https://www.youtube.com/watch?v=raAfxXsa_4A
တအာင်းဘာသာနဲ့ တင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ် I 16 March 2026

YouTube

မင်္ဂလာပါ။ တအာင်းဘာသာနဲ့ အပတ်စဉ် တင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ဖြစ်ပါတယ်။
ဒီတစ်ပတ် သတင်းတွေကတော့
~ ကျောက်မဲမှာ SSPP နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ပုံဝိုးရွာခံ ၅ ဦးကို စစ်တပ် ဖမ်းဆီးထားတဲ့သတင်း
~ ကိုးကန့်တပ်က လားရှိုးကနေ နမ္မတူဘက်…

👍5🤮1
https://www.youtube.com/watch?v=aGgAR6l72hs
၁၀၂၇ အသီးအပွင့်ကြားက မဟာမိတ်ပြိုကွဲမှုအစ (Editorial Talk)

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းတပ် TNLA ထိန်းချုပ်နယ်မြေတွေကို ညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ် MNDAA က မတ်လ ၁၄ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ခုလို ညီနောင်မဟာမိတ်ဖြစ်တဲ့ MNDAA နှင့် TNLA တပ်များအကြား တိုက်ပွဲဖြစ်ပွားလာတာက တော်လှန်ရေးအပေါ်…
🤮5👎2👍1
နွေဦးတော်လှန်ရေး၏ အဓိက ရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်အတွက် တစိုက်မတ်မတ် ဦးတည်ကာ တစ်သံတည်းထွက်အောင် ဆောင်ရွက်ပေးကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အကြံပြု ပြောဆိုသည်။
အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်လွှတ်တော်ကို အသိအမှတ်မပြုကြောင်း ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၊ နဝမအကြိမ် အစည်းအဝေးသို့ သဝဏ်လွှာပေးပို့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အကြမ်းဖက်စစ်အုပ်စု
#နေ့စဉ်မှတ်စု
#နွေဦးတော်လှန်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

❤9👍3🤮1
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၊ ဝေါ့ကင်းစထရိဧရိယာတွင် မတ်လ ၁၅ရက် ညဥ့်နက်ပိုင်းက ရွှေ့ပြောင်းအလုပ် သမား ၂၀ ခန့် လက်နက်ကိုင်ပြီး အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခါနီးတွင် ရဲတပ်ဖွဲ့က ကြားဖြတ်တားဆီး နိုင်ခဲ့ သည်။
စီယမ် ဘေးရှိုးအပန်းဖြေစခန်းအနီးတွင် လူစုလူဝေးဖြစ်နေပြီး ဂိုဏ်းအချင်းချင်း တိုက်ခိုက်ကြတော့မည့် သတင်းရရှိမှုကြောင့် ရဲတပ်ဖွဲ့သည် ည ၁၁ နာရီ ၄၆ မိနစ်ခန့်တွင် အခင်းဖြစ်ရာသို့ အချိန်မီရောက်ရှိကာ ဟန့်တားနိုင်ခဲ့ပြီး၊ ရွှေ့ပြောင်းအလုပ်သမား ကိုးဦးကို ထိုင်းရဲများက ဖမ်းမိခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အုပ်စုဖွဲ့ရန်ပွဲ
#မြန်မာများ
#ပတ္တရား

🔥5👍4👎1
https://www.youtube.com/watch?v=MrGWgL3vtF8
Near Kyiv, bears emerge from hibernation after 'hardest winter' at sanctuary since 2022

At a sanctuary near Kyiv, bears awaken from their winter hibernation. Two bears — Chada, a rare Tien Shan bear, and Synochok, a brown bear — emerge from their dens and begin moving around, marking the arrival of spring. Sanctuary founder Maryna Shkvyria says…
👍5🔥3
https://www.youtube.com/watch?v=OgbUTOEuBF0
မတ်လ ၁၇ ရက်နေ့ အင်္ဂါနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... အတုအယောင်နိုင်ငံရေးထွက်ပေါက်များကို တန်ပြန်ဖို့ နဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ အမြန်ပုံဖော်ဖို့ NUG ယာယီသမ္မတ တိုက်တွန်းတဲ့ သတင်း ကွတ်ခိုင်မြို့ကို TNLA လက်လွှတ်၊ နမ့်ခမ်းကို MNDAA ထိုးစစ်စတင်လိုက်တဲ့ သတင်း စတဲ့ သတင်းတွေ…
👍9🔥2
https://www.youtube.com/watch?v=yT2uhQDdUSQ
‘The Voice of Hind Rajab’ director says lead #Palestinian #actor barred by #Trump travel ban

