အမေရိကန်က ယင်း၏ စွန့်ပစ်ပစ္စည်းများကို အာရှနိုင်ငံတခုတွင် စွန့်ပစ်ရန်ကြံစည်ခဲ့သော်လည်း ယခု တကြိမ်တွင် အစီအစဉ်မအောင်မြင်ခဲ့ပေ။ မှားယွင်းကြေညာပြီး တင်သွင်းလာသော အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း တန်ချိန် ၂၈၄ တန်ကို ထိုင်းဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့သည်။
ထိုင်းအာဏာပိုင်များသည် ယင်းစွန့်ပစ်ပစ္စည်းအားလုံးကို မူရင်းနိုင်ငံဖြစ်သော ထရမ့်၏ အမေရိကန်ပြည် ထောင်စုသို့ ပြန်လည်တင်ပို့ရန် စီစဉ်နေသည်။
ထိုင်းအကောက်ခွန်အာဏာပိုင်များသည် ချွန်ဘူရီခရိုင်၊ လမ်ချာဘန်းဆိပ်ကမ်းတွင် ယင်းတရားမဝင် စွန့်ပစ်ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်၊ ထိုင်းသည် အမှိုက်စွန့်ပစ်ရာနေရာမဟုတ်ကြောင်း အမေရိကန်ထံသို့ ပြတ်သားသော သတင်းစကားပေးရန် ဆုံးဖြတ်ခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အမေရိကန်
#ထိုင်း
#အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

👍12❤2🔥1
"ဂုဏ်သရေရှိ အာဇာနည်ကို သတ်ဖြတ်ခဲ့တဲ့ ဆိုးသွမ်းတဲ့ အကြမ်းဖက်သမားတွေကို ကျနော်တို့ သတိပေးလိုက်ပါတယ်၊ သစ္စာရှိတဲ့ ဘာဆစ်ချ် တိုက်ခိုက်ရေးသမားတွေဟာ အသတ်ခံလိုက်ရတဲ့ ခေါင်းဆောင်၊ ကျဆုံးသွားတဲ့ တပ်မှူးတွေနဲ့ ပြည်သူတွေထဲက အာဇာနည်မြောက်မြားစွာအတွက် လက်စားချေဖို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး" ဟု အဆိုပါ ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
အီရန်၏ ထိပ်တန်းလုံခြုံရေးအရာရှိ အလီ လာရီဂျာနီ သေဆုံးခဲ့သည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသား လုံခြုံရေးကောင်စီမှ ဒုတိယ အရာရှိချုပ် အလီ ဘာတေနီနှင့် လာရီဂျာနီ၏ အထူးလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူ ၎င်း၏ သားဖြစ်သူတို့လည်း သေဆုံးသွားကြောင်း သတင်းရင်းမြစ်များက Iran International သို့ ပြောသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#တော်လှန်ရေးအစောင့်တပ်
#ပြည်သူ့စစ်အကြီးအကဲ

❤7👍4🔥2😁2
"ကျနော်တို့မှာ အခုလို စစ်ရေးအရ အောင်မြင်မှုတွေ ရရှိနေတဲ့အတွက် နေတိုးနိုင်ငံတွေရဲ့ အကူအညီ 'မလို' တော့သလို အလိုလည်း မရှိတော့ဘူး၊ တကယ်တမ်းတော့ ဘယ်တုန်းကမှ မလိုခဲ့တာပါ" ဟု ၎င်းက Truth Social လူမှုမီဒီယာတွင် ရေးသည်။ "ဂျပန်၊ သြစတြေးလျ ဒါမှမဟုတ် တောင်ကိုရီးယားလည်း အတူတူပဲ၊ တကယ်တော့ ကမ္ဘာပေါ်မှာ သြဇာအာဏာအရှိဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ ပြောရရင် ကျနော်တို့ ဘယ်သူ့အကူအညီမှ မလိုဘူး" ဟု ၎င်းက ဆိုသည်။
တချိန်တည်း၌ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးနှင့် ကမ္ဘာ့ရေနံကုန်သွယ်မှု ပြန်လည်စတင်ရေးအတွက် အီရန်နိုင်ငံထဲ အမေရိကန်တပ်ဖွဲ့များ စေလွှတ်မည်ကို အမေရိကန်ပြည်တွင်းရှိ ထရမ့်၏ မဟာမိတ်အချို့ကပါ စိုးရိမ်ပူပန်လျက်ရှိသည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#မဟာမိတ်များ
#ထရမ့်

