"မိုဂျ်တာဘာ ခါမေနီ ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းကို ကျွန်တော် ကြားခဲ့ရပါတယ်။ ဒါကြောင့် အဆက်အသွယ်ရှိတဲ့ မိတ်ဆွေအချို့ကို ကျွန်တော် မေးကြည့်ခဲ့ပါတယ်။ တော်သေးတယ် သူ ဘေးကင်းပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့ သူတို့က ကျွန်တော့်ကို ပြောပြပါတယ်" ဟု သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်၏ သားလည်းဖြစ်၊ အစိုးရအကြံပေးတဦးလည်းဖြစ်သူ ယူဆက်ဖ် ပီဇက်ရှ်ကီယန်က ၎င်း၏ တယ်လီဂရန်ချန်နယ်တွင် ရေးသားခဲ့သည်။
နိုင်ငံပိုင်ရုပ်သံက ခါမေနီအား "ရာမာဒန်စစ်ပွဲ၏ ဒဏ်ရာရစစ်ပြန်" ဟု သုံးနှုန်းခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ မိုဂျ်တာဘာသည် "ခြေထောက်အပါအဝင် ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိထားသော်လည်း သတိရှိနေပြီး ဆက်သွယ်ရေးကန့်သတ်ထားသည့် အလွန်လုံခြုံသော နေရာတခုတွင် ရှိနေသည်" ဟု New York Times က အီရန်အရာရှိ သုံးဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်၊ စစ်ပွဲပထမဆုံးနေ့က တီဟီရန်မြို့ရှိ ဝင်းတခုအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် မိုဂျ်တာဘာ၏ ဖခင် ခါမေနီ၊ မိခင်နှင့် ဇနီးဖြစ်သူတို့ သေဆုံးခဲ့စဉ်က မိုဂျ်တာဘာပါ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84655

👍4🔥4❤2
"ရေခဲသေတ္တာထဲမှာ အစားအသောက် ဘာမှမရှိဘူး၊ ကျွန်မ အိပ်ခဲ့တဲ့ ကားဂိုဒေါင်က ညာဘက်မှာပါ၊ ရေချိုးခန်းမှာလည်း တထည်တည်း ရှိတဲ့ မျက်နှာသုတ်ပုဝါကို အီလွန်အတွက်ပဲ ထားပေးခဲ့တယ်၊ ကျွန်မအတွက်တော့ ရပါတယ်" ဟု သူမက X တွင် ရေးသည်။
ကိုယ်တိုင်ကြိုးစားမှုဖြင့် အချမ်းသာဆုံးဖြစ်လာသည့် အသက်အငယ်ဆုံး အမျိုးသမီး ဘီလျံနာသူဌေးမလေးမှာ အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ် ဘဲလေး ကချေသည်ဟောင်းနှင့် MIT ဘွဲ့ရ လော်နာ လိုပက်စ် လာရာ ဖြစ်သည်။ သူမက အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ ကွယ်လွန်မည် မကွယ်လွန်မည်ကို လောင်းကစားကြသူများကြောင့် နာမည်ကြီးခဲ့သော Kalshi လောင်းကစား ပလက်ဖောင်းကို ပူးတွဲတည်ထောင်သူ ဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84659
#ကမ္ဘာ့အချမ်းသာဆုံး
#အီလွန်မတ်စ်
#ဘဝနေထိုင်မှုပုံစံ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

