Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အဆင့်သုံးဆင့်ဖြင့် တည်ဆောက်မည့် စတုရန်းမီတာ ၁၇,၁၀၉ အကျယ်အဝန်းရှိသော ကင်စစ်စခန်း အဆောက်အအုံများတွင် စောင့်ကြည့်ကင်းလှည့်စခန်းများနှင့် ဌာနချုပ်များ ပါဝင်မည် ဖြစ်သည်။ တရုတ်အင်ဂျင်နီယာများက တာဂျစ်ကစ္စတန်သို့ လာရောက်ကာ နည်းပညာများ တပ်ဆင်ပေးမည်ဖြစ်ကာ စက်ကိရိယာများ၊ ဆက်သွယ်ရေးစနစ်များ၊ ရေပေးဝေရေးနှင့် လျှပ်စစ်မီးသွယ်တန်းမှုများကို တရုတ်ဘက်က ထောက်ပံ့ပေးမည် ဖြစ်သည်။

ထို တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမျှ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဝန်မခံသော်လည်း၊ တာလီဘန်တို့၏ ယုံကြည်ကိုးစားမှုကို ပျက်ပြားစေရန်နှင့် တရုတ်၏ ဒေသတွင်း စီးပွားရေး ချဲ့ထွင်မှုကို လျှော့ချရန် နိုင်ငံခြားသားများကို ပစ်မှတ်ထားသည့် မဟာဗျူဟာမျိုးဖြင့် တိုက်ခိုက်ခြင်း ဖြစ်၍ ခိုရာဆန် အစ္စလာမ္မစ်နိုင်ငံတော် ISKP အဖွဲ့က အနီးစပ်ဆုံး တရားခံ ဖြစ်နိုင်ကြောင်း လေ့လာဆန်းစစ်သူများက ထောက်ပြထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရန်ပုံငွေ
#တာဂျစ်ကစ္စတန်
#နယ်စပ်အကြမ်းဖက်မှုများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥6👎2👏1🤣1
ဆန်ဖရန်စစ္စကိုရှိ Foundation ကုမ္ပဏီဆီ Times မဂ္ဂဇင်းက ဖေဖော်ဝါရီလအတွင်း သွားရောက်လေ့လာရာ Mk-I စက်ရုပ်က ခြောက်လုံးပြူးသေနတ်များ၊ အလိုအလျောက် ပစ္စတိုများ၊ ရိုင်ဖယ်ရှည်များနှင့် M-16 ရိုင်ဖယ်များကိုပင် ကိုင်တွယ်အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့သည်။

ယူကရိန်းနိုင်ငံပိုင် United24 သတင်းအေဂျင်စီ၏ နောက်ဆုံးရ သတင်းများအရ ဇန်နဝါရီလတလတည်းမှာပင် ယူကရိန်းက စက်ရုပ်နည်းပညာသုံး စစ်ဆင်ရေးပေါင်း ၇,၄၉၅ ခုကို ဆင်နွှဲခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် အများစုမှာ ထောက်ပံ့ပို့ဆောင်ရေး၊ ဥပမာအားဖြင့် မြေပြင်တပ်ဖွဲ့များထံ လက်နက်၊ ခဲယမ်းနှင့် အစားအစာများ ပို့ဆောင်ခြင်းများ ဖြစ်သော်လည်း၊ အချို့မှာမူ Kalashnikov စက်သေနတ်များနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ကိုင်တွယ်အသုံးပြုကြကြောင်း သိရသည်။ ယခုနှစ်အစောပိုင်းက ထွက်ပေါ်ခဲ့သော ရင်သပ်ရှုမောဖွယ် ရုပ်သံမှတ်တမ်းတွင် ရုရှားစစ်သားများက လက်နက်ကိုင်ဆောင်ထားသော ယူကရိန်း စစ်သားစက်ရုပ်တရုပ်ထံ လက်နက်ချနေသည်ကို မြင်တွေ့ရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ယူကရိန်း
#လူသားပုံစံတူ
#စစ်သားစက်ရုပ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤10🔥4👍1😱1
အချို့ကမူ အရေးယူ ထိန်းကျောင်းမှုများ ဆောင်ရွက်ရမည့်သူများက "အိပ်ပျော်နေကြသည်" ဟု အလုပ် မလုပ်သည့်သဘော ရည်ညွှန်းပြောဆိုကြပြီး သတိပေးချက်များသာ ထပ်တလဲလဲ ထုတ်နေသော်လည်း ဥပဒေစိုးမိုးရေးအတွက် အရေးတယူ ကြိုးပမ်းမှုများကမူ အလွန်နှေးကွေးလွန်းပြီး ထိရောက်မှု မရှိခြင်းအကြောင်း ပြောဆိုကြသည်။

