Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သို့သော်ထိုရေခဲပြင်ကြီး၏ သုံးပုံတပုံမှာ အလွန်အန္တရာယ်ရှိသည့်ဇုန်အတွင်းကျရောက်နေပြီး လျင်မြန်စွာပူနွေး လာနေသည်။

၁၉၇၅ ခုနှစ်ကတည်းကဆိုလျှင် ထိုဒေသသည်ရေခဲထုအထူ ၂၇ မီတာ (၈၉ ပေ) ဆုံးရှုံးသွားခဲ့ရပြီးဖြစ်သည်ဟု လေ့လာမှုများကဆိုသည်။​

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဟိမဝန္တာ
#အရည်ပျော်မှု
#ရေခဲတောင်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥4❤1😭1
“ရာသီဥတုအခြေအနေအခြေအနေ ကောင်းလာတာကို အခွင့်ကောင်းယူပြီး ရုရှားတွေက သူတို့ထိုးစစ်ကို အရှိန်မြှင့်ဖို့ကြိုးပမ်းလာတာကို ကျွန်တော်တို့ ဒီအပတ်ထဲမှာ တွေ့ရတယ်” ဟု ယူကရိန်းကြည်းတပ် စစ်ဦးစီးချုပ် အိုလက်ဆန်ဒါဆာစ်ကီး (Oleksandr Syrsky)နှင့် တွေ့ဆုံအပြီး သူက လူမှုကွန်ရက်ပေါ်တွင်ရေးထားသည်။

ရုရှားသည် ၂၀၁၄ ခုနှစ်ကတည်းကသိမ်းပိုက်ထားသော ကရိုင်းမီးယားဒေသအပါအဝင် ယူကရိန်းနယ်မြေ ငါးပုံတပုံ ကို ယခုအခါ သိမ်းပိုက်ထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရုရှား
#ဇယ်လန်းစကီး
#အရှိန်မြှင့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥2
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ရာမှ စတင်ခဲ့သည့် စစ်ပွဲကြောင့် လက်ရှိတွင် ပိတ်ဆို့နေသော ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ရန် သမ္မတထရမ့်က အီရန်အား ၄၈ နာရီ အချိန်ပေးထားသည်။

"အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအပေါ် အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေ တကယ် ဖြစ်လာမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင် ပိတ်ပစ်မှာဖြစ်ပြီး ပျက်စီးသွားတဲ့ ကျွန်တော်တို့ရဲ့ ဓာတ်အားပေးစက်ရုံတွေကို ပြန်မတည်ဆောက် မပြီးမချင်း ပြန်ဖွင့်ပေးမှာမဟုတ်ဘူး" ဟု စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးဌာနချုပ် Khatam Al-Anbiya က နိုင်ငံပိုင်ရုပ်သံမှတဆင့် ထုတ်ပြန်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#ဟော်မုဇ်ရေလက်ကြား
#အီရန်စစ်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12🔥3
ပထဝီနိုင်ငံရေးလေ့လာသူ ဒီမီထရီအယ်ပီရိုဗစ်၏ စာရင်းဇယားများအရ အီရန်တပ်ဖွဲ့များက လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း တရက်လျှင် ပျမ်းမျှ ဒုံးကျည် ၃၀ နှင့် ဒရုန်း ၇၀ ခန့်ကို ပုံမှန် ပစ်ခတ်နေပြီး အရှေ့အလယ်ပိုင်းတခွင် ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

သို့သော် ဒရုန်းဖြင့် တိုက်ခိုက်ခြင်း အရေအတွက်က "သိသိသာသာ လျော့ကျသွားပြီ" ဟု ဒီမီထရီအယ်ပီရိုဗစ်က ပြောပြီး ကိန်းဂဏန်းများအရ ဒရုန်းတိုက်ခိုက်မှုမှာ ၈၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထရမ့်
#နေတန်ယာဟု
#အီရန်စစ်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14🔥2❤1
လက်ရှိတွင် လောင်စာဆီအရန်သင့်ရှိမှုမှာ ၉၅ ရက်မှ ၁၀၀ ရက်စာခန့်အထိ ရှိနေသေးကြောင်း တာဝန်ရှိ သူများက ပြောကြားထားသော်လည်း၊ ထိုင်းအစိုးရသည် ၁၉၇၃ ခုနှစ် ရေနံအကျပ်အတည်းအပြီးတွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့သည့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ပိုင်ခွင့်များကို ပြန်လည်ကျင့်သုံးရန် စဉ်းစားနေသည်။