👍6🤮2❤1
"ခင်ဗျားတို့အနေနဲ့ ဆီဈေးကို ဘယ်လိုနည်းနဲ့မှ လျှော့ချနိုင်မှာမဟုတ်ဘူး။ ရေနံတစည်ကို ဒေါ်လာ ၂၀၀ အထိ ဖြစ်လာဖို့သာ မျှော်လင့်ထားလိုက်ပါ။ ရေနံဈေးနှုန်းဟာ ဒေသတွင်းလုံခြုံရေးအပေါ် မူတည်နေတာပါ။ ခင်ဗျားတို့ဟာ ဒီဒေသ မတည်ငြိမ်မှုရဲ့ အဓိက အရင်းအမြစ်ပဲ ဖြစ်တယ်" ဟု ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ကမ္ဘာ့ရေနံထောက်ပံ့မှု ငါးပုံတပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရခြင်းနှင့် ပင်လယ်ကွေ့နိုင်ငံအချို့တွင် ရေနံထုတ်လုပ်မှု နှေးကွေးသွားခြင်းတို့ကြောင့် ထောက်ပံ့မှုကွင်းဆက်များ ပိုမိုပြတ်တောက်သွားမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။
ဗုဒ္ဓဟူးနေ့တွင် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က အဖွဲ့ဝင် ၃၂ နိုင်ငံသည် ဈေးနှုန်းများ လျှော့ချရန်အတွက် ၎င်းတို့၏ အရန်ရေနံများမှ ရေနံစည်ပေါင်း သန်း ၄၀၀ ကို ထုတ်ပေးရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြကြောင်း ကြေညာခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84662
#ဟော်မုဇ်ရေလက်ကြား
#ကမ္ဘာ့စွမ်းအင်ဈေးကွက်
#ရေနံထုတ်လုပ်မှု

👍8❤3👎1
အီရန်ရှိ ပစ်မှတ်များကို လေကြောင်းမှ တိကျစွာတိုက်ခိုက်နိုင်ရန် ဉာဏ်ရည် တု(AI) နည်းပညာများကို အမေရိကန်စစ်တပ်က တိုးမြှင့်အသုံးပြုလာသည်နှင့်အမျှ၊ လွှတ်တော်အမတ်များက ယင်းနည်းပညာကို စစ်ပွဲအတွင်း အသုံးပြုရာတွင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများချမှတ်ရန်နှင့် ပိုမိုထိရောက်စွာ စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုနေကြသည်။
လက်ရှိတိုက်ခိုက်မှုများတွင် ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ရန်အတွက် စစ်တပ်သည် Palantir အချက်အလက်စစ်ဆေးရေး ကုမ္ပဏီမှ AI စနစ်များကို အသုံးပြုနေကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ် နှစ်ဦးက ပြောကြားခဲ့သည်။
စစ်မြေပြင်တွင် AI ၏ အခန်းကဏ္ဍမှာ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ၊ ထိုနည်းပညာကို ထိန်းကျပ်မည့် စည်းမျဉ်းများကို ပိုမိုအာရုံစိုက်ရန်နှင့် လူသားများ၏ ထိန်းချုပ်နိုင်စွမ်းကို မည်မျှအထိ AI ထံ လွှဲပြောင်း ပေးထားသည်ဆိုသည့်အပေါ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်အမတ်များက တောင်းဆိုနေကြသည်။
♦️ အပြည့်အစုံ - https://bur.mizzima.com/2026/03/12/84666
#အီရန်စစ်ဆင်ရေး
#AI
#လွှတ်တော်အမတ်များ
#အမေရိကန်စစ်တပ်

