Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ပိုမို ငါတကောကောလာသော ရပ်တည်ချက်များက ကျွန်ုပ်တို့ခေတ်ကာလ၏ အရေးကြီးဆုံး ပထဝီနိုင်ငံရေး စိန်ခေါ်မှုတခု ဖြစ်လာသည်။ ပဋိပက္ခ၏ ဗဟိုချက်တွင် ရှိနေသည်က ဗီယက်နမ်နိုင်ငံ ဖြစ်ပြီး ဗီယက်နမ်သည် မြောက်ဘက်အိမ်နီးချင်း၏ လွှမ်းမိုးမှုကို ရာစုနှစ်ပေါင်းများစွာ တွန်းလှန်လာခဲ့သည့် နိုင်ငံဖြစ်သလို ယခုအခါတွင် ပေကျင်း၏ ရန်လိုသော ပင်လယ်ရေကြောင်း ချဲ့ထွင်မှုနှင့် ရင်ဆိုင်နေရသည်။

တရုတ်နှင့် ဗီယက်နမ်တို့အကြား ဆက်ဆံရေး ယိုယွင်းလာခြင်းမှာ နှစ်နိုင်ငံကြား သဘောကွဲမှုသက်သက်မဟုတ်ဘဲ အရှေ့တောင်အာရှတခွင် မတည်ငြိမ်မှုများကို ဖြစ်လာစေနိုင်သည့် ရှေ့ပြေးနိမိတ်ဖြစ်ကာ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်၊ နိုင်ငံတကာဥပဒေနှင့် ဒေသတွင်း လုံခြုံရေးတို့အတွက် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုများလည်း ရှိလာနိုင်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တောင်တရုတ်ပင်လယ်ကစားကွက်
#အချုပ်အခြာအာဏာ
#ဗီယက်နမ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7❤5👍4
နွေဦးတော်လှန်ရေး၏ အဓိက ရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်အတွက် တစိုက်မတ်မတ် ဦးတည်ကာ တစ်သံတည်းထွက်အောင် ဆောင်ရွက်ပေးကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အကြံပြု ပြောဆိုသည်။

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်လွှတ်တော်ကို အသိအမှတ်မပြုကြောင်း ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၊ နဝမအကြိမ် အစည်းအဝေးသို့ သဝဏ်လွှာပေးပို့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အကြမ်းဖက်စစ်အုပ်စု
#နေ့စဉ်မှတ်စု
#နွေဦးတော်လှန်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤9👍3🤮1
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၊ ဝေါ့ကင်းစထရိဧရိယာတွင် မတ်လ ၁၅ရက် ညဥ့်နက်ပိုင်းက ရွှေ့ပြောင်းအလုပ် သမား ၂၀ ခန့် လက်နက်ကိုင်ပြီး အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခါနီးတွင် ရဲတပ်ဖွဲ့က ကြားဖြတ်တားဆီး နိုင်ခဲ့ သည်။

စီယမ် ဘေးရှိုးအပန်းဖြေစခန်းအနီးတွင် လူစုလူဝေးဖြစ်နေပြီး ဂိုဏ်းအချင်းချင်း တိုက်ခိုက်ကြတော့မည့် သတင်းရရှိမှုကြောင့် ရဲတပ်ဖွဲ့သည် ည ၁၁ နာရီ ၄၆ မိနစ်ခန့်တွင် အခင်းဖြစ်ရာသို့ အချိန်မီရောက်ရှိကာ ဟန့်တားနိုင်ခဲ့ပြီး၊ ရွှေ့ပြောင်းအလုပ်သမား ကိုးဦးကို ထိုင်းရဲများက ဖမ်းမိခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အုပ်စုဖွဲ့ရန်ပွဲ
#မြန်မာများ
#ပတ္တရား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥5👍4👎1
အမေရိကန်-အစ္စရေး မဟာမိတ်တပ်များနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော စစ်ပွဲ သုံးပတ်မြောက်ထဲသို့ ရောက်ရှိလာချိန်တွင် အီရန်၏ အဆက်မပြတ် လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်တွင် သုံးနေသော ကြားဖြတ်ဟန့်တားသည့် ဒုံးကျည်များ ပြတ်လပ်နိုင်ခြေရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အစ္စရေးတွင် ဒုံးကျည်များနှင့် ဒရုန်းများကို ဖျက်ဆီးရန် အသုံးပြုနိုင်သည့် “Iron Beam” ခေါ် လေဆာနည်းပညာစနစ်သစ်တခု ရှိနေသော်လည်း လက်ရှိတွင် အသုံးအများဆုံး ကြားဖြတ်ဟန့်တားလက်နက်များမှာ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များသာ ဖြစ်ကြသည်။

