Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထိုင်းလွှတ်တော်သစ်က အနုတင်ချာဝီရာကူးလ် (Anutin Charnvirakul) ကို ဝန်ကြီးချုပ်သစ်အဖြစ် ကြာသပတေး နေ့တွင် ရွေးကောက်တင်မြှောက်ရန်ရှိသည်။

ဤအရှေ့တောင်အာရှနိုင်ငံ၏အစိုးရသစ်သည် အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို ကိုင်တွယ်ရမည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းထိုင်းမှိုင်းနေခြင်း၊ အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားနေသော နယ်စပ်တင်းမာမှုပြဿနာများကိုလည်းကိုင်တွယ်ရမည် ဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်း
#လွှတ်တော်သစ်
#အနုတင်
#ဝန်ကြီးချုပ်
#ရွေးကောက်တင်မြှောက်ရန်ရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
👍7🔥2❤1🤣1
အီရန်၏ အဓိကသဘာဝဓာတ်ငွေ့သိုက်တခု တိုက်ခိုက်ခံရပြီးနောက်၊ ပင်လယ်ကွေ့တလျှောက်ရှိ စွမ်း အင်ဆိုင်ရာ အဆောက်အအုံများကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဖျက်အားပြင်းသော တိုက် ခိုက် မှုများ ထပ်မံလုပ်ဆောင်မည်ဟု ခြိမ်းခြောက်လိုက်သည်။

အီရန်၏ ဆောက်သ်ပါးစ်သဘာဝဓာတ်ငွေ့သိုက် တိုက်ခိုက်ခံရပြီးနောက် စွမ်းအင်ကဏ္ဍအပေါ် ထပ်မံ တိုက်ခိုက်လာမှုမှန်သမျှကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု အီရန်အစိုးရက ပြောကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စွမ်းအင်ပစ်မှတ်များ
#တိုက်ခိုက်ပြီးနောက်
#ဖျက်အားပြင်း
#တိုက်ခိုက်မှုများ
#ထပ်မံပြုလုပ်မည်
#အီရန်
#ခြိမ်းခြောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
❤5👎5🔥3😁1
ဖိလစ်ပိုင်အသင်း ဥဇဘက်ကစ္စတန်ကို အနိုင်ယူပြီး ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလား ဝင်ခွင့်ရ

AFP

ကြာသပတေးမနက် ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အမျိုးသမီးအာရှဖလား Playoffs ရှုံးထွက်အဆင့်ပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းက ဥဇဘက်ကစ္စတန်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလား ဝင်ခွင့်ရရှိသွားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ၊ ဂိုးလ်ကို့စ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖိလစ်ပိုင်က ငါးမိနစ်အတွင်း နှစ်ဂိုးသွင်းခဲ့တာပါ။ ပွဲချိန် ၄၇ မိနစ်မှာ အန်ဂျလာဘတ်က ဗော်လီကန်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ အဲဒီနောက် ဂျက်ကလင်း ဆာဝီစကီးက ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးဆီကို ဒုတိယမြောက်အကြိမ်အဖြစ် တက်လှမ်းနိုင်စေမယ့် ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

အမျိုးသမီးအာရှဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်ထားနိုင်တဲ့ ဩစတြေးလျ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း လာမယ်နှစ် ဘရာဇီးလ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်ပါတယ်။

အာရှတိုက်ရဲ့ နောက်ဆုံးလက်ကျန်ဝင်ခွင့် တနေရာအတွက် မြောက်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြောက်ကိုရီးယားက ၄-၀ ဂိုးပြတ်နဲ့…
👍10🔥3❤1😁1
တရုတ်စစ်အသုံးစရိတ်များ တိုးမြှင့်လာခြင်းက ၎င်းတို့ကျင့်သုံးနေသည်ဆိုသော ‘ခုခံကာကွယ်ရေးမူဝါဒ’ နှင့် ကိုက်ညီမှုမရှိပေ။

ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပသော အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးတွင် ၂၀၂၆ ခုနှစ်အတွက် စစ်အသုံးစရိတ်ကို ၇ ဒသမ ၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟု တရုတ်ဝန်ကြီးချုပ် လီချန်းက ပြောကြားခဲ့သည်။

တရုတ်ကာကွယ်ရေးကဏ္ဍအတွက် ယွမ် ၁ ဒသမ ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇၅ ဘီလီယံ) သုံးစွဲသွားမည်ဖြစ်ကြောင်း လီချန်းက ပြောကြားခဲ့သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ခုခံကာကွယ်ရေး
#မူဝါဒ
#ကျင့်သုံးနေ
#တရုတ်
#စစ်အသုံးစရိတ်
#လျင်မြန်စွာ
#မြင့်တက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
❤8🔥5👎2
အဂတိလိုက်စားမှုကို အရေးယူရန် တာဝန်ပေးထားသော CCDI မှာ ပါတီ၏ အခက်အလက်တခုသာ ဖြစ်နေပြီး ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီနှင့် ရှီကျင့်ဖျင်ထံ တိုက်ရိုက် အစီရင်ခံရသည်။ CCDI ကိုယ်တိုင်၌ တရားစီရင်ပိုင်ခွင့် အာဏာမရှိပေ။ အမျိုးသား ကြီးကြပ်မှု ဥပဒေအရ ဖော်ဆောင်ထားသော 'လျူကျိ' (liuzhi) ယန္တရား (အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး) အရ အရေးယူမည့်သူကို ခေါ်ယူထိန်းသိမ်းခြင်းအား တရားစွဲဆိုခြင်း မရှိဘဲ၊ ရှေ့နေရှေ့ရပ်နှင့် တိုင်ပင်ခွင့် မရှိဘဲ၊ စောင့်ကြည့်စစ်ဆေးမှု မရှိဘဲ လပေါင်းများစွာ ချုပ်နှောင်ထားခွင့် ပြုထားသည်။ ထို ယန္တရားဖြင့် စစ်ဆေးမှုများတွင် ဝန်ခံမှုနှုန်းက ၁၀၀ ရာခိုင်နှုန်းနီးပါးပဲ ဖြစ်သည်။ ၂၀၁၇ မှစကာ CCDI ၏ အတွင်းရေးမှူးကိုယ်တိုင်မှာ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင် ဖြစ်လာ၍ CCDI သည် နိုင်ငံရေး ဩဇာလွှမ်းမိုးမှုမှ ကင်းလွတ်သည်ဆိုခြင်းမှာ သီအိုရီအရသာ ရှိတော့သည်။

အဂတိ တိုက်ဖျက်ရေး၌ ထောက်တိုင်ပြုထားသော ကိုယ်ကျင့်တရားဆိုင်ရာ အာဏာစက်မှာ ၂၀၂၅ မတ်လ၌ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၏ လျှို့ဝှက်အဆင့် လျှော့ချပြီး ထုတ်ပြန်လိုက်သည့် အစီရင်ခံစာကြောင့် ပိုမို ပျက်စီးသွားခဲ့သည်။…
🔥8❤2👎1
အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဆက်နွှယ်နေသော Fars သတင်းဌာနက ဗိုလ်ချုပ်ကြီး အီဘရာဟင် ဂျာဘာရီသည် IRGC တပ်မှူးအကြံပေးဖြစ်ကြောင်း အစောပိုင်းက ဖော်ပြခဲ့သော်လည်း အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီးသည် “IRGC တွင် မည်သည့်တာဝန်မှ ထမ်းဆောင်နေခြင်းမရှိကြောင်း” ချေပလိုက်သည်။