👍9❤3😁1🤮1
အရှေ့အလယ်ပိုင်းစစ်ပွဲသည် ဇွန်လအထိ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက နောက်ထပ် လူပေါင်း ၄၅ သန်းခန့်သည် ဆိုးရွားသော ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်ရနိုင်ပြီး တကမ္ဘာလုံးအတိုင်းအတာဖြင့် အငတ်ဘေးကြုံတွေ့ရသူ အရေအတွက်မှာ "ကြောက်မက်ဖွယ် ကောင်းလောက်အောင်" မြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့ (မတ်လ ၁၇ ရက်) တွင် သတိပေးလိုက်သည်။
ယခုအခါ သုံးပတ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သော စစ်ပွဲကြောင့် လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ပြီးဖြစ်ကာ၊ အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများအပေါ် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများအပြင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ တိုက်ပွဲဖြစ်ပွားနေသည့် လက်ဘနွန်စစ်မျက်နှာသစ်လည်း ပွင့်လာခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အရှေ့အလယ်ပိုင်းစစ်ပွဲ
#အငတ်ဘေးကြုံနိုင်
#ကုလသတိပေး

👍5🔥3❤1😱1
အယူခံတရားရုံး၏ဆုံးဖြတ်ချက်ကို ရှေ့နေချုပ် ပန်ဘွန်ဒီ (Pam Bondi) က ကြိုဆိုလိုက်ပြီး သမ္မတထရမ့်၏ လူဝင်မှုအစီအစဉ်အတွက် “အဓိကအောင်ပွဲ” ဟု ခေါ်ဆိုလိုက်သည်။
ပြန်ပို့ရမည့် ထိုသူတို့၏နိုင်ငံများသည် တခါတရံ သူတို့ကိုလက်ခံရန် ငြင်းဆန်သည့်အတွက် တတိယနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးရန်လိုအပ်သည်ဟု ထရမ့်အစိုးရက ကာကွယ်ပြောကြားခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ထရမ့်အစိုးရ
#ပြည်နှင်ဒဏ်ပေးခြင်းများ
#တရားရုံး

👍6👎3🔥1
ဟော်မုဇ်ရေလက်ကြား၌ သီတင်းနှစ်ပတ်ကြာ ဝရုန်းသုန်းကားအခြေအနေတို့ ဖြစ်ခဲ့ပြီးနောက် နိုင်ငံတကာ ကုန်တင်သင်္ဘောတစင်းသည် အီရန်ထိန်းချုပ်ထားသော ရေလမ်းကြောင်းမှတဆင့် ယင်း၏ တည်နေရာပြစနစ်ကို ဖွင့်ပြီး ဘေးကင်းစွာ ဖြတ်သန်းသွားနိုင်ခဲ့ရာ ယင်းသည် အရေးကြီးသော တိုးတက်မှုတရပ် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ပါကစ္စတန်အလံလွှင့် Lorax ဟု သိကြသည့် Karachi အမည်ရှိ သင်္ဘောသည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ယင်း၏ အလိုအလျောက်သင်္ဘောဖော်ထုတ်ရေးစနစ် (AIS) အချက်ပြမှုကို ဖွင့်၍ ရေလက်ကြားကို ဖြတ်သန်းခဲ့သည့် ပထမဆုံးသော အီရန်ပိုင်မဟုတ်သည့် သင်္ဘော ဖြစ်လာခဲ့သည်။
♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဟော်မုဇ်ရေလက်ကြား
#ရေနံသယ်ယူပို့ဆောင်နိုင်ရေး

👍9🔥3
ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ်မာတင်ကာနီ (Abdul Mateen Qani) ကမူ “၄၀၈ ဦးသေ ပြီး ၂၆၅ ဦးဒဏ်ရာရရှိခဲ့သည်” ဟု အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ပင် ပြောဆိုသွားခဲ့သည်။
သို့သော်ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး အတော်လာတာရာ (Attaullah Tarar) က ပါကစ္စတန်ကဆေးခန်းကို တမင်တကာပစ်မှတ်ထားတိုက်ခိုက်သည်ဟု တာလီဘန်အစိုးရ၏ ပြောကြားချက်မှာ “လုံးဝအခြေအမြစ်မရှိ” ဟု ပြောကြားလိုက်သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ပါကစ္စတန်
#ကဘူးလ်
#ပြန်လည်ထူထောင်ရေးဆေးခန်း
#အာဖဂန်အစိုးရ

