Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်စစ်တပ်က အမေရိကန်နှင့် အစ္စရေးအရာရှိများ၊ စစ်ဗိုလ်ချုပ်များကို ကမ္ဘာလှည့်ခရီးသွားနေရာများ အပါအဝင် ကမ္ဘာ့ မည်သုည့်နေရာမှာမဆို လိုက်လံ "ရှင်းလင်း" မည်ဟု ခြိမ်းခြောက်ပြောဆိုသည်။

သမ္မတထရမ့်ကမူ သုံးပတ် ကြာမြင့်ပြီဖြစ်သော စစ်ပွဲ၌ အမေရိကန်က အသာစီးရနေသည် ဆိုကာ အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ပယ်ချထားသည်။ "ကျွန်တော် အပစ်အခတ်ရပ်စဲရေး မလုပ်ချင်ဘူး၊ တဖက်လူကို အပြတ်အသတ် ချေမှုန်းနေချိန်မှာ အပစ်အခတ် ရပ်စဲရေး မလုပ်ကြဘူးဆိုတာကိုတော့ သိကြမှာပါ" ဟု ၎င်းက သတင်းထောက်များအား ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အမေရိကန်
#စစ်သားထောင်ချီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥3❤1
အထည်ချုပ်ကဏ္ဍသည် စစ်ကော်မရှင်အတွက် နိုင်ငံခြားဝင်ငွေအများဆုံးရရှိရာ အရင်းအမြစ်တခုအဖြစ် ဆက်လက်တည်ရှိနေသည်။ ၂၀၂၂ ခုနှစ်တွင် အထည်ချုပ်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်လည်း ဒေါ်လာ ၅ ဘီလီယံအထက် တွင် ဆက်လက်ရှိနေခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်မူ ၄ ဒသမ ၄၆ ဘီလီယံအထိ ကျဆင်းသွားခဲ့သည်။

ယင်းကိန်းဂဏန်းများသည် သာမန်ကုန်သွယ်မှုဆိုင်ရာ စာရင်းအင်းများမျှသာ မဟုတ်ပေ။ ယင်းတို့သည် စစ်အာဏာပိုင်များက တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ဘဏ္ဍာရေးစနစ်အတွင်းသို့ အကြီးအကျယ် စီးဝင်နေသော နိုင်ငံခြားငွေများ ဖြစ်သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဥရောပ
#အကောက်ခွန်ကင်းလွတ်ခွင့်
#မြန်မာစစ်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎5👍4🔥2
ချာချုံဆောင်ပြည်နယ် ရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးဌာနမှ အရာရှိများသည် ဘန်ကောက်မြို့၊ ဟွေခွမ် နယ်မြေရှိ ဟိုတယ်တခုတွင် တရုတ်နိုင်ငံသား ဆန်းကို ဖမ်းဆီးခဲ့သည်။ ၎င်းနှင့်အတူ သက်သေခံပစ္စည်း များအဖြစ် ငွေသား ၅,၄၈၄,၂၀၀ ဘတ်၊ မြေယာပိုင်ဆိုင်မှု အထောက်အထား သုံးခုနှင့် မော်တော်ယာဉ် နှစ်စီးတို့ကို နောက်ထပ် စစ်ဆေးမှုများပြုလုပ်ရန် သိမ်းဆည်းခဲ့သည်။

ယင်းဖမ်းဆီးမှုသည် ရဲအရာရှိအဖြစ် ဟန်ဆောင်သူတဦး၏ ဆက်သွယ်ခြင်းခံခဲ့ရသည့် နစ်နာသူတဦး၏ တိုင်ကြားချက်ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ နစ်နာသူအား ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်နေ ကြောင်း အကြောင်းပြကာ စစ်ဆေးရန်အတွက် ငွေကြေးများလွှဲပြောင်းပေးရန် သံသယရှိသူက တောင်း ဆိုခဲ့သည်။