မြန်မာနိုင်ငံသားများနှင့် ပတ်သက်သည့် အမှုတွဲများ သိသိသာသာ မြင့်တက်လာကြောင်း NGO အဖွဲ့အစည်းများကလည်း အစီရင်ခံ ထုတ်ပြန်ထားကြသည်။ ၂၀၂၂ ခုနှစ်တွင် ကူညီပေးရသည့် မြန်မာအလုပ်သမားများနှင့် ပတ်သက်သော အမှုတွဲ တခုသာ ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် အမှုတွဲပေါင်း ၁၃၁ ခုအထိ ရှိလာခဲ့ကြောင်း Transient Workers Count Too (TWC2) ၏ အချက်အလက်များက ဖော်ပြသည်။ အလားတူ Humanitarian Organisation for Migration Economics (HOME) အဖွဲ့အစည်းကလည်း ၂၀၂၂ ၌ အမှုတွဲ ၁၂၀ ကျော် ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် အမှုတွဲ ၃၅၀ နီးပါးအထိ တိုးလာကြောင်း အစီရင်ခံ ထုတ်ပြန်ထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စင်ကာပူ
#မြန်မာများ
#အလုပ်သမားဝန်ကြီးဌာန
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8👏1🤣1
လူပေါင်း ၁၀၀,၀၀၀ နီးပါး ပါဝင်လက်မှတ်ရေးထိုးထားသည့် စာရင်းကိုလည်း အဖွဲ့က ပူးတွဲတင်ပြခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများကို နားလည်သော်လည်း နိုင်ငံခြားသားကလေးငယ်များအတွက် ဘတ်သန်း ၈၀၀ ကျော် အသုံးပြုမည့် အစိုးရ၏ အသုံးစရိတ်အပေါ် သဘောမတူကြောင်း ကန့်ကွက်မှုနှင့် ပတ်သက်ပြီး တေးက ပြောကြားခဲ့သည်။

ယင်းရန်ပုံငွေများကို ထိုင်းကလေးငယ်များအတွက်သာ ဦးစားပေး အသုံးပြုသင့်ကြောင်းနှင့် အမျိုးသား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် မူဝါဒအပေါ် အလွဲသုံးစားပြု၍ အကျိုးခံစားခွင့် ရယူကြမည့် အခြေ အနေ များကိုလည်း ၎င်းက ထောက်ပြခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နိုင်ငံခြားသား
#ကလေးငယ်များ
#ကျောင်းအပ်နှံခွင့်
#မူဝါဒ
#ထိုင်း
#တက်ကြွလှုပ်ရှားသူ
#ကန့်ကွက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
👎8❤2😢1💩1
အတုအယောင်ရွေးကောက်ပွဲမှ တဆင့် ဖန်တီးသည့် အဖွဲ့အစည်းမှန်သမျှကို ကန့်ကွက်ဆန့်ကျင်ရန် JFM တိုက်တွန်း

001

မဇ္ဈိမ။ ။ နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့၏ အတုအယောင်‌ ရွေးကောက်ပွဲမှ တဆင့် ဖန်တီးလိုက်သည့် အဖွဲ့အစည်းမှန်သမျှကို ကန့်ကွက်ဆန့်ကျင်ရန် Justice for Myanmar (JFM)က ယမန်နေ့ (မတ် ၁၈) က ထုတ်ပြန်တိုက်တွန်းသည်။

လက်ရှိ အတုအယောင် လွှတ်တော်ခေါ်ယူမှုသည် နိုင်ငံတဝန်း လူပေါင်းများစွာကို ဥပဒေမဲ့ ဖမ်းဆီး၊ နှိပ်စက်မှုများ၊ သတ်ဖြတ်မှုများနှင့် နေရပ်စွန့်ခွာစေမှုများအတွက် တာဝန်ရှိသည့် တရားမဝင် စစ်အုပ်စုအား အမည်ပြောင်း၍ မဟုတ်မမှန် နိုင်ငံရေးတရားဝင်မှုရရှိရန် ကြိုးစားမှုတရပ်ထက် မပိုကြောင်း JFM က ပြောသည်။