ထိုသို့ဖြစ်လာပါက စွမ်းအင်ဝန်ကြီးဌာနက ၁၉၇၃ ခုနှစ် အမိန့်ဒီကရီအရ လောင်စာဆီခွဲတမ်းစနစ်ကို အဆိုပြုနိုင်သလို၊ အရေးပေါ်စီမံခန့်ခွဲမှုဥပဒေများအောက်မှ ကျယ်ပြန့်သော စွမ်းအင်ချွေတာရေးအဆင့် များကိုလည်း ဆောင်ရွက်နိုင်သည်။

အဆိုပါအဆင့်များတွင် ကုန်တိုက်များနှင့် စက်သုံးဆီဆိုင်များ၏ ဖွင့်လှစ်ချိန်ကို ကန့်သတ်ခြင်းနှင့် လျှပ်စစ်နှင့် လောင်စာဆီသုံးစွဲမှု လျှော့ချရန်အတွက် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းတို့အထိ ပါဝင်နိုင် သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရေနံအကျပ်အတည်း
#ထိုင်း
#အရေးပေါ်ဥပဒေဟောင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥3❤1
အဆိုပါ ညွှန်ကြားချက်အရ အစိုးရနှင့် ပုဂ္ဂလိက အခြေခံပညာရေး အဖွဲ့အစည်းအားလုံးသည် လူကိုယ်တိုင် တက်ရောက်ရသည့် သင်တန်းရက်များကို တပတ်လျှင် ငါးရက်မှ သုံးရက်သို့ လျှော့ချရမည်ဖြစ်သည်။

ကျောင်းများအနေဖြင့် သင်ရိုးညွှန်းတမ်း ပြည့်မီအောင် သင်ကြားရမည်ဖြစ်ပြီး၊ စာသင်ခန်းအတွင်း ဆုံးရှုံးသွားသော အချိန်များကို ပြန်လည်ဖြည့်ဆည်းရန်အတွက် ပညာသင်နှစ် ပြက္ခဒိန်ကို တိုးမြှင့် သတ်မှတ်သွားမည်ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#လောင်စာဆီအကျပ်အတည်း
#လာအိုအစိုးရ
#ကျောင်းတက်ရက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥2
ကြို့ပင်ကောက်မြို့နယ် NLD ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီးသေဆုံး

MTO

မဇ္ဈိမ။ ။ ပဲခူးတိုင်း ၊ ကြို့ပင်ကောက်မြို့နယ် NLD ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ဒေါ်တင်တင်နုကို ၎င်း၏ နေအိမ်တွင်ပင် သေနတ်သမားတဦးက ပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။

မတ်လ ၂၂ ရက်၊ မွန်းတည့် ၁၂နာရီခန့်တွင် ဒေါ်တင်တင်နု နှင့် ၎င်းသမီးဖြစ်သူတို့ နေအိမ်၌ ချက်ပြုတ်နေစဥ် သေနတ်သမားသည် ခြံအနောက်ဝင်ပေါက်(မလွယ်ပေါက်)မှ ဝင်ရောက်ကာ သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ဒေါ်တင်တင်နု၏ နားထင်၊ လည်ပင်းနှင့် ခါး တို့ တွင် သေနတ်ဒဏ်ရာများ ရရှိကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်း သတင်းပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးတာဝန်ခံ ကိုဇေယျာက ပြောသည်။

၎င်းက “ ဒေါ်တင်တင်နုကို အဓိက တည်ပြီးတော့ ပစ်ခတ်သွားတာ သူ့မှာ အခုလိုမျိုးသတ်ဖြတ် ခံရလောက်တဲ့ ပုဂ္ဂိုလ်ရေးပိုင်းကတော့ မရှိသလောက် ရှားပါတယ်။ တော်လှန်ရေးအင်အားစုပိုင်းတွေ နဲ့ က ပြဿနာ မရှိပါ ဘူး။ အဓိက ကတော့ အကြမ်းဖက် စစ်တပ်ရဲ့ ထောက်တိုင် ပျူတွေ…
🤬14👎1🔥1😢1
အီရန်၏ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရပါက စွမ်းအင်နှင့် ရေချိုထုတ်လုပ်သည့် စက်ရုံများ အပါအဝင် ဒေသတွင်းရှိ အရေးပါသော အခြေခံအဆောက်အအုံများကို တရားဝင် ပစ်မှတ်များအဖြစ် သတ်မှတ်ကာ "ပြန်လည်ပြုပြင်၍ မရနိုင်အောင် ဖျက်ဆီးပစ်မည်" ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

