Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
🔥2
🔥2
🔥2
🔥2
❤2🔥1
🔥2
🔥2
🔥2
🔥3
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ - နယူးကာဆယ်အတွက် ဥရောပအတွေ့အကြုံတန်ဖိုးကို သင်ခန်းစာပေးသွားတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ၇-၂ နယူးကာဆယ် (နှစ်ကျော့ပေါင်း ၈-၃ ဖြင့် ဘာစီလိုနာ ကွာတားဖိုင်နယ်တက်)
ရာဖင်ညာ ၆’၊ ၇၂’ ⚽️︎ အီလန်ဂါ ၁၅’၊ ၂၈’
မာ့ခ်ဘာနယ် ၁၈’
ယာမယ်လ် ၄၅+၇’ (P)
ဖာမင်လိုပက်ဇ် ၅၁’
လီဝန်ဒေါစကီး ၅၆’၊ ၆၁’

ဗုဒ္ဓဟူးနေ့မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ နယူးကာဆယ်အသင်းကို ၇-၂ နဲ့ ဂိုးပြတ်အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ်အရ ၈-၃ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ကမ့်နူးကွင်းမှာ ကတ်တလန်အသင်းရဲ့ တကယ်ကို ကောင်းမွန်လွန်းတဲ့ တိုက်စစ်ဆင်မှုတွေအောက်မှာ အက်ဒီဟောင်းရဲ့ နယူးကာဆယ် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတာပါ။ ဘာစီလိုနာအတွက် တိုက်စစ်မှူး လီဝန်ဒေါစကီး နဲ့ ရာဖင်ညာ တို့က နှစ်ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။

(Photos: EPA)
👍5🔥2
🔥3👍2❤1
🔥4❤1👍1
🔥3👍2
🔥3👍2
🔥3👍1
UEFA ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အတွဲအဖက်များ

ပါရီစိန့်ဂျာမိန်း (ပြင်သစ်) vs လီဗာပူးလ် (အင်္ဂလန်)
ရီးယဲလ်မက်ဒရစ် (စပိန်) vs ဘိုင်ယန်မြူးနစ် (ဂျာမနီ)
ဘာစီလိုနာ (စပိန်) vs အက်သလက်တီကို မက်ဒရစ် (စပိန်)
စပို့တင်း (ပေါ်တူဂီ) vs အာဆင်နယ် (အင်္ဂလန်)

ကွာတားဖိုင်နယ် ပထမအကျော့ကို ဧပြီလ ၇-၈ ရက်နဲ့ ဒုတိယအကျော့ကို ဧပြီလ ၁၄-၁၅ ရက်နေ့တွေမှာ ကစားသွားကြမှာဖြစ်ပါတယ်။
👍8🔥3
"ခါတစ်ဘ်ဟာ မကြာသေးခင်က အီရန်နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေကို ဖမ်းဆီးသတ်ဖြတ်တာအပါအဝင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့သလို ကမ္ဘာတဝန်းမှာရှိတဲ့ အစ္စရေးနဲ့ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ငန်းတွေကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ အလားတူပဲ သူဟာ ၂၀၂၂-၂၀၂၃ ခုနှစ် မာဆာ အာမီနီ (Mahsa Amini) ဆန္ဒပြပွဲတွေအတွင်းမှာလည်း အီရန်နိုင်ငံသားတွေအပေါ် အင်အားသုံးနှိမ်နင်းခဲ့သူဖြစ်ပါတယ်" ဟု အစ္စရေးစစ်တပ် (IDF) က လူမှုကွန်ရက်ပေါ်တွင် ဖော်ပြထားသည်။

အီရန်၏ ထိပ်တန်းလုံခြုံရေးအရာရှိ အလီ လာရီဂျာနီနှင့် အီရန် ဘာဆစ်ဂျ် (Basij) တပ်ဖွဲ့၏ တပ်မှူး ဂိုလမ်ရီဇာ ဆိုလေမာနီတို့ နှစ်ဦးစလုံး အသတ်ခံလိုက်ရကြောင်း အစ္စရေးက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိပ်တန်းလုံခြုံရေးအရာရှိ
#အစ္စရေး
#ပစ်မှတ်ထားတိုက်ခိုက်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9❤4👏3🤣1
https://www.youtube.com/watch?v=6u32XZz-WQ4
မတ်လ ၁၉ ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
👍6🔥1😁1
မြန်မာနိုင်ငံရှိ ပဋိပက္ခနယ်မြေများနှင့် ဆက်နွှယ်နေသည့် အမှုတခုအား အိန္ဒိယအာဏာပိုင်များက စုံစမ်း စစ်ဆေးနေစဉ် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသား ခြောက်ဦးမှာ တရားမဝင်လုပ်ရပ်များ တွင် ပါဝင်ပတ်သက်နေသည့် သက်သေအထောက်အထားမရှိကြောင်းဆိုကာ ယူကရိန်းက စွပ်စွဲချက်များ ကို ပယ်ချလိုက်သည်။

ယူကရိန်းနိုင်ငံသား ခြောက်ဦးနှင့် အမေရိကန်နိုင်ငံသားတဦးကို တရားမဝင်လှုပ်ရှားမှုများတားဆီးရေး အက်ဥပဒေဖြင့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် အိန္ဒိယကို ဖြတ်သန်းကာ မြန်မာနိုင်ငံသို့သွားရောက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီရန် ကြိုးပမ်းခဲ့ သည်ဟု စွပ်စွဲခံထားရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပဋိပက္ခနယ်မြေ
#တရားမဝင်လှုပ်ရှားမှု
#လက်နက်ကိုင်အဖွဲ့အစည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥6👏1
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို လက်မခံကြောင်း အီရန်က ထပ်လောင်းအတည်ပြုလိုက်ပြီး၊ လက်ရှိစစ်ပွဲနှင့် ယင်း၏ ကျယ်ပြန့်သော သက်ရောက်မှုများအတွက် အမေရိကန်တွင်သာ 'တာဝန်ရှိသည်' ဟု အီရန်က အခိုင်အမာ ပြောကြားလိုက်သည်။

“ဒီစစ်ပွဲက ကျွန်တော်တို့ စတင်ခဲ့တဲ့ စစ်ပွဲမဟုတ်ပါဘူး။ အမေရိကန်က စတင်ခဲ့တာဖြစ်ပြီး၊ အီရန်၊ ဒေသတွင်းနဲ့ တကမ္ဘာလုံးက ခံစားရတဲ့ လူသားချင်းစာနာမှုဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာနောက်ဆက်တွဲ ဆိုးကျိုးအားလုံးအတွက် အမေရိကန်မှာပဲ တာဝန်ရှိပါတယ်။ အမေရိကန်က ဒီလုပ်ရပ်တွေအတွက် တာဝန်ခံရပါလိမ့်မယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီက ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#စစ်ပွဲအရှိန်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥5❤2👍2😁1