Mizzima
✔
48K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ - ဟာဗက်ဇ်ရဲ့ နောက်ကျ ပင်နယ်တီဂိုးကြောင့် သရေရလဒ်ယူနိုင်ခဲ့တဲ့ အာဆင်နယ်

လေဗာကူဆင် ၁-၁ အာဆင်နယ်
အန်ဒရစ်ချ် ၄၆’ | ကိုင်ဟာဗက်ဇ် ၈၉’ (P)

အာဆင်နယ်အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ ရှစ်ပွဲဆက် အနိုင်ရထားတဲ့ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲမှတ်တမ်းဟာ အခုပွဲမှာတော့ ရပ်တန့်သွားခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ ပြိုင်ဘက် အိမ်ကွင်းကနေ သရေရလဒ်တခုနဲ့ ပြန်လာနိုင်ခဲ့တဲ့အတွက် ကျေနပ်နေမှာပါ။

အာဆင်နယ်နဲ့ လေဗာကူဆင်တို့ ပထမအကျော့ တဂိုးစီ သရေကျခဲ့တာကြောင့် ဒုတိယအကျော့မှာ နှစ်အသင်လုံးအတွက် အဆုံးအဖြတ်ဖြစ်ပါလိမ့်မယ်။

(Photos: EPA)
👍8❤2🔥1
👍5🔥1
👍3🔥1
🥰2👍1🔥1
🥰2🔥1
👍2🔥1
👍2🔥1
စစ်မက်ပဋိပက္ခအတွင်း စီးပွားရေးအရ မှီခိုနေရမှု၊ မဟာဗျူဟာမြောက် အခြေခံ အဆောက်အအုံ စီမံကိန်းများနှင့် နက်ရှိုင်းသော ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားမှုများ ပေါင်းဆုံနေသည်ကို မြင်နေတွေ့နေရပေသည်။ ဤ အကျပ်အတည်းတွင် တရုတ် ပါဝင်နေသည့် အခန်းကဏ္ဍက 'စွမ်းအင်' သာလျှင် ဖြစ်သည်။ တရုတ်က အီရန်ရေနံစိမ်းကို အဓိက ဝယ်ယူသုံးစွဲသူအဖြစ် ဆက်ရှိနေပြီး၊ အီရန်၏ ရေနံတင်ပို့မှု အများစုမှာ တရုတ်ဆိပ်ကမ်းများသို့ စီးဆင်းနေသည်။ ဤသည်မှာ ရိုးရှင်းသော ကုန်သွယ်မှုထက် ပိုပြီး အီရန်အစိုးရကို နှစ်ပေါင်းများစွာ နိုင်ငံတကာ၏ ဖယ်ကြဉ်ခြင်းကို ကြံ့ကြံ့ခံနိုင်အောင် အသက်ဆက်ပေးနေခြင်းပဲ ဖြစ်သည်။

အီရန်စစ်ပွဲသည် အာဏာရှင်အစိုးရများက ကမ္ဘာ့ကုန်သွယ်ရေး၏ အဓိက သွေးကြောများကို ထိန်းချုပ်ထားသည့် ကမ္ဘာကြီး၏ အားနည်းချက်ကို ဖော်ထုတ်ပြသခဲ့သည်။ အီရန်အပေါ် တရုတ်၏ အကာအကွယ် ပေးမှုသည် မိမိတို့၏ သာယာဝပြောရေးကို တိုက်ရိုက် ခြိမ်းခြောက်နေကြောင်း သိမှတ်ထားရလိမ့်မည် ဖြစ်သည်။ ထို အချက်မှာ ရေနံစီးဆင်းမှုအတွက်သာ မဟုတ်ဘဲ အာရှအလယ်ပိုင်းကို မည်သူ ထိန်းချုပ်မည်၊ Read more: https://bur.mizzima.com/2026/03/12/84644
👍7💩2❤1🤣1
အမေရိကန်၏ တိုက်ခိုက်မှုများကို အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ အနောက်ဘက် ကမ်းခြေသို့ ဒရုန်းများဖြင့် တိုက်ခိုက်လာနိုင်ကြောင်း ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်) က ကယ်လီဖိုးနီးယားရဲတပ်ဖွဲ့အား သတိပေးထားသည်။

