Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဓာတ်ပုံ -ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်း ( ဒေသခံ)
❤6👍3🤮1
ဓာတ်ပုံ -ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်း ( ဒေသခံ)
❤4👍3🤮1
ဓာတ်ပုံ -ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်း ( ဒေသခံ)
❤5👍3🥰1🤮1
ဓာတ်ပုံ -ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်း ( ဒေသခံ)
❤3👍1🤮1
ဓာတ်ပုံ -ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်း ( ဒေသခံ)
❤3👍2😍1
Artificial intelligence (AI) ဉာဏ်ရည်တုနည်းပညာကို အလုပ်အကိုင်များ အလိုအလျောက် လုပ်ဆောင်ပေးရန်နှင့် လူသားတို့၏ လုပ်အားနေရာတွင် အစားထိုးနိုင်စေရန် စီစဉ်ဖန်တီးထားသည့် နည်းပညာတခုအဖြစ် အများအားဖြင့် ရှုမြင်ကြသည်။ သို့သော် ဆွမ်ဆီးတက္ကသိုလ်မှ သုတေသနအသစ်က မတူကွဲပြားသော အမြင်တခုကို ထုတ်ဖော်သည်။

AI သည် စူးစမ်းရှာဖွေမှု၊ ပါဝင်ပတ်သက်မှုနှင့် စိတ်ကူးစိတ်သန်းများကို အားပေးသည့် ထိုးထွင်းဖန်တီးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖက်တခု အဖြစ်လည်း လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိချက်များက ဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#AI
#သိပ္ပံပညာရှင်များ
#ထောက်ကူပေးနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🤮1
နတ်တလင်းတွင် အမျိုးသမီး အပါ သက်ကြီးပိုင်းဒေသခံ ၃ ဦးကို စစ်ကော်မရှင်တပ် ပစ်သတ်

MTO

မဇ္ဈိမ ။ ။ ပဲခူတိုင်း၊ နတ်တလင်းမြို့နယ် အနောက်ခြမ်းရှိ ဖလံပင်ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့ က စစ်ကြောင်းထိုးဝင်ရောက်ပြီး ဖလံပင်ရွာခံ သုံးဦးကို ပစ်သတ်ပြီးနောက် ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းသည် မတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ဖလံပင်ရွာကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်။

၎င်းက “စစ်ကြောင်းထိုးလာတဲ့အချိန် တိုက်ပွဲ ဖြစ်သေးတယ်။ ပြီးမှဖလံပင်ရွာထဲ ဝင်လာပြီး ဒေသခံတွေကို သတ်သွားတာ၊ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်" ဟု ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ဖလံပင်ရွာခံများဖြစ်သည့် ဦးဌေးအောင် (၄၈နှစ်)၊ ဦးချစ်ထွန်း (၆၅နှစ်) နှင့် ဒေါ်ခင်ရီ (၆၅နှစ်) တို့အား ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအပြင် ဦးဖိုးကုန်း မိသားစုဝင် လေးဦး နှင့် သေဆုံးသွားသူ ဦးဌေးအောင် ၏ ဇနီး ဒေါ်ကေသီ (၄၀နှစ်) တို့ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံအဖွဲ့ အစည်းများထံမှ သိရသည်။

စစ်ကော်ရှင်တပ်စစ်ကြောင်းသည် မတ်လ ၁၆…
😢9🤬7🔥4👎2❤1
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခစစ်ပွဲကြောင့် ထိုင်းနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် အခွင့်အလမ်းသစ်တရပ် စတင်ပေါ် ပေါက်လာနေပြီး ထိုဒေသမှ ချမ်းသာကြွယ်ဝသူများသည် ထိုင်းနိုင်ငံရှိ အထူးဇိမ်ခံအိမ်ရာများနှင့် ကွန်ဒိုမီနီယံများကို ပိုမို စိတ်ဝင်စားလာကြသည်။

ကမ္ဘာလုံးဆိုင်ရာ မသေချာ၊ မရေရာမှုများနှင့် ရှည်ကြာနေသော ဒေသတွင်း တင်းမာမှုများအကြား ဘေးကင်းလုံခြုံမှု၊ တည်ငြိမ်မှုနှင့် မြင့်မားသော လူနေမှုဘဝကို ရှာဖွေကြသည့် နိုင်ငံခြားသားများအတွက် ထိုင်းနိုင်ငံသည် ရေရှည်နေထိုင်ရန် ဘေးကင်းလုံခြုံသော နေရာတခုအဖြစ် ပိုမိုရှုမြင်ခံလာရကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ယုံကြည်လျက် ရှိသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အရှေ့အလယ်ပိုင်း
#အကျပ်အတည်း
#ထိုင်း
#ဇိမ်ခံအိမ်များ
#ဝယ်လိုအား
#မြင့်တက်လာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍9❤3🔥1🤣1
အာရှတွင် စွမ်းအင်သိုလှောင်မှု အနည်းဆုံးနိုင်ငံများထဲမှ တနိုင်ငံဖြစ်သည့် ဗီယက်နမ်တွင် ရေနံလက် ကျန်က ရက် ၂၀ စာပင် မလုံလောက်တော့ဟု ခန့်မှန်းရသည်။ ပါကစ္စတန်နှင့် အင်ဒိုနီးရှားတွင်လည်း ရက် ၂၀ ခန့်၊ အိန္ဒိယ၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့တွင် နှစ်လစာခန့်ပဲ အရန်ရေနံ သိုလှောင်မှု ရှိသည်။