“အမည်ပြောင်းရုံဖြင့် အကြမ်းဖက်မြန်မာစစ်ရာဇဝတ်ဂိုဏ်း၏ ဗီဇရုပ်သွင်ကို ပြောင်းလဲ နိုင်မည်မဟုတ်ပေ။ အပေါ်ယံဝတ်ရုံများ ဘယ်လိုပင်ပြောင်းပြောင်း စစ်ရာဇဝတ်ဂိုဏ်းကိုကား ဖျက်သိမ်းရမည်” ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ထို့ပြင် နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့၏ ဘဏ္ဍာရေး၊ စစ်လက်နက်နှင့် လေယာဉ်ဆီအရင်းအမြစ်များအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊…
👍17❤4😁2
အမေရိကန်အသံ ဝန်ထမ်း ၁,၀၀၀ ကျော်ကိုအလုပ်ပြန်ဝင်ခိုင်းရန်နှင့် အစိုးရအထောက်အပံ့ခံဤမီဒီယာဌာန ၏ အသံလွှင့်လုပ်ငန်းများပြန်လည်လုပ်ကိုင်စေရန် အမေရိကန်ပြည်ထောင်စုတရားသူကြီးတဦးက ထရမ့်အစိုးရ ကို အင်္ဂါနေ့က အမိန့်ချမှတ်လိုက်သည်။

လိပ်ခ် အား ခန့်အပ်ခဲ့မှုသည် တရားမဝင်ဟု ဆုံးဖြတ်ခဲ့သော တရားသူကြီး၏ယခင်အမိန့်ကို သူတို့အယူခံဝင်ရန်စီစဉ်ထားသည်ဟု ထရမ့်အစိုးရက ပြောထားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#VOA
#ဝန်ထမ်းများ
#အလုပ်ပြန်ဝင်စေရန်
#အမေရိကန်
#တရားသူကြီး
#ထရမ့်အစိုးရကို
#အမိန့်ပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
👍14❤3🤮1
ဓါတ်ပုံ - ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ၂၀၂၅ခုနှစ် အောက်တိုဘာလမှစ၍ စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး မြို့နယ်အတွင်းရှိ ရွာပေါင်း ၃၀ကျော်က ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရသည်။
👍5👎2❤1🔥1🤬1
ဓါတ်ပုံ - ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ၂၀၂၅ခုနှစ် အောက်တိုဘာလမှစ၍ စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး မြို့နယ်အတွင်းရှိ ရွာပေါင်း ၃၀ကျော်က ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရသည်။
🔥4👎2😢2
ဓါတ်ပုံ - ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ၂၀၂၅ခုနှစ် အောက်တိုဘာလမှစ၍ စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး မြို့နယ်အတွင်းရှိ ရွာပေါင်း ၃၀ကျော်က ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရသည်။
😢7❤2🔥2
ဓါတ်ပုံ - ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ၂၀၂၅ခုနှစ် အောက်တိုဘာလမှစ၍ စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး မြို့နယ်အတွင်းရှိ ရွာပေါင်း ၃၀ကျော်က ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရသည်။
👍3😢2👎1🔥1
'ဒါက အမှန်တရားပါ။ ကျွန်တော့်မှာရော၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ ဆီမှာပါ ဒီ iPad တွေ ရှိကြပါတယ်။ ယူကရိန်းစစ်မြေပြင်က အခြေအနေတွေအပြင် ရန်သူကို ချေမှုန်းနိုင်မှုတွေကိုပါ ဗီဒီယိုအထောက်အထားနဲ့တကွ ဒီထဲကနေ ကြည့်ရှုနိုင်ပါတယ်' ဟု ၎င်းက ပြောကြား ခဲ့သည်။

'ဘုရင်မင်းမြတ်က ကျွန်တော့်မှာ နောက်ထပ်တလုံး ရှိသေးလားလို့ မေးပါတယ်။ ကျွန်တော့်မှာ တလုံးပဲ ကျန်တော့တယ်လို့ ပြန်ပြောခဲ့ပါတယ်' ဟု ဇယ်လန်းစကီးက ဆိုသည်။