“အမေရိကန်က အီရန်ကို တိုက်ခိုက်လာပါက၊ အီရန်က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းမှစတင်၍ အမေရိကန်ကမ်းလွန်ရှိ သင်္ဘောတစင်းပေါ်မှနေ၍ ဒရုန်းများအသုံးပြုကာ ကယ်လီဖိုးနီးယားပြည်နယ် အတွင်းရှိ ပစ်မှတ်များကို အလစ်အငိုက်တိုက်ခိုက်ရန် ကြံစည်ထားကြောင်း သတင်းအချက်အလက် အသစ်များရရှိထားသည်” ဟု ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သော သတိပေးချက်တွင် ဖော်ပြ ထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84647

#ဒရုန်းများ
#ကယ်လီဖိုးနီးယား
#FBI
#အမေရိကန်ကမ်းလွန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥2
အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များနှင့် ပင်လယ်ကွေ့နိုင်ငံများကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ရန် ရုရှားက ယူကရိန်းစစ်ပွဲအတွင်း လက်တွေ့အသုံးချခဲ့သည့် ဒရုန်းစစ်ဆင်ရေး နည်းဗျူဟာများကို အီရန်သို့ မျှဝေပေးနေသည်။

ရုရှားက ထိုကဲ့သို့သော ဒရုန်းများကို စစ်မြေပြင်တွင် အသုံးပြုရာတွင် ကမ္ဘာတွင် အတွေ့အကြုံအများဆုံး ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84651

#ယူကရိန်းစစ်ပွဲ
#ဒရုန်းစစ်ဆင်ရေး
#လေကြောင်းရန်ကာကွယ်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6👎3❤1👏1
"မိုဂျ်တာဘာ ခါမေနီ ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းကို ကျွန်တော် ကြားခဲ့ရပါတယ်။ ဒါကြောင့် အဆက်အသွယ်ရှိတဲ့ မိတ်ဆွေအချို့ကို ကျွန်တော် မေးကြည့်ခဲ့ပါတယ်။ တော်သေးတယ် သူ ဘေးကင်းပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့ သူတို့က ကျွန်တော့်ကို ပြောပြပါတယ်" ဟု သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်၏ သားလည်းဖြစ်၊ အစိုးရအကြံပေးတဦးလည်းဖြစ်သူ ယူဆက်ဖ် ပီဇက်ရှ်ကီယန်က ၎င်း၏ တယ်လီဂရန်ချန်နယ်တွင် ရေးသားခဲ့သည်။

နိုင်ငံပိုင်ရုပ်သံက ခါမေနီအား "ရာမာဒန်စစ်ပွဲ၏ ဒဏ်ရာရစစ်ပြန်" ဟု သုံးနှုန်းခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ မိုဂျ်တာဘာသည် "ခြေထောက်အပါအဝင် ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိထားသော်လည်း သတိရှိနေပြီး ဆက်သွယ်ရေးကန့်သတ်ထားသည့် အလွန်လုံခြုံသော နေရာတခုတွင် ရှိနေသည်" ဟု New York Times က အီရန်အရာရှိ သုံးဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်၊ စစ်ပွဲပထမဆုံးနေ့က တီဟီရန်မြို့ရှိ ဝင်းတခုအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် မိုဂျ်တာဘာ၏ ဖခင် ခါမေနီ၊ မိခင်နှင့် ဇနီးဖြစ်သူတို့ သေဆုံးခဲ့စဉ်က မိုဂျ်တာဘာပါ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84655
👍4🔥4❤2
"ရေခဲသေတ္တာထဲမှာ အစားအသောက် ဘာမှမရှိဘူး၊ ကျွန်မ အိပ်ခဲ့တဲ့ ကားဂိုဒေါင်က ညာဘက်မှာပါ၊ ရေချိုးခန်းမှာလည်း တထည်တည်း ရှိတဲ့ မျက်နှာသုတ်ပုဝါကို အီလွန်အတွက်ပဲ ထားပေးခဲ့တယ်၊ ကျွန်မအတွက်တော့ ရပါတယ်" ဟု သူမက X တွင် ရေးသည်။