လျှပ်စစ်မီး၊ အပူပေးစနစ်နှင့် ရေပေးဝေရေးစနစ်ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုစနစ်များကို တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး "အရပ်သားများအပေါ် အကြီးအကျယ် ထိခိုက်နစ်နာမှုများ" ဖြစ်စေနိုင်သောကြောင့် "အချို့သော ဖြစ်ရပ်များတွင် စစ်ရာဇဝတ်မှု မြောက်နိုင်သည်" ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း ယခုလအတွင်း ပြောကြားခဲ့သည်။

အီရန်စစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် Khatam al-Anbiya က ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေးတို့ ပိုင်ဆိုင်သော "စွမ်းအင်၊ သတင်းအချက်အလက် နည်းပညာနှင့် ရေချိုထုတ် အခြေခံအဆောက်အအုံအားလုံး" ကို တိုက်ခိုက်သွားမည်ဟု ဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။…
👍10😁3🔥2❤1
အိန္ဒိယမှ မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် တရားမဝင် စက်သုံးဆီတင်သွင်းမှု တားမြစ်

ပါခွီး

မဇ္ဈိမ ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် စက်သုံးဆီများ တရားမဝင်တင်ပို့မှုကို ပိတ်ပင်တားမြစ်လိုက်ကြောင်း ရှဟာ (Siaha) ခရိုင် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်လိုက်သည်။

လက်ရှိတွင် အချို့သောသူများသည် အမြတ်အစွန်းအတွက် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ရောင်းချရန် ရည်ရွယ်ကာ စက်သုံးဆီအမျိုးမျိုးကို အလုံးအရင်းဖြင့် ဝယ်ယူနေကြသဖြင့် ဒေသခံများ အခက်အခဲဖြစ်လာနိုင်သောကြောင့် ယခုကဲ့သို့ တားမြစ်ရခြင်းဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး VL Hruaizela Khiangte က မတ်လ ၂၀ရက်စွဲ ဖြင့် ထုတ်ပြန်သည်။

“ဟုတ်တယ် အမိန့်ကတော့ထွက်လာတယ် ။ ဒါပေမဲ့ လုံးဝမသွားနိုင်တာတော့ မရှိသေးဘူး ။ နားလည်မှုနဲ့ လုပ်ကိုင်လို့ရနေသေးတယ် ။ နောက်တော့ ဘယ်လိုဖြစ်မယ်ဆိုတာ မသိသေးဘူး” ဟု မြန်မာပြည်ဘက်သို့ စက်သုံးဆီတင်ပို့နေသည့် ကုန်သည်တဦးက မဇ္ဈိမ ကိုပြောသည်။

မီဇိုရမ်တောင်ပိုင်းရှိ ရှဟာ ၊ လောင်တလိုင်နှင့် လုံးလေမြို့များတွင် စက်သုံးဆီဆိုင်ကြီး ၁၃ ဆိုင်ရှိသည့်အနက် အစိုးရဆိုင်မှာ သုံးဆိုင်သာရှိသည်။…
👎11❤3🔥2😁2
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းခြင်း၊ နာမကျန်းသူများကို အလုပ်ကြမ်းခိုင်းခြင်းများ ပြုလုပ်

ဓာတု

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ လုပ်ဆောင်နေပြီး မိလ္လာခပ်ခိုင်းခြင်းကဲ့သို့ အလုပ်များ စေခိုင်းနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

အကျဥ်းထောင် ဝန်ထမ်းများကို လာဘ်ထိုးထားသူများ( ထောင်အခေါ် ဘောင်ချာဖြတ်ထားသူများ) က လွဲ၍ လာဘ်ပေးရန် မတတ်နိုင်သည့် ကျန်အကျဉ်းသားကိုလည်း ဖိနှိပ်နေကြောင်း သိရသည်။

“သူငယ်ချင်းရဲဘော် တယောက်က လှမ်းပြောတယ်။ ဒိုက်ဦးထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအမှု အခြေအနေက တော်တော်ဆိုးနေတယ် အဆောင်တွေလည်းပြောင်းတယ်။ နိုင်ကျဉ်းတွေကို မိလ္လာရေတွေ ခပ်ခိုင်းတယ် ။ အလုပ်ကြမ်းတွေမတရားခိုင်းတယ် ။ မတရားနှိပ်စက်ခံရတဲ့ ဒဏ်တွေရှိတဲ့ သူတွေကိုလည်းခိုင်းတယ်။” ဟု အကျဥ်းထောင်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

