Mizzima
✔
48K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ရိုဟင်ဂျာဒုက္ခသည်များသည် ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး လူမဆန်သည့် ဆိုးရွားသောအခြေအနေများအောက်တွင် အချိန်အကန့် အသတ်မရှိ ဖမ်းဆီးချုပ်နှောင်ခံနေရကြောင်း Fortify Rights အဖွဲ့၏ နောက်ဆုံးစုံစမ်း စစ်ဆေးမှုအစီရင်ခံစာသစ် တွင် ဖော်ပြထားသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မလေးရှားအစိုးရက စတင်ကျင့်သုံးသည့် ဒုက္ခသည်မှတ်ပုံတင်အစီအစဉ် အသစ်ဖြင့် ရိုဟင်ဂျာနှင့် အခြားဒုက္ခသည်များအပေါ် "တရားမဝင်ဝင်ရောက်မှု" ဖြင့် ပြစ်ဒဏ်ခတ်နေ ခြင်းကို ရပ်တန့်ရန်နှင့်၊ ရိုဟင်ဂျာများသည် မြန်မာတွင် ဆက်လက်နှိပ်စက်ညှဉ်းပန်းခံနေရသူများဖြစ် ကြောင်း အသိအမှတ်ပြုကာ ဖမ်းဆီးထိန်းသိမ်းထားရာမှ ချက်ချင်းပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း Fortify Rights အဖွဲ့က မတ်လ ၁၂ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မလေးရှား
#ရိုဟင်ဂျာ
#ဒုက္ခသည်များ
#လူ့ဂုဏ်သိက္ခာ
#ညှိုးနွမ်းစေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
🔥7👍5❤1
🔥8👍4
အီရန်စစ်ပွဲ၏ ပထမ ခြောက်ရက်အတွင်းမှာပင် လက်နက်ခဲယမ်းဖိုး သီးသန့်တင် အမေရိကန်အခွန်ထမ်းပြည်သူများ၏ ငွေကြေး ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံထက်မနည်း ကုန်ကျခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ခန့်မှန်းချက်များကို ကိုးကား၍ ဥပဒေပြုအမတ်များက သုံးသပ်ဖော်ပြခဲ့ကြပြီး မပြီးသေးသောစစ်ပွဲအတွက် ကုန်ကျစရိတ်များမှာ ယခုထက် အဆမတန် မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

အဆိုပါ ပမာဏတွင် စစ်ဆင်ရေးအတွင်း ပါဝင်နေသည့် တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းလည်ပတ်မှု၊ နည်းပညာထိန်းသိမ်းမှု စရိတ်များနှင့် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် စစ်ရေးပျက်စီးဆုံးရှုံးမှုတန်ဖိုးများ မပါသေးပေ။

စစ်ပွဲ၏ ပထမ နာရီ ၁၀၀ အတွင်း အမေရိကန်စစ်တပ်သည် တရက်လျှင် ခန့်မှန်းခြေ ဒေါ်လာ ၈၉၁ ဒသမ ၄ သန်းနှုန်းဖြင့် စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ အသုံးပြုခဲ့ကြောင်း မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က ခန့်မှန်းထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#အီရန်စစ်ပွဲ
#ကုန်ကျစရိတ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤5🔥1
🔥4👎3👏1😁1🤬1
ဓာတ်ပုံ- KNU တပ်မဟာ (၅) နယ်မြေအတွင်း ၂၀၂၆ ခု မတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမြင်ကွင်း။ ထိုနှစ်ရက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။ ဆက်လက်၍ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေရာ မတ်လ ၁၁ ရက်နေ့ တရက်အတွင်း တပ်မဟာ (၅) နယ်မြေ၌ အရပ်သား နှစ်ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့သည်။ (KNU)
🔥5🤬4👎1😁1
ဓာတ်ပုံ- KNU တပ်မဟာ (၅) နယ်မြေအတွင်း ၂၀၂၆ ခု မတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမြင်ကွင်း။ ထိုနှစ်ရက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။ ဆက်လက်၍ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေရာ မတ်လ ၁၁ ရက်နေ့ တရက်အတွင်း တပ်မဟာ (၅) နယ်မြေ၌ အရပ်သား နှစ်ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့သည်။ (KNU)
🤬9🔥5👎1
အီရန်အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေစဉ်အတွင်း အမေရိကန်၏ ဆွေးနွေးညှိနှိုင်းရန် (သို့မဟုတ်) အပစ်အခတ်ရပ်စဲရန် တောင်းဆိုချက်များကို လက်မခံနိုင်ကြောင်း အီရန်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလနှောင်းပိုင်းက အိုမန်၏ ကြားဝင်စေ့စပ်မှုဖြင့် ဂျီနီဗာတွင်ပြုလုပ်ခဲ့သော နျူကလီးယားဆွေး နွေးပွဲသည် ရလဒ်ကောင်းများထွက်ပေါ်ရန် နီးစပ်ခဲ့ပြီး နှစ်ဖက်စလုံးက လေးနက်ပြီးအပြုသဘော ဆောင်သော အခြေအနေဟု သတ်မှတ်ခဲ့ကြကြောင်း ဘာဂါယီက ထောက်ပြခဲ့သည်။

"ညှိနှိုင်းနေကြတုန်းမှာပဲ အမေရိကန်နဲ့ အစ္စရေးက စစ်ရေးအရ ဝင်တိုက်ခဲ့တာပါ။ သူတို့ကျူးလွန် တဲ့ ရာဇဝတ်မှုတွေကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတာပါ။" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စစ်ရာဇဝတ်မှုများ
#အီရန်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥6❤3😁2🤣2👍1
အမေရိကန်၏ ကမ္ဘာ့အဆင့်မြင့်ဆုံး ကိုယ်ပျောက်လေယာဉ်များ၏ အချက်ပြမှုကို ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း မှာ အံ့အားသင့်ဖွယ်ရာ ဖြစ်ရပ်တခုဖြစ်သည်။

တရုတ်ကုမ္ပဏီ၏ နည်းပညာဖြင့် အမေရိကန် B-2 လေယာဉ်များ၏ ပျံသန်းမှုလမ်းကြောင်းကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ကျင်းချီစနစ်သည် စစ်ဘက်ဆိုင်ရာ ကြိုတင်သတိပေးမှု၊ စစ်အင်အားစုရုံးမှုများ ကို စောင့်ကြည့်ရန်နှင့် ပဋိပက္ခဇုန်များတွင် ထောက်လှမ်းရေးသတင်းရယူရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ် သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကိုယ်ပျောက်လေယာဉ်များ
#တရုတ်ကုမ္ပဏီ
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁12🔥3👍1👎1🤣1