ကမ္ဘာ့အချမ်းသာဆုံး အမေရိကန်နိုင်ငံက ဖော်ဆောင်သော စစ်ပွဲသည် အဆင်းရဲဆုံး နိုင်ငံများကို အထိခိုက်ဆုံးဖြစ်စေလိမ့်မည်ဟု စီးပွားရေးပညာရှင်များက ဆိုကြသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက "ကျွန်တော်တို့ ကိုယ်တိုင် ရွေးချယ်တာလည်း မဟုတ်ဘဲ မလိုလားအပ်တဲ့ စစ်ပွဲရဲ့ သားကောင်တွေ ဖြစ်နေရတယ်" ဟု ပြောသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထရမ့်
#အီရန်စစ်
#အာရှ
#စီးပွားရေးအပေါ်
#အရေးကြီးလဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍10🤣4
အောင်လံ ကပစ (၁၅) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်တောသာကျေးရွာရှိ နေအိမ်များမီးလောင်

MTO

မဇ္ဈိမ။ ။ မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ စစ်ကော်မရှင်တပ်၏ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၅) မှ လက်နက်ကြီးပစ်ခတ်ခဲ့ရာ အင်တောသာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်များ မီးလောင်ခဲ့ကြောင်း သတင်းရရှိ သည်။

ကပစ (၁၅) အတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ သည် ယနေ့ (မတ်လ ၁၇ ရက်) တွင် ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ် တဦးက ပြောသည်။

“ကပစ ဂိတ်ထိပ်က ရွာမထုံးဆိုတဲ့ရွာမှာ ဟောင်ဝှစ်ဇာအထိုင်ချပြီး ထုနေတာ၊ အင်တောသာရွာမြောက်ပိုင်းကတော့ ကုန်ပါပြီဗျာ။ ခုလည်းတောင်ပိုင်းထိ မီးကကူးနေပြီ၊ စစ်ရှောင်နေရတော့ ငြိမ်းမယ့်သူမရှိဘူးလေ" ဟု ၎င်းက ပြောသည်။

ယမန်နေ့ကလည်း စစ်ကော်မရှင်တပ်ဖွဲ့ က အင်တောသာကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လူထိခိုက်မှု မရှိခဲ့သော်လည်း အိမ်မွေးတိရစ္ဆာန်များသေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် မတ်လ အစောပိုင်းမှ စတင်၍ အောင်လံမြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများဖက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး…
❤5🤬5🔥2👎1😭1
စစ်တိုင်းမှူးပြောင်းလဲပြီးနောက် ရန်ကုန်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှု ပိုများလာ

ရောင်နီ

မဇ္ဈိမ။ ။အာဏာသိမ်းစစ်ကော်မရှင်က စစ်တိုင်းမှူး အပြောင်းအလဲလုပ်ခဲ့သည့် ရန်ကုန်မြို့တွင် ဧည့်စာရင်းစစ်ဆေးမှုနှင့် ပေါ်တာဆွဲဖမ်းဆီးမှု ပိုများလာကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြနေသည့် Rangoon Scout Network (RSN) တာဝန်ရှိသူထံက သိရသည်။

စစ်တိုင်းမှူးမပြောင်းခင် ဖေဖော်ဝါရီလအတွင်းက ပေါ်တာဆွဲခံရမှုနှင့် ဧည့်စာရင်း စစ်ဆေးဖမ်းဆီးခံရမှု စုစုပေါင်း ဖြစ်စဉ် ၅၂ ခုဖြစ်ပွားခဲ့ပြီး စစ်တိုင်းမှူးပြောင်းလဲပြီးနောက် ယခု မတ်လ နှစ်ပတ်အတွင်း အဖမ်းအဆီးဖြစ်စဥ် ၈၅ ခုအထိ ဖြစ်ပွားခဲ့ကြောင်း RSM ၏ စာရင်းအရသိရသည်။

“စစ်တိုင်းမှူးနေရာဆို ခုမတ်လ အစမှာပဲ လူလဲထားတာပါ။ အဲ့လူသစ်ရောက်လာပြီးနောက်မှာ အဖမ်းအဆီး အစစ်အဆေးတွေ ပြန်များလာတာ သတိထားမိပါတယ်” ဟု RSN တာဝန်ရှိသူက ပြောသည်။

သာကေတ ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ အလုံ၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း နှင့် စမ်းချောင်းမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များကို မတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း ကောက်ယူထားခြင်းဖြစ်သည်။

“လမ်းပေါ်သွားလာနေတုန်း…
🤬11❤3👎1🔥1
https://www.youtube.com/watch?v=6U6X0VP_1HA
ကွန်မြူနစ်ပါတီရုံးခန်းကိုတိုက်ခိုက်မှုဖြင့် လူ ၁၄ ဦးကို ကျူးဘားထိန်းသိမ်း
🔥6👎1
https://www.youtube.com/watch?v=19-TizDqepk
အစ္စရေး၏မြေပြင်ထိုးစစ်ကို “ရှောင်လွှဲရမည်” ဟု အနောက်နိုင်ငံ ခေါင်းဆောင်များကြေညာချက်ထုတ်ပြန်
👍4🤣2
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၇ မတ် ၂၀၂၆ )

ပဋိပက္ခဖြစ်ပွားနေသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MND AA ) ခေါင်း ဆောင်များသည် အပစ်ရပ်ကိစ္စ ညှိနှိုင်းရန် ယနေ့ (မတ်လ ၁၇ ရက်) တွင် လောက်ကိုင်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မဇ္ဈိမကို ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပဋိပက္ခ
#ညီနောင်သုံးဖွဲ့
#ကွတ်ခိုင်
#MNDAA
#TNA
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-------------------------------------------
👍7❤1🤮1