❤4🔥4👍3👏1
ပိတ်ဆို့အရေးယူခံထားရသူ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ
001
မဇ္ဈိမ။ ။ အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးကို အမျိုးသားလွှတ်တော်၏ ဥက္ကဋ္ဌအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဦးအောင်လင်းဒွေး တဦးတည်းကိုသာ အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်ပြီး သဘာပတိအဖြစ် ဆောင်ရွက်သူ ဒေါ်ဒွဲဘူက ၎င်းအား ဥက္ကဋ္ဌအဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးသည် စစ်ကော်မရှင်က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုကာ မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၃) မှ အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
၎င်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်၏ အတွင်းရေးမှူး တာဝန်ယူခဲ့သူဖြစ်သလို လက်ရှိတွင်လည်း စစ်ကော်မရှင်၏ အဖွဲ့ဝင်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားသူဖြစ်သည်။
၎င်းသည် အာဏာမသိမ်းမီက စစ်ဥပဒေချုပ်အဖြစ် တာဝန်ယူခဲ့သည်။…

👎9🤮3❤1💩1
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်နေသော စစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုတို့ ပိုမိုဆိုးရွားလာခြင်းက ထိုင်းနိုင်ငံရှိ ဈာပနအခမ်းအနားများအပေါ်တွင်လည်း ခြိမ်းခြောက်မှုဖြစ်လာနေပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများအနေဖြင့် မီးသင်္ဂြိုဟ်ရန်အတွက် လိုအပ်သော ဒီဇယ်ဆီ ရရှိရန် ရုန်းကန်နေကြရသည်။
မီးသင်္ဂြိုဟ်ခြင်းလုပ်ငန်းများကို ရပ်နားထားရနိုင်သည့် အခြေအနေ အမှန်တကယ် ဖြစ်လာနိုင်သည်ဟု ဘန်ကောက်မြို့ အရှေ့ဘက် မိုင် ၅၀ ခန့်အကွာ ချာချိုအင်ဆောင်ပြည်နယ်ရှိ ဝပ်စမန်ရတနာရမ်ကျောင်းတိုက်မှ ဆရာတော်က သတိပေးသည်။ အချို့သော ဆီဆိုင်များတွင် ဆီပြတ်လပ်နေပြီး အချို့ဆိုင်များမှာလည်း ယာဉ်မောင်းသူများကိုသာ ရောင်းချပေးနေတော့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်စစ်ပွဲ
#လောင်စာဆီပြတ်လပ်မှုဒဏ်
#ထိုင်းနိုင်ငံ

🔥5👍1
MNDAA နှင့် TNLA ညှိနှိုင်းမှုကို NUG ယာယီသမ္မတကြိုဆိုပြီး တော်လှန်ရေးအကျိုးမထိခိုက်ရန် တိုက်တွန်း
မောင်ခက်နွေ
မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ကြိုဆိုလိုက်ပြီး တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုရန် တိုက်တွန်းလိုက်သည်။
ယမန်နေ့(မတ်လ ၁၇)က ထုတ်ပြန်လိုက်တာဖြစ်ပြီး NUG ယာယီသမ္မတ၏ မေတ္တာရပ်ခံချက်တွင် ညီနောင်မဟာမိတ်နှစ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ရှိလာသည့်အတွက် အထူးဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။
"တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ ဖြစ်သည့်အားလျော်စွာ တော်လှန်ရေးမျက်နှာကို ရှေးရှုလျက် တော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှုကို ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။
ထိုသို့ NUG…

👍12🥰2😁1🤮1
https://www.youtube.com/watch?v=cX9pvYwUg9M
ပင်လယ်ကွေ့မဟာမိတ်နိုင်ငံတွေကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်နိုင်ကြောင်း ထရမ့်ကို သတိပေးခဲ့တယ်လို့ဆို

YouTube

မဇ္ဈိမ ။ ။ အီရန်ကို တိုက်ခိုက်တာက အမေရိကန်ရဲ့ ပင်လယ်ကွေ့မဟာမိတ်တွေအပေါ် လက်တုံ့ပြန်မှုတို့ကို ဖြစ်ပေါ်စေနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကို ကြိုတင်သတိပေးခဲ့ကြောင်း အမေရိကန်အရာရှိတဦးနဲ့ ထောက်လှမ်းရေးသတင်းတွေကို ရင်းနှီးကျွမ်းဝင်သူ သတင်းရင်းမြစ်နှစ်ဦးက ပြောပါတယ်။…
👍7❤1🤮1
https://www.youtube.com/watch?v=PiJGnHOv0iw
ပင်လယ်ကွေ့မဟာမိတ်နိုင်ငံတွေကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်နိုင်ကြောင်း ထရမ့်ကို သတိပေးခဲ့တယ်လို့ဆို
ပင်လယ်ကွေ့မဟာမိတ်နိုင်ငံတွေကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်နိုင်ကြောင်း ထရမ့်ကို သတိပေးခဲ့တယ်လို့ဆို
YouTube
ပင်လယ်ကွေ့မဟာမိတ်နိုင်ငံတွေကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်နိုင်ကြောင်း ထရမ့်ကို သတိပေးခဲ့တယ်လို့ဆို
Full Video link - https://youtu.be/cX9pvYwUg9M#ပင်လယ်ကွေ့#မဟာမိတ်နိုင်ငံ#အီရန်#လက်တုံ့ပြန်#ထရမ့်#reel#shorts-----------------------------------------လွတ်လပ်တ...
👍4🤮1
https://www.youtube.com/watch?v=Fp4V3l-3zzw
KPop Demon Hunters brings global fans to Seoul’s old city wall

