Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဈေးဝယ်စင်တာများ၏ စင်များပေါ်တွင် ကုန်ပစ္စည်းများ ပြည့်နှက်နေဆဲဟု ထင်ရသော်လည်း၊ ထိုအပေါ် ယံမြင်ကွင်း၏ နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အကျပ်အတည်းက စတင်နေပြီဖြစ်သည်။

မြန်မာစစ်ကော်မရှင်က လျော့နည်းလာသော နိုင်ငံခြားငွေ အရန်အင်အားကို ထိန်းထားရန်အတွက် သွင်းကုန်ကန့်သတ်ချက်များကို တိုးမြှင့်ချမှတ်လာရာ၊ ပြည်ပမှ တင်သွင်းသော ကုန်စည်များမှာ ဈေးကွက်အတွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်လာနေသည်။

ယခင်က ပြည်ပထုတ်ကုန် ပေါင်းစုံဖြင့် ဝေဝေဆာဆာ ရှိခဲ့သော်လည်း၊ ယခုအခါ ပြည်တွင်းဖြစ် တံဆိပ် များသာ စင်များပေါ်တွင် နေရာယူလာနေသည်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်းမှ စားသောက်ကုန်များ နှင့် တရုတ်ထုတ်ပစ္စည်းများမှာ အရောင်းဆိုင်စင်များပေါ်မှ တဖြည်းဖြည်း ပျောက်ကွယ်နေပြီဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မြန်မာ
#ဈေးဝယ်စင်တာစင်များ
#နိုင်ငံခြားကုန်ပစ္စည်းများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥8👎3❤2😢2👍1
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် စွမ်းအင်ဈေးနှုန်းများ ကျဆင်းစေရေး အာရုံစိုက်ရာမှ ယခုအခါတွင် ရေနံဈေးတက်မှုကို အပြုသဘောဆောင်သည့်အချက်အဖြစ် ပုံဖော်ရန် ကြိုးပမ်းလာပြီး ၎င်းတို့ အစိုးရအဖွဲ့၏ အဓိကဦးစားပေးက အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရစေအောင် တားဆီးရန် ဖြစ်သည်ဟု ဆိုသည်။

အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် အမေရိကန်နှင့် ဆွေးနွေးမှုအတွင်း တီဟီရန်အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်မည့် မည်သည့်အစီအစဉ်ကို မဆို ရပ်တန့်ရန် ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် အမေရိကန်တာဝန်ရှိသူများဘက်က 'နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို နားမလည်ခြင်း'နှင့်အတူ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အရပ်ဂ်ချီက ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#ရေနံဈေးတက်မှု
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9😁3🔥1
တရုတ်အစိုးရကိုယ်စား နိုင်ငံရေးအတိုက်အခံများကို ထောက်လှမ်းနေသည်ဟု သံသယရှိသော တရုတ် နိုင်ငံသား ရှစ်ဦးကို ပြည်နှင်ဒဏ်ပေးရန် အီတလီအာဏာပိုင်များက ရှားရှားပါးပါး အမိန့်ထုတ်ပြန်လိုက် သည်။

တရုတ်အေးဂျင့်များက အီတလီတွင် နေထိုင်နေသော တရုတ်အစိုးရကို ဝေဖန်သူများကို ရှာဖွေကာ ခြိမ်းခြောက်နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း တွေ့ရှိရပြီးနောက် အီတလီပြည်ထဲရေးဝန်ကြီးဌာန၏ ယင်းအမိန့်ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းတို့၏ လုပ်ရပ်များသည် "အမျိုးသားလုံခြုံရေး" ကို ထိခိုက်စေနိုင်ကြောင်း အီတလီနေ့စဉ်သတင်းစာ Il Foglio က ဖော်ပြခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/14/84884

#အီတလီအာဏာပိုင်များ
#ပြည်နှင်ဒဏ်
#တရုတ်အေးဂျင့်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7❤4👏2😁2
“လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေဟာ မြန်မာနိုင်ငံနဲ့ တခြားဒေသတွေမှာ လူ့အခွင့်အရေး တိုးတက်လာစေဖို့အတွက် အထောက်အကူ မပြုသလောက် ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က ကုလသမဂ္ဂကို စတင်တည်ထောင်ခဲ့တဲ့ အခြေခံမူတွေဟာလည်း ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။” ဟု အန်ဒရူးက ဆိုသည်။

နိုင်ငံတကာ၏ ဖိအားများ လျော့နည်းလာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ လျော့ပါးလာခြင်းတို့ကြောင့် အကြမ်းဖက်မှုနှင့် ချို့တဲ့နွမ်းပါးမှုဒဏ်ကို ခံစားနေရပြီးဖြစ်သော မြန်မာပြည်သူများအတွက် ပျက်စီးဆုံးရှုံးမှုကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း အန်ဒရူးက သတိပေးထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကုလကျွမ်းကျင်သူ
#အလှည့်အပြောင်းကာလ
#မြန်မာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥2❤1
“ဒါပေမဲ့ အီရန် ဒါမှမဟုတ် တခြား ဘယ်သူမဆို ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ လွတ်လပ်ဘေးကင်းစွာ ဖြတ်သန်းသွားလာမှုကို နှောင့်ယှက်တာမျိုး လုပ်လာမယ်ဆိုရင်တော့ ကျွန်တော် ဒီ ဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်လည်သုံးသပ်မှာပါ” ဟု ထရမ့်က ရေးသည်။ ထရမ့်၏ ထိုသို့ သတိပေးချက်ကြောင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က သမိုင်းတလျှောက် အကြီးမားဆုံး ရေနံဈေးကွက်အဝင် ပြတ်တောက်မှု ကြုံနေရသည်ဟု ဆိုထားသော ရေနံဈေးကွက်အား ပိုမို လှုပ်ခတ်သွားစေသည်။

ကမ္ဘာ့ရေနံ ငါးပုံတပုံ ဖြတ်သန်းရာလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများကို အီရန်က တိုက်ခိုက်လာသည့် စစ်ပွဲက ဘယ်လောက် ကြာဦးမည်နည်းနှင့် ပတ်သက်ပြီး ထရမ့်က မှတ်ချက် အမျိုးမျိုး ပေးနေ၍ ရေနံဈေးကွက်မှာ အတက်အကျ ကြမ်းလျက်ရှိသည်။ စစ်ပွဲက ရက်သတ္တပတ် အနည်းငယ်သာ ကြာမြင့်မည်ဟု ထရမ့်က ပြောဆိုထားဖူးသော်လည်း သောကြာနေ့တွင်မူ ပဋိပက္ခ ပြီးဆုံးမည့်ရက်ကို လူသိရှင်ကြား ခန့်မှန်းပြောဆိုရန် ငြင်းဆိုခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ရေနံဗဟိုချက်
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🤣3🔥1
ကွတ်ခိုင်မြို့တွင် MNDAA နှင့် TNLA တို့ ညီနောင် ၂ ဖွဲ့ တိုက်ပွဲစဖြစ်

ဂျူချန်း

မဇ္ဈိမ။ ။ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ် TNLA သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်တွင် ညီနောင်သုံးဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကြား ယနေ့ (မတ်လ ၁၄ ရက်) တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

ကွတ်ခိုင်မြို့ရှိ TNLA မြို့စောင့်တပ်များအနီးတွင် ကြိုတင်အင်အားဖြည့်ထားသည့် ကိုးကန့်တပ် (MNDAA) ဘက်မှ ယနေ့တွင် စတင်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောကြားသည်။

ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ ကွတ်ခိုင်မြို့နှင့် ငါးမိုင်ခန့်အကွာရှိ မန့်ပိန်းကျေးရွာအနီးတွင် ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြားရှိ ရှုခင်းသာဘက်တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကာ မြို့တွင်းသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

မြေပြင်တွင် ရောက်ရှိနေသည့် TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က…
👎6💩6❤2😱2👍1
တရုတ်တွင် တိုင်းရင်းသားလူမျိုးစု စည်းလုံးညီညွတ်ရေးကို မြှင့်တင်ရန်ဟု ဆိုသော ဘက်စုံလွှမ်းခြုံသည့် ဥပဒေတရပ်ကို မတ်လ ၁၂ ရက်တွင် အတည်ပြုလိုက်သည်။

အာဏာပိုင်များအနေဖြင့် လူမျိုးစု ဝါးမျိုခြင်းဆီ တွန်းအားပေးလျက် ရှိစဉ် ယင်းလုပ်ဆောင်ချက်က လူနည်းစု အစုအဖွဲ့တချို့၏ အခွင့်အရေးများကို ထပ်မံ ဆုတ်ယုတ်တိုက်စားစေလိမ့်မည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/14/84898

#တရုတ်
#လူမျိုးစုဝါးမျိုခြင်း
#တိုင်းရင်းသား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎6🔥2👍1
ဆော်ဒီအာရေဗျနိုင်ငံရှိ Prince Sultan လေတပ်အခြေစိုက်စခန်း မြေပြင်၌ ရပ်နားထားသော အမေရိကန်လေတပ်မှ ဆီဖြည့်လေယာဉ် ငါး စင်း ဒုံးကျည်ထိမှန်ပျက်စီးခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦးကို ကိုးကား၍ Wall Street Journal (WSJ) က သောကြာနေ့ (မတ်လ ၁၃ ရက်) တွင် ဖော်ပြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အီရန်က ဆော်ဒီအခြေစိုက်စခန်းအား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း အဆိုပါလေယာဉ်များ ထိမှန်ခဲ့ခြင်းဖြစ်ပြီး လုံးဝပျက်စီးသွားခြင်းမျိုးမဟုတ်ဘဲ ပြုပြင်မှုများ ပြုလုပ်နေရကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသူမရှိကြောင်း WSJ က ဆိုသည်။

Epic Fury စစ်ဆင်ရေးစတင်ကတည်းက အမေရိကန်လေတပ်မှ ဆီဖြည့်လေယာဉ် အနည်းဆုံး ခုနစ်စင်း ပျက်စီး သို့မဟုတ် လုံးဝဖျက်ဆီးခံခဲ့ရကြောင်း WSJ ၏ သတင်းတွင် ဖော်ပြထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဆော်ဒီ
#အီရန်ဒုံးကျည်
#အမေရိကန်လေတပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤5🔥4👍1👎1
တီဟီရန်မြို့လယ်ရှိ ဖာဒေါစီရင်ပြင်အနီးတွင် မွန်းတည့်ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထိုနေရာ သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော အယ်လ်ကွက်စ်နေ့ ချီတက်ပွဲအတွက် လူပေါင်းသောင်းနှင့်ချီ၍ စုဝေးနေ ကြသည့်နေရာဖြစ်ပြီး၊ စုဝေးသူများက "အစ္စရေးနှင့် အမေရိကန် ကျဆုံးပါစေ" ဟု ကြွေးကြော်ခဲ့ကြ သည်။

လက်ဘနွန်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအုပ်စုက အစ္စရေးမြောက်ပိုင်းနှင့် လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များထံသို့ ဒုံးကျည်များစွာဖြင့် ပစ်ခတ်ခဲ့ရာ အစ္စရေးမြောက် ပိုင်းတွင် လူ ၆၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူအားလုံးနီးပါးမှာ အသက်အန္တရယ် မစိုးရိမ်ရပေ။

တိုက်ပွဲများစတင်ကတည်းက လက်ဘနွန်တွင် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ပြီး၊ လူဦးရေ ၈၀၀,၀၀၀ နီးပါးမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးရုံးက ဆိုသည်။

အီရန်တွင် လူပေါင်း ၁,၃၀၀ ကျော် သေဆုံးခဲ့ပြီး၊ အစ္စရေးတွင် ၁၂ ဦး သေဆုံးခဲ့ကြောင်း အီရန်အာဏာပိုင် များက ထုတ်ပြန်ခဲ့သည်။ အမေရိကန်က အနည်းဆုံး စစ်သည် ၁၁ ဦး ကျဆုံးကာ ရှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့်…
👍6😁4
👎3
👎3
😢4
ဓာတ်ပုံ - ဖလမ်းမြို့ ၊ လုံပီးရပ်ကွက်ကို စစ်ကော်မရှင်တပ်က တိုက်လေယာဥ်ဖြင့် ယမန်နေ့ (မတ်လ၁၃ရက်) နံနက် ၁၁နာရီကျော် အချိန်က ဗုံးကြဲခဲ့ရာ (အသက်၂၅နှစ်) ဗိုလ်ကြီးဉာဏ်လင်းအောင် ကျဆုံးခဲ့သည်။
😢5👎3
ဓာတ်ပုံ - ဖလမ်းမြို့ ၊ လုံပီးရပ်ကွက်ကို စစ်ကော်မရှင်တပ်က တိုက်လေယာဥ်ဖြင့် ယမန်နေ့ (မတ်လ၁၃ရက်) နံနက် ၁၁နာရီကျော် အချိန်က ဗုံးကြဲခဲ့ရာ (အသက်၁၈နှစ်) ဒုတပ်ကြပ် မမန်ဒိတ်နွယ် ကျဆုံးခဲ့သည်။
😢8👎1
ဓာတ်ပုံ - ဖလမ်းမြို့ ၊ လုံပီးရပ်ကွက်ကို စစ်ကော်မရှင်တပ်က တိုက်လေယာဥ်ဖြင့် ယမန်နေ့ (မတ်လ၁၃ရက်) နံနက် ၁၁နာရီကျော် အချိန်က ဗုံးကြဲခဲ့ရာ အသက် (၂၄နှစ်) ရှိ ရဲဘော် ရှန်းဗျက် ကျဆုံးခဲ့ခြင်းဖြစ်သည်။
😢7👎1
ပြီးခဲ့သည့် ဇန်နဝါရီက ဗင်နီဇွဲလားအပေါ် လုပ်ဆောင်ခဲ့သော တိုက်ခိုက်မှုနှင့်အတူ ယခုလအတွင်း အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုက တရုတ်၏ သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ဗျူဟာအပေါ် ထိုးနှက်ချက်တခု ဖြစ်စေခဲ့သည်။

ပေကျင်းသည် အဆိုပါနိုင်ငံနှစ်နိုင်ငံစလုံးနှင့် သံတမန်ရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများအထိ ပါဝင်သော ဘက်စုံဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်ထားသည်။

သို့သော် ယခုအခါတွင် အမေရိကန်က တရုတ်၏ အဆိုပါ မိတ်ဖက်နိုင်ငံများကို တိုက်ခိုက်မှု လုပ်ဆောင်ခြင်းအပြင် (ဟောင်ကောင်အခြေစိုက် တရုတ်ကုမ္ပဏီတခုက ထိန်းချုပ်ထားသော ပနားမားတူးမြောင်းရှိ ဆိပ်ကမ်းနှစ်ခုကဲ့သို့) တရုတ်၏ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများကိုပါ ပစ်မှတ်ထားလာခြင်းကြောင့် ပေကျင်းအစိုးရအနေဖြင့် အမေရိကန်၏ ရန်သူတော်များနှင့် မဟာဗျူဟာမြောက် မိတ်ဖွဲ့ခဲ့သော ယင်း၏ မဟာဗျူဟာက မိမိ၏ အကျိုးစီးပွားအချို့ကို ထိခိုက်စေရန် ခြိမ်းခြောက်နေကြောင်းကို သတိပြုမိလာသည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/14/84917

#တရုတ်
#အမေရိကန်
#နိုင်ငံရေးဗျူဟာအားနည်းချက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6👎1🔥1🤣1
ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်၊ ဗီယက်နမ်နှင့် ဥရောပအချို့ဒေသများတွင် "ပုရွက်ဆိတ်မွေးမြူခြင်း" ဝါသနာက အလွန် ခေတ်စားလာခဲ့သည်။ ဝါသနာရှင်များက မှန်လုံအိမ်အတွင်း မွေးမြူထားသော ပုရွက်ဆိတ်အသိုက်အမြုံများကို ကြည့်ရှုခြင်းဖြင့် စိတ်အပန်းဖြေမှုကို ရယူကြသည်။ သို့ရာတွင် ပုရွတ်ဆိတ် လိုအပ်ချက် မြင့်မားလာ၍ ကျင့်ဝတ်နှင့်အညီ ရှာဖွေမှုထက် ကျော်လွန်လာတော့သည်။ ပုရွက်ဆိတ်ဘုရင်မများ၏ တန်ဖိုးက ကင်ညာ ဒေသတွင်း တန်ဖိုးနှင့် နှိုင်းယှဉ်ပါက မိုးနှင့်မြေလို ကွာခြားသည်။ ကင်ညာ ကျေးလက်ဒေသများ၌ ပုရွက်ဆိတ်ဘုရင်မတကောင်ကို ရှီလင် ရာဂဏန်းမျှဖြင့် ရနိုင်သော်လည်း နိုင်ငံရပ်ခြားရှိ မှောင်ခိုဈေးကွက်သို့ ရောက်ရှိသွားပါက တကောင်လျှင် ဒေါ်လာ ရာပေါင်းများစွာအထိ ဈေးပေါက်သည်။

ပုရွတ်ဆိတ် ကုန်သွယ်မှု၏ အစိုးရိမ်ရဆုံးအချက်မှာ ကျူးကျော်မျိုးစိတ်များ အခြေချလာနိုင်သည့် အန္တရာယ်ဖြစ်သည်။ Messor cephalotes ပုရွတ်ဆိတ်မျိုးစိတ်များသည် အာဖရိကအရှေ့ပိုင်း၏ ဒေသရင်း မျိုးစိတ်ဖြစ်ပြီး သဘာဝရန်သူများနှင့် ပြိုင်ဘက်များကြားတွင် ထိန်းညှိပြီး ရှင်သန်လာခဲ့ကြသည်။ အကယ်၍ ၎င်းတို့က အခြား ပတ်ဝန်းကျင်သစ်သို့ ရောက်ရှိသွားပါက သဘာဝရန်သူများ…
👍8❤1🔥1