Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်မှာ အမှားတွေလုပ်မိတဲ့ စပါးဂိုးသမားကို ဒီဂီယာ အားပေးစကားဆို

Goal

အက်သလက်တီကိုမက်ဒရစ်ကို ၅-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာ အမှားနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပွဲချိန် ၁၇ မိနစ်မှာတင် လူစားလဲခံခဲ့ရတဲ့ တော့တင်ဟမ်ဟော့စပါးဂိုးသမား အန်တိုနင် ကင်စကီးကို ယူနိုက်တက်ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာက နှစ်သိမ့်အားပေးခဲ့ပါတယ်။

စပါးအသင်းဟာ ဒီရာသီမှာ ကင်စကီးကို အီတလီဂိုးသမား ဂူဂလီယဲလ်မို ဗီကာရီယိုရဲ့ရဲ့ အရန်အဖြစ်သာ ထားရှိတာဖြစ်ပေမဲ့ အက်သလက်တီကိုနဲ့ချန်ပီယံလိဂ်ပွဲမှာတော့ နည်းပြ အီဂေါ တူဒေါက အသက် ၂၂ အရွယ် ချက်ဂိုးသမားလေးကို ပွဲထွက်အသုံးပြုခဲ့တာပါ။

ကင်စကီးဟာ ဒီပွဲမှာ မထင်မှတ်ဘဲ ပွဲထွက်ခွင့်ရရှိလာခဲ့တာဖြစ်သလို ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရတာဖြစ်ပါတယ်။

စပါးတို့ ပွဲချိန် ၁၅ မိနစ်အတွင်း အက်သလက်တီကိုကို သုံးဂိုးခွင့်ပြုခဲ့ရပြီး နှစ်ဂိုးက ကင်စကီးရဲ့အမှားတွေကနေ ပေးခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ နည်းပြ တူဒေါဟာ ပွဲချိန် ၁၇ မိနစ်မှာ ကင်စကီးကို ဗီကာရီယိုနဲ့ အစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကွင်းထဲကနေ ထွက်ခွာချိန်မှာ…
👍5❤1🔥1
သရုပ်ဆောင် မင်းအုပ်စိုးကို လက်နက်ပုဒ်မဖြင့် အမှုဖွင့်

ရောင်နီ

မဇ္ဈိမ။ ။အာဏာသိမ်းစစ်ကော်မရှင်တပ်အား ထောက်ခံသူအဖြစ် ကြွေးကြော်ထားသည့် သရုပ်ဆောင်မင်းအုပ်စိုးကို တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကော်မရှင်က ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဒလ - တွံတေး ကားလမ်းမပေါ်ရှိ ဘုရားငုတ်တို X-Ray ပူးပေါင်းစစ်ဆေးရေးဂိတ်ကို သရုပ်ဆောင် မင်းအုပ်စိုးက ၎င်းကိုယ်တိုင် မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့် ဖြတ်သန်းစဉ် မတ်လ ၉ ရက်နေ့ နံနက် ၁၀ ဝန်းကျင်
အချိန်၌ ဖမ်းဆီးခံရခြင်းဟု ဆိုသည်။

“ ဒလကနေ တွံတေးလာတဲ့ လမ်းက စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတဲ့အချိန် သေနတ်တွေ့လို့ ဖမ်းဆီးခံထားရတာပါ။ လက်ရှိတွံတေးရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်ဆိုပြီး သိရပါတယ်” ဟု တွံတေး ဒေသတွင်း သတင်းရင်းမြစ်က ယနေ့ (မတ်လ ၁၁ ရက်)မွန်းလွဲပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တွံတေးမြို့ကို သွားရောက်ရန် ဒလ-တွံတေးကားလမ်းမပေါ်ရှိ ဘုရားငုတ်တိုစစ်ဆေးရေးဂိတ်သို့ အောင်နိုင်ထွန်း (ခေါ်) မင်းအုပ်စိုး မောင်းနှင်လာသည့်…
👍7👏4🔥2
အမ်းမြိုနယ် ဒါးလက်ချောင်းဒေသ လေကြောင်းတိုက်ခိုက်ခံရမှု စစ်သုံ့ပန်း ၁၀၀ ကျော်သေဆုံး

MTO

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော် (AA)၏ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းမှ ဗုံကြဲတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်ခဲ့ရာ စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရသွားကြောင်း အာရက္ခတပ်တော် (AA )က ယနေ့ (မတ်လ ၁၁ ရက်)တွင် သတင်းထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်ဖွဲ့သည့် မတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန်ထိ ဂျက်ဖိုက်တာ လေးစီးနှင့် Y-12 လေးစီးတို့ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်ဆောင်ခဲ့ကြောင်း အာရက္ခတပ်တော် (AA )က ထုတ်ပြန်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများထဲတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အရပ်သားတချို့လည်း ပါဝင်ကြောင်း AA က ဆိုသည်။