ထို့နောက် 'ဘုရင်မင်းမြတ်က ဝန်ကြီးချုပ်နဲ့ အတူတူကြည့်မယ်လို့ မိန့်ကြားခဲ့ပါတယ်' ဟု ၎င်းက ပြောကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ယူကရိန်းစစ်ပွဲ
#စောင့်ကြည့်နိုင်သည့်
#iPad
#ဗြိတိန်ဘုရင်
#ဝန်ကြီးချုပ်
#ဇယ်လန်းစကီး
#လက်ဆောင်ပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
❤6👏5👍2😁2
အီရန်အနေဖြင့် ဒေသတွင်း စွမ်းအင်စက်ရုံများအပေါ် တိုက်ခိုက်မှုကို ရပ်တန့်ရန်၊ မရပ်တန့်ပါက အမေရိကန်စစ်တပ်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး "ရေရှည်သက်ရောက်မှုများ" ရှိလာလိမ့်မည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့သည်။

"အစ္စရေးရဲ့ အကူအညီ ဒါမှမဟုတ် သဘောတူညီချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အမေရိကန်ဟာ South Pars ဓာတ်ငွေ့သိုက်တခုလုံးကို အီရန်တခါမှ မမြင်ဖူး၊ မကြုံဖူးတဲ့ အင်အားမျိုးနဲ့ အကြီး အကျယ် ဖောက်ခွဲဖျက်ဆီးပစ်ပါမယ်။ အီရန်ရဲ့ အနာဂတ်အပေါ် ရေရှည်သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် ဒီလောက်အထိ ပြင်းထန်တဲ့ ဖျက်ဆီးမှုမျိုးကို ကျွန်တော် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ကာတာရဲ့ LNG လုပ်ငန်းတွေ ထပ်ပြီး တိုက်ခိုက်ခံရမယ်ဆိုရင်တော့ ကျွန်တော် ဒါကိုလုပ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး။" ဟု ထရမ့်က ရေးသားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကာတာ
#LNG
#အီရန်
#အကြီးဆုံး
#သဘာဝဓာတ်ငွေ့သိုက်
#ဖောက်ခွဲပစ်
#ထရမ့်
#ခြိမ်းခြောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
👍9❤2🤣1
အိန္ဒိယတွင် ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများနှင့် ပတ်သက်မှု မရှိဟု ချင်းတပ်ဖွဲ့များတုံ့ပြန်

ပါခွီး

မဇ္ဈိမ ။ ။ အိန္ဒိယနိုင်ငံ၌ အကြမ်းဖက်မှုလုပ်ဆောင်ရန် ပူပေါင်းကြံစည်မှု ၊ မြန်မာနိုင်ငံ ဘက်သို့သွားရောက်ပြီး ဒရုန်းနှင့် စစ်သင်တန်းများပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသော ယူကရိန်း၊ အမေရိကန်နိုင်ငံသားများနှင့် ပတ်သက်ခြင်းမရှိကြောင်း ချင်းတပ်ဖွဲ့များက တုံ့ပြန်ပြောဆိုသည်။

အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA) က ယူကရိန်းနိုင်ငံသား သုံးဦးကို လပ်ကနောင်းနှင့် ဒေလီလေဆိပ်များနှင့် အမေရိကန်နိုင်ငံသားတဦးကို ကုလက္ကတားလေဆိပ် တွင် ဖမ်းဆီးခဲ့ပြီး ၎င်းစုစုပေါင်း ခုနစ်ဦးသည် တရားမဝင်လုပ်ဆောင်ချက်များ(ကာကွယ်ရေး) အက်ဥပဒေ(UAPA) ၏ ပုဒ်မ ၁၈အပါအဝင် အခြားသက်ဆိုင်သည့်ပုဒ်မများဖြင့် တရားစွဲဆိုခံနေရကြောင်း အိန္ဒိယန်းအိတ်စပရက် သတင်းစာက မတ်လ ၁၇ ရက်နေ့တွင် ရေးသားသည့်သတင်းအပေါ် တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

