Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ကျဉ်းများလွတ်မြောက်ရေး ပြည်ထောင်စုလွှတ်တော်တွင်တောင်းဆိုရန် NLDတိုက်တွန်း

ကိုကိုလင်းမောင် (မဇ္ဈိမ)

မဇ္ဈိမ ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းတောင်းဆိုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက တိုက်တွန်းလိုက်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်၏ နဝမ အကြိမ်မြောက် လွှတ်တော်အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ ထိုအစည်းအဝေးသို့ ပေးပို့သည့် NLD သဝဏ်လွှာတွင်ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ လမ်းစရရှိနိုင်မည်မဟုတ်ကြောင်းနှင့် အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီက အခိုင်အမာဆိုသည်။

ယင်း သဝဏ်လွှာနှင့်ပတ်သက်၍ စမ်းချောင်းမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သလို၂၀၂၀ ရွေးကောက်ခံက…
👍10❤3🔥1
ယူကရိန်းတွင် တိုက်ပွဲဝင်နေသည့် ရုရှားတပ်ဖွဲ့ဝင်များ“ကိုယ်ကျင့်တရားပျက်ပြားပြီး စိတ်ဓာတ်ကျဆင်းနေမှု”ကို ဖော်ပြသည့် လက္ခဏာအဖြစ် ရုရှားစစ်သားနှစ်ဦး ပြောကြားထားသည့် အသံဖိုင်တခုကို ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) က ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည်။

“အလောင်းတွေကို သယ်ရတာ ခက်ခဲတဲ့အတွက် ဦးခေါင်းကိုဖြတ်၊ အဲဒီဦးခေါင်းနဲ့အတူ အထောက် အထားစာရွက် စာတမ်းတွေပါ တပါတည်းယူလာခဲ့ဖို့ ညွှန်ကြားခံထားရတယ်” ဟု အသံဖိုင်တွင် ရုရှားစစ်သားတဦးက ပြောကြားခဲ့သည်။

ရုပ်အလောင်းတခုလုံးကို စစ်မြေပြင်မှ သယ်ထုတ်ရန်မလိုဘဲ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် ရုရှားတပ်မှူးများက ထိုသို့ ခေါင်းဖြတ်ယူခိုင်းခြင်းဖြစ်ကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) က ပြောကြားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရုရှားစစ်သည်
#ရုပ်အလောင်းများ
#ဦးခေါင်းကို
#ဖြတ်ယူခဲ့ရန်
#အမိန့်ပေး
#အသံဖိုင်
#ပေါက်ကြား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍7🤣4👎1🔥1
ပက်စ်ပို့လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့်အချက်များပါဝင်သည့် ဥပဒေ စစ်ခေါင်းဆောင် ပြဋ္ဌာန်း

001

မဇ္ဈိမ။ ။ မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (မတ် ၁၇) က လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါ ဥပဒေကို အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်၊ ပြည်ပနိုင်ငံသို့ ခရီးသွားလာခြင်းများကို စီမံခန့်ခွဲရန်နှင့် ပက်စ်ပို့အတုပြုလုပ်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့ကို ကာကွယ်ရန် ပြဋ္ဌာန်းခြင်းဟု ဆိုထားသည်။

ဥပဒေတွင် ပက်စ်ပို့လျှောက်ထားခွင့်ရှိသူဖြစ်ကြောင်း အ‌ထောက်အထား မတင်ပြနိုင်သူ၊ စစ်အုပ်စုက နိုင်ငံသားအဖြစ်မှ ရပ်စဲထားသူ၊ လိမ်လည်လှည့်ဖြားလျှောက်ထားသူ၊ ပြစ်ဒဏ်ကျခံနေရသူ၊ ပြစ်မှုတခုခုဖြင့် အရေးယူခံရပြီး တရားရုံး သို့မဟုတ် သက်ဆိုင်ရာဌာနက ပက်စ်ပို့ထုတ်မပေးရန် တင်ပြချက်လက်ခံရခြင်းတို့အား စိစစ်တွေ့ရှိပါက…
🤬9❤2👎2💩1
၂၀၂၅ မေလ၌ ထရမ့်က ထုတ်ပြောခဲ့သော Golden Dome စနစ်သည် အသံထက် ငါးဆမက မြန်နှုန်းရှိသည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်များကို အာကာသအတွင်း ပျံသန်းနေစဉ်အတွင်း ထောက်လှမ်းဖျက်ဆီးရန် ရည်ရွယ်ပြီး စုစုပေါင်းကုန်ကျစရိတ် ဒေါ်လာ ၁၇၅ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းရသည်။