ပြီးခဲ့သည့်နှစ်က အစ္စရေးနှင့် အီရန်တို့ ၁၂ ရက်ကြာ တိုက်ခိုက်ခဲ့သည့် စစ်ပွဲကြောင့် အစ္စရေး၏ ပဲ့ထိန်းဒုံးကျည်ပစ် လက်နက်များသာမက မဟာမိတ်အမေရိကန်၏ လက်နက်များပါ သိသိသာသာ လျော့သွားခဲ့သည်။ ထိုကဲ့သို့ ကြားဖြတ်ဒုံးကျည် အမြောက်အမြားကို မကြာသေးမီကမှ အသုံးပြုခဲ့ရခြင်းကြောင့် ယခုလက်ရှိစစ်ပွဲကို မစတင်မီ အစ္စရေးနှင့် အမေရိကန်တို့အနေဖြင့် လက်နက်ကို အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပုံမပေါ်ပေ။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85174
👍10🤣2❤1🔥1
အီရန်ရေနံတင်သင်္ဘောများအား ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမှုကို အမေရိကန်က ခွင့်ပြုထားကြောင်း မတ်လ ၁၆ ရက်တွင် စီအန်ဘီစီနှင့် အင်တာဗျူးတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့်က ပြောကြားလိုက်သည်။

“အီရန်သင်္ဘောတွေက ရေလက်ကြားကို ဖြတ်သန်းသွားလာနေပြီး ရေနံကမ္ဘာ့လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့ ကျွန်တော်တို့ဘက်က ခွင့်ပြုထားပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့်က ပါရီမြို့ တွင် ပြောကြားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85177

#အစ္စရေး
#အမေရိကန်
#ဟော်မုဇ်ရေလက်ကြား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣9👍8❤1👎1🔥1
ချယ်လ်ဆီးအသင်းဟာ ၂၀၁၁ နဲ့ ၂၀၁၈ ကြား အပြောင်းအရွှေ့တွေမှာ လိုင်စင်မဲ့ အေးဂျင့်တွေနဲ့ တတိယအဖွဲ့အစည်းတွေဆီကို ပေါင် ၄၇ သန်း လျှို့ဝှက်ပေးချေခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက် ပေါင် ၁၀ သန်း ဒဏ်ရိုက်ခံရသလို အပြောင်းအရွှေ့ပိတ်ပင်မှု ဆိုင်းငံပြစ်ဒဏ်လည်း ချမှတ်ခံလိုက်ရပါတယ်။