Nearly 10 months have passed since the release of KPop Demon Hunters, but many foreign tourists still visit one of its locations -- Naksan Park in Seoul. The film won two Oscars and is Netflix's…

🔥3🥰1
ဝင်းဝစခန်းပြန်ရရန် ကြိုးပမ်းသည့် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များ ဂုံညှင်းဆိပ်ရွာအနီး တိုက်ပွဲဖြစ်
YT
မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝတပ်စခန်းမှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား ဒေသတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KNU တပ်မဟာ (၄) သတင်းရင်းမြစ်ထံက သိရသည်။
ဝင်းဝစခန်းမှ ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်သားများနှင့် ဝင်းဝတပ်စခန်းအား ပြန်လည်ရယူရေးအတွက် စစ်ကူလာသည့် စစ်ကြောင်းများကို တိုက်ခိုက်နေခြင်းကြောင့် သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိ ဂုံညှင်းဆိပ်ရွာအနီးတဝိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဟုဆိုသည်။
KNU တပ်မဟာ (၄) ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နာက “ အဲ့ဒီ ပြေးလာတဲ့ စစ်ကြောင်းကလည်း ကျွန်တော်တို့ လိုက်လံရှင်းလင်းနေတဲ့အခြေအနေဖြစ်တယ်။ တချိန်တည်းမှာပဲ စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ကျွန်တော်တို့ လိုက်လံရှင်းလင်းနေတဲ့ အချိန်မှာ လေကြောင်းပစ်ကူ တိုက်ခိုက် ဗုံးကြဲတာတွေ ရှိတယ်” ဟု ယနေ့ (မတ်လ ၁၈ ရက်) တွင် မဇ္ဈိမသို့ ပြောသည်။
ထိုတိုက်ပွဲများအတွင်း…

❤5🔥4👍2
လျှပ်စစ်မီး အလှည့်ကျ ပြတ်တောက်မည်ဟု လျှပ်စစ်ဝန်ကြီးဌာနကြေညာ
ရောင်နီ
မဇ္ဈိမ။ ။နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာခြင်းကို ထိန်းညှိရန် လျှပ်စစ်ဓာတ်အား အလှည့်ကျဖြတ်တောက်ကာ ခွဲဝေဖြန့်ဖြူးသွားမည်ဟု စစ်ကော်မရှင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယမန် နေ့( မတ်လ ၁၇ ရက် )တွင် ထုတ်ပြန်ထားသည်။
“ ဒီနေ့ မနက်အထိတော့ မီးလာနေတုန်းပဲ၊ ဘယ်အချိန် စပျက်မလဲတော့ မသိဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတဦးက ယနေ့ မတ်လ( ၁၈ ရက်နေ့ )နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။
လျှပ်စစ်ဓာတ်အား ခွဲဝေဖြန့်ဖြူးမှု အစီအစဉ်ကို ယနေ့ ( မတ်လ ၁၈ ရက်) မှစတင်ကာ ဇွန်လအထိ ပြုလုပ်မည်ဟု စစ်ကော်မရှင်လျှပ်စစ်ဝန်ကြီးဌာနက အသိပေးသည်။ မည်သည့် ဒေသများ၌ မည်ကဲ့သို့ ဖြန့်ဝေပေးသွားမည်ကို အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။
သို့သော် စက်မှုဇုန်များတွင် သုံးစွဲနေသည့် သဘာ၀ဓာတ်ငွေ့ရည်(LNG)သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားလိုင်းများကို စဉ်ဆက်မပြတ်ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဟု ဆိုသည်။
“ ရွေးကောက်ပွဲစလုပ်ခါနီး တပတ်လောက်ကစလို့ မီးပြန်မှန်တယ်။ တပတ်မှာ သုံးလေး နာရီပဲ ပျက်တာရှိတယ်။…

🔥7❤5👎1💩1