Mizzima
✔
48K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အီရန်စစ်ပွဲ၏ ပထမ ခြောက်ရက်အတွင်းမှာပင် လက်နက်ခဲယမ်းဖိုး သီးသန့်တင် အမေရိကန်အခွန်ထမ်းပြည်သူများ၏ ငွေကြေး ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံထက်မနည်း ကုန်ကျခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ခန့်မှန်းချက်များကို ကိုးကား၍ ဥပဒေပြုအမတ်များက သုံးသပ်ဖော်ပြခဲ့ကြပြီး မပြီးသေးသောစစ်ပွဲအတွက် ကုန်ကျစရိတ်များမှာ ယခုထက် အဆမတန် မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

အဆိုပါ ပမာဏတွင် စစ်ဆင်ရေးအတွင်း ပါဝင်နေသည့် တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းလည်ပတ်မှု၊ နည်းပညာထိန်းသိမ်းမှု စရိတ်များနှင့် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် စစ်ရေးပျက်စီးဆုံးရှုံးမှုတန်ဖိုးများ မပါသေးပေ။

စစ်ပွဲ၏ ပထမ နာရီ ၁၀၀ အတွင်း အမေရိကန်စစ်တပ်သည် တရက်လျှင် ခန့်မှန်းခြေ ဒေါ်လာ ၈၉၁ ဒသမ ၄ သန်းနှုန်းဖြင့် စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ အသုံးပြုခဲ့ကြောင်း မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က ခန့်မှန်းထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#အီရန်စစ်ပွဲ
#ကုန်ကျစရိတ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤5🔥1
🔥4👎3👏1😁1🤬1
ဓာတ်ပုံ- KNU တပ်မဟာ (၅) နယ်မြေအတွင်း ၂၀၂၆ ခု မတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမြင်ကွင်း။ ထိုနှစ်ရက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။ ဆက်လက်၍ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေရာ မတ်လ ၁၁ ရက်နေ့ တရက်အတွင်း တပ်မဟာ (၅) နယ်မြေ၌ အရပ်သား နှစ်ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့သည်။ (KNU)
🔥5🤬4👎1😁1
ဓာတ်ပုံ- KNU တပ်မဟာ (၅) နယ်မြေအတွင်း ၂၀၂၆ ခု မတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမြင်ကွင်း။ ထိုနှစ်ရက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။ ဆက်လက်၍ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေရာ မတ်လ ၁၁ ရက်နေ့ တရက်အတွင်း တပ်မဟာ (၅) နယ်မြေ၌ အရပ်သား နှစ်ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့သည်။ (KNU)
🤬9🔥5👎1
အီရန်အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေစဉ်အတွင်း အမေရိကန်၏ ဆွေးနွေးညှိနှိုင်းရန် (သို့မဟုတ်) အပစ်အခတ်ရပ်စဲရန် တောင်းဆိုချက်များကို လက်မခံနိုင်ကြောင်း အီရန်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလနှောင်းပိုင်းက အိုမန်၏ ကြားဝင်စေ့စပ်မှုဖြင့် ဂျီနီဗာတွင်ပြုလုပ်ခဲ့သော နျူကလီးယားဆွေး နွေးပွဲသည် ရလဒ်ကောင်းများထွက်ပေါ်ရန် နီးစပ်ခဲ့ပြီး နှစ်ဖက်စလုံးက လေးနက်ပြီးအပြုသဘော ဆောင်သော အခြေအနေဟု သတ်မှတ်ခဲ့ကြကြောင်း ဘာဂါယီက ထောက်ပြခဲ့သည်။

"ညှိနှိုင်းနေကြတုန်းမှာပဲ အမေရိကန်နဲ့ အစ္စရေးက စစ်ရေးအရ ဝင်တိုက်ခဲ့တာပါ။ သူတို့ကျူးလွန် တဲ့ ရာဇဝတ်မှုတွေကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတာပါ။" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စစ်ရာဇဝတ်မှုများ
#အီရန်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥6❤3😁2🤣2👍1
အမေရိကန်၏ ကမ္ဘာ့အဆင့်မြင့်ဆုံး ကိုယ်ပျောက်လေယာဉ်များ၏ အချက်ပြမှုကို ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း မှာ အံ့အားသင့်ဖွယ်ရာ ဖြစ်ရပ်တခုဖြစ်သည်။