Director Kaouther Ben Hania, whose film "The Voice of Hind Rajab" w...
🥰2🤮2
အမေရိကန်-အစ္စရေး မဟာမိတ်တပ်များနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော စစ်ပွဲ သုံးပတ်မြောက်ထဲသို့ ရောက်ရှိလာချိန်တွင် အီရန်၏ အဆက်မပြတ် လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်တွင် သုံးနေသော ကြားဖြတ်ဟန့်တားသည့် ဒုံးကျည်များ ပြတ်လပ်နိုင်ခြေရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
အစ္စရေးတွင် ဒုံးကျည်များနှင့် ဒရုန်းများကို ဖျက်ဆီးရန် အသုံးပြုနိုင်သည့် “Iron Beam” ခေါ် လေဆာနည်းပညာစနစ်သစ်တခု ရှိနေသော်လည်း လက်ရှိတွင် အသုံးအများဆုံး ကြားဖြတ်ဟန့်တားလက်နက်များမှာ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များသာ ဖြစ်ကြသည်။
ပြီးခဲ့သည့်နှစ်က အစ္စရေးနှင့် အီရန်တို့ ၁၂ ရက်ကြာ တိုက်ခိုက်ခဲ့သည့် စစ်ပွဲကြောင့် အစ္စရေး၏ ပဲ့ထိန်းဒုံးကျည်ပစ် လက်နက်များသာမက မဟာမိတ်အမေရိကန်၏ လက်နက်များပါ သိသိသာသာ လျော့သွားခဲ့သည်။ ထိုကဲ့သို့ ကြားဖြတ်ဒုံးကျည် အမြောက်အမြားကို မကြာသေးမီကမှ အသုံးပြုခဲ့ရခြင်းကြောင့် ယခုလက်ရှိစစ်ပွဲကို မစတင်မီ အစ္စရေးနှင့် အမေရိကန်တို့အနေဖြင့် လက်နက်ကို အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပုံမပေါ်ပေ။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85174

👍10🤣2❤1🔥1
အီရန်ရေနံတင်သင်္ဘောများအား ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမှုကို အမေရိကန်က ခွင့်ပြုထားကြောင်း မတ်လ ၁၆ ရက်တွင် စီအန်ဘီစီနှင့် အင်တာဗျူးတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့်က ပြောကြားလိုက်သည်။
“အီရန်သင်္ဘောတွေက ရေလက်ကြားကို ဖြတ်သန်းသွားလာနေပြီး ရေနံကမ္ဘာ့လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့ ကျွန်တော်တို့ဘက်က ခွင့်ပြုထားပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့်က ပါရီမြို့ တွင် ပြောကြားခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85177
#အစ္စရေး
#အမေရိကန်
#ဟော်မုဇ်ရေလက်ကြား

🤣9👍8❤1👎1🔥1
ချယ်လ်ဆီးအသင်းဟာ ၂၀၁၁ နဲ့ ၂၀၁၈ ကြား အပြောင်းအရွှေ့တွေမှာ လိုင်စင်မဲ့ အေးဂျင့်တွေနဲ့ တတိယအဖွဲ့အစည်းတွေဆီကို ပေါင် ၄၇ သန်း လျှို့ဝှက်ပေးချေခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက် ပေါင် ၁၀ သန်း ဒဏ်ရိုက်ခံရသလို အပြောင်းအရွှေ့ပိတ်ပင်မှု ဆိုင်းငံပြစ်ဒဏ်လည်း ချမှတ်ခံလိုက်ရပါတယ်။
ပေါင် ၁၀ သန်း ဒဏ်ကြေးဟာ ပရီးမီးယားလိဂ်ကနေ ချမှတ်ဖူးသမျှထဲ အများဆုံး ဒဏ်ကြေးဖြစ်ပါတယ်။ ဒါဟာ ၂၀၇ ခုနှစ်တုန်းက ဟာဗီယာ မာရှေရာနိုနဲ့ ကားလို့စ် တီဗက်စ်တို့ရဲ့ အပြောင်းအရွှေ့တွေကြောင့် ဝက်စ်ဟမ်းအသင်း ချမှတ်ခံခဲ့ရတဲ့ ပေါင် ၅ ဒသမ ၅ သန်း ဒဏ်ကြေးစံချိန်ကို ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးဟာ အမှတ်လျှော့ပြစ်ဒဏ်လိုမျိုး အားကစားဆိုင်ရာ အရေးယူမှုတွေကနေတော့ ကင်းလွတ်ခဲ့ပါတယ်။ ဒါဟာ အသင်းဘက်က “အတိတ်က စည်းမျဉ်းချိုးဖောက်မှုတွေကို ကိုယ်တိုင်ဆန္ဒအလျောက် အစီရင်ခံခဲ့တာ”ကြောင့် ဖြစ်တယ်လို့ ပရီးမီးယားလိဂ်က ဆိုပါတယ်။
Read more: https://bur.mizzima.com/2026/03/17/85192