ခြောက်နာရီကျော်ကြာ ဖုန်းဖြင့် စကားပြောဆိုပြီးနောက် နစ်နာသူက ငွေသား ၁,၈၂၆,၈၀၀ ဘတ်ကို ထုတ်ယူကာ ယင်းဂိုဏ်းက စေလွှတ်လိုက်သူထံသို့ ပေးအပ်ခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်ကျားဖြန့်ဂိုဏ်း
#ထိုင်းရဲအရာရှိ
#လိမ်လည်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥4❤1
Wing Loong II အမျိုးအစားကို အမေရိကန် ဒရုန်းများထက် ဈေးသက်သာသော အစားထိုးပစ္စည်းအဖြစ် ဈေးကွက်တင်ထားပြီး MQ-9 Reaper တစင်းလျှင် ဒေါ်လာ သန်း ၃၀ ကုန်ကျချိန်တွင် တရုတ်၏ Wing Loong II တစင်းက ဒေါ်လာ ၁ သန်းမှ ၂ သန်းခန့်သာ ကုန်ကျသည်။ သို့သော် ဈေးနှုန်း ကွာဟချက်ကြောင့် စွမ်းဆောင်ရည်ပိုင်း မည်မျှ ကွာခြားသည်ကိုမူ ဖွင့်ဟထားခြင်း မရှိပေ။

သို့ရာတွင် တရုတ်ဒရုန်းများကို ဝယ်ယူမှု ပုံစံသည် အဆင့်ဆင့်သော မှီခိုမှုကို ဖြစ်ပေါ်စေသည်။ တရုတ်ထုတ် အစိတ်အပိုင်းများအပေါ် မှီခိုရခြင်း၊ တရုတ်နည်းပညာရှင်များအပေါ် မှီခိုရခြင်းနှင့် တရုတ်၏ နည်းပညာလွှဲပြောင်းပေးလိုသည့် ဆန္ဒအပေါ် မှီခိုရခြင်းတို့ ဖြစ်သည်။ တရုတ်နိုင်ငံက ပြည်ပသို့ တင်ပို့သည့် စစ်လက်နက်များမှာ ၎င်းတို့ ကိုယ်တိုင်အသုံးပြုသည့် လက်နက်စနစ်များထက် အမြဲတစေ စွမ်းဆောင်ရည် နိမ့်ကျလေ့ရှိသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပါကစ္စတန်
#တရုတ်
#ဒရုန်းဆက်ဆံရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥6👍2❤1👎1
MAGA (ထရမ့်ထောက်ခံသူများ) သည် AI (ဉာဏ်ရည်တု) ဖြင့် ဖန်တီးထားသော အမေရိကန်စစ်သမီး ဂျက်စီကာ ဖော့စတာကို အလွန်အမင်း သဘောကျနှစ်ခြိုက်နေကြပြီး၊ အဆိုပါ အမျိုးသမီး၏ အကောင့်မှာ ယခုအခါ Instagram မှ ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။ ထိုအကောင့်တွင် ဖော့စတာနှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့ တွဲရိုက်ထားသည့် ဓာတ်ပုံအတုများစွာကို အပြည့်အနှက် တင်ထားခဲ့ခြင်းဖြစ်သည်။
❤6🔥3👍1
AI ဖြင့် ဖန်တီးထားသော စစ်သမီးသည် အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဟော်မုဇ်ရေလက်ကြားရှိ စစ်သင်္ဘောတစီးပေါ်တွင် ရောက်ရှိနေသည်ဟု ပို့စ်တခုတွင် ရေးသားဖော်ပြခဲ့သည်။ (Instagram)
🔥4👍3
ဖော့စတာ၏ အကောင့်သည် နိုင်ငံရေး ရည်မှန်းချက်များအတွက် AI အား အသုံးချပုံ နောက်ထပ် သာဓကတခုပင် ဖြစ်သည်။ အထူးသဖြင့် စစ်ပွဲကာလအတွင်း ဖန်တီးသူများသည် လူမှုကွန်ရက် အသုံးပြုသူများကို ဆွဲဆောင်ပြီး ငွေပေးချေရသည့် အခြားပလက်ဖောင်းများဆီသို့ ပို့ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ (Instagram)
👍5🔥3❤1
မြင်းခြံတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဒေသထွက်ထုတ်ကုန် စျေးနှုန်းများ ထက်ဝက်ခန့် ထိုးကျ၊ မြို့ပေါ်ကုန်များ ဈေးတက်