“အမေရိကန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း” နှင့် “ အီရန် လက်နက်ဂိုဒေါင်များအတွင်း ဒုံးကျည်များ၊ ဒရုန်းများနှင့် စစ်လက်နက်ပစ္စည်းများ အပြည့်ရှိနေသည်” ဟု ဂျာဘာရီက Al Jazeera နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဂျာဘာရီသည် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းများတွင် ထွက်ပေါ်လာခဲ့ပြီး အမေရိကန်၊ အစ္စရေးနှင့် အီရန်၏ အိမ်နီးချင်းအာရပ်နိုင်ငံများကို ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#ဗိုလ်ချုပ်ကြီး
#အီရန်စစ်ဦးစီးချုပ်ရုံး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤4😁4👍2🔥2
အီရန်က ကြာသပတေးနေ့တွင် ပင်လယ်ကွေ့ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာပစ်မှတ်များကို ပိုမို ပြင်းထန်စွာ တိုက်ခိုက်လာခဲ့ရာ စွမ်းအင်စျေးကွက်နှင့် ကမ္ဘာ့စီးပွားရေးကို ပိုမို တုန်လှုပ်ချောက်ချားစေ ခဲ့ပြီး စစ်ပွဲအခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့သည်။

ယင်းတိုက်ခိုက်မှုများသည် အီရန်၏ ပင်မသဘာဝဓာတ်ငွေ့သိုက်တခုအား အစ္စရေးက တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်ခြင်းဖြစ်ပြီး၊ ယင်းကြောင့် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာကာ အီရန်၏ အာရပ်အိမ်နီး ချင်းနိုင်ငံများကိုလည်း စစ်ပွဲအတွင်းသို့ တိုက်ရိုက်ပါဝင်လာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ မေတ္တာရပ်ခံချက်အရ အီရန်၏ ဆောက်ပါးစ်သဘာဝဓာတ်ငွေ့သိုက်ကို ထပ်မံ တိုက်ခိုက်မည့် အစီအစဉ်များကို ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း ကြာသပတေးနေ့နှောင်းပိုင်းတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ယူရေနီယံသန့်စင်မှု
#သဘာဝဓာတ်ငွေ့
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥3🤣2❤1
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့စျေးကွက်တွင် ဓာတ်မြေ သြဇာပြတ်လပ်မှုများ ကြုံတွေ့နေရစဉ်၊ ပြည်တွင်းစျေးကွက်ကို ကာကွယ်ရေးအတွက် ဓာတ်မြေသြဇာ တင်ပို့မှုများကို တရုတ်က ပိတ်ပင်ကန့်သတ်လိုက်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ယင်းသည် ကမ္ဘာ့စျေးကွက်အပေါ် ပိုမိုဖိအားများဖြစ်ပေါ်စေမည်ဖြစ်သည်။

တရုတ်သည် ကမ္ဘာ့အကြီးဆုံး ဓာတ်မြေသြဇာတင်ပို့သည့် နိုင်ငံများထဲတွင် ပါဝင်ပြီး ပြီးခဲ့သည့်နှစ်က ဒေါ်လာ သုံးဘီလီယံကျော်ဖိုး တင်ပို့ခဲ့သည်။ ထို့ပြင် တရုတ်အစိုးရက ပြည်တွင်းစိုက်ပျိုးရေးသမားများ အတွက် စျေးနှုန်းသက်သာစေရန် တင်ပို့မှုများကို ထိန်းချုပ်လေ့ရှိသည့် ရာဇဝင်လည်း ရှိခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်
#ဓာတ်မြေသြဇာ
#ကမ္ဘာ့စျေးကွက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥6👍4❤1👎1
ရန်လိုသော လုပ်ရပ်များ ရပ်တန့်ရန် အီရန်ကို တိုက်တွန်းကာ "ခြိမ်းခြောက်မှုများ၊ ရေမြုပ်မိုင်းထောင်မှုများ၊ ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများနှင့် ကုန်သွယ်ရေးသင်္ဘောများ သွားလာမှုကို ဟန့်တားရန် အခြားသော ကြိုးပမ်းမှုများကို ချက်ချင်း ရပ်တန့်ရန်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၈၁၇ ကို လိုက်နာရန်" ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