👍6🔥2
အီရန်သည် ဒရုန်းများနှင့် ဒုံးကျည်များကို လမ်းညွှန်ရန် အမေရိကန်၏ GPS ဂြိုဟ်တုကွန်ရက်အပေါ် မှီခိုနေရမှုကို စွန့်လွှတ်ပြီး အစ္စရေး၏ လေကြောင်းကာကွယ်ရေး လုပ်ငန်းများကို အခက်တွေ့စေမည့် တရုတ်၏ BeiDou ဂြိုဟ်တုလမ်းညွှန်စနစ်သို့ ပြောင်းလဲအသုံးပြုလာသည်။
ပြီးခဲ့သည့် ဇွန်လက အစ္စရေးနှင့် ၁၂ ရက်ကြာဖြစ်ပွားခဲ့သော စစ်ပွဲနောက်ပိုင်း တီဟီရန်သည် ယင်း၏ ဂြိုဟ်တုထောက်လှမ်းရေးစနစ်ကို အဆင့်မြှင့်တင်ခဲ့ပြီး ယင်းသို့ မြှင့်တင်မှုကြောင့် ယခင်က အီရန်ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို အနှောင့်အယှက်ဖြစ်စေခဲ့သော အစ္စရေး၏ အီလက်ထရွန်နစ်စစ်ဆင်ရေး နည်းဗျူဟာများ၏ ထိရောက်မှုကို ယခုအခါ လျော့နည်းသွားစေဖွယ်ရှိကြောင်း ကာကွယ်ရေးဆိုင်ရာ အကဲခတ်များက ပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84669
#ဒရုန်းရန်ကာကွယ်ရေး
#BeiDouဂြိုဟ်တု
#အီလက်ထရွန်နစ်စစ်ဆင်ရေး

👎7❤2
အလွန်အကျွံထုတ်လုပ်ခြင်းနှင့်အဓမ္မလုပ်အားဖြင့်ထုတ်လုပ်သောကုန်စည်များတင်သွင်းခြင်းတို့အပေါ် သီးခြားစုံစမ်းစစ်ဆေးမှုများကို ထရမ့်အစိုးရက လုပ်ဆောင်နေသည်ဟု အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီးယား (Jamieson Greer) ကသတင်းထာက်များကိုပြောသည်။
ယခုနောက်ဆုံးစုံစမ်းစစ်ဆေးမှုများကို ယာယီအကောက်ခွန်များသက်တမ်းမကုန်မီ “မြန်နိုင်သမျှမြန်မြန်” အပြီးလုပ်ဆောင်သွားမည်ဟု သူကပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84673
#ကုန်သွယ်ရေးပြစ်ဒဏ်သစ်
#သီးခြားစုံစမ်းစစ်ဆေးမှု
#ထရမ့်အစိုးရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
ယခုနောက်ဆုံးစုံစမ်းစစ်ဆေးမှုများကို ယာယီအကောက်ခွန်များသက်တမ်းမကုန်မီ “မြန်နိုင်သမျှမြန်မြန်” အပြီးလုပ်ဆောင်သွားမည်ဟု သူကပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84673
#ကုန်သွယ်ရေးပြစ်ဒဏ်သစ်
#သီးခြားစုံစမ်းစစ်ဆေးမှု
#ထရမ့်အစိုးရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6😁4
https://www.youtube.com/watch?v=h4a2s1FflLs
Statue of Trump and Epstein in 'Titanic' pose appears on DC National Mall

YouTube

A statue depicting US President Donald Trump and the late convicted sex offender Jeffrey Epstein as Jack and Rose in a "Titanic" scene is on display on the National Mall near the US…

👍4😍2
အဖွဲ့ဝင်နိုင်ငံအများစုက ထောက်ခံနေကြသော်လည်း အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို အကြီးစားပြုပြင်ပြောင်းလဲမည့် အစီအစဉ်အပေါ် သံသယရှိနေဆဲဖြစ်ကြောင်း ဆွေးနွေးမှုညှိနှိုင်းရေးမှူးက မတ်လ ၁၁ ရက်တွင် ပြောသည်။
ဖွဲ့စည်းပုံဆိုင်ရာနှင့် ပထဝီနိုင်ငံရေး အခက်အခဲအတားအဆီးများကြားတွင် နှစ်များကြာ ပိတ်မိနေခဲ့သည့် ယင်းကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို ပြုပြင်ပြောင်းလဲရေးက မတ်လ ၂၆ ရက်မှ ၂၉ ရက်အထိ ကင်မရွန်းနိုင်ငံ မြို့တော် ယာအွန်ဒေးတွင် ကျင်းပမည့် နှစ်နှစ်တစ်ကြိမ် ဝန်ကြီးအဆင့် ညီလာခံ၌ ဆွေးနွေးမှုများ၏ အဓိကအာရုံစိုက်ရာ ဖြစ်လိမ့်မည်ဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84676
#ယာအွန်ဒေးညီလာခံ
#WTO
#သဘောထားကွဲလွဲမှု