ကိုယ်တိုင်ကြိုးစားမှုဖြင့် အချမ်းသာဆုံးဖြစ်လာသည့် အသက်အငယ်ဆုံး အမျိုးသမီး ဘီလျံနာသူဌေးမလေးမှာ အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ် ဘဲလေး ကချေသည်ဟောင်းနှင့် MIT ဘွဲ့ရ လော်နာ လိုပက်စ် လာရာ ဖြစ်သည်။ သူမက အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ ကွယ်လွန်မည် မကွယ်လွန်မည်ကို လောင်းကစားကြသူများကြောင့် နာမည်ကြီးခဲ့သော Kalshi လောင်းကစား ပလက်ဖောင်းကို ပူးတွဲတည်ထောင်သူ ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84659

#ကမ္ဘာ့အချမ်းသာဆုံး
#အီလွန်မတ်စ်
#ဘဝနေထိုင်မှုပုံစံ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🤮2❤1
"ခင်ဗျားတို့အနေနဲ့ ဆီဈေးကို ဘယ်လိုနည်းနဲ့မှ လျှော့ချနိုင်မှာမဟုတ်ဘူး။ ရေနံတစည်ကို ဒေါ်လာ ၂၀၀ အထိ ဖြစ်လာဖို့သာ မျှော်လင့်ထားလိုက်ပါ။ ရေနံဈေးနှုန်းဟာ ဒေသတွင်းလုံခြုံရေးအပေါ် မူတည်နေတာပါ။ ခင်ဗျားတို့ဟာ ဒီဒေသ မတည်ငြိမ်မှုရဲ့ အဓိက အရင်းအမြစ်ပဲ ဖြစ်တယ်" ဟု ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ကမ္ဘာ့ရေနံထောက်ပံ့မှု ငါးပုံတပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရခြင်းနှင့် ပင်လယ်ကွေ့နိုင်ငံအချို့တွင် ရေနံထုတ်လုပ်မှု နှေးကွေးသွားခြင်းတို့ကြောင့် ထောက်ပံ့မှုကွင်းဆက်များ ပိုမိုပြတ်တောက်သွားမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။

ဗုဒ္ဓဟူးနေ့တွင် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က အဖွဲ့ဝင် ၃၂ နိုင်ငံသည် ဈေးနှုန်းများ လျှော့ချရန်အတွက် ၎င်းတို့၏ အရန်ရေနံများမှ ရေနံစည်ပေါင်း သန်း ၄၀၀ ကို ထုတ်ပေးရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြကြောင်း ကြေညာခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84662

#ဟော်မုဇ်ရေလက်ကြား
#ကမ္ဘာ့စွမ်းအင်ဈေးကွက်
#ရေနံထုတ်လုပ်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤3👎1
အီရန်ရှိ ပစ်မှတ်များကို လေကြောင်းမှ တိကျစွာတိုက်ခိုက်နိုင်ရန် ဉာဏ်ရည် တု(AI) နည်းပညာများကို အမေရိကန်စစ်တပ်က တိုးမြှင့်အသုံးပြုလာသည်နှင့်အမျှ၊ လွှတ်တော်အမတ်များက ယင်းနည်းပညာကို စစ်ပွဲအတွင်း အသုံးပြုရာတွင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများချမှတ်ရန်နှင့် ပိုမိုထိရောက်စွာ စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုနေကြသည်။

လက်ရှိတိုက်ခိုက်မှုများတွင် ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ရန်အတွက် စစ်တပ်သည် Palantir အချက်အလက်စစ်ဆေးရေး ကုမ္ပဏီမှ AI စနစ်များကို အသုံးပြုနေကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ် နှစ်ဦးက ပြောကြားခဲ့သည်။

စစ်မြေပြင်တွင် AI ၏ အခန်းကဏ္ဍမှာ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ၊ ထိုနည်းပညာကို ထိန်းကျပ်မည့် စည်းမျဉ်းများကို ပိုမိုအာရုံစိုက်ရန်နှင့် လူသားများ၏ ထိန်းချုပ်နိုင်စွမ်းကို မည်မျှအထိ AI ထံ လွှဲပြောင်း ပေးထားသည်ဆိုသည့်အပေါ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်အမတ်များက တောင်းဆိုနေကြသည်။