တာကာအီချီက ကာကွယ်ရေးကဏ္ဍအပြင် ဂျပန်နိုင်ငံ၏ ရေနံထောက်ပံ့မှု ၉၀ ရာခိုင်နှုန်းခန့်မှာ အရှေ့အလယ်ပိုင်းအပေါ် မှီခိုနေရသဖြင့် ထိခိုက်လွယ်သော အခြေအနေကို ထောက်ပြပြီး အလာစကာမှ ရေနံစိမ်းဝယ်ယူရေး ဆွေး နွေးရန် စီစဉ်ထားကြောင်း သိရသည်။ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး အလာစကာမှ သယ်ယူပို့ဆောင်ခြင်းသည် အရှေ့အလယ်ပိုင်း လမ်းကြောင်းများနှင့် နှိုင်းယှဉ်ပါက ပို့ဆောင်ချိန် တပတ်နီးပါး သက်သာမည် ဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#Golden_Dome
#ဒုံးကာစနစ်
#ဂျပန်
#မျှော်လင့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍8❤6🔥1
အီရန်အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ စားသောက်ကုန်နှင့် ကုန်ကြမ်းများတင်ပို့ပြီး ကော်စေ့နှင့် ဓာတ်မြေ ဩဇာများကို ပဋိပက္ခဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းမှ ထိုင်းကုန်တင်သင်္ဘောများက ဘေးကင်းစွာ သယ်ယူခွင့်ရရှိရေးအတွက် စီစဉ်နေကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ပြောကြားလိုက်သည်။

ထုပ်ပိုးမှုလုပ်ငန်းသုံး ကော်စေ့များ ရရှိနိုင်မည့် နည်းလမ်းများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း ရှာဖွေနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီ စူသန်ဖန်က အင်္ဂါနေ့တွင် အစိုးရအဖွဲ့ရုံးတွင် ပြောကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကော်စေ့
#ဓာတ်မြေဩဇာ
#စားသောက်ကုန်
#လဲလှယ်ရန်
#အီရန်ကို
#ထိုင်း
#ကမ်းလှမ်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
🔥7❤6👎1
🔥3👎1🤬1
🔥4😢1
🔥5😢1
🔥4😢1
မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းနေသည့် သစ်ပမာဏနှင့် တန်ဖိုးမှာ တနှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့်အထိ ရှိနေသည်။ မှောင်ခိုကူးခံရသည့် ပစ္စည်းများမှာ အဓိကအားဖြင့် အိန္ဒိယတွင် ဝယ်လိုအား အလွန်မြင့်မားနေသည့် ကျွန်းသစ်၊ ကညင်၊ မြန်မာ့သစ်စေးနှင့် သစ်ဖြူတို့ ဖြစ်ကြသည်။

အိန္ဒိယသည် တရုတ်နှင့် ဗီယက်နမ်ပြီးလျှင် ကမ္ဘာပေါ်တွင် တရားမဝင်သစ် အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း ၂၀၁၆ ခုနှစ် လေ့လာမှုတခုတွင် ဖော်ပြထား သည်။ မြန်မာ့သစ်မှောင်ခိုလုပ်ငန်းမှာ အိန္ဒိယတွင် ကောင်းစွာ အမြစ်တွယ်နေပြီး မြန်မာ့ကျွန်းသစ်များကို အွန်လိုင်းမှတဆင့်ပင် ရောင်းချနေကြသည်။ မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းလာသော သစ်များကို ပြည်နယ်အစိုးရက ဖြတ်သန်းခကောက်ခံခြင်းဖြင့် တရားဝင်ဖြစ်အောင် ပြုလုပ်ပေးလေ့ရှိသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အိန္ဒိယ
#ဝယ်လိုအား
#မြင့်မားမှုကြောင့်
#မြန်မာနိုင်ငံ
#သစ်မှောင်ခိုကူးမှု
#ပိုဆိုးလာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👎8🤮2❤1🔥1🤬1