👍5🔥3
https://www.youtube.com/watch?v=E9MIuesFv6I
Images of Cambodian police raiding scam centre in Phnom Penh

Images released by Cambodian police on Thursday show officers raiding a scam centre in the capital Phnom Penh two days earlier. Police said they have detained 57 Cambodian suspects and eight Chinese "ringleaders" at the office, located on the 30th floor of…
👍3🤮2
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်သည် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ၌ သုံးနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၂၀၀ ရင်းနှီးမြှုပ်နှံရန်အတွက် ပုဂ္ဂလိက ရှယ်ယာရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အတွေ့အကြုံရင့်ကျက်သည့် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်များဖြင့် အဖွဲ့သစ်တဖွဲ့ကို ဖွဲ့စည်းနေကြောင်း Semafor သတင်းဌာနက ယင်းလေ့လာကြည့်ရှုခွင့်ရသည့် စာရွက်စာတမ်းတစောင်ကို ကိုးကားပြီး မတ်လ ၁၁ ရက်တွင် ဖော်ပြသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် လူအင်အား ၃၀ ပါဝင်မည့် ထိုအဖွဲ့အတွက် Goldman Sachs ၊ Morgan Stanley ၊ JPMorgan နှင့် Bank of America တို့ကဲ့သို့ ထိပ်တန်းဘဏ်ကြီးများမှ ကျွမ်းကျင်သူများကို အဓိကပစ်မှတ်ထား စည်းရုံးလျက်ရှိကြောင်း သိရသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84680
#ပင်တဂွန်စစ်ဌာနချုပ်
#ရင်းနှီးမြှုပ်နှံမှုကဏ္ဍ
#ထိပ်တန်းဘဏ်လုပ်ငန်းရှင်

👍6🔥1
ထိုဗီဒီယိုအတွင်း မြို့ပြဧရိယာတခုပေါ်သို့ ဒုံးကျည်များ မိုးရွာသကဲ့သို့ ကျဆင်းနေသည်ကို တွေ့ရသော်လည်း နောက်ခံတွင် မြင်တွေ့ရသည့် အထပ်မြင့်အဆောက်အအုံများမှာ တဲလ်အဗစ်မြို့၏ မြို့ပြမြင်ကွင်းနှင့် ကိုက်ညီမှုမရှိကြောင်း Reuters သတင်းထောက်တဦးက ဆိုသည်။
Utrecht တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ အိန်ဂျလိုစ် ချတ်ဇမ်ပါမ်ပါ့စ်က ပုံပျက်နေသည့် အစ္စရေးအလံနှင့် ပုံသဏ္ဌာန်မမှန်သော ဆိုလာပြားများအပါအဝင် ချွတ်ယွင်းချက်များကို ထောက်ပြလျက် ထိုဗီဒီယိုမှာ “၁၀၀ ရာခိုင်နှုန်း အတုဖြစ်သည်” ဟု ပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84683
#အီရန်ဒုံးကျည်များ
#အစ္စရေးမြို့တော်