သုံးနာရီခွဲအထိ ကြာမြင့်သည့် ယခုလေကြောင်းတိုက်ခိုက်မှုသည် စစ်သုံ့ပန်းအဖြစ်ထားရှိထားသည် စစ်ကော်မရှင်တပ်ဖွဲ့ ဝင် အများဆုံးသေဆုံးခဲ့သည့် ဖြစ်စဉ်တခုဖြစ်ပြီး စစ်ဘက်အရာရှိကြီးများလည်း ပွဲချင်းပြ…
❤6👍5🔥4👎1😁1
တရုတ်၏ စီးပွားရေး တိုးတက်မှုအပေါ် လွတ်လပ်သော အဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ အစစ် အမှန်ကိန်း ဂဏန်းမှာ အစိုးရထုတ်ပြန်သော ကိန်းဂဏန်း စာရင်းဇယားများထက် များစွာနိမ့်ကျနိုင်ကြောင်း အမေရိကန်အခြေ စိုက် Stanford စင်တာမှ အကြီးတန်း သုတေသနပညာရှင် ဟူချန်းဂန်းက သတိပေးသည်။

"စီးပွားရေး ဆက်တိုက်ကျဆင်းနေတာရယ်၊ ဖိအားတွေ တိုးများလာတာကြောင့် သူတို့အနေနဲ့ ဂျီဒီပီ တရားဝင် ခန့်မှန်းချက်ကို လျှော့ချလိုက်ရတာ ဖြစ်တယ်" ဟု ၎င်းက ဆိုသည်။

မျက်နှာစုံညီ အစည်းအဝေးများကို မတ် ၁၂ ရက်တွင် အပြီးသတ်ရန် စီစဉ်ထားပြီး ထိုနေ့တွင် အမျိုးသားပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များက အစိုးရ၏ အသုံးစရိတ်၊ စီးပွားရေး ပန်းတိုင်များနှင့် ဥပဒေပြုရေး အစီအစဉ်များကို မဲခွဲအတည်ပြုကြမည်ဖြစ်သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မျက်နှာစုံညီ
#အစည်းအဝေး
#နည်းပညာသစ်
#ပြည်တွင်း
#ဝယ်လိုအားအပေါ်
#တရုတ်
#ရှေးရှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👎6❤2🤣2👍1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၁ မတ် ၂၀၂၆ )

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား စစ်ကော်မရှင်မှ တိုက် လေယာဉ်များဖြင့် ဗုံးကြဲခဲ့ရာ အရာရှိကြီးများ အပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိကာ အရပ်သားအကျဥ်းသားအချို့ လည်း သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော် (AA)က ယနေ့ ထုတ်ပြန်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဂျက်ဖိုက်တာ
#စစ်ကော်မရှင်
#အမ်းမြိုနယ်
#ဒါးလက်ချောင်းဒေသ
#လေကြောင်းတိုက်ခိုက်
#စစ်သုံ့ပန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-------------------------------------------
👍7🔥2🥴2
ထိုင်းသင်္ဘောမှာ တိုက်ခိုက်ခံရပြီး မီးလောင်သော်လည်း မီးငြှိမ်းသတ်နိုင်ခဲ့ကာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိကြောင်း ဗြိတိန်ရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေးအဖွဲ့ (UKMTO) က နောက်ပိုင်း ထုတ်ပြန်သည်။ မရှိမဖြစ် လိုအပ်သည့် သင်္ဘောသားအချို့ကမူ သင်္ဘောပေါ် ဆက်ရှိနေသည်။

ကမ္ဘာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းခန့် ကူးလူးနေရာ အဓိက ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းသွားလာမှုများက ဖေဖော်ဝါရီ ၂၈ ရက် အီရန်ပဋိပက္ခ စတင်ချိန်မှစကာ သိသိသာသာ လျော့ကျသွားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်း
#အလံတင်
#သင်္ဘော
#ဟော်မုဇ်ရေလက်ကြား
#တိုက်ခိုက်ခံရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍10🔥3
မိုဂျ်တာဘာ ခါမေနီသည် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် လုပ်ကြံခံခဲ့ရသည့် ဖခင် အယာတိုလာ အလီ ခါမေနီ၏နေရာတွင် ဆက်ခံခဲ့ပြီး သုံးရက်အကြာအထိ ၎င်းကို ရုပ်သံများတွင်သော်လည်းကောင်း၊ လူမြင်ကွင်းတွင် သော်လည်း ကောင်း မတွေ့ရသေးသလို စာဖြင့်ရေးသားထုတ်ပြန်သည့် ထုတ်ပြန်ချက်မျိုးလည်း မရှိသေးပေ။