ထို့ပြင် နိုင်ငံတကာ သင်္ဘောသွားလာမှုကို နှောင့်ယှက်ခြင်းသည် "နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ရာ ရောက်သည်" ဟု ထို နိုင်ငံများက အလေးပေးပြောပြီး "ရေနံနှင့် သဘာဝဓာတ်ငွေ့ နေရာများ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်နေမှုများကို ချက်ချင်း ရပ်တန့်ရန်" တောင်းဆိုခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဂျပန်
#ဥရောပ
#ဟော်မုဇ်ရေလက်ကြား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10🤣2😱1
လက်ရှိတွင် ယူကရိန်းနိုင်ငံကို ဖြတ်သန်း၍ ဟန်ဂေရီသို့ ရုရှားရေနံများ ပို့လွှတ်သည့် ပိုက်လိုင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံကြား အငြင်းပွားမှုများ မြင့်တက်နေသည်။ အဆိုပါ ပိုက်လိုင်းသည် ဇန်နဝါရီလအတွင်းက ရုရှား၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက်ပိုင်း ရေနံပို့လွှတ်မှုများ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

နောင်နှစ်နှစ်အတွင်း ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၆ ဘီလီယံကျော်) ချေးငွေပေးမည့် EU ၏ အစီအစဉ်ကို ခွင့်မပြုမီ၊ အဆိုပါ ရေနံပိုက်လိုင်းမှ ရေနံများ ပြန်လည်စီးဆင်းရမည်ဟု အော်ဘန်က တောင်းဆိုလျက်ရှိသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဥရောပအတွင်း အားအကိုးရဆုံး မဟာမိတ်ဟု ယူဆရသည့် အော်ဘန်သည် ယူကရိန်းကိုဖြတ်၍ ပို့လွှတ်သော ရုရှားရေနံများ ရပ်တန့်နေမှုကို အကြောင်းပြကာ ယူကရိန်းအတွက် အရေးကြီးအကူအညီများကို ဗီတိုအာဏာသုံး၍ ဆက်လက်ပိတ်ပင်နေခြင်း ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ယူကရိန်း
#ဟန်ဂေရီဝန်ကြီးချုပ်
#EUခေါင်းဆောင်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7👎3👏1🤣1
"ဒီလို စိုးရိမ်စရာကောင်းတဲ့ ကြွေးမြီ ကြီးထွားနှုန်းကို ကျွန်တော်တို့ ဝန်ခံရမှာပါပဲ၊ ဒါဟာ နောက်မျိုးဆက်တွေရဲ့ ပုခုံးပေါ် ကြီးမားတဲ့ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး တင်ပေးလိုက်တာပါပဲ" ဟု အမေရိကန်၏ ရေရှည် ဘဏ္ဍာရေး စိန်ခေါ်မှုများကို သတိပြုမိစေရန် တည်ထောင်ထားသည့် အကျိုးအမြတ်မယူသော Peter G. Peterson ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌနှင့် စီအီးအို မိုက်ကယ် ပီတာဆန်က ထုတ်ပြန်ချက်တွင် ပြောသည်။

"အခု မြင့်မားနေတဲ့နှုန်းအတိုင်းဆိုရင် ဒီ ဆောင်းဦးပေါက် ရွေးကောက်ပွဲ မတိုင်ခင်မှာတင် နိုင်ငံတော်ကြွေးမြီဟာ ထိတ်လန့်စရာကောင်းတဲ့ ဒေါ်လာ ၄၀ ထရီလီယံအထိ ရောက်သွားပါလိမ့်မယ်" ဟု ပီတာဆန်က ဆိုပြီး "ဘယ်လို စီမံချက်မှ မရှိဘဲ ဒီလောက်မြန်တဲ့နှုန်းနဲ့ ထရီလီယံပေါင်းများစွာ ချေးယူနေတာဟာ ရေရှည် မရပ်တည်နိုင်မယ့် လုပ်ရပ်ပါပဲ" ဟု ပြောခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#နိုင်ငံတော်ကြွေးမြီ
#အီရန်စစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥4❤3😱3
ဖီဖာ စည်းမျဉ်းအသစ်က အမျိုးသမီးနည်းပြများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေး

AFP

ဖီဖာက ကြီးမှူးကျင်းပတဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲတရပ်မှာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတိုင်း နည်းပြချုပ် (ဒါမှမဟုတ်) လက်ထောက်နည်းပြနေရာမှာ အမျိုးသမီးတဦးကို မဖြစ်မနေ ခန့်အပ်ထားရတော့မှာ ဖြစ်ပါတယ်။ ဆန်းသစ်တဲ့ စည်းမျဉ်းတွေကို ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ဖီဖာကောင်စီအစည်းအဝေးမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုဟာ လူငယ်နဲ့ စီနီယာပြိုင်ပွဲတွေ၊ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းပြိုင်ပွဲတွေ အားလုံးမှာ အကျုံးဝင်မှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ပိုလန်နိုင်ငံမှာကျင်းပမယ့် ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စတင်ကျင့်သုံးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ်မြောက် အမျိုးသမီးချန်ပီယံဖလား၊ ၂၀၂၇ ဘရာဇီးလ်အမျိုးသမီးကမ္ဘာ့ဖလားနဲ့ နောက်နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် အမျိုးသမီးကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာလည်း ဒီစည်းမျဉ်းကို အသုံးပြုသွားမှာပါ။

ဖီဖာရဲ့ ထုတ်ပြန်ချက်အရ ဒီလုပ်ဆောင်ချက်ဟာ “အမျိုးသမီးဘောလုံးလောက အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ နည်းစနစ်ပိုင်းနဲ့ ခေါင်းဆောင်မှုကဏ္ဍတွေမှာလည်း…
👍6🔥1
အမှန်တကယ်တွင်လည်း နေထိုင်မှုပုံစံ အပြောင်းအလဲကြောင့် သုတေသနတွင် ပါဝင်သူ လေးဦးလျှင် တဦးခန့်က ကိုယ်အလေးချိန် မကျဘဲ သွေးတွင်းသကြားဓာတ်ကို ပုံမှန် ပြန်ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ပို၍ အံ့ဩဖွယ်ကောင်းသည်မှာ ဤသို့ ပုံမှန်ပြန်ဖြစ်လာခြင်းသည် ကိုယ်အလေးချိန် ချ၍ ပုံမှန် ပြန်ဖြစ်ခြင်းနှင့် အတူတူပင် အနာဂတ်၌ ဆီးချိုဖြစ်မည့် အန္တရာယ်ကို တန်းတူကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။

ထိုသို့ အဆီများကို နေရာချရန်အတွက် အစားအသောက်ပုံစံ အချို့က ကူညီနိုင်သည်။ ငါးကြီးဆီ၊ သံလွင်ဆီနှင့် အစေ့အဆန်များ ကြွယ်ဝသော မြေထဲပင်လယ်စာ အစားအသောက်များတွင် ပါဝင်သည့် Polyunsaturated fatty acids က ဗိုက်ခေါက်အဆီကို လျော့ကျစေနိုင်သည်။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ခြင်းကလည်း ကိုယ်အလေးချိန် မပြောင်းလဲသော်လည်း ဝမ်းဗိုက်အဆီကို လျော့ကျစေသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဆီးချို
#အဆီ
#ကမ္ဘာတဝန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤5👍2🔥2
လေယာဉ်ဆီအခက်အခဲကြောင့် MAI နှင့် MNA က ဝန်စည်အပိုသယ်ယူခွင့် ကန့်သတ်၊ လက်မှတ်ခ ၃ ဆနီးပါး မြင့်တက်