ပေါင် ၁၀ သန်း ဒဏ်ကြေးဟာ ပရီးမီးယားလိဂ်ကနေ ချမှတ်ဖူးသမျှထဲ အများဆုံး ဒဏ်ကြေးဖြစ်ပါတယ်။ ဒါဟာ ၂၀၇ ခုနှစ်တုန်းက ဟာဗီယာ မာရှေရာနိုနဲ့ ကားလို့စ် တီဗက်စ်တို့ရဲ့ အပြောင်းအရွှေ့တွေကြောင့် ဝက်စ်ဟမ်းအသင်း ချမှတ်ခံခဲ့ရတဲ့ ပေါင် ၅ ဒသမ ၅ သန်း ဒဏ်ကြေးစံချိန်ကို ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးဟာ အမှတ်လျှော့ပြစ်ဒဏ်လိုမျိုး အားကစားဆိုင်ရာ အရေးယူမှုတွေကနေတော့ ကင်းလွတ်ခဲ့ပါတယ်။ ဒါဟာ အသင်းဘက်က “အတိတ်က စည်းမျဉ်းချိုးဖောက်မှုတွေကို ကိုယ်တိုင်ဆန္ဒအလျောက် အစီရင်ခံခဲ့တာ”ကြောင့် ဖြစ်တယ်လို့ ပရီးမီးယားလိဂ်က ဆိုပါတယ်။
Read more: https://bur.mizzima.com/2026/03/17/85192
👍4🔥2
ဓာတ်ပုံ - ပခုက္ကူမြို့နယ်အနောက်ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်းကို PLA နှင့် မဟာမိတ်တပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်စဉ်။ (ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA)
❤7👍3🔥3
ဓာတ်ပုံ - ပခုက္ကူမြို့နယ်အနောက်ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်းကို PLA နှင့် မဟာမိတ်တပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်စဉ်။ (ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA)
👍7❤4🔥1👏1
ဓာတ်ပုံ - ပခုက္ကူမြို့နယ်အနောက်ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်းကို PLA နှင့် မဟာမိတ်တပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်စဉ်။ (ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA)
❤8👍4🔥1🥰1
ဓာတ်ပုံ - ပခုက္ကူမြို့နယ်အနောက်ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်းကို PLA နှင့် မဟာမိတ်တပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်စဉ်။ (ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA)
👍8❤5🔥1🥰1
"ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေးကို မတောင်းဆိုဘူး၊ ဒါပေမဲ့ ရန်သူတွေအနေနဲ့ ဒီလို တိုက်ခိုက်မှုမျိုးကို နောက်တကြိမ် ထပ်လုပ်ဖို့ စိတ်ကူးတောင် မယဉ်နိုင်တော့အောင် နည်းလမ်းမျိုးနဲ့ ဒီ စစ်ပွဲကို အဆုံးသတ်ရမယ်" ဟု အာရတ်ချီက ပြောပြီး အီရန်က လိုအပ်သရွေ့ ဆက်လက် တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်း ထည့်သွင်းဆိုသည်။‌

"သူတို့ ဘယ်လို နိုင်ငံမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို အခုတော့ နားလည်သွားကြပါပြီ" ဟု အာရတ်ချီက ပြောကာ အီရန်က "နေရာမရွေး စစ်ခင်းရန်" အသင့်ရှိကြောင်း ဖြည့်စွက်ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85186

#အီရန်
#အမေရိကန်
#အပစ်ရပ်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣6❤5👍1🔥1
လူငယ် အမျိုးသားများက အလုပ်အကိုင်နှင့် အခြေတကျ အိမ်ထောင်ပြုရန် "နှောင့်နှေးခြင်း" ကြောင့် ကလေးရယူခြင်း "လက်လွတ်ဆုံးရှုံး" နေသည့် အမျိုးသမီး သိန်းနှင့်ချီ၍ ရှိနေကြောင်း အစီရင်ခံစာတခုက ဖော်ပြသည်။

"အတိတ်ကာလ" က အမျိုးသားတဦး အသက် ၂၄ နှစ်အရွယ် ဆိုလျှင် အိမ်ထောင် အတည်တကျ ရှိနေပြီး၊ ကလေးတဦးနှုန်း ပျမ်းမျှ ရှိကာ၊ အလုပ်အကိုင် လုပ်သက်လည်း ၁၀ နှစ်ခန့် ရှိတတ်သော်လည်း၊ ယခုခေတ်တွင် အမျိုးသားများက ပျမ်းမျှအားဖြင့် အသက် ၂၅ နှစ်မှသာ မိဘအိမ်မှ ခွဲခွာတတ်ကြကြောင်း အစီရင်ခံစာက ထောက်ပြသည်။

ဗြိတိန်၏ မွေးဖွားနှုန်း ကျဆင်းမှုကို ဖြေရှင်းနိုင်မည့် နည်းလမ်းတခုမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုရန် တိုက်တွန်းခြင်းနှင့် အမျိုးသားများ အသက် ၂၅ နှစ်မတိုင်မီ "ဘဝ အတည်တကျ" ဖြစ်နေရေးတို့ပဲ ဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85189

#မိခင်ဘဝ
#ဘဝအခြေတကျဖြစ်မှု
#အမျိုးသမီးများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13🤮1