တရုတ်ကုမ္ပဏီ၏ နည်းပညာဖြင့် အမေရိကန် B-2 လေယာဉ်များ၏ ပျံသန်းမှုလမ်းကြောင်းကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ကျင်းချီစနစ်သည် စစ်ဘက်ဆိုင်ရာ ကြိုတင်သတိပေးမှု၊ စစ်အင်အားစုရုံးမှုများ ကို စောင့်ကြည့်ရန်နှင့် ပဋိပက္ခဇုန်များတွင် ထောက်လှမ်းရေးသတင်းရယူရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ် သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကိုယ်ပျောက်လေယာဉ်များ
#တရုတ်ကုမ္ပဏီ
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁12🔥3👍1👎1🤣1
ခါမေနီက အီရန်၏ အဓိက တော်လှန်ရေး အစောင့်တပ်နှင့် နီးစပ်သူဖြစ်ပြီး ၎င်း၏ ဖခင် အယာတိုလာ အလီ ခါမေနီထက်ပင် ပို၍ အလျှော့ မပေးတတ်သူအဖြစ် လူသိများသည်။

ခါမေနီက “လက်စားချေမယ့် မှတ်တမ်း” ကို ပြုစုထားကြောင်း နိုင်ငံပိုင်ရုပ်သံတဆင့် ဖတ်ကြားစေသည့် ထုတ်ပြန်ချက်တွင် ဆိုထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#သန္နိဌာန်
#အီရန်ဦးသျှောင်
#လူထုထုတ်ပြန်ချက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁11❤2🔥2🤣2
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် ကျရောက်သော (၆၇) ကြိမ်မြောက် တိဘက်အရေးတော်ပုံနေ့အထိမ်း အမှတ်အဖြစ် တရုတ်ဆိုင်ရာနိုင်ငံတကာလွှတ်တော်အမတ်များမဟာမိတ်အဖွဲ့ (IPAC) ၏ ပူးတွဲဥက္ကဋ္ဌနှင့် လေဘာပါတီအမတ် ဒီဘိုရာ အိုနေးလ်က ဩစတြေးလျအထက်လွှတ်တော်သို့ တိဘက်အရေးဆိုင်ရာ ပါတီစုံသဘောတူညီချက်တရပ်ကို အဆိုတင်သွင်းလိုက်သည်။

ယင်းအဆိုပြုချက်တွင် တိဘက်လူ့အခွင့်အရေးအခြေအနေများ၊ တိဘက်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ လက္ခဏာရပ်များကို အကာအကွယ်ပေးရေးတို့နှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ် ပူပန်မှုများ မြင့်တက်လာခြင်းကို အလေးပေးဖော်ပြထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်ဖိနှိပ်မှု
#ဒလိုင်းလားမား
#ဩစတြေးလျ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10🔥3❤1
"လူထုရဲ့ ဆန္ဒကတော့ ထိရောက်ပြီး နောင်တရစေမယ့် ခုခံကာကွယ်မှုကို ဆက်လက်လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်" ဟု မိုဂျ်တာဘာ၏ ထုတ်ပြန်ချက်ဟု ယူဆရသော စာတွင် ဖော်ပြထားသည်။

"ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို ဆက်ပိတ်ဆို့သွားမှာဖြစ်ပါတတယ်။ ရန်သူတွေ အတွေ့အကြုံ သိပ်မရှိတဲ့ အလွန်အမင်း ထိခိုက်လွယ်မယ့် အခြားစစ်မျက်နှာသစ်တွေ ဖွင့်လှစ်ဖို့အတွက်လည်း လေ့လာမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ စစ်ရေးအခြေအနေ ဆက်ရှိနေမယ်ဆိုရင် အကျိုးစီးပွားတွေကို ကြည့်ပြီး အဲ့ဒီစစ်မျက်နှာတွေကို စဖွင့်လှစ်သွားမှာပါ" ဟု ရေးသားထားသည်။

မိုဂျ်တာဘာ ခါမေနီ၏ ထုတ်ပြန်ချက်ဟု ယူဆရသော စာတွင် ပင်လယ်ကွေ့အတွင်းရှိ အမေရိကန် အခြေစိုက်စခန်းများကို အီရန်အနေဖြင့် ဆက်လက် ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါနိုင်ငံများအားလည်း "ရှင်းရှင်းလင်းလင်း သတိပေးထားပြီး" ဖြစ်ကြောင်း ဖော်ပြထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဟော်မုဇ်ရေလက်ကြား
#မိုဂျ်တာဘာ
#သက်သေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥6❤4😁3🤣2👎1