မြန်မာစက်ရုံ၏ အလုပ်သမားရေးရာ ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုမရှိဟု MICS ဝေဖန်၊ ထုတ်ကုန်များ သပိတ်မှောက်ရန် ပြင်ဆင်

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ Heineken မြန်မာဘီယာစက်ရုံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေပြီး၊ ကုမ္ပဏီဘက်က ပွင့်လင်းမြင်သာမှုမရှိဘဲ ဖြေရှင်းနေသဖြင့် ထုတ်ကုန်များကို သပိတ်မှောက်ရန်အထိ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ပြင်ဆင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အဆိုပါစက်ရုံတွင် လုပ်အားအမြတ်ထုတ်ခြင်း၊ အေဂျင်စီမှတဆင့် ခြောက်လတကြိမ်သာ စာချုပ်ချုပ်ဆို၍ အလုပ်တည်မြဲခွင့် ပိတ်ပင်ခြင်းနှင့် နားရက်မပေးဘဲ ခိုင်းစေခြင်းများ ရှိနေကြောင်း MICS က စုံစမ်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဥရောပလုပ်ငန်းရှင်များအသင်း (EuroCham) ၏ ကြားဝင်မှုဖြင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆွေးနွေးခဲ့သော်လည်း ကုမ္ပဏီဘက်မှ အားရဖွယ် တုံ့ပြန်မှုမရှိကြောင်း သိရသည်။

MICS အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က Heineken သည် အလုပ်သမားများအား…
👍9❤7🔥2🥰1
🔥5👍1
👍3🔥2
👍3🔥2
ဖလမ်းမြို့နယ်၌ ၄ လတာ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား ၂၀၀ ကျော်သေ၊ ချင်းတပ်ဖွဲ့ဝင် ၄၀ ကျော် ကျဆုံးဟုဆို

ပါခွီး

မဇ္ဈိမ ။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ လေးလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ သေဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၂၅၀ ကျော် ၊ ဖမ်းဆီးခံရသူ ၄၀ ကျော်ရှိကြောင်း နှင့် ချင်းပူးပေါင်းတပ်ဘက်မှ ၄၂ ဦး ကျဆုံးကြောင်း ချင်းရေးရာအဖွဲ့ (ICA )က သတင်းထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၏ အချက်အလက်များအရဖြစ်သည်ဟု ICA က မတ်လ ၉ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သေဆုံးထိခိုက်မှု ဒေတာအချက်အလက်တွေကို ဒီတိုက်ပွဲမှာပါဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ တာဝန် ရှိသူတွေရဲ့ အစီရင်ခံတာတွေက ယူပြီး တခြားအချက်လက်တွေကတော့ ကျွန်တော်တို့ မြေပြင်သတင်းကို အဓိကယူပြီး စိစစ်အတည်ပြုတာပါ” ဟု ICA သတင်းပြန်ကြားရေးတာဝန်ခံ ဆလိုင်းဗန်ဆွီးစံ က မဇ္ဈိမကိုပြောသည်။

ထိုကာလအတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂,၅၀၀ ကျော်လုပ်ခဲ့ကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား…
👍10🥴2
အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက မိုဂျ်တာဘာကို "ဒဏ်ရာရစစ်ပြန်" ဟု သုံးနှုန်းခေါ်ဆိုခဲ့သည့်အတွက် မိုဂျ်တာဘာသည် လက်ရှိဖြစ်ပွားနေသော စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပုံရကြောင်း Iran International သတင်းဌာနက ဖော်ပြခဲ့သည်။

မိုဂျ်တာဘာသည် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ကာ စိတ်ပညာနှင့် စိတ်ပိုင်းစိစစ်လေ့လာမှုဆိုင်ရာ အထူးပြုသင်တန်းများကို တက်ရောက်ပြီးစီးထားသူဖြစ်ကြောင်း၊ ခေတ်မီနည်းပညာများ၊ စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရပ်များနှင့် လုံခြုံရေးကိစ္စရပ်များကို သိရှိနားလည်သည့်အပြင် နိုင်ငံရေးမူဝါဒများနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကိုပါ နှံ့စပ်သူဖြစ်ကြောင်း အီရန်အစိုးရ ရုပ်သံလိုင်းက ကြေညာခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပစ်မှတ်ထား
#တိုက်ခိုက်မှုများ
#မိုဂျ်တာဘာခါမေနီ
#ဒဏ်ရာရရှိထားဟ
#အစ္စရေး
#ယူဆ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
🤣7👍3👏2🔥1