♦️ အပြည့်အစုံ - https://bur.mizzima.com/2026/03/12/84666

#အီရန်စစ်ဆင်ရေး
#AI
#လွှတ်တော်အမတ်များ
#အမေရိကန်စစ်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥2
အီရန်သည် ဒရုန်းများနှင့် ဒုံးကျည်များကို လမ်းညွှန်ရန် အမေရိကန်၏ GPS ဂြိုဟ်တုကွန်ရက်အပေါ် မှီခိုနေရမှုကို စွန့်လွှတ်ပြီး အစ္စရေး၏ လေကြောင်းကာကွယ်ရေး လုပ်ငန်းများကို အခက်တွေ့စေမည့် တရုတ်၏ BeiDou ဂြိုဟ်တုလမ်းညွှန်စနစ်သို့ ပြောင်းလဲအသုံးပြုလာသည်။

ပြီးခဲ့သည့် ဇွန်လက အစ္စရေးနှင့် ၁၂ ရက်ကြာဖြစ်ပွားခဲ့သော စစ်ပွဲနောက်ပိုင်း တီဟီရန်သည် ယင်း၏ ဂြိုဟ်တုထောက်လှမ်းရေးစနစ်ကို အဆင့်မြှင့်တင်ခဲ့ပြီး ယင်းသို့ မြှင့်တင်မှုကြောင့် ယခင်က အီရန်ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို အနှောင့်အယှက်ဖြစ်စေခဲ့သော အစ္စရေး၏ အီလက်ထရွန်နစ်စစ်ဆင်ရေး နည်းဗျူဟာများ၏ ထိရောက်မှုကို ယခုအခါ လျော့နည်းသွားစေဖွယ်ရှိကြောင်း ကာကွယ်ရေးဆိုင်ရာ အကဲခတ်များက ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84669

#ဒရုန်းရန်ကာကွယ်ရေး
#BeiDouဂြိုဟ်တု
#အီလက်ထရွန်နစ်စစ်ဆင်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎7❤2
အလွန်အကျွံထုတ်လုပ်ခြင်းနှင့်အဓမ္မလုပ်အားဖြင့်ထုတ်လုပ်သောကုန်စည်များတင်သွင်းခြင်းတို့အပေါ် သီးခြားစုံစမ်းစစ်ဆေးမှုများကို ထရမ့်အစိုးရက လုပ်ဆောင်နေသည်ဟု အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီးယား (Jamieson Greer) ကသတင်းထာက်များကိုပြောသည်။

ယခုနောက်ဆုံးစုံစမ်းစစ်ဆေးမှုများကို ယာယီအကောက်ခွန်များသက်တမ်းမကုန်မီ “မြန်နိုင်သမျှမြန်မြန်” အပြီးလုပ်ဆောင်သွားမည်ဟု သူကပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84673

#ကုန်သွယ်ရေးပြစ်ဒဏ်သစ်
#သီးခြားစုံစမ်းစစ်ဆေးမှု
#ထရမ့်အစိုးရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6😁4
အဖွဲ့ဝင်နိုင်ငံအများစုက ထောက်ခံနေကြသော်လည်း အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို အကြီးစားပြုပြင်ပြောင်းလဲမည့် အစီအစဉ်အပေါ် သံသယရှိနေဆဲဖြစ်ကြောင်း ဆွေးနွေးမှုညှိနှိုင်းရေးမှူးက မတ်လ ၁၁ ရက်တွင် ပြောသည်။

ဖွဲ့စည်းပုံဆိုင်ရာနှင့် ပထဝီနိုင်ငံရေး အခက်အခဲအတားအဆီးများကြားတွင် နှစ်များကြာ ပိတ်မိနေခဲ့သည့် ယင်းကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို ပြုပြင်ပြောင်းလဲရေးက မတ်လ ၂၆ ရက်မှ ၂၉ ရက်အထိ ကင်မရွန်းနိုင်ငံ မြို့တော် ယာအွန်ဒေးတွင် ကျင်းပမည့် နှစ်နှစ်တစ်ကြိမ် ဝန်ကြီးအဆင့် ညီလာခံ၌ ဆွေးနွေးမှုများ၏ အဓိကအာရုံစိုက်ရာ ဖြစ်လိမ့်မည်ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84676

#ယာအွန်ဒေးညီလာခံ
#WTO
#သဘောထားကွဲလွဲမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5🔥3