👍7❤1🔥1
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multi-Modal Transit Transport Project) -KMMTTP ဒေသများသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်ရောက်ရှိနေကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် လားလ်သုအောမ်မာ က ပြောဆိုလိုက်ကြောင်း all India Radio News က ရေးသားသည်။
ကျင်းပနေဆဲဖြစ်သည့် မီဇိုရမ်ပြည်နယ် လွှတ်တော် ဘတ်ဂျက်အစည်းအဝေး၌ ဝန်ကြီးချုပ်က အမေးအဖြေကဏ္ဍပြုလုပ်သည့် မတ်လ ၁၁ရက်နေ့တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ KMMTTP လမ်းစီမံကိန်း တည်ရှိရာဒေသများကို မြန်မာအစိုးရ ထိန်းချုပ်ထားခြင်းမရှိတော့ဘဲ ၊ အာရက္ခတပ်တော်(AA) လက်ရောက်သို့ရောက်ရှိနေပြီဖြစ်ပြီး အစိုးရ(မီဇိုရမ်ပြည်နယ်) အနေဖြင့် AA နှင့် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း AA ဘက်ကလည်း KMMTTP လမ်းမကြီးဖွင့်လှစ်နိုင်မည့် အချိန်ကို မျှော်လင့်နေသည်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
Read more: https://bur.mizzima.com/2026/03/12/84686

👍9😁3❤2
မဇ္ဈိမ ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့တွင် ဒေသခံများကို အဓမ္မငွေတောင်းခံနေသည့် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟာခါး (CDF – Hakha) ထံက သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကြောင်းပြ၍ ဟာခါးမြို့တွင်း၌ လုံခြုံရေးအများအပြားချ၍ လမ်းအသွားအလာများကို စစ်ဆေးနှောက်ယှက်မှုများပြုလုပ်ပြီး ငွေတောင်းခံသည့်ရဲများကို ပြည်တော်သာရပ်ကွက်၌ ယမန်နေ့(မတ်လ ၁၁ရက်) နံနက် ၈ နာရီ ၂၂မိနစ်အချိန်တွင် ပစ်ခတ်ခဲ့ရာ သေဆုံးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ အနီးကပ်ပစ်တော့ ပုလိပ်တယောက်ကျတယ် နှစ်ယောက်ဒဏ်ရာရတယ် ၊ ဒါပေမဲ့ ဒဏ်ရာရတဲ့ နှစ်ယောက်ထဲက စခန်းရောက်ပြီးမှ တယောက်သေသွားတယ်၊ အဲဒီတော့ နှစ်ယောက်သေ၊ တယောက် ဒဏ်ရာရတာပေါ့” ဟု CDF – Hakha ဗဟိုကောင်စီ ဥက္ကဋ္ဌ Salai Hram Lian က မဇ္ဈိမ ကို ယနေ့( မတ်လ ၁၂ရက်) နံနက်ပိုင်းတွင်ပြောသည်။
Read more: https://bur.mizzima.com/2026/03/12/84689

👍8❤4🔥1
ဓာတ်ပုံ - ဝင်းဝတပ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ။ မြိတ်- ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝင်းဝစခန်းအား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကစ၍ တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။ (KNU)
👍12❤4🤣1

👍7❤3🔥1

သရက်ချောင်း ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ် သိမ်းပိုက်ရရှိ >> https://bur.mizzima.com/2026/03/12/84692

👍9❤2🔥1😁1
https://www.youtube.com/watch?v=zbE41IT3vlw
အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းတိုက်ခိုက်ခံရမှု ဗိုလ်မှူးချုပ် နှင့် ဗိုလ်မှူး အဆင့်ရှိသူများသေဆုံး

