Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
https://www.youtube.com/watch?v=19-TizDqepk
အစ္စရေး၏မြေပြင်ထိုးစစ်ကို “ရှောင်လွှဲရမည်” ဟု အနောက်နိုင်ငံ ခေါင်းဆောင်များကြေညာချက်ထုတ်ပြန်
👍4🤣2
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၇ မတ် ၂၀၂၆ )

ပဋိပက္ခဖြစ်ပွားနေသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MND AA ) ခေါင်း ဆောင်များသည် အပစ်ရပ်ကိစ္စ ညှိနှိုင်းရန် ယနေ့ (မတ်လ ၁၇ ရက်) တွင် လောက်ကိုင်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မဇ္ဈိမကို ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပဋိပက္ခ
#ညီနောင်သုံးဖွဲ့
#ကွတ်ခိုင်
#MNDAA
#TNA
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-------------------------------------------
👍7❤1🤮1
🔥2❤1👍1
🔥2❤1👍1
ဘောလုံးသမားတွေရဲ့ ’One-night stand’ နောက်ကွယ်က ဘောလုံးလောက အမှောင်ခြမ်း

ဂျာမန်အင်ဖလူရန်ဆာ ကာတာရီနာ အာမာလီယာဟာ နာမည်ကျော်အားကစားသမား အတော်များများနဲ့ သူမရဲ့ လျှို့ဝှက်ပတ်သက်မှုတွေနောက်ကွယ်က ဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေကို ဖွင့်ချလာခဲ့ပါတယ်။

အာမာလီယာက သူမကိုယ်သူမ “ဘောလုံးသမားတယောက်ရဲ့ အပျော်တွဲချစ်သူ” လို့ တင်စားပါတယ်။ သာမန်ဘဝကနေ စတင်ခဲ့ပေမဲ့ ကိုယ်ပိုင်လေယာဉ်ခရီးစဉ်တွေ၊ အပေးအယူတွေနဲ့ အိမ်ထောင်သည် ကစားသမားတွေနဲ့ ပတ်သက်ရတဲ့ လောကတခုထဲကို ရောက်ရှိသွားခဲ့တာလို့ ဆိုပါတယ်။

အာမာလီယာရဲ့ အပြောအရ သူမ ၁၈ နှစ်အရွယ်တုန်းက ဘိုင်ယန်မြူးနစ် ပထမအသင်းကြီးက ကစားသမားတယောက်ကို ကိုယ်တိုင် ဆက်သွယ်ခဲ့ရာကနေ ဒီဇာတ်လမ်း အစပြုခဲ့တာပါ။ Read more: https://bur.mizzima.com/2026/03/17/85254
👍7🔥2
ယခုအခါတွင် ပင်လယ်ပြင်ရှိ ကုန်သေတ္တာများထဲတွင် ရှိနေသင့်သည့် လူသုံးကုန်ပစ္စည်းများသည် မိုင်ပေါင်းထောင်ချီ ဝေးကွာသောနေရာမှ ပဋိပက္ခ၏ သားကောင်များဖြစ်ကာ ငြိမ်သက်စွာ စုပုံလျက် ရှိနေသည်။

ပါရှန်းပင်လယ်ကွေ့၌ အမေရိကန် ဦးဆောင်သော စစ်ပွဲနှင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်မှုတို့က ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ကို ဘယ်လို ရိုက်ခတ်တုန်လှုပ်စေသလဲဆိုသည့် ပုံရိပ်ကို တရုတ်အရှေ့ပိုင်းရှိ မြို့လေးက ထင်ရှားသော သာဓကများဖြင့် ပြသနေသည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/17/85261

#ပိတ်မိနေသော
#ဖိနပ်များ
#ပြည့်လျှံနေသော
#ဂိုဒေါင်များ
#အရှေ့အလယ်ပိုင်း
#ပဋိပက္ခက
#တရုတ်
#စီးပွားရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍8🔥4
ယင်းရာဇဝတ်မှုများသည် ကမ္ဘာတဝန်းရှိ လူသန်းပေါင်းများစွာကို ထိခိုက်စေရုံသာမက စီးပွားရေးတည် ငြိမ်မှုနှင့် လုံခြုံရေးကို ပျက်ပြားစေပြီး လူ့အခွင့်အရေးများကိုပါ ချိုးဖောက်နေကြောင်း ဗီယင်နာမြို့တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှုတိုက်ဖျက်ရေး ထိပ်သီးအစည်းအဝေးတွင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကောက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

“အွန်လိုင်းငွေလိမ်ဂိုဏ်းများ- ပိုမိုရှုပ်ထွေးလာသည့် နယ်စပ်ဖြတ်ကျော်လိမ်လည်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ယင်းအသွင်းပြောင်းလဲလာသော ခြိမ်းခြောက်မှုများကို ထိရောက်စွာ တားဆီးရေး အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးမှာ မဖြစ်မနေလိုအပ်ကြောင်း ဆီဟာဆက်က အလေးပေး ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/17/85269

#အွန်လိုင်း
#ငွေလိမ်ကွန်ရက်များ
#နှိမ်နင်းရေး
#နိုင်ငံတကာ
#ပိုမိုပူးပေါင်း
#ဆောင်ရွက်ရန်
#ထိုင်း
#တိုက်တွန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍11❤3🤣2
အီရန် အမျိုးသား လုံခြုံရေးကောင်စီအကြီးအကဲ လာရီဂျာနီက အစ္စရေး၏ ညပိုင်း လေကြောင်းတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်ကြောင်း အစ္စရေးမီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့ကြသည်။

အဆိုပါ အစ္စရေး၏ ကြေညာချက်နှင့် ပတ်သက်ပြီး အီရန် အာဏာပိုင်များဘက်က တစုံတရာ ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။

သို့ရာတွင် အစ္စရေး၏ ပြောဆိုချက် ထွက်ပေါ်လာပြီးနောက် လာရီဂျာနီ ရေးသားခဲ့သည်ဟု ယူဆရသည့် လက်ရေး မူတစောင်ကို အီရန်အစိုးရပိုင် မီဒီယာများက ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/17/85272

#အီရန်
#လုံခြုံရေး
#အကြီးအကဲ
#သုတ်သင်ခဲ့
#အစ္စရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👏9🤣2❤1👍1
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပေးရန် မဟာမိတ်များကို စည်းရုံးနေသလို အခြားတဖက်တွင်လည်း ထိုဒေသသို့ မရိန်းတပ်သား ၂,၅၀၀ ကို စေလွှတ်နေပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန်တပ်ဖွဲ့ဝင်များအား ဖြန့်ကြက်ချထားခြင်းဖြစ်သည်။

မရိန်းတပ်သားများ၏ အဖြစ်နိုင်ဆုံး မစ်ရှင်မှာ ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရာ၌ သင်္ဘောလမ်းကြောင်းအနီးရှိ ကျွန်းငယ်များကို သိမ်းပိုက်ကာ လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်နိုင်ခြေရှိကြောင်း ကန်စီယံက ဆိုသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မရိန်းတပ်သား_၂၅၀၀
#ပင်လယ်ကွေ့
#အမေရိကန်
#ဘာကြောင့်
#စေလွှတ်လဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
❤8👍7👎1🤮1