အကြောင်းရင်းတခုမှာ ဆက်သွယ်ပြောဆိုမှုတခုခုက ၎င်းရှိနေသည့် နေရာကို သိရှိသွားစေနိုင်ပြီး အန္တရာယ် ကျရောက်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်ခြင်းကြောင့် ဖြစ်သည်ဟု အမည်မဖော်လိုသည့် အီရန်အရာရှိသုံးဦးက ပြောသည်။

သို့သော် နောက်ထပ် အကြောင်းအချက်တချက်ကတော့ အသက် ၅၆ နှစ်ရှိ မိုဂျ်တာဘာ ခါမေနီသည် အစ္စရေးနှင့် အမေရိကန်တို့က အီရန်အပေါ် တိုက်ခိုက်မှု စတင်သည့်နေ့ကတည်းက ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ခေါင်းဆောင်သစ်
#စစ်ပွဲအစောပိုင်း
#ကာလအတွင်း
#ဒဏ်ရာရခဲ့
#အစ္စရေး
#အရာရှိများပြော
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍9🔥2😁2❤1
ယခုအပတ်အတွင်း ထွက်ပေါ်လာသော အဆိုပါသတင်းကြောင့် ဂျပန်နှင့်အတူ အမေရိကန်၏ အရေးအကြီးဆုံး အရှေ့အာရှမဟာမိတ်ဖြစ်သည့် တောင်ကိုရီးယားအပေါ် ဒေါ်နယ်ထရမ့်၏ လုံခြုံရေးကတိ ကဝတ်နှင့် ပတ်သက်ပြီး သံသယများ ဖြစ်ပေါ်စေသည်။ ထို့ပြင် နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားက ၎င်း၏ အိမ်နီးချင်း တောင်ကိုရီးယားအပေါ် ပိုမိုဖိအားများ တိုးမြှင့်ပေးလာနိုင်သည်ဟူသော သတိပေးမှုများလည်း ရှိနေသည်။

အမေရိကန်၏ အမြောက်တပ်ဖွဲ့များနှင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို ယခုကဲ့သို့ ပြောင်း ရွှေ့တပ်ဖြန့်ခြင်းအား တောင်ကိုရီးယားအနေဖြင့် ကန့်ကွက်ကြောင်း လီဂျေမြောင်က ပြောရင်း "ဒါဟာ မြောက်ကိုရီးယားကို ဟန့်တားရေး ကျွန်တော်တို့ရဲ့ မဟာဗျူဟာကို ဆိုးဆိုးရွားရွား အဟန့်အတား ဖြစ်စေမလားလို့ မေးရင်တော့ မဖြစ်စေဘူးလို့ ကျွန်တော် အသေအချာ ပြောနိုင်ပါတယ်" ဟု အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#ဒုံးကာစနစ်များ
#အရှေ့အလယ်ပိုင်း
#ရွှေ့ပြောင်း
#တောင်ကိုရီးယား
#စိုးရိမ်ပူပန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍8🔥3
ယင်းမာပင်ရဲမေအမှု တပ်ရင်းမှူးအပါအဝင် သံသယရှိသူများကို NUG ထိန်းသိမ်း၊ အမှုမှန်ဖော်ထုတ်ပေးမည်ဟု ကတိပြု

မောင်ခက်နွေ

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲမေတဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါတပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး အမှုမှန်ပေါ်ပေါက်ရေး အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု NUG က ယနေ့ (မတ်လ ၁၁ ရက်) တွင် ကတိပြု ထုတ်ပြန်လိုက်သည်။

ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းမှ အမျိုးသမီးရဲမေသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက တပ်ရင်း၏ ခွင့်ပြုချက်မပါဘဲ အလှူခံသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရစဉ်အတွင်း အဓမ္မပြုကျင့်ခံရခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခံရခြင်းတို့အား သုံးရက်ဆက်တိုက် ကြုံတွေ့ခဲ့ရကြောင်း အွန်လိုင်းပေါ် သတင်းများပျံ့နှံလာခဲ့သည်။

သို့သော် ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဖြစ်စဉ်အား လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မပျံ့နှံ့မီကပင် ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အမှုမှန်ပေါ်ပေါက်ရေးအတွက်…
👍14❤1🤮1
👍9😁2❤1