MTOမဇ္ဈိမ ။ ။ ရခိုင်ပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းများထားရှိရာ အကျဉ်းစခန်းကို စစ်ကော်မရှင်တပ်ဖွဲ့ က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင...
🥴6😁2🔥1
ထောက်ခံမဲ ၁၃ မဲ ကြားနေမဲ နှစ်မဲဖြင့် အတည်ပြုခဲ့သည့်ဆုံးဖြတ်ချက်တွင် “ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား နှင့် ဂျော်ဒန်နိုင်ငံတို့ကို အီရန်အစ္စလမ်မစ်သမ္မတနိုင်ငံက တိုက်ခိုက်ခြင်းအားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုလိုက်သည်” ဟု ဖော်ပြထားသည်။
ဆုံးဖြတ်ချက်ပါစာသားကို ချမှတ်ခဲ့ခြင်းသည် အမေရိကန်နှင့်အစ္စရေးတို့၏ “နိုင်ငံရေးအစီအစဉ်များကိုလိုက်နာပြီး လုံခြုံရေးကောင်စီ၏လုပ်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း အလွဲအသုံးပြုခြင်း ဖြစ် သည်” ဟု အီရန်သံ အမတ် အာမီးယားဆာအိဒ်အီရာဗာနီ (Amir Saeid Iravani) ကပြောသည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/12/84700
#ပင်လယ်ကွေ့
#နိုင်ငံများအား
#တိုက်ခိုက်နေခြင်း
#ရပ်တန့်ရန်
#အီရန်
#ကုလ
#လုံခြုံရေးကောင်စီ
#တောင်းဆို
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------

👍5🔥3😁2
တရုတ်သည် ကုန်ပစ္စည်းအတုထုတ်လုပ်ရာ ကမ္ဘာ့အကြီးဆုံး ရင်းမြစ်ဖြစ်နေသည်ဆိုသည့် သံသယဖြစ်ဖွယ်ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားဆဲ ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) က ထုတ်ပြန်သော ၂၀၂၅ ၊ အတုအပပြုလုပ်ခြင်းနှင့် မူပိုင်ခွင့်ထိပါးချိုးဖောက်မှုဆိုင်ရာ နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဈေးကွက်များသုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြသည်။
နှစ်များချီကြာ နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့် အရေးယူဆောင်ရွက်မှုများ ရှိနေသော်လည်း တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းအတု ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု၏ ဗဟိုချက်တွင် ရှိနေဆဲဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာက ထပ်မံအတည်ပြုလိုက်ခြင်း ဖြစ်သည်။
♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/12/84706
#တရုတ်
#အတုအပ
#အင်ပါယာ
#ကမ္ဘာလုံးဆိုင်ရာ
#ကုန်ပစ္စည်းအတု
#ရောင်းဝယ်မှု
#ပေကျင်း
#ကြီးစိုးနေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
နှစ်များချီကြာ နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့် အရေးယူဆောင်ရွက်မှုများ ရှိနေသော်လည်း တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းအတု ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု၏ ဗဟိုချက်တွင် ရှိနေဆဲဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာက ထပ်မံအတည်ပြုလိုက်ခြင်း ဖြစ်သည်။
♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/12/84706
#တရုတ်
#အတုအပ
#အင်ပါယာ
#ကမ္ဘာလုံးဆိုင်ရာ
#ကုန်ပစ္စည်းအတု
#ရောင်းဝယ်မှု
#ပေကျင်း
#ကြီးစိုးနေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍8👎2🔥2
မဇ္ဈိမ ။ ။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် ပွဲကြည့်စင်ပေါ်တက်၍ အမျိုးသမီးပရိတ်သတ်တဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဘက်မှ ရပ်တည်ကြောင်းနှင့် ကြိုက်သည့်ပုံစံဖြင့်လာရောက်ရှင်းနိုင်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်အေးမှ ၎င်း၏လူမှုကွန်ရက်မှတဆင့် ယနေ့ (မတ်လ ၁၂ ရက်) တွင် ပြောဆိုထားသည်။
“ခုကိစ္စ မောင်မောင်လွင်ဘက်က ကျနော် ရှိတယ်။ သူဒီလိုလုပ်လို့ မှန်တယ်လို့ တဖက်ပိတ် ပြောနေတာ မဟုတ်ဘူး။ Consequences သိအောင် ပြောပြတာ၊ ကြိုက်သလို လာရောက်ရှင်းလို့ ရပါကြောင်း" ဟု ဦးစိုင်းခင်မောင်အေး က ပြောဆိုထားသည်။ Read more: https://bur.mizzima.com/2026/03/12/84709

🤣9❤2🖕2👎1