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ အကျပ်အတည်းနှင့် ပြည်တွင်းစက်သုံးဆီ ထိန်းချုပ်ကန့်သတ်မှုများကြောင့် မြန်မာ့လေကြောင်းလိုင်းများတွင် ဝန်စည်အပို သယ်ယူခွင့်ကို ၁၀ ကီလိုအထိပဲ ကန့်သတ်လိုက်ပြီး လေယာဉ်လက်မှတ်ခဈေးနှုန်းများမှာလည်း သုံးဆခန့်အထိ မြင့်တက်နေကြောင်း ခရီးသည်များထံမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) တို့သည် မတ်လ ၁၉ ရက်နှင့် ၂၀ ရက်တို့မှစတင်ကာ ခရီးသည်တဦးလျှင် ဝန်စည်အပိုသယ်ယူခွင့်ကို ၁၀ ကီလိုဂရမ်သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ယမန်နေ့(မတ် ၁၉)တွင် အသီးသီးထုတ်ပြန်ခဲ့သည်။

MNA က ဘန်ကောက် နှင့် စင်ကာပူလေဆိပ် Check-in ကောင်တာများတွင် အများဆုံး ၁၀ ကီလိုဂရမ်သာ ထပ်တိုးဝယ်ခွင့်ပြုမည်ဖြစ်ပြီး၊ MAI ကမူ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်အားလုံးတွင် ဝန်စည်အပိုဝယ်ယူခွင့်ကို ၁၀ ကီလိုဂရမ်အထဲပဲ ကန့်သတ်လိုက်သည်။

“လေယာဥ်ခက သုံးဆတက်တယ်။ CNX to YGN ကို ပေးနေကျ checked bagged 20-30 kg မပေးတော့ဘူး” ဟု ခရီးသွားလုပ်ငန်းရှင်တဦးက…
❤5👎3🔥3💔1
ဂျပန်နိုင်ငံတွင် နေ့စဉ်သွားလာရေးအတွက် စက်ဘီးကို အသုံးပြုသည့် သက်ကြီးပိုင်း အရေအတွက်မှာ ဥရောပ သို့မဟုတ် အမေရိကန်ပြည်ထောင်စုရှိ သက်ကြီးပိုင်းများထက် သိသိသာသာ ပိုမိုများပြားသည်။ စက်ဘီးစီးသည့် အလေ့အကျင့်ရှိသူများသည် ကိုယ်လက်လှုပ်ရှားမှု ပိုမိုအားကောင်းပြီး လူမှုဆက်ဆံရေးတွင်လည်း ပိုမိုတက်ကြွကြကြောင်း ယခင်သုတေသနများက ဖော်ပြခဲ့ဖူးသည်။

ယင်းအကျိုးသက်ရောက်မှုများကို ပိုမိုနားလည်နိုင်ရန် သုတေသီများသည် သက်ကြီးပိုင်းများ၏ စက်ဘီးစီးသည့် အလေ့အကျင့်ကို အပိုင်းနှစ်ပိုင်းခွဲ၍ လေ့လာခဲ့ကြသည်။ ပထမအဆင့်အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ပါဝင်သူများ၏ စက်ဘီးစီးသည့် အကြိမ်ရေကို ကြည့်ရှုခဲ့ပြီး ယင်းနောက်ပိုင်း ၁၀ နှစ်တာကာလ (၂၀၂၃ ခုနှစ်အထိ) အတွင်း ၎င်းတို့တွင် ရေရှည်ပြုစုစောင့်ရှောက်မှု လိုအပ်လာခြင်း ရှိ၊ မရှိ နှင့် သေဆုံးမှုနှုန်းတို့ကို စောင့်ကြည့်လေ့လာခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပြုစုစောင့်ရှောက်ရမှု
#သက်ကြီးပိုင်းများ
#စက်ဘီးစီးခြင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥1