Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တရုတ်၊ ရုရှားနှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများမှ တင်သွင်းလာသည့် ထောက်လှမ်းစောင့်ကြည့်ရေး အခြေခံအဆောက်အအုံများ၊ ဆိုင်ဘာလုံခြုံရေးစနစ်များ၊ စစ်တပ်ပိုင် သို့မဟုတ် ထိန်းချုပ်ခံ ဆက်သွယ်ရေး ကွန်ရက်များကို အသုံးပြုသည့် စနစ်များ၊ ဒေတာစင်တာများနှင့် ဒေတာစီမံခန့်ခွဲမှုပုံစံများသည် စစ်တပ်အတွက် ဒစ်ဂျစ်တယ် ထိန်းချုပ်မှုများကို အားဖြည့်ပေးနေသည်။ ထို့အပြင် ညကြည့်ကင်မရာပါသော အဆင့်မြင့် နိုင်ငံခြားဖြစ် ဒရုန်းများနှင့် ဒစ်ဂျစ်တယ်သက်သေခံစနစ်များအတွက် လိုအပ်သော ကိရိယာများကိုလည်း စစ်အာဏာသိမ်းအုပ်စုက ရရှိထားသည်။

တရုတ်ကုမ္ပဏီတခုဖြစ်သည့် Geedge Networks က မြန်မာစစ်တပ်အား DPI (Deep Packet Inspection) ထိုးဖောက်ထောက်လှမ်းခြင်း နည်းပညာ အပါအဝင် တရုတ်ထုတ် "Great Firewall" စနစ်ကို ပံ့ပိုးပေးခဲ့ကြောင်း ၂၀၂၅ စက်တင်ဘာ၌ Justice For Myanmar က ထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအရ သိရသည်။

Read more: https://bur.mizzima.com/2026/03/14/84945
👍4👎2🥰2
ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၇ ရက်တွင် အာဒမ် ကတ်စတီလိုအမည်ရှိ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် တဦးက အိမ်ဖြူတော်သို့ သွားရောက်ခဲ့သည်။ ၎င်းသည် ဒုတိယသမ္မတ ဂျေဒီဗန့်စ်၏ အကြံပေးများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံရှိ မြေရှားသတ္တုများအား အမေရိကန်က ရယူနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ အဆိုပြုတင်ပြခဲ့သည်။

၎င်း၏ အဆိုပြုချက်တွင် အမေရိကန်က KIA နှင့် သဘောတူညီချက်တရပ် ရယူကာ KIA ထိန်းချုပ် နယ်မြေအတွင်း တူးဖော်ရရှိသည့် မြေရှားသတ္တုများကို သန့်စင်ထုတ်လုပ်ရန် အိန္ဒိယသို့ ပို့ဆောင်ပြီး၊ ထိုမှတဆင့် အမေရိကန်သို့ တင်ပို့သွားမည့်အစီအစဉ်လည်း ပါရှိကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။

သို့သော် ယခုဆောင်းပါးအတွက် လူပေါင်း ၁၇ ဦးကို မေးမြန်းချက်များအရ မြန်မာ့မြေရှားသတ္တုအရေးကို အိမ်ဖြူတော်သို့ တင်ပြလာခြင်းသည် ပိုမိုကျယ်ပြန့်သော လမ်းကြောင်းသစ်တခု၏ အစပျိုးမှုဖြစ်ကြောင်း ညွှန်ပြနေသည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/14/84948

#အမေရိကန်_မြန်မာ
#ဆက်ဆံရေး
#အငြင်းပွားမှု
#မြေရှားသတ္တု
#ကမ်းလှမ်းချက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍10❤1🔥1😁1
အပစ်ရပ်မည်ဆိုပါက MNDAA တောင်းဆိုသည့် နယ်မြေများမှ ဆုတ်ပေးမည်ဟု TNLA ထုတ်ပြန်

မဇ္ဈိမ ။ ။ ကိုးကန့်တပ် (MNDAA) နှင့် တိုက်ပွဲမဖြစ်ပွားလိုခြင်းကြောင့် အပစ်ရပ်စဲမည်ဆိုပါက MNDAA ဘက်မှတောင်းဆိုသည့် နယ်မြေများမှ ဆုတ်ပေးမည်ဟု တအာင်းတပ် (TNLA) က ယနေ့ (မတ်လ ၁၄ ရက်) တွင် တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်သည်။

ထို့ပြင် ညီနောင်မဟာမိတ်နှစ်ဖွဲ့ကြားဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်စပ်ရေးရာဌာနအနေဖြင့် ကြားဝင် ညှိနှိုင်းပေးရန်လည်း TNLA က ကြေညာချက်ထဲ ထည့်သွင်းတောင်းဆိုထားသည်။

“တအာင်းတပ်အနေဖြင့် မဟာမိတ်ကိုးကန့်တပ်မတော်နှင့် တိုက်ပွဲမဖြစ်ပွားလိုပါ။ ကွက်ခိုင်မြို့ပေါ် ရပ်ကွက်အချို့နှင့် အခြားနယ်မြေအချို့ကို ကိုးကန့်တပ်မတော် တောင်းဆိုသည့်အတိုင်း ပေးအပ်၍ စစ်ပွဲရပ်တန့်မည်ဆိုပါက လွှဲအပ်ရန် မိမိတို့ဗဟိုခေါင်းဆောင်များက သဘောတူနိုင်ပါသည်” ဟု TNLA ၏ ကြေညာချက်တွင် ရေးသားထားသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊…
😁10❤3👍2🤣1
ထရမ့်ကို စိတ်ကြီးသူ၊ စိတ်လိုက်မာန်ပါလုပ်တတ်သူအဖြစ် ရှုမြင်လေ့ရှိကြပြီး ထိုသို့ယူဆခြင်းမှာလည်း မမှားပေ။ အီရန်နိုင်ငံအပေါ် ထားရှိသော ထရမ့်၏ စစ်ပွဲရည်မှန်းချက်များမှာ တနေ့နှင့်တနေ့ မတူသလို အခွန်စည်းကြပ်မှု မူဝါဒများမှာလည်း ပြောင်းလဲနေတတ်သည်။

သို့သော် ထရမ့်၏ ရန်လိုသော ရပ်တည်ချက်နောက်ကွယ်တွင် မပြောင်းလဲသည့် အချက်တချက် ရှိနေသည်။ ယင်းမှာ တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို ဟန့်တားရန်ပင် ဖြစ်သည်။

အီရန်၏ နျူကလီးယား ရည်မှန်းချက်များ၊ ပဲ့ထိန်းဒုံးကျည် စွမ်းရည်နှင့် လက်ဝေခံ လက်နက်ကိုင်အဖွဲ့များသည် အစ္စရေးအတွက် အရေးကြီးကောင်း ကြီးနိုင်သော်လည်း အမေရိကန်အတွက်မူ ထိုအရာများက ထိပ်တန်းဦးစားပေး မဟုတ်ပေ။ အစ္စရေး၏ စစ်ပွဲရည်မှန်းချက်များသည် အမေရိကန်၏ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒနှင့် ရောနှောသွားခဲ့ပြီး နောက်ဆက်တွဲရလဒ်များကို လုံးဝခန့်မှန်း၍ မရနိုင်တော့ပေ။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပထမ
#ဗင်နီဇွဲလား
#အီရန်
#အမေရိကန်
#ပစ်မှတ်အစစ်
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍15❤2🔥2😁1
👍6🔥1
🔥4❤2😁1
❤3🔥2😁1
❤3🔥2😁1
ကုမ္ပဏီ၏ သမိုင်းကြောင်းအရ GP Group ၏ အစမှာ ၁၈၆၀ ခုနှစ်မှ စတင်ခဲ့ပြီး ထိုစဉ်က မိသားစု၏ ရှေးဦးဘိုးဘေးဖြစ်သူ ခက်စီခင်စီဟာဘမ်းသည် အိန္ဒိယရှိ ရွာငယ်လေးတရွာမှ စွန့်စားထွက်လာကာ မွမ်ဘိုင်းမြို့ရှိ ဆန်ကုန်သွယ်ရေးလုပ်ငန်းတွင် အခွင့်အလမ်းများကို ရှာဖွေခဲ့သည်။

၁၈၆၈ ခုနှစ်တွင် ၎င်းနှင့် ၎င်း၏ သားဖြစ်သူက Devjee Khetsee & Company ကို တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် ထိုစဉ်က ကမ္ဘာ့အဓိက ဆန်တင်ပို့ရာ ဗဟိုချက်ဖြစ်သည့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အထိ လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။

၂၀၂၅ ခုနှစ်တွင် Forbes Thailand မဂ္ဂဇင်းက ရှား မိသားစုကို ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး စာရင်းတွင် နံပါတ် ၃၄ အဖြစ် သတ်မှတ်ခဲ့ပြီး ခန့်မှန်းခြေ စည်းစိမ်ကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၉၄၅ သန်း (ထိုင်းဘတ်ငွေ ၃၀ ဒသမ ၇ ဘီလီယံခန့်) ရှိသည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/14/84967

#ရှား_မိသားစု
#ဟော်မုဇ်
#ရေလက်ကြား
#တိုက်ခိုက်ခံရ
#သင်္ဘောပိုင်ရှင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍10❤3🔥2
ငါးကြီးဆီကို တရက်လျှင် လေးဂရမ် သောက်သုံးသူများသည် ဆေးစွမ်းမပါသော အာနိသင်တူပစ္စည်း (placebo) သောက်သုံးသူများနှင့် နှိုင်းယှဉ်ပါက နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးကြောင့်သေဆုံးခြင်း သို့မဟုတ် သွေးကြောဆိုင်ရာ ခြေလက်ဖြတ်တောက်ရခြင်းတို့ ဖြစ်နိုင်ခြေ ၄၃ ရာခိုင်နှုန်း ပိုမို နည်းပါးကြောင်း တွေ့ရသည်။

ငါးကြီးဆီ၌ သဘာဝအတိုင်း တွေ့ရလေ့ရှိသော omega-3 အဆီဓာတ် အက်ဆစ်များဖြစ်သည့် EPA နှင့် DHA တို့ ပါဝင်ခြင်းကြောင့် တနေ့လျှင် ငါးကြီးဆီ လေး ဂရမ် သောက်သုံးသော လူနာများ၌ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှု သိသိသာသာ လျော့နည်းစေကြောင်း သုတေသနက တွေ့ရှိသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#Omega3
#ငါးကြီးဆီ
#လေဖြတ်နိုင်ခြေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13🤮1
စစ်ပွဲအပြီးတွင် အီရန်မြေပုံမှာ ပြောင်းလဲသွားဖွယ်ရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များအား အရိပ်အမြွက် ပြောကြားခဲ့သည်။

စစ်ပွဲပြီးဆုံးသွားချိန်တွင် အီရန်မြေပုံသည် ယခင်အတိုင်း ရှိနေမည်လားဟု မေးမြန်းရာတွင် ထရမ့်က "ကျွန်တော် မပြောနိုင်ဘူး" ဟု အစပြုခဲ့သော်လည်း "တူတော့မယ်လို့ မထင်ဘူး" ဟု ချက်ချင်းပင် ဆက်လက်ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#မြေပုံ
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍16💩2
တီဟီရန်မြို့တွင် အစ္စရေးလေတပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံ၏ Khatam al-Anbiya အရေးပေါ်ကွပ်ကဲမှုဌာန၊ ထောက်လှမ်းရေးဌာနခွဲမှ အဆင့်မြင့်အရာရှိနှစ်ဦး သေဆုံးသွားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က စနေနေ့ (မတ်လ ၁၄) တွင် အတည်ပြုသည်။

သေဆုံးသူများမှာ အဗ္ဗဒိုလာ ဂျာလာလီ-နာဆက်နှင့် အမီရ်ရှာရီရတ်တို့ဖြစ်ပြီး အဆိုပါစစ်ဆင်ရေးကို အစ္စရေးစစ်ဘက်ထောက်လှမ်းရေးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အစ္စရေး၏ Operation Roaring Lion စစ်ဆင်ရေး အစောပိုင်းကာလတွင် ယခင်အကြီးအကဲ ဆာလက်အာဆာဒီ သုတ်သင်ခံရခဲ့ပြီးနောက် ထောက်လှမ်းရေးဌာနက ၎င်းတို့ကို အစားထိုးအရာရှိများအဖြစ် မကြာသေးမီကမှ ခန့်အပ်ထားခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် အဆင့်မြင့်ထောက်လှမ်းရေးမှူးများဖြစ်ပြီး အီရန်အစိုးရ၏ အထက်တန်းလွှာများနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် အီရန်ထောက်လှမ်းရေးအသိုက်အဝန်းအတွင်းမှ အဓိကပုဂ္ဂိုလ်များအဖြစ် ရှုမြင်ခံထားရသူများဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အစ္စရေး
#ထောက်လှမ်းရေးအကြီးအကဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍16❤3🤣1
အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် အမေရိကန်က "အောင်ပွဲကြေညာပြီး ဆုတ်ခွာသင့်သည်" ဟု သောကြာနေ့တွင် အိမ်ဖြူတော်၏ ဉာဏ်ရည်တု (AI) ဆိုင်ရာအကြီးအကဲ ဒေးဗစ်ဆက်စ်က ပြောကြား လိုက်သည်။

ယခုပြောကြားချက်သည် ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့အတွင်းမှ ထင်ရှားကျော်ကြားသူတဦးက အီရန် ပဋိပက္ခမှ နုတ်ထွက်ရန် ပထမဆုံးအကြိမ် တောင်းဆိုလိုက်သည့် ရှားရှားပါးပါးဖြစ်ရပ်တခုဖြစ်သည်။

"အခုအချိန်က အောင်ပွဲကြေညာပြီး ဆုတ်ခွာဖို့ အချိန်ကောင်းပါပဲ" ဟု ထရမ့်၏ ခရစ်တိုငွေကြေးနှင့် AI ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေးဗစ် ဆက်စ်က "All-In Podcast" အစီအစဉ်တွင် ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အိမ်ဖြူတော်
#အောင်ပွဲကြေညာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12🤣4
MNDAA နှင့် TNLA အကြား ပြဿနာများကို တွေ့ဆုံညှိနှိုင်း အဖြေရှာမည်ဟု TNLA ထုတ်ပြန်

001

မဇ္ဈိမ။ ။ ကိုးကန့်တပ် (MNDAA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပေါ်သည့် ပြဿနာများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမည်ဟု TNLA က ယမန်နေ့( မတ်လ ၁၄ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

“PSLF / TNLA သည် ဖြစ်ပေါ်လာသော ပြဿနာများကို မိတ်ဖက်ပြဿနာဟုသာ သတ်မှတ်ဖြေရှင်းထားသည့်အတွက် မဟာမိတ်အဖွဲ့မှ မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်လာသော်လည်း ပြန်လည်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ပါ။ မိမိတို့ မဟာမိတ်တိုင်းရင်းသားညီနောင်အကြားဖြစ်ပေါ်သည့် ပြဿနာများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမည်ဖြစ်ပါကြောင်း” ဟု TNLA ကဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်တွင် MNDAA နှင့် TNLA အကြား ယမန်နေ့ (မတ် ၁၄ ရက်နေ့) နံနက်ပိုင်းမှ စတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ထုတ်ပြန် လာခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် နှစ်ဖက်ဆွေးနွေးပွဲများ မည်သည့်အချိန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မပါရှိပေ။

ယမန်နေ့က ကွတ်ခိုင်ဒေသအနှံ့အပြားရှိ…
👍11🤮2❤1😁1
ယခု ပြောဆိုချက်က ဟားမတ်စ်တို့အနေဖြင့် အီရန်၏ မူဝါဒများအပေါ် ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက်ပေးခြင်း ဖြစ်သည်။ စစ်ပွဲအတွင်း အီရန်နှင့်အတူ ရပ်တည်ကြောင်း ဟားမတ်စ်က ဖော်ပြထားသော်လည်း လက်ရှိအထိ လက်တုံ့ပြန် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းမျိုးကို ရှောင်လွှဲနေပုံရှိသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့က ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလကတည်းက သဘောတူညီခဲ့ကြသော်လည်း ထိုအချိန်မှစကာ အကြမ်းဖက်မှုများ ပုံမှန် ဖြစ်ပွားနေဆဲ ဖြစ်သည်။ အီရန်နှင့် စစ်ပွဲ စတင်ချိန်တွင် ဂါဇာအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ လျော့ကျသွားခဲ့သော်လည်း ယခုအခါ ပြန်လည် မြင့်တက်လာပြန်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ဟားမတ်စ်
#အိမ်နီးချင်းနိုင်ငံများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13🤮1
အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (USTR) မှ မတ်လအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် "၂၀၂၅ ခုနှစ် အတုအပပြုလုပ်ခြင်းနှင့် မူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာ နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဈေးကွက်များ" စာရင်းတွင် အဆိုပါ MBK Center စင်တာ ပါဝင်လာခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက မတ်လ ၁၃ ရက်နေ့တွင် စီးနင်းမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စီးနင်းမှုအတွင်း ကုန်သွယ်မှုအမှတ်တံဆိပ်နှင့် မူပိုင်ခွင့်များကို ချိုးဖောက်ထားသည့် ပစ္စည်းအတု အမြောက်အမြားကို ထိုင်းစီးပွားရေးကူးသန်းရောင်းဝယ်ရေး အာဏာပိုင်များနှင့် အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့တို့က ရှာဖွေတွေ့ရှိခဲ့သည်။ အဓိကအားဖြင့် နာမည်ကြီးအမှတ်တံဆိပ်များကို တုပလုပ်ထားသည့် အိတ်များ၊ ဖိနပ်များ၊ အဝတ်အထည်များနှင့် ဖက်ရှင်ပစ္စည်းများ ဖြစ်ကြောင်း မူပိုင်ခွင့်ဌာန ညွှန်ကြားရေးမှူးချုပ် အော်ရာမွန်ဆပ်သာဝီသမ်က ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဘန်ကောက်
#ကုန်ပစ္စည်းအတု
#ထိုင်းအာဏာပိုင်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13❤2🤮1
အမေရိကန်-အစ္စရေးတို့နှင့် ဖြစ်ပွားနေသော အီရန်စစ်ပွဲသည် သီတင်းသုံးပတ်မြောက်သို့ ရောက်ရှိ လာချိန်တွင် အီရန်က အရှေ့အလယ်ပိုင်း၏ အစည်ကားဆုံးဆိပ်ကမ်းအပါအဝင် ယူအေအီးရှိ ဆိပ်ကမ်း သုံးခုမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် စနေနေ့က သတိပေးလိုက်သည်။

ယင်းမှာ စစ်ပွဲအတွင်း အိမ်နီးချင်းနိုင်ငံတခု၏ ပိုင်ဆိုင်မှုများကို ပထမဆုံးအကြိမ် ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

အမေရိကန်က အီရန်၏ အဓိကရေနံတင်ပို့ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းကို တိုက်ခိုက်ရန်အတွက် ယူအေအီးရှိ “ဆိပ်ကမ်းများ၊ သင်္ဘောကျင်းများနှင့် ပုန်းအောင်းရာနေရာများ” ကို အသုံးချခဲ့သည်ဟု အီရန်က အထောက်အထားမဲ့ စွပ်စွဲခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ယူအေအီးဆိပ်ကမ်း
#အီရန်
#ပြည်သူများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤6👍5🔥2💩1