Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဓာတ်ပုံ - ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ (၅)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) တွင် PLA စစ်ဒေသတနေရာ၌ ကျင်းပခဲ့သည်။ (ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA)
👍6🥰3❤1🔥1😁1
ဓာတ်ပုံ - ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ (၅)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) တွင် PLA စစ်ဒေသတနေရာ၌ ကျင်းပခဲ့သည်။ (ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA)
🥰5👍3🔥1😁1
ဓာတ်ပုံ - ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ (၅)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) တွင် PLA စစ်ဒေသတနေရာ၌ ကျင်းပခဲ့သည်။ (ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA)
👍8🔥1😁1
ဓာတ်ပုံ - ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ (၅)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) တွင် PLA စစ်ဒေသတနေရာ၌ ကျင်းပခဲ့သည်။ (ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA)
👍8❤1🔥1😁1
ဓာတ်ပုံ - ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ (၅)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) တွင် PLA စစ်ဒေသတနေရာ၌ ကျင်းပခဲ့သည်။ (ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA)
👍7❤3🔥1😁1
သာစည်တွင် ဗလီကျောင်းနှင့် နေအိမ်များ ဝင်ကာ စစ်အုပ်စု ပေါ်တာဆွဲ

ဓာတု

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗလီကျောင်းနှင့် နေအိမ်များအတွင်းဝင်ကာ စစ်အုပ်စုက တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။ မြို့ပေါ်ရပ်ကွက်တခုဖြစ်သည့် အမှတ်(၃) ရပ်ကွက်ရှိ ဗလီအတွင်း ဘုရားဝတ်ပြုနေသူများထဲမှ အမျိုးသားသုံးဦးသည် မတ်လ ပထမပတ် ည ၈ နာရီအချိန်ခန့်က ပေါ်တာဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်ကဆိုသည်။

“အစ္စလာမ် ဥပုသ်လတွေမှာတောင် ညဘက်တွေ ဝင်ဆွဲတာမျိုး ညအချိန်မတော် ၉ နာရီ ၁၀နာရီလောက်ပေါ့။ အရင်တုန်းက အိမ်တွေထဲအထိ ဝင်ဆွဲတာမရှိဘူး ။ အခုဆိုအမှတ် (၃)၊ (၆)၊ (၇) မြို့ပေါ်ရပ်ကွက်တွေက ကလေးတွေလည်း ပါတယ်။ အခုငွေနဲ့ပြန် မရွေးခိုင်းတော့ဘူး။ လူကိုပါ အစဖျောက်သွားတာ ဘယ်တပ်ထဲ ရောက်သွားတယ်ဆိုတာပါ မသိရတော့ဘူးဗျ”ဟု သာစည်မြို့နယ် ပကဖ အဖွဲ့ဝင်တဦးက ဆိုသည်။

ယခင်နှစ်က ဆိုင်ထိုင်နေသူများနှင့် လမ်းသွား၊ လမ်းလာများကိုသာ ပေါ်တာဆွဲဖမ်းဆီးသော်လည်း ယခုနှစ်တွင် နေအိမ်များအထိ ဝင်ရောက်ပေါ်တာဆွဲနေကြောင်း ဒေသခံများက ဆိုသည်။ ၂၀၂၆ ခုနှစ်အတွင်း ခုနစ်ဦး ပေါ်တာအဆွဲခံထားရပြီး ယင်းမှာ လက်လှမ…
👎13❤3🔥3😁1
ကွတ်ခိုင်တွင် MNDAA နှင့် TNLA အကြား တိုက်ပွဲ ပြင်းထန်၊ မြို့တွင်း နေရာအချို့ မီးလောင်

001

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား ယနေ့ (မတ် ၁၅ရက် ) တမနက်လုံး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မြို့တွင်းရှိ ဌာနဆိုင်ရာနေရာအချို့ မီးလောင်ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ကွတ်ခိုင်တွင် ယမန်နေ့ (မတ် ၁၄ ရက် ) နံနက်ပိုင်း ကစပြီး MNDAAနှင့် TNLA အကြား ပစ်ခတ်မှုဖြစ်ပွားပြီး ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်မူ နေ့လယ် တနာရီဝန်းကျင်ကစ၍ တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း မြို့တွင်းရှိ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာ နေရာအချို့ မီးလောင်နေကြောင်း ကွတ်ခိုင်မြို့ဒေသခံတဦးက ပြောသည်။

“မနက် ငါးရီလောက်ကတည်းက ဖြစ်တာ ဒီနေ့လယ် တနာရီလောက်ထိကို ဖြစ်တယ်။ အခုက ငြိမ်သွားပြီ။ ရဲစခန်းတွေ စည်ပင်တို့ လဝကတို့တော့ မီးလောင်နေတယ်။ အခုလောလောဆယ်တော့ မီးတွေ လောင်နေတယ်။ စည်ပင်ရုံးတို့ လဝကရုံးတို့ပေါ့။ ရဲစခန်းလည်း မီးတော့လောင်တယ် အခုတော့ ငြိမ်းသွားပြီ။”…
👍5👎4🤣2❤1🔥1
MNDAA နှင့် TNLA ညီနောင်အဖွဲ့ကြား ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရန်နှင့် လိုအပ်ပါက ကူညီပံ့ပိုးမည်ဟု NUCC ကမ်းလှမ်း