👍4🔥2
"ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေးကို မတောင်းဆိုဘူး၊ ဒါပေမဲ့ ရန်သူတွေအနေနဲ့ ဒီလို တိုက်ခိုက်မှုမျိုးကို နောက်တကြိမ် ထပ်လုပ်ဖို့ စိတ်ကူးတောင် မယဉ်နိုင်တော့အောင် နည်းလမ်းမျိုးနဲ့ ဒီ စစ်ပွဲကို အဆုံးသတ်ရမယ်" ဟု အာရတ်ချီက ပြောပြီး အီရန်က လိုအပ်သရွေ့ ဆက်လက် တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်း ထည့်သွင်းဆိုသည်။
"သူတို့ ဘယ်လို နိုင်ငံမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို အခုတော့ နားလည်သွားကြပါပြီ" ဟု အာရတ်ချီက ပြောကာ အီရန်က "နေရာမရွေး စစ်ခင်းရန်" အသင့်ရှိကြောင်း ဖြည့်စွက်ပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85186
#အီရန်
#အမေရိကန်
#အပစ်ရပ်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
"သူတို့ ဘယ်လို နိုင်ငံမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို အခုတော့ နားလည်သွားကြပါပြီ" ဟု အာရတ်ချီက ပြောကာ အီရန်က "နေရာမရွေး စစ်ခင်းရန်" အသင့်ရှိကြောင်း ဖြည့်စွက်ပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85186
#အီရန်
#အမေရိကန်
#အပစ်ရပ်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣6❤5👍1🔥1
လူငယ် အမျိုးသားများက အလုပ်အကိုင်နှင့် အခြေတကျ အိမ်ထောင်ပြုရန် "နှောင့်နှေးခြင်း" ကြောင့် ကလေးရယူခြင်း "လက်လွတ်ဆုံးရှုံး" နေသည့် အမျိုးသမီး သိန်းနှင့်ချီ၍ ရှိနေကြောင်း အစီရင်ခံစာတခုက ဖော်ပြသည်။
"အတိတ်ကာလ" က အမျိုးသားတဦး အသက် ၂၄ နှစ်အရွယ် ဆိုလျှင် အိမ်ထောင် အတည်တကျ ရှိနေပြီး၊ ကလေးတဦးနှုန်း ပျမ်းမျှ ရှိကာ၊ အလုပ်အကိုင် လုပ်သက်လည်း ၁၀ နှစ်ခန့် ရှိတတ်သော်လည်း၊ ယခုခေတ်တွင် အမျိုးသားများက ပျမ်းမျှအားဖြင့် အသက် ၂၅ နှစ်မှသာ မိဘအိမ်မှ ခွဲခွာတတ်ကြကြောင်း အစီရင်ခံစာက ထောက်ပြသည်။
ဗြိတိန်၏ မွေးဖွားနှုန်း ကျဆင်းမှုကို ဖြေရှင်းနိုင်မည့် နည်းလမ်းတခုမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုရန် တိုက်တွန်းခြင်းနှင့် အမျိုးသားများ အသက် ၂၅ နှစ်မတိုင်မီ "ဘဝ အတည်တကျ" ဖြစ်နေရေးတို့ပဲ ဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85189
#မိခင်ဘဝ
#ဘဝအခြေတကျဖြစ်မှု
#အမျိုးသမီးများ

👍13🤮1
https://www.youtube.com/watch?v=_0dN-Z3oMf0
Trump says wants to delay China trip 'a month or so'

US President Donald Trump says he has asked China to delay his summit with Xi Jinping at the start of April by around a month while he deals with the war in Iran. "We're speaking to China," Trump tells reporters in the Oval Office. "Because of the war, I…
👍6🥰1🤮1
https://www.youtube.com/watch?v=_2jZ7Tx6vf4
MNDAA နှင့် TNLA အပစ်ရပ်ရန် လောက်ကိုင်တွင် တွေ့ဆုံ (ရုပ်သံ)