ဓာတု

မဇ္ဈိမ ။ ။ မြင်းခြံမြို့နယ်တွင် စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး စျေးနှုန်းအဆမတန်မြင့်တက်လာသည့် ရိုက်ခတ်မှုကြောင့် ဒေသထွက်ကုန် စျေးနှုန်းများ ထက်ဝက်ခန့် ကျဆင်းသွားကာ မြို့ပေါ်မှ ဝယ်ယူရသော ကုန်ပစ္စည်းများမှာမူ စျေးတက်လာကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသထွက် ကုလားပဲ၊ ပဲစင်းငုံနှင့် ပဲအမျိုးမျိုးမှာ ယခင်က တတောင်းလျှင် ယခင် ကျပ် ၁၀၀,၀၀၀ ကျော်မှ ယခု ၆၀,၀၀၀ ကျပ်၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တပိဿာ လျှင် ၃,၀၀၀ ကျပ် မှ ၇၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ၃,၀၀၀ ကျပ် မှ ၁,၀၀၀ ကျပ် အထိ ဈေးနှုန်းကျဆင်းသွားသည်။

သို့သော် မြို့ပေါ်မှ ဝယ်ယူရသည့် စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းချိုမှုန့် စသည့် ပြင်ပထုတ်ကုန်များမှမူ အမျိုးအစားအလိုက် ကျပ် ၄,၀၀၀ မှ ၅,၀၀၀ ကျပ် ခန့်အထိ တိုးမြင့်လာကြောင်း မြင်းခြံဒေသခံက ဆိုသည်။

“အခုက ဆီဈေးတင် မကဘူး။ ကုန်ဈေးနှုန်းတွေပါ လိုက်တတ်တာ။ သိသိသာသာ ဈေးတတ်တာ သုံးရက်လောက်ရှိပြီ ။ အရင်က ဆီ(စက်သုံးဆီ)တဗူး ၄,၀၀၀ ကျော်ပဲပေးရပြီးအခု က ၇၇၀၀၊ ၈၀၀၀…
🔥9❤1👍1
😢5🔥1
😢5🔥2
https://www.youtube.com/watch?v=3xCsIpMd2CI
Mizzima Weekly Sports အစီအစဉ် I 21 March 2026
👍2🤮1
ဒေသန္တရအာဏာပိုင်များသည် တိုင်ကြားသူများကို ဗဟိုရုံးများသို့ မရောက်ရှိမီ မကြာခဏဆိုသလို ကြားဖြတ်တားဆီးလေ့ရှိသည်ဟု The Epoch Times က ဖော်ပြသည်။

အချို့ကို ၎င်းတို့၏ နေရပ်ပြည်နယ်များသို့ ပြန်ပို့ခြင်း သို့မဟုတ် ကာလတို ထိန်းသိမ်းခြင်းများ ပြုလုပ်သော်လည်း၊ အချို့ကိုမူ ကာယကံရှင် ဆန္ဒမပါဘဲ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ပစ်ကြသည်။ တရားရုံးတွင် ခုခံချေပခွင့်မရသလို၊ စီရင်ချက်လည်း မရှိဘဲ အယူခံဝင်ရန် အခွင့်အလမ်းများမှာလည်း ပိတ်ဆို့ခံထားရသည်။

“တခါတလေ ပေကျင်းကို ရောက်ရုံပဲရှိသေးတယ်၊ ချက်ချင်း ပြန်ပို့ခံရတာပဲ။ ကျွန်တော် ဘာကြောင့် ဒီကိုလာတယ်ဆိုတာကိုတောင် ရှင်းပြခွင့်မရဘဲ စိတ်ကျန်းမာရေးဆေးရုံကို တန်းခေါ်သွားတာမျိုး ခံရတယ်။” ဟု လီက ပြောပြသည်။

ဆေးထိုးခံရပြီးနောက် ခန္ဓာကိုယ်အားအင် ချည့်နဲ့ခြင်း၊ တုံ့ပြန်လုပ်ဆောင်မှု နှေးကွေးသွားခြင်းနှင့် အသိဉာဏ် ချွတ်ယွင်းလာခြင်းစသည့် ဘေးထွက်ဆိုးကျိုးများလည်း ကြုံတွေ့ရသည်ဟု ဆိုသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရောဂါ
#အမည်တပ်
#နှုတ်ပိတ်ခြင်း
#တရုတ်
#နှိမ်နင်းရန်
#စိတ်ကျန်းမာရေး
#ချုပ်နှောင်ပုံ…
❤9🔥6👎1
👎6🔥5
🔥8
🔥8