MNDAA နှင့် TNLA အကြား ပြဿနာများကို တွေ့ဆုံညှိနှိုင်း အဖြေရှာမည်ဟု TNLA ထုတ်ပြန်
001
မဇ္ဈိမ။ ။ ကိုးကန့်တပ် (MNDAA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပေါ်သည့် ပြဿနာများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမည်ဟု TNLA က ယမန်နေ့( မတ်လ ၁၄ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။
“PSLF / TNLA သည် ဖြစ်ပေါ်လာသော ပြဿနာများကို မိတ်ဖက်ပြဿနာဟုသာ သတ်မှတ်ဖြေရှင်းထားသည့်အတွက် မဟာမိတ်အဖွဲ့မှ မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်လာသော်လည်း ပြန်လည်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ပါ။ မိမိတို့ မဟာမိတ်တိုင်းရင်းသားညီနောင်အကြားဖြစ်ပေါ်သည့် ပြဿနာများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမည်ဖြစ်ပါကြောင်း” ဟု TNLA ကဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်တွင် MNDAA နှင့် TNLA အကြား ယမန်နေ့ (မတ် ၁၄ ရက်နေ့) နံနက်ပိုင်းမှ စတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ထုတ်ပြန် လာခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် နှစ်ဖက်ဆွေးနွေးပွဲများ မည်သည့်အချိန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မပါရှိပေ။
ယမန်နေ့က ကွတ်ခိုင်ဒေသအနှံ့အပြားရှိ…

👍11🤮2❤1😁1
ယခု ပြောဆိုချက်က ဟားမတ်စ်တို့အနေဖြင့် အီရန်၏ မူဝါဒများအပေါ် ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက်ပေးခြင်း ဖြစ်သည်။ စစ်ပွဲအတွင်း အီရန်နှင့်အတူ ရပ်တည်ကြောင်း ဟားမတ်စ်က ဖော်ပြထားသော်လည်း လက်ရှိအထိ လက်တုံ့ပြန် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းမျိုးကို ရှောင်လွှဲနေပုံရှိသည်။
အစ္စရေးနှင့် ဟားမတ်စ်တို့က ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလကတည်းက သဘောတူညီခဲ့ကြသော်လည်း ထိုအချိန်မှစကာ အကြမ်းဖက်မှုများ ပုံမှန် ဖြစ်ပွားနေဆဲ ဖြစ်သည်။ အီရန်နှင့် စစ်ပွဲ စတင်ချိန်တွင် ဂါဇာအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ လျော့ကျသွားခဲ့သော်လည်း ယခုအခါ ပြန်လည် မြင့်တက်လာပြန်သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#ဟားမတ်စ်
#အိမ်နီးချင်းနိုင်ငံများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

👍13🤮1
အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (USTR) မှ မတ်လအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် "၂၀၂၅ ခုနှစ် အတုအပပြုလုပ်ခြင်းနှင့် မူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာ နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဈေးကွက်များ" စာရင်းတွင် အဆိုပါ MBK Center စင်တာ ပါဝင်လာခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက မတ်လ ၁၃ ရက်နေ့တွင် စီးနင်းမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စီးနင်းမှုအတွင်း ကုန်သွယ်မှုအမှတ်တံဆိပ်နှင့် မူပိုင်ခွင့်များကို ချိုးဖောက်ထားသည့် ပစ္စည်းအတု အမြောက်အမြားကို ထိုင်းစီးပွားရေးကူးသန်းရောင်းဝယ်ရေး အာဏာပိုင်များနှင့် အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့တို့က ရှာဖွေတွေ့ရှိခဲ့သည်။ အဓိကအားဖြင့် နာမည်ကြီးအမှတ်တံဆိပ်များကို တုပလုပ်ထားသည့် အိတ်များ၊ ဖိနပ်များ၊ အဝတ်အထည်များနှင့် ဖက်ရှင်ပစ္စည်းများ ဖြစ်ကြောင်း မူပိုင်ခွင့်ဌာန ညွှန်ကြားရေးမှူးချုပ် အော်ရာမွန်ဆပ်သာဝီသမ်က ပြောသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဘန်ကောက်
#ကုန်ပစ္စည်းအတု
#ထိုင်းအာဏာပိုင်များ

👍13❤2🤮1
အမေရိကန်-အစ္စရေးတို့နှင့် ဖြစ်ပွားနေသော အီရန်စစ်ပွဲသည် သီတင်းသုံးပတ်မြောက်သို့ ရောက်ရှိ လာချိန်တွင် အီရန်က အရှေ့အလယ်ပိုင်း၏ အစည်ကားဆုံးဆိပ်ကမ်းအပါအဝင် ယူအေအီးရှိ ဆိပ်ကမ်း သုံးခုမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် စနေနေ့က သတိပေးလိုက်သည်။
ယင်းမှာ စစ်ပွဲအတွင်း အိမ်နီးချင်းနိုင်ငံတခု၏ ပိုင်ဆိုင်မှုများကို ပထမဆုံးအကြိမ် ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လာခြင်း ဖြစ်သည်။
အမေရိကန်က အီရန်၏ အဓိကရေနံတင်ပို့ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းကို တိုက်ခိုက်ရန်အတွက် ယူအေအီးရှိ “ဆိပ်ကမ်းများ၊ သင်္ဘောကျင်းများနှင့် ပုန်းအောင်းရာနေရာများ” ကို အသုံးချခဲ့သည်ဟု အီရန်က အထောက်အထားမဲ့ စွပ်စွဲခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ယူအေအီးဆိပ်ကမ်း
#အီရန်
#ပြည်သူများ

❤6👍5🔥2💩1
Thai Elite ဗီဇာအတွက် အဖွဲ့ဝင်ကြေးက ဘတ် သိန်းချီမှ သန်းချီအထိ ပေးရသော်လည်း ယင်းမှာ ဗီဇာအခွင့်အရေးအတွက်သာ ပေးရသည့် အကုန်အကျသက်သက်ဖြစ်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော ပိုင်ဆိုင်မှုမျိုး ပြန်မရနိုင်ပေ။
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ဗီဇာမှာမူ လုံးဝကွာခြားသည်။ လျှောက်ထားသူ၏ ဘတ် သုံးသန်းက အိမ်ခြံမြေ ကိုယ်တိုင်ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှု (Asset) ထဲသို့ ရောက်သွားခြင်း ဖြစ်သည်။ ထို အိမ်ခြံမြေကိုလည်း ဗီဇာရသူ ကိုယ်တိုင်နေထိုင်နိုင်သလို၊ အငှားချ၍ ဝင်ငွေရှာနိုင်သည် သို့မဟုတ် ထိုင်းမှ ထွက်ခွာလိုချိန်တွင် ပြန်လည်ရောင်းချနိုင်သည်။ ယခု ဗီဇာလမ်းကြောင်းသည် ဗီဇာအတွက် သီးသန့် ကုန်ကျစရိတ်အဖြစ် မဟုတ်ဘဲ အပိုဆုအဖြစ် အိမ်ခြံမြေပါ တပါတည်း ပိုင်ဆိုင်စေသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ထိုင်းနိုင်ငံ
#အိမ်ခြံမြေဗီဇာ
#ရေရှည်နေထိုင်ခွင့်

👍9🔥4❤1
တရုတ်နိုင်ငံအကြောင်း ပြန်ဆက်ရလျှင် HQ-9B ဒုံးကျည်များနှင့် JY-27A ရေဒါများသည် စစ်ရေးပြပွဲများတွင် အမြဲတမ်း အထင်ကြီးစရာ ကောင်းနေသော်လည်း အမှန်တကယ် တိုက်ပွဲဝင်ရာတွင်မူ ညံ့ဖျင်းလှသည်။ မျက်စိကန်း၊ နားပင်းပြီး စကားမပြောနိုင်သူများကဲ့သို့ပင်။ Red Flag 9 ဟုလည်း လူသိများသော HQ-9B က အမေရိကန်၏ အစွမ်းထက် Patriot ဒုံးကျည်များနှင့် ရုရှား၏ S-300 တို့ကို ဈေးပေါပေါဖြင့် အတုယူထားခြင်း ဖြစ်သည်။ သီအိုရီအရ ၎င်းတို့တွင် ပစ်မှတ်အမြောက်အမြားကို တပြိုင်နက် ခြေရာခံတိုက်ခိုက်နိုင်သည့် ရေဒါစနစ်များ ပါဝင်သော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက် ရလဒ်သာ ထွက်သည်။
ပြီးခဲ့သည့်နှစ် မေလမှစပြီး HQ-9B လေကာစနစ်၏ အားနည်းချက်များအပေါ် စိုးရိမ်မှုများ ကြီးထွားလာသည်။ အိန္ဒိယ၏ ပါကစ္စတန်အပေါ်ဆင်နွှဲသော "Sindoor" စစ်ဆင်ရေးတွင် တရုတ်၏ ထို ဒုံးကျည်များသည် လေးရက်ဆက်တိုက် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ ၎င်း စနစ်က မည်သည့် အရာကိုမျှ ကာကွယ်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ခြေရာခံခြင်းများ တခုမျှ မစွမ်းဆောင်နိုင်ခဲ့ပေ။
တရုတ်၏ JY-27 ရေဒါမှာ ကီလိုမီတာ ၂၈၀ မှ ၃၉၀ အတွင်းရှိ ပစ်မှတ်များကို ခွဲခြားစစ်ဆေးနိုင်သော စနစ်တခု ဖြစ်သည်။ အသံထက်မြန်သော…

👍14❤1🔥1
ပါရှန်ပင်လယ်ကွေ့အတွင်းရှိ အဆိုပါကျွန်းကို အမေရိကန်က တိုက်ခိုက်ခဲ့သော်လည်း ရေနံဆိုင်ရာ အခြေခံအဆောက်အအုံများကို ထိခိုက်မှုမရှိစေဘဲ ချန်ထားခဲ့သည်။ သို့သော် အီရန် သို့မဟုတ် အခြားမည်သူမဆို ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောများဖြတ်သန်းမှုကို အနှောင့်အယှက်ပေးပါက ထိုအဆောက်အအုံများအား လုံးဝချေမှုန်းပစ်မည့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးထားသည်။
အီရန်ကမ်းခြေမှ ၂၁ မိုင် (၃၃ ကီလိုမီတာ) အကွာတွင်ရှိသော ထိုသန္တာကျွန်းငယ်လေးသည် အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုအားလုံးနီးပါး ဖြတ်သန်းသွားရာ အဓိကဆိပ်ကမ်းဖြစ်သည်။ စစ်ပွဲစတင်ကတည်းက အီရန်သည် ရေနံစိမ်းစည်ပေါင်း ၁၃ ဒသမ ၇ သန်း တင်ပို့ခဲ့ပြီး ဗုဒ္ဓဟူးနေ့က ရရှိသော ဂြိုဟ်တုဓာတ်ပုံများတွင် ခါ့ဂ်ကျွန်း၌ ရေနံတင်သင်္ဘော အမြောက်အမြား ရေနံဖြည့်နေသည်ကို တွေ့ရကြောင်း သင်္ဘောသွားလာမှု ထောက်လှမ်းရေးကုမ္ပဏီ TankerTrackers.com က ဆိုသည်။
ဗြိတိန်က ပင်လယ်ကွေ့မှ ဆုတ်ခွာသွားပြီးနောက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မဖွဲ့စည်းမီ ရက်ပိုင်းအလို ၁၉၇၁ ခုနှစ် နိုဝင်ဘာလတွင် အီရန်တပ်ဖွဲ့များက ထိုကျွန်းများကို သိမ်းပိုက်ခဲ့သည်။ အီရန်သည်…

👍12🔥2❤1
ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်၍ ကျဆုံးသည့် ကလေးမြို့အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား သင်္ဂြိုဟ် ပြီးစီး
ပါခွီး
မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့အကျဥ်းထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရ၍ သေဆုံးခဲ့သည့် နိုင်ငံရေးအကျဥ်းသား ယမန်နေ့( မတ်လ ၁၄ ရက် ) က သင်္ဂြိုဟ်ပြီးစီးကြောင်း သေဆုံးသူ၏ မိသားစုဝင်များနှင့် နီးစပ်သူထံက သိရသည်။
မိသားစုဝင်များက သေဆုံးသူ ကိုဝင်းမြင့်စိုး(အသက် ၅၄ နှစ် )၏ ရုပ်အလောင်းကို တောင်းယူသော်လည်း မရခဲ့ဘဲ အကျဥ်းထောင်အစီအစဥ်ဖြင့်သာ ကံပုလဲသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။
“အလောင်းကို မိသားစုက ပြန်လိုချင်လို့တောင်းတာမရဘူး ။ သူက အပြစ်ဒဏ်ကျနေတုန်းဖြစ်တော့ သေမှုသေခင်းနဲ့ ရဲလုပ်ထုံးလုပ်နည်းတွေလုပ်ဖို့ လိုအပ်တယ် ။ အလောင်းရချင်ရင်တရားရုံးကို သွားရမယ်လို့ပြောပြီး နောက်ဆုံး သူတို့အစီအစဥ်နဲ့ပဲ မီးသင်္ဂြိုဟ် လိုက်ရတာ” ဟု သေဆုံးသွားသူ၏ မိသားစု နှင့်နီးစပ်သူက မဇ္ဈိမကိုပြောသည်။
သေဆုံးသူ ကိုဝင်းမြင့်စိုး( အသက် ၅၄ နှစ်) သည် အသဲခြောက်၊ရေဖျင်းစွဲရောဂါကြောင့် ဆေးရုံအချုပ်ဆောင်တွင် ကုသမှု ခံယူစဥ် မတ်လ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၁၅…

😢15❤3🔥2👎1🕊1
တောင်ငူ စစ်လက်နက်ပစ္စည်းတပ်ခွဲအား ရှော့တိုက်ဒုံး ၁၀ လုံးနီးပါးဖြင့် ပစ်ခတ်ဟုဆို
ပါခွီး
မဇ္ဈိမ ။ ။ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် စစ်ကော်မရှင်တပ်၏ တောင်ပိုင်းတိုင်း စစ်လက်နက် ပစ္စည်းတပ်ခွဲ အမှတ်(၈၄၈) ကို ရှော့တိုက်ဒုံး ကိုးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BWM တပ်ဖွဲ့ထံက သိရသည်။
ထိုတပ်ခွဲရှိ လက်နက်ဂိုဒေါင်များကို ယနေ့ (မတ်လ၁၅ရက်) နံနက် ၂နာရီ ၄၄မိနစ်အချိန်တွင် ၁၀၇မမ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် Brave Warriors for Myanmar (BWM) တာဝန်ရှိသူက ဆိုသည်။
“အလုံးတိုင်းအောင်လို့ အတော်အားရတဲ့ မစ်ရှင်လို့ပြောရမယ်။ ကိုးလုံးထဲက Error တက်ချင် (မကောင်းဖြစ်ချင်) တဲ့ တလုံး ကို Direction (ဦးတည်ရာ) ပြောင်းပြီး ကျွန်တော်တို့ပစ်ခတ်ရာ ခပ်လှမ်းလှမ်းမှာ တပ်စွဲထားတဲ့ နေရာကို ဝင်ရောက် ပေါက်ကွဲတာမို့အားရတယ်။ အလုံးတိုင်း အကျိုးရှိတဲ့ Target (ပစ်မှတ်) ထိမယ်လို့ယုံကြည်တယ်ခင်ဗျ” ဟု ၎င်းက မဇ္ဈိမ ကိုပြောသည်။
ဂိုဒေါင်များတွင် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) ထုတ် လက်နက်များ ၊ နိုင်ငံခြားမှ ဝယ်ယူဖြည့်တင်းထားသောလက်နက်များ အပြင် တော်လှန်ရေးတပ်ဖွဲ့များထံက သိမ်းဆည်းရမိသည့်…

❤14👍7🤣2
"ဆံပင်မွေးညင်းအိတ်အတွင်းထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဆဲလ်တွေရဲ့ လှုပ်ရှားမှုကို တွေ့ရှိခဲ့တာပါ။ ဆံပင်ဟာ အောက်ခြေက ဆဲလ်တွေကွဲပွားပြီး တွန်းထုတ်လို့ ရှည်လာတာလို့ပဲ ဆယ်စုနှစ်ပေါင်းများစွာ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဘေးပတ်ပတ်လည်က တစ်သျှူးတွေက အသေးစားမော်တာတခုလို အလုပ်လုပ်ပြီး ဆံပင်ကို အပေါ်ကို ဆွဲတင်နေတာကို တွေ့ရပါတယ်" ဟု Queen Mary တက္ကသိုလ်မှ ပါရဂူ Inês Sequeira က ပြောသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဆံပင်
#သိပ္ပံပညာရှင်များ
#အံ့အားသင့်ဖွယ်အချက်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဆံပင်
#သိပ္ပံပညာရှင်များ
#အံ့အားသင့်ဖွယ်အချက်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍18❤6🤮2
သာစည်တွင် ဗလီကျောင်းနှင့် နေအိမ်များ ဝင်ကာ စစ်အုပ်စု ပေါ်တာဆွဲ
ဓာတု
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗလီကျောင်းနှင့် နေအိမ်များအတွင်းဝင်ကာ စစ်အုပ်စုက တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။ မြို့ပေါ်ရပ်ကွက်တခုဖြစ်သည့် အမှတ်(၃) ရပ်ကွက်ရှိ ဗလီအတွင်း ဘုရားဝတ်ပြုနေသူများထဲမှ အမျိုးသားသုံးဦးသည် မတ်လ ပထမပတ် ည ၈ နာရီအချိန်ခန့်က ပေါ်တာဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်ကဆိုသည်။
“အစ္စလာမ် ဥပုသ်လတွေမှာတောင် ညဘက်တွေ ဝင်ဆွဲတာမျိုး ညအချိန်မတော် ၉ နာရီ ၁၀နာရီလောက်ပေါ့။ အရင်တုန်းက အိမ်တွေထဲအထိ ဝင်ဆွဲတာမရှိဘူး ။ အခုဆိုအမှတ် (၃)၊ (၆)၊ (၇) မြို့ပေါ်ရပ်ကွက်တွေက ကလေးတွေလည်း ပါတယ်။ အခုငွေနဲ့ပြန် မရွေးခိုင်းတော့ဘူး။ လူကိုပါ အစဖျောက်သွားတာ ဘယ်တပ်ထဲ ရောက်သွားတယ်ဆိုတာပါ မသိရတော့ဘူးဗျ”ဟု သာစည်မြို့နယ် ပကဖ အဖွဲ့ဝင်တဦးက ဆိုသည်။
ယခင်နှစ်က ဆိုင်ထိုင်နေသူများနှင့် လမ်းသွား၊ လမ်းလာများကိုသာ ပေါ်တာဆွဲဖမ်းဆီးသော်လည်း ယခုနှစ်တွင် နေအိမ်များအထိ ဝင်ရောက်ပေါ်တာဆွဲနေကြောင်း ဒေသခံများက ဆိုသည်။ ၂၀၂၆ ခုနှစ်အတွင်း ခုနစ်ဦး ပေါ်တာအဆွဲခံထားရပြီး ယင်းမှာ လက်လှမ…

👎13❤3🔥3😁1
https://www.youtube.com/watch?v=rm0o8LzxUXc
ရှေ့တန်း ရောက် သွားဆရာဝန် ရဲ့အတွေ့အကြုံ I ရေနွေးကြမ်းစကားဝိုင်း

YouTube
ရှေ့တန်းရောက် သွားဆရာဝန်ရဲ့အတွေ့အကြုံ I ရေနွေးကြမ်းစကားဝိုင်း
ယုံကြည်ချက်ကြောင့် ရှေ့တန်းမှာ ကျရာတာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်း မန္တလးဆေးတက္ကသိုလ်က နောက်ဆုံးနှစ်ဆေးကျောင်းသား သွားဆရာဝန်နဲ့ လူငယ်အချင်းချင်း စကားပြောဖြစ်ကြပါတယ်။ ရှေ့တန်းမှာ ဘယ်လိုအခြေအနေရှိပါသလဲ။ CDM ဆရာဝန်တွေရဲ့အခြေအနေ စတာတွေကို စကားပြောဖြစ်ကြပါတယ်။…
👍7🤮1