မဇ္ဈိမ။ ။ ပဋိပက္ခဖြစ်ပွားနေသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA ) ခေါင်းဆောင်များသည် အပစ်ရပ်ကိစ္စ ညှိနှိုင်းရန် ယနေ့ (မတ်လ ၁၇ ရက်) တွင် လောက်ကိုင်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မဇ္ဈိမကို…
👍7🥰1🤮1
အီရန်၏ စစ်ရေးစွမ်းဆောင်ရည်များ သိသိသာသာအားနည်းသွားသည်အထိ အီရန်အပေါ် ဆင်နွှဲနေသော စစ်ဆင်ရေးများကို မရပ်တန့်ရန် အမေရိကန်ကို ပါရှန်းပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံများက တိုက်တွန်းနေ ကြောင်း ဒေသတွင်းအရာရှိများကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်သည်။
ယင်းအစိုးရများက အမေရိကန်အား စစ်ပွဲစတင်တိုက်ခိုက်ရန် တိုက်တွန်းခဲ့ခြင်းမျိုး မရှိသော်လည်း၊ စစ်ဆင်ရေးကို အချိန်မတိုင်မီ ရပ်တန့်လိုက်ပါက ၎င်းတို့၏ စီးပွားရေးအခြေခံအုတ်မြစ်ဖြစ်သော ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများ၊ ရေနံအခြေခံအဆောက်အအုံများနှင့် စီးပွားရေးဗဟိုချက် များကို အီရန်က ဆက်လက်ခြိမ်းခြောက်နေမည်ကို စိုးရိမ်နေကြသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85195
#အမေရိကန်
#အာရပ်နိုင်ငံများ
#အီရန်စစ်ပွဲ

👍12🔥2👏1
ထရမ့်သည် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်စတင်ရန်နှင့် အမေရိကန်-တရုတ် ကုန်သွယ်မှု ယာယီသဘောတူညီချက် သက်တမ်းတိုးရန်အတွက် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်နေ့အထိ ပေကျင်းမြို့သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း အီရန်ပဋိပက္ခကြောင့် ထိုခရီးစဉ်မှာ ပျက်ပြားသွားခဲ့ရသည်။
"စစ်ပွဲဖြစ်နေတဲ့အတွက် ကျွန်တော် ဒီမှာပဲ ရှိနေချင်တယ်၊ ရှိနေရမယ်လို့လည်း တွေးမိတယ်။ ဒါကြောင့် ခရီးစဉ်ကို တလလောက် ရွှေ့ဆိုင်းဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်" ဟု ထရမ့်က အိမ်ဖြူတော်တွင် တရုတ်ခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များအား ဖြေကြားခဲ့သည်။
ထရမ့်က တရုတ်နှင့် ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်းနိုင်ခြေရှိကြောင်း တနင်္ဂနွေနေ့က Financial Times နှင့် အင်တာဗျူးတွင် ပထမဆုံး အရိပ်အမြွက် ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်သည် ဟော်မုဇ် ရေလက်ကြားပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်က ကူညီခြင်း ရှိ၊ မရှိ အပေါ်တွင် မူတည်နိုင်ကြောင်း ပြောသည်။
♦️ သတင်းအပြည့်အစုံကို - https://bur.mizzima.com/2026/03/17/85198
#အရှေ့အလယ်ပိုင်းစစ်ပွဲ
#ယာယီသဘောတူညီချက်
#ဒေါ်နယ်ထရမ့်
#ဟော်မုဇ်ရေလက်ကြား
#ရှီကျင့်ဖျင်

👍12🔥2❤1
အမေရိကန်၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း အစ္စလာမ္မစ်နိုင်ငံများသည် အီရန်ကို ပစ်ပယ်ထားကြသည်ဟု အီရန်နိုင်ငံ၏ ထိပ်တန်းလုံခြုံရေးအရာရှိ အလီ လာရီဂျာနီက မတ်လ ၁၆ ရက်တွင် စွပ်စွဲပြောကြားလိုက်သည်။ အထူးသဖြင့် ပိုင်နက်အတွင်း တိုက်ခိုက်ခံရမှုများ ရှိလာပြီးနောက် တီဟီရန်ကို ရန်သူအဖြစ် သတ်မှတ်ဖော်ပြခဲ့သည့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကို ၎င်းက အဓိကရွေးထုတ် ဝေဖန်ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စခဲ့သော အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများအပေါ် မွတ်စလင်အစိုးရများ၏ တုံ့ပြန်ပုံကို လာရီဂျာနီက ကမ္ဘာတဝန်းရှိ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ္မစ်နိုင်ငံ အစိုးရများထံသို့ ထုတ်ပြန်သော ကြေညာချက်တခုတွင် ပြင်းပြင်းထန်ထန် ဝေဖန်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85204
#အစ္စလာမ္မစ်နိုင်ငံများ
#လာရီဂျာနီ
#တီဟီရန်
#တော်လှန်ရေးအင်အားစု

🤣9👎4🔥1