“အခု အိန္ဒိယမှာ ဖမ်းဆီးခံထားရတဲ့သူတွေက ကျနော်တို့နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး ၊ ကျနော်တို့ အဖွဲ့ဝင်အဖွဲ့အစည်းတွေဆီကလည်း သူတို့နဲ့ပတ်သက်မှုမရှိဘူးလို့ ပြောကြပါတယ်”…
❤6👍5🤣3
"ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက အင်အားသုံးဖိအားပေးမည်ဟု ခြိမ်းခြောက်နေသော် လည်း၊ တရုတ်သည် ဖြစ်နိုင်ပါက အင်အားမသုံးဘဲ ပေါင်းစည်းရေးကို ရယူရန် ပိုမိုလိုလားသည်" ဟု အမေရိကန် ထောက်လှမ်း ရေးအေဂျင်စီများက အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်က ထိုင်ဝမ်ကို အသုံးချ၍ တရုတ်၏ အင်အားကြီးထွားလာမှုကို ဟန့်တားနေသည်ဟုလည်း တရုတ်က ရှုမြင်နေသည်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် "ကောင်းမွန်သော ဆက်ဆံရေး" ရှိသည်ဟု အမြဲပြောလေ့ရှိသည့် ထရမ့်က ထိုင်ဝမ်အနီး တရုတ်၏ စစ်ရေးလေ့ကျင့်မှုများအပေါ် ခြိမ်းခြောက်မှုအဖြစ် မယူဆဘဲ လျှော့ပေါ့ပြောဆိုခဲ့သည်။ ထရမ့်က သူ၏ ရာထူးသက်တမ်းအတွင်း ရှီကျင့်ဖျင်က ထိုင်ဝမ်ကို တိုက်ခိုက်မည်မဟုတ်ကြောင်း ပြောခဲ့သည်ဟု ဆိုသော်လည်း တရုတ်က ထိုစကားကို တခါမျှ အတည်မပြုခဲ့ပေ။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်
#ထိုင်ဝမ်
#ကျူးကျော်ရန်
#အစီအစဉ်မရှိ
#အမေရိကန်
#သုံးသပ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
🤣5👍4🔥1
ယူကရိန်းဘက်မှ သံတမန်ရေးအရ ကန့်ကွက်လျက် ရှိပြီး အမေရိကန်ကလည်း သတိကြီးစွာ ထားကာ တုံ့ပြန်လျက် ရှိသည့် ထို ဖမ်းဆီးမှုနှင့် ပတ်သက်ကာ သူလျှိုထောက်လှမ်းရေး လုပ်ငန်းများနှင့် ဒေသ မတည်ငြိမ်ဖြစ်အောင် ဖန်တီးသည့် လုပ်ရပ်များ ဖြစ်နိုင်ခြေအတွက် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။

အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ၏ အဆိုအရ တရားခံများသည် အိန္ဒိယနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာဖြင့် ဝင်ရောက်လာပြီးနောက် ဂူဝါဟတီသို့ သွားရောက်ခဲ့ကာ၊ ထိုမှတဆင့် မဖြစ်မနေလိုအပ်သည့် ခရီးသွား ခွင့်ပြုချက်များ မပါဘဲ မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လေ့ကျင့်သင်ကြားပေးရန် ဝင်ရောက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

NIA က အဆိုပါ သံသယရှိသူများကို လပေါင်းများစွာ နောက်ယောင်ခံလိုက်ခဲ့ရပြီး လက်ရှိ၌ နိုင်ငံ တကာကွန်ရက်များနှင့် ဆက်နွှယ်မှုများကို ရှာဖွေနိုင်ရန်အတွက် ၎င်းတို့၏ အီလက်ထရွန်နစ်ပစ္စည်းများ၊ ခရီးသွားမှတ်တမ်းများနှင့် ငွေကြေးစီးဆင်းမှု မှတ်တမ်းများကို စစ်ဆေးလျက်ရှိနေသည်။

တရားခံများက အိန္ဒိယနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်သည့် ပိုမို…
🔥6❤4👎1👏1
မတ္တရာနယ် မိုးကြိုးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲရာ နေအိမ် ၄ လုံးပျက်စီး

MTO

မဇ္ဈိမ။ ။ မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်း မိုးကြိုးရွာကို စစ်ကော်မရှင်တပ်ဖွဲ့ က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ် လေးလုံး မီးလောင်ပျက်စီးသွားကြောင်း Wetlet Informational Network အဖွဲ့ က သတင်းထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၁၈ ရက်) ညနေ ၆ နာရီ ဝန်းကျင်အချိန်တွင် စိန်ပန်းကုန်းကျေးရွာအထိုင်ချ စစ်ကော်မရှင်တပ်ဖွဲ့ က တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ စိန်ပန်းကုန်းက အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး နောက်ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတော့တာပဲ “ ဟု ဒေသခံ တဦးက ယနေ့(မတ်လ ၁၉ ရက်)တွင် ပြောသည်။

မတ်လ ၁၇ ရက်နေ့ကလည်း စိန်ပန်းကုန်းကျေးရွာမှ စစ်ကော်မရှင်တပ်ဖွဲ့သည် ဧရာ၀တီမြစ်အနောက်ဘက်ကျွန်းပေါ်သို့ ရောက်ရှိလာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်.

အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှ နှစ်ဦး သေဆုံးပြီ…
👎9❤2🔥2😁1