အကျဥ်းသားအခွင့်အရေးတောင်းဆိုသူများကိုလည်း ခြေကျဉ်းခတ်ကာ တိုက်ပိတ်ထားကြောင်း ၊ ထောင်ပြောင်းရောက်လာသည့် နိုင်ကျဥ်းများ၏ ထောင်ဝင်စာ ပါဆယ်ထုတ်များပါ အစားအသောက်၊ ဆေးဝါးနှင့် စာအုပ်များကိုလည်း…
🤬10👎4🔥2❤1
မန်စီးတီး လိဂ်ဖလား ကိုင်မြှောက်၊ ဆုဖလား ၄၀ ပြည့် ပက်ဂွါဒီယိုလာ ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မီဖို့ ဘယ်လောက်အထိ နီးစပ်သွားပြီလဲ

Marca

မုန်တိုင်းပြီးရင် လေပြေရောက်လာတတ်စမြဲပါ။ ရီးယဲလ်မက်ဒရစ်ကြောင့် ချန်ပီယံလိဂ်ကနေ ခါးသီးစွာ ထွက်ခွာခဲ့ရပြီးနောက်မှာတော့ ပက်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးဟာ အောင်မြင်မှုအသစ်တခုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ လိဂ်ဖလား (ကာရာဘောင်းဖလား) ချန်ပီယံဆုကို အရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ အဆုံးသတ်မဟုတ်သေးပါဘူး။

ဂွါဒီယိုလာအတွက် နှစ်ထပ်ကွမ်းအောင်ပွဲ

ငါးမိနစ်အတွင်းမှာတင် အိုရွိုင်လီက သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် ၆၁ မိနစ်မှာ ကီပါရဲ့ အမှားကနေတဆင့် ခေါင်းတိုက် သွင်းယူခဲ့သလို၊ ၆၅ မိနစ်မှာလည်း မားသီးယပ်စ် နူးနက်စ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကနေ နောက်ထပ် ခေါင်းတိုက်ဂိုးတဂိုးကို အပိုင်အဆုံးသတ်ခဲ့တာပါ။

ဒီအောင်ပွဲကြောင့် ပက်ဟာ စီးတီးနည်းပြအနေနဲ့ ငါးကြိမ်မြောက် လိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ဗိုလ်လုပွဲမှာ အာတီတာထက် ပိုကောင်းအောင် လုပ်ပြခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့ နည်းပြသက်တမ်း ၁၇ ရာသီအတွင်းမှာ ၁၆ ရာသီအထိ ဆုဖလားတွေ ရယူနိုင်ခဲ့ပြီး…
❤10🔥1
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခါးကျီးပေါင်းရောဂါကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း ထုတ်ပြန်

မဇ္ဈိမ။ ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ဝေဒနာခံစားရ၍ ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း ယနေ့ ( မတ်လ ၂၃ ရက်) တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၂၀ ရက်တွင် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် အိန္ဒိယနိုင်ငံမှ ပါရဂူများနှင့် စစ်ကော်မရှင် ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်နာရီကြာ ထိုခွဲစိတ်ကုသမှု အောင်မြင်ခဲ့၍ ယခု တာဝန်များကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့် ၂၇ ရက်တွင် တပ်မတော်နေ့ ကျင်းပမည်ဖြစ်ပြီး မတ်လ ၃၀ ရက်၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရန်ရှိနေသည်။ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် တင်သွင်းမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#ကျန်းမာရေး
#မင်းအောင်လှိုင်
#ပြည်တွင်းသတင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤮5👍2💩2❤1🔥1
မုံရွာ တွင် စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

MTO

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မုံရွေးတိုးဂိတ်မှ တောပုပျူရွာသို့ ကားသုံးစီးဖြင့် သွားသည့် စစ်ကော်မရှင်တပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ သုံးဦး သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Brave Heart Army-BHA က ယနေ့ ( မတ်လ ၂၃ ရက်) တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်အတွင်း စစ်ကော်မရှင်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် မောင်းနှင်နေသော HONDA- FIT ကားပေါ်မှ ပြည်သူတဦး သေဆုံးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ များ က အသိပေးသည်။

“ အသင့်စောင့်ကြိုပြီး အသာစီးရယူ ပစ်ခတ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ မျှော်မှန်းသလောက် မဖြစ်ခဲ့ဘူး ။ မုံရွာ-ချောင်းဦ လမ်းပိုင်းပေါ်မှာ ပြည်သူတွေရဲ့ ကားတွေနဲ့ ရောနေတော့ သေချာ စိစစ်ပြီးမှ လုပ်ရတဲ့အပေါ်မှာ ရည်မှန်းသလောက် မရခဲ့တာပါ”ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ခန့်သည် တောပုရွာသို့ ဘောလုံးကန်ရန် အသွား ရွာဆိုင်းဘုတ်အနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BHA ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း…
👍9🔥2🥰1
🔥4😱3🤬1