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် နှင့် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရန် NUCC က တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထိုညီနောင်နှစ်ဖွဲ့အကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းရာတွင် လိုအပ်ပါက ကူညီပံ့ပိုးရန် အသင့်ရှိနေကြောင်းလည်း ယမန့်နေ့(မတ်လ ၁၄ ရက် ) က ထုတ်ပြန်ကမ်းလှမ်းထားသည်။

“နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းတာမျိုးပဲ လုပ်ကြရမှာ ဖြစ်ပါတယ်။ လိုအပ်လို့ရှိရင်တော့ NUCC အနေနဲ့ နှစ်ဖက်စလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်” ဟု NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ဆိုသည်။

TNLA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် TLC သည် NUCC ၏ အဖွဲ့ဝင်ဖြစ်သည့်အတွက် ညှိနှိုင်းရန် လမ်းစရှိနေပြီး အောက်ခြေတပ်မှူးများအနေဖြင့် အမြန်ဆုံး ထိန်းသိမ်းကိုင်တွယ်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊…
👍12🤣2❤1👎1🤮1
ဆေးခြောက်သုံးစွဲခြင်းသည် မှတ်ဉာဏ်များကို ဝေဝါးစေရုံတင်မကဘဲ၊ မှတ်ဉာဏ်များ စတင်ဖြစ်ပေါ်လာ ပုံနှင့် ပြန်လည်မှတ်မိလာပုံဖြစ်စဉ်တခုလုံးကိုပါ ပြောင်းလဲပစ်နိုင်ကြောင်း လေ့လာမှုက ဖော်ပြလိုက် သည်။

ဆေးခြောက်သုံးစွဲထားသူများသည် စမ်းသပ်မှုအများစုတွင် THC မပါသော ဆေးခြောက်သုံးစွဲသူများ ထက် သိသိသာသာ ပိုမိုဆိုးရွားစွာ ဖြေဆိုခဲ့ကြသည်။ ခြုံငုံကြည့်လျှင် ဆေးခြောက်သည် မှတ်ဉာဏ်တိုင်း တာမှု အများစုအပေါ် သက်ရောက်မှုရှိခဲ့ပြီး စမ်းသပ်ချက် ၂၁ ခုအနက် ၁၅ ခုတွင် သိသာထင်ရှားသော ကွာဟချက်များ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဆေးခြောက်
#မှတ်ဉာဏ်အမှားများ
#လေ့လာမှုအသစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11❤5👎1🔥1
တောင်သာတွင် PLA စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၂ ဦး သေဆုံးပြီး ယာဉ် ၁ စီး ပျက်စီး

မောင်ခက်နွေ

မဇ္ဈိမ ။ ။ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကော်မရှင်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးပြီး စစ်သုံးယာဉ်တစီး ပျက်စီးသွားကြောင်း PLA က ယနေ့ (မတ်လ ၁၅ ရက်) တွင် သတင်းထုတ်ပြန်သည်။

ဆိတ္ထိန်းရွာမှ အေးရွာဘက်သို့ ထွက်ခွာလာသော ကားသုံးစီးပါ စစ်ကော်မရှင် ယာဉ်တန်းကို PLA ရဲဘော်များက ယမန်နေ့ ( မတ်လ ၁၄ ရက် ) ညနေ ၆ နာရီခန့်တွင် အငိုက်ဖမ်း စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ ရဲဘော်တွေဘက်က တယောက်ပေါ့နော်။ မစိုးရိမ်ရတဲ့ ဒဏ်ရာရတာပဲရှိပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာ၌ပင် စစ်ကော်မရှင်တပ်သား ရှစ်ဦး သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း ၎င်းပြောသည်။ နောက်ဆက်တွဲရရှိသည့် အတည်ပြုချက်များအရ စုစုပေါင်း…
👍13❤2😁1🤣1
စစ်ကော်မရှင်တပ်ထံမှ ဘောဓိတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုစခန်းအနီး အထိုင်ချထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ နယ်စပ်စခန်းအား ကော်သူးလေအာမီ (KTLA) က ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ထားသည်။

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်က TNLA တပ်စခန်းများကိုလည်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ မတ်လ ၁၅ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#ကိုးကန့်တပ်မတော်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤7👎2😁2
သရက်ချောင်းမြို့နယ်ကို စစ်ကော်မရှင်လေကြောင်းက ဆက်လက်ဗုံးကြဲ

YT

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အား စစ်ကော်မရှင်တပ်က မတ်လ ၁၃ ရက်မှ ယနေ့ (မတ်လ ၁၅ ရက်) အထိ လေကြောင်းမှ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဝင်းဝစခန်း၏ အောက်ဘက် (သရက်ချောင်းမြို့နယ် အောက်ဘက်ခြမ်းရှိ) ဂုံညှင်းဆိပ်ရွာအနီးတဝိုက်သို့ ယနေ့ ညနေ ၅ နာရီဝန်းကျင်အထိ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံထံက သိရသည်။

“ အခုလည်းပဲ ဂုံညှင်းဆိပ် ပတ်ဝန်းကျင်မှာ စကခတွေ ဗုံးကြဲနေတာလေ ဆက်တိုက်ပဲ၊ အခု၊ အခု။ အလုံး ၅၀ လောက်ရှိတော့မယ် ဆက်တိုက်ပဲ။ Y12 နဲ့။ လက်နက်ကြီးတွေလည်း ပစ်နေတာ။ အခုက မကြေပွဲလိုက်နွှဲနေတဲ့ ပုံစံပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဝင်းဝစခန်းမှ ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်သားများအား KNLA ပူးပေါင်းတပ်များက လိုက်လံရှင်းလင်းနေ၍ ထိုအနီးတဝိုက်ကျေးရွာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ ပင်လယ်ပြင်ရှိ စစ်သင်္ဘောမှလည်း လက်နက်ကြီးပစ်ခတ်ခြင်းတို့ ပြုလုပ်နေသည်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့နှင့် မတ်လ ၁၃ ရက်နေ့ကလည်း…
👍8👎4❤2👏1🤬1
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်မီးကြောင့် မတ်လ ၆ ရက်တွင် ရေနံဈေးနှုန်းမှာ ၂၀၂၂ ခုနှစ် နောက်ပိုင်းအမြင့်ဆုံးအဖြစ် တစည်လျှင် အမေရိကန်ဒေါ်လာ ၉၀ အထိ ထိုးတက်သွားခဲ့ရာ ထိုင်းစီးပွား ရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ထို့ပြင် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ထောက်ပံ့မှုအပေါ် ခြိမ်းခြောက်မှုများ ရှိနေသည့်အတွက် ထိုင်း ဂျီဒီပီခန့်မှန်းချက်ကို ထိုင်းအစိုးရ၏ စီးပွားရေးသုတေသနအဖွဲ့ဖြစ်သော အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ကောင်စီ (NESDC) က လျှော့ချလိုက်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်းစီးပွားရေးအား
#အရှိန်မြင့်တက်လာမှု
#အီရန်စစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥5❤2
လွန်ခဲ့သော ၂၅ နှစ်ခန့်က ဖခင်အား သူ၏ မွေးရပ်မြေဖြစ်သော မန္တလေးမြို့သို့ ပြန်လည်ခေါ်ဆောင်သွား ရန် ကျွန်တော်ဆန္ဒပြင်းပြခဲ့ဖူးသည်။ ကျွန်တော့်အဖွားကိုလည်း (နောင်တွင် စစ်အစိုးရက နိုင်ငံအမည် အား မြန်မာ၊ မြို့အမည်အား ရန်ကုန်ဟု မပြောင်းလဲမီက) ရန်ကုန်မြို့တွင်ပင် မွေးဖွားခဲ့သည်။

ကျွန်တော့်အဘိုးမှာ ဗြိတိသျှစစ်အရာရှိတဦးဖြစ်ပြီး ဂျပန်လေတပ်က ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်နေ သည့် ၁၉၄၂ ခုနှစ်တွင် မန္တလေးမြို့တွင် တာဝန်ကျခဲ့သူ ဖြစ်သည်။

တိုက်လေယာဉ်များ၏ ပစ်ခတ်မှုကြောင့် ဧရာဝတီမြစ်အတွင်း နစ်မြုပ်လုနီးပါးဖြစ်နေစဉ် မိခင်နှင့် မောင်နှမများကို ကယ်တင်ခဲ့ပုံနှင့် တောနက်ကြီးထဲမှ ဘေးကင်းရာသို့ လမ်းလျှောက်ထွက်ခွာခဲ့ပုံ စသည့် ဖခင်ဖြစ်သူ၏ ငယ်ဘဝစွန့်စားခန်းများကို နားထောင်ခဲ့ရခြင်းကပင် သူ့ကို ဇာတိမြေသို့ ပြန်လည် ခေါ်ဆောင်ပြီး အတွေ့အကြုံများအား အတူတကွခံ စားလိုစိတ် ဖြစ်ပေါ် စေခဲ့ခြင်းဖြစ်ပါသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စွန့်စားခဲ့ကြသူများ
#ဆရာဝန်များ
#မြန်မာ့ပြည်တွင်းစစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤13👍10🔥1
❤5👍2🔥1
❤7🔥1
❤6🔥1
❤